ဧဒင်အချစ်ပုံပြင်: December 2011

Saturday, 31 December 2011

copy/move ကြာနေရင်

copy/move ကြာနေရင်

ကိုယ့်ကွန်ပျူတာက ဖိုင်တွေကို ဟိုဘက်ပြောင်းဒီဘက်ပြောင်း ။ သီချင်းတွေသွင်းတာ ကြာနေရင် ဒီဆောပ်ဝဲလ်ကို သုံးပြီးချလိုက်ပါ ။ ခပ်မြန်မြန်လေး ဆိုတော့ ကျွန်တော်ရဲ့ချစ်ကိုကြီးကိုဇော် ကြိုက်မှာပါ :)

ဖုန်းထဲမှာ သီချင်းတွေဘာတွေထည့်တာတို့ သူများတွေကို သီချင်းသွင်းပေးတာတို့ဘာတို့ကျရင် မြန်မြန်ဆန်ဆန်လေးဆို ပိုမိုက်တာပေါ့ ။


ဆောပ်ဝဲလ်လေးက ဘာမှ သိပ်မရှိလို့ ဒေါင်းပြီးသုံးကြည့်လိုက်ပါဗျာ ။

နှစ်တစ်ရာ အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်



ကိုဇော်တောင်းဆိုထားတဲ့ နှစ်တစ်ရာမြန်မာပြက္ခဒိန်လေးကိုလည်းအားလုံးအတွက်အသုံးဝင်မယ်

ထင်လို့တင်ပေးလိုက်ပါတယ်.

Christmas အတွက် ဓာတ်ပုံတွေကို ဒီဇိုင်းအလန်းဖြစ်အောင်လုပ်သောဆာစ့်ဝဲလ်နှင့် အခြားအသုံဝင်သောဆောစ့်ဝဲလ်

ကျွန်တော် သူငယ်ချင်းတို့ကိုမျှဝေပေးခြင်တဲ့ ဆောစ့်ဝဲလ်လေးက Advanced SystemCare Freeဖြစ်ပါတယ်ခင်ဗျာ

 သူအကြောင်းတော့ သုံးဖူးသူတိုင်းသိမှာပါ  Advanced SystemCare ကနေ free ပေးတဲ့အကြောင်းပြောလာလို့မျှဝေပေးခြင်းဖြစ်ပါတယ်

Happy New Year 2012 အတွက် အမှတ်တရ ဓာတ်ပုံလက်ဆောင်များ နှင့် အင်တာဗျူး အစီအစဉ်



အားလုံးပဲ မင်္ဂလာပါ။ ပျော်ရွှင်သော နှစ်သစ်လေး ဖြစ်ပါစေ ခင်ဂျာ။ ဒီနေ့ ညလေးဆို 2012 ကို ပြောင်းတော့ မယ်နော် .... နှစ်သစ် အကြောင်းအရာ လေးတွေကို အမှတ်တရ ဖြစ်အောင် ဘလော့ကာများနဲ့ စာဖတ်သူများ ကို တွေ့ဆုံ အင်တာဗျူးလေး မေးမြန်းထားပါတယ်။



အခုဆို 2012 ဆိုတဲ့ နှစ်သစ်ကူး အချိန်လေးကို ရောက်တော့မယ်နော် .... နှစ်သစ်ကူးပြောင်းတဲ့ အချိန်လေးကို နှစ်သစ်အတွက် အမှတ်တရ တစ်ခုခု ပြီးတော့ နှစ်သစ်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ သူတို့ရဲ့ ပြောချင်တဲ့ စကားလေးတွေကို ဖတ်ကြည့်ရအောင် ....

JUNEMOE - http://june-moe.blogspot.com

ဒီဇင်ဘာ ၃၁ ဆိုတာ နက်ဖြန်။ နက်ဖြန်တို ၂၀၁၁ ကုန်ပြီပေါ့- ၂၀၁၂ ဆိုတာကို နှစ်သစ်လို့ အမည် တပ်ကြတယ်နော် ဘာလို့နှစ်သစ်လို့တပ်တာလဲ ဆိုတော့ နှစ်တစ်နှစ်ရဲ့ အစမို့ နှစ်သစ်လို့ ခေါ်ကြတယ် နှစ်သစ်ကို အမျိုးမျိုးကြိုဆိုကြတယ်။ ကျွန်တော်ကတော့ ရိုးရိုးလေးပဲ နှစ်တိုင်းကြိုပါတယ်။ သူများတကာ လိုလည်း လျှောက်မသောက်ပါ - လျှောက်လည်းမသွားပါ။ လမ်းတကာလှည့်ပြီးလည်း မအော်ပါ။ ၈ နာရီခွဲလောက်ဆို နှိုးစက်နဲ့ အိပ်ပြီး ၁၁ ခွဲဆိုထတယ်။ ၁၂ ထိ ထိုင်စောင့်တယ်။ ၁၂ ထိုးပြီး တစ်မိနစ်စွန်းတာနဲ့ တိုးတိုးလေး အိပ်ရာထဲကနေ Happy New Year. May you all be happy and healthy! လို့ အော်ပါတယ်။

နောက်ပြီး ခဏတာ တရားထိုင်ပါတယ် ဒီလိုနဲ့ နှစ်သစ်ကိုကြိုပါတယ်။ နက်ဖြန်တော့ အသိအမကြီးက ဖိတ်လို့ သူ့အိမ်သွားမှာပါ။ ဒီနှစ်တော့ နှစ်သစ်ကိုကြိုပုံကြိုနည်းအသစ်နဲ့ ကြိုဖြစ်မယ်ထင်ပါတယ်။ ဒါမဲ့လည်း တရားထိုင်တဲ့ အလေ့လေးတော့ မပျက်မကွက်လုပ်ဆောင်သွားမှာပါ။ နှစ်သစ်ကို စိတ်နှလုံးရွှင်လန်း သစ်ဆန်းစွာနဲ့ ကြိုခြင်းဟာ အမွန်မြတ်ဆုံးပါပဲ .....



မောင်သက်(ခေတ်လူများ၏ မှတ်စု နည်းပညာပိုင်းဆိုင်ရာ အယ်ဒီတာ)

ကျွန်တော်တို့ရဲ့အရှေ့မှာ နှစ်သစ်က လက်ကမ်းပြီးကြိုဆိုနေပြီ။ သူဆီကို ကျွန်တော်တို့ တွေသွားရတော့မည်။ ဘာတွေ ယူဆောင်သွားကြမလဲ။ အရင်နှစ်တွေက ရရှိခဲ့တဲ့ အသိပညာတွေ၊ အတွေ့အကြုံတွေက နောက်နှစ်အတွက် ဓားနဲ့ ဒိုင်းပဲဘာဖြစ်လို့ ဓားနဲ့ ဒိုင်း ဖြစ်သွားရတာလဲ။ ဒီလိုပါ။

အသိပညာဆိုတဲ့ ထက်မြတ်လှ ဥာဏ်ရည်နဲ့ ထိုးဖောက်တိုက်ခိုက်ပြီး မာကျောရင့်ကျက်လှတဲ့ အတွေ့အကြုံဆိုတဲ့ ဒိုင်းနဲ့ ကာကွယ်ရင်း အမှားအမှန်ကို ခွဲခြားလို့ ရှေ့သို့တက်လှမ်းသွားကြရမှာပါ။ ဒီတော့ သင်နဲ့ ကျွန်ုပ်တို့အားလုံးတွင် စွမ်းအားတွေ အပြည့်ရှိသည်။ ဒီတော့ ကျွန်တော်အနေနဲ့ အားလုံးကို ပြောပါမယ်။ ရိုးသားပါ၊ ကြိုးစားပါ၊ သတ္တိရှိပါ။



ထွဋ်ကိုကို - http://co2discovery.blogspot.com/

အဟောင်းတွေ ကို အကုန်ထားခဲ့ချင်ပါဘီ။ မြန်မာပြည်ရဲ့ ၂၀၁၁ နှုတ်ဆက်ပွဲကြီးက အရမ်းပြင်းထန်လွန်းတ၇်ဗျာ
မင်္ဂလာတောင်ညွန့်မြို့နယ် က ပေါက်ကွဲသံကြီးအတိုင်း သတ္တာဝါတစ်ကောင်ရဲ့ အော်မြည်သံဆိုရင်တောင် နောက်ဆုံးထွက်သက် အတိုင်း အော်ဟစ်ခဲ့တာပဲဖြစ်ပါစေ။ နောင်လာမဲ့ ၂၀၁၂ ရဲ့ မြန်မာပြည်ရဲ့ မြန်မာနိုင်ငံသားတိုင်းရဲ့ နေ့သစ်တွေမှာ မင်္ဂလာ သစ်တွေနဲ့ပဲ ပြည့်စုံ နေပါစေလို့ ဆန္ဒပြုရင်း ..... Welcome To Happy New Year 2012



လင်းနစ် - China

နှစ်သစ်မှာ မည်သူမဆို စိတ်ရွှင်လန်းခြင်းနှင့်အတူ အောင်မြင်ခြင်းများတပွေ့တပိုက်ကြီးရနိုင်ပါစေ...။ ဒီနှစ်သစ် လေးမှာတော့ ထွေထွေထူးထူးဖြတ်သန်းစရာ လမ်းခရီးက နှောင်းနှေးနေတာမို့ နှစ်ဟောင်းက စိတ်ညစ်စရာတွေ အကုန်မေ့ထားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။



အလင်းသစ် - http://alinthit.co.cc/

အားလုံးသိကြတဲ့ အတိုင်း ကျွန်တော်တို့အားလုံးရဲ့ စိတ်အတွေးတွေ ထဲကနေ ၂၀၁၁ ကတော့ ရိုင်းစိုင်းစွာ၊ ကြမ်းတမ်းစွာ ခပ်ပြင်းပြင်းကြီး နှုတ်ဆက်ထွက်ခွာ သွားခဲ့ပါပြီ။။ မကြားချင်တဲ့ ဆိုးဆိုးဝါးဝါး သတင်းစကားတွေ ကြားခဲ့ရတယ်။။ မမြင်၊မတွေ့ချင်တဲ့ ဓာတ်ပုံမြင်ကွင်းတွေကို ရွံ့ကြောက်၊ သွေးပျက်ဖွယ် မြင်တွေ့ခဲ့ရတယ်။

ဒါတွေကြားရ၊ မြင်ရတဲ့ အချိန်တွေမှာ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရုံကလွဲပြီး၊ မဖြစ်စလောက် အကူအညီလေးတွေ လှမ်းပေးရုံက လွဲပြီး ဘာဆိုဘာမှ မတတ်နိုင်ခဲ့ပါဘူး။။ တကယ်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူတွေအတွက် ကျွန်တော်တို့ ပေးနိုင်တဲ့ နှစ်သိမ့်ဖေးမမှု ဆိုတာ ဘယ်လောက်များ ထိရောက်နိုင်ပါ့မလဲ တွေးကြည့်တော့ ပိုပြီး စိတ်မကောင်းဖြစ်မိပါတယ်။။ ဒါကြောင့် ဒီ ၂၀၁၁ ဆိုတာကြီးကို မြန်မြန်ကုန်ဆုံး စေချင်ခဲ့ပါတယ်။။ တော်တော်လည်း ခါးသီးမိပါတယ်။။

ဒါကြောင့်မို့ ၂၀၁၂ ကို မြန်မြန် ကြိုဆိုချင်မိပါတယ်။။ ဒါပေမယ့် မရဲတရဲပါပဲ။။ ကုန်လွန်သွားပြီဖြစ်တဲ့ ၂၀၁၁ လို အခြေအနေဆိုးအချို့ ထပ်မဖြစ်ဖို့ကိုတော့ လှိုက်လှိုက် လှဲလှဲကို ဆုတောင်းနေမိပါတယ်။။ နှစ်သစ်ကို ကြိုတယ်ဆိုပေမယ့် ကျွန်တော်ဖြတ်သန်းတာကတော့ သာမာန်ပါပဲ။။ ညကြီးသန်းခေါင် ထပြီး အော်ဟစ်ကြိုဆိုတာကိုလည်း ဝါသနာမပါပါဘူး။ ဒါကြောင့် နှစ်သစ်ကူးည ရင်ခုန်သံဆိုတာ ကျွန်တော့်ဆီမှာ မရှိပါဘူး။။ နှစ်သစ်မှာ အလိုလားဆုံးသော၊ အဖြစ်ချင်ဆုံးသော ဆန္ဒတစ်ခုကတော့ အမိမြန်မာပြည်ကနေ ဆိုးဆိုးရွားရွား စိတ်မကောင်းစရာ သတင်းစကားတွေ ထပ်မကြားပါရစေနဲ့ ဆိုတာလေးပါပဲ။။ ဒိထက်ပိုပြီး ဘာမှဆုလည်း မတောင်းချင်တော့ပါဘူး။။ ကျွန်တော်တို့ကြုံတွေ့နေတဲ့ တချို့သော အခက်အခဲဆိုတာတွေက သူတို့၊သူတို့တွေ ကြုံခဲ့တာနဲ့ ယှဉ်ရင် မပြောပလောက်တာတွေမို့ ဒီဆုကိုပဲတောင်းပါတော့မယ်။။



ကိုဒီသွေး - www.9dblood.co.cc

၂၀၁၂ နှစ်သစ်ဟာ ထူးခြားတဲ့ နိမိတ်ပုံ ရုပ်ရှင်ဇာတ်ကားကို မျက်ကွယ်ပြုပြီး လူတိုင်းအတွက် စိတ်ဓါတ်နဲ့ခွန်အားကို လန်းဆန်းတက်ကြွစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သားတွေအနေနဲ့ အစိုးရသစ်၊ အတွေးအခေါ်အသစ်၊ ခွန်အားအသစ်တွေနဲ့ ၂၀၁၂ရဲ့ မနက်ဖြန်များစွာထဲမှာ သာယာ ပျော်ရွှင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။





မောင်ငြိမ်းချမ်းကို - http://nyeinchanko.blogspot.com/

နှစ်ဟောင်းက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာတွေ အတွက် စိတ်မကောင်းဘူးဗျာ အခုလိုနှစ်သစ်မှာ နှစ်ဟောင်းက အဖြစ်အပျက်မျိုးမဖြစ်စေပဲ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ ပြည်သူတွေအတွက် ဆုတောင်းပေးချင်ပါတယ် ကျွန်တော့်အတွက်တော့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဘ၀ကို လျှောက် လှမ်းမယ်ဗျာ ...




ရဲကို - www.chocolatecupidlay.com

နှစ်သစ် အမှတ်တရ ဆိုရင်တော့ မနှစ်ကနယူရီးယားမှာ ဘိုင်ကျနေလို့ တိုက်ခန်းဘေးက ဘုန်းကြီးကျောင်းမှာ လုပ်တဲ့ ဘုရားပွဲမှာပဲ ဇာတ်ပွဲကြည့်ပြီးဖြတ်သန်းခဲ့တယ်..:P ဒီနှစ်တော့ အခန်းမှာ ရိုးရိုးလေးပဲအခန်းဖော်တွေနဲ့ စားစရာ တစ်ခုခု ချက်စားပြီးတော့ဖြတ်သန်းမှာပါ။ (သောက်တာ လဲပါပါတယ်..:P..စားချင်ရင်လာခဲ့ကြနော့)



အောင်မိုးသူ (စူးရှ) - www.aungmoethu.blogspot.com

ကျွန်တော့်အတွက် ကတော့ နှစ်သစ်မှာ အမှတ်တရ သိပ်မရှိဖူးဘူး... အရင်တုန်းကတော့ အိပ်တာများတယ် ခုတော့ သူငယ်ချင်းတွေနဲ့ စားသောက်ပြီးကြိုဆိုမယ်ပေါ့... လူငယ်ဆိုတော့.... ဘလော့ကာ တစ်ယောက်အနေနဲ့ဆိုပေမယ့်... ဘလော့ကာ သက်တမ်း ကနုသေးတယ် ဒီတော့ လူငယ် တစ်ယောက်အနေနဲ့ လွတ်လွတ် လပ်လပ်နဲ့ ကြိုဆိုမယ်။ ဒီလောက်ပါ.... နှစ်သစ် ဆိုတာထက် ဒါက အင်္ဂလိပ်ပြက္ခဒိန် အရလေ မြန်မာ အယူအဆနဲ့ဆိုတော့ နှစ်သစ်က တန်ခူးမှပေါ့ မြန်မာ့နှစ်သစ်ကို ပိုနှစ်သက်တယ်........ ကျွန်တော်တို့အသုံးပြုနေတာက အများသုံး ပြက္ခဒိန်ဆိုတော့လည်း နယူးရီးယားဆိုတာ အကျုံးဝင်တာပေါ့... ဒီတော့လည်း..... ပျော်ပျော်လေးပဲ နှစ်သစ်ကို အရိုးသားဆုံးကြိုဆိုတာ ကောင်းပါတယ် အားလုံး ပျော်ရွှင်သော 2012ဖြစ်ပါစေ .....



Mc wai yan (Dannel Iglesias Phyo) - http://mcwaiyan.blogspot.com

နှစ်သစ်မှာ လုပ်စရာတွေ ကတော့ အများကြီးပဲ လုပ်ချင်တာတွေ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းမယ်။ အသက်လဲ တစ်နှစ်ကြီးလာပြီ ဆိုတော့ နောက်ပြီး 2012 နှစ်ဟာ ကမ္ဘာ ပျက်မယ်လို့ ပြောပေမယ့် နည်းနည်းတော့ ကြောက်တယ် ဂျ။ လူငယ်ဆိုတော့ ယုံတော့မယုံပါဘူး အမတစ်ယောက်ပြောတာတော့ ဖတ်ဖူးတယ် မနေ့ တုန်းက အခု 2012 မှာ လူတွေ အားလုံးတိုးတတ်ကြီးပွားမယ်။ ဒါပေမယ့် ကမ္ဘာ့ နေရာတော်တော်များများ မှာတော့ ငလျင်တို့  မီးလောင် တာတို့ေ၇ကြီးတာမျိုးတွေ ဖြစ်မယ်လို့ ကျောတယ် ဒီလောက်ပါပဲ ....



မောင်(စွယ်စုံကျမ်း) www.zwmnna.com

အချစ်ဆုံးကိုဖက် အမြင့်ဆုံးကိုတက်ပြီး Happy New Year လိုအော်လိုက်ချင်ပါတယ်ဗျာ ....





ကိုစက္ကဝါဆာန် - http://jakkawachan.blogspot.com/

နှစ်သစ်မှာ ဘလော့ဂ်ဂါ ပေါက်စလေးတွေ များများ ပေါက်ပွားလာပါစေလို့ ဆုတောင်းတယ်ဗျာ ပြီးတော့ နည်းပညာ တွေမျှဝေပေးတဲ့ ဘလော့ဂ်ဂါ ညီအကိုအားလုံးကိုလည်းလေးစားပါတယ် အဲ အသည်းလေး မကွဲအောင်တော့ နှစ်သစ်မှာ ဘလော့ဂါများ ကျည်ကာ ဝတ်သင့်ကြောင်း ဟိဟိ ငါ့ညီလို အားနာ တတ်တဲ့လူတွေပေါ့ ....












































နှစ်သစ်လေးမှာ စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများအားလုံး ကျန်းမာ ချမ်းသာပြီး လိုရာဆန္ဒပြည့်ဝ ပါစေ လို့ ဆုတောင်းပေးပါတယ် ခင်ဗျာ ... ကျေးဇူးတင်ပါတယ်။ နှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ .....

နေဇော်လင်း

www.nayzawlin.com/


ကမ္ဘာ့ အလှဆုံးနေထွက်ချိန်ပုံရိပ်များ



မွန်ပြည်နယ်ရဲ့အလှအပ

မွန်ပြည်နယ်ရဲ့အလှအပကို မြန်မာပြည်သိန်းတန်က ဖွဲ့ဆိုထားတာပါ ..

Wednesday, 28 December 2011

အပျင်းအပြေစော့ဖို့ Game လေးတွေပါ(Portable)လေးတွေလည်းပါတယ်နော်


supermarket Management 2 Final (Portable) | 102 MB
2011 | PC | English | Publisher: Big Fish Games | Genre: Dash
Download
==========

ဖားတပိုင်းလူတပိုင်း

လူးအားလုံးသိမြင်ကြားဘူးတာက ဖားတပိုင်းငါးတပိုင်းဆိုတာဘဲ ယခု မယုံမရှိနဲ့ ဖားတပိုင်းလူတပိုင်းဘဲ ဗျို့....

အင်ဒိုနီရှားနိုင်ငံ ရွာ တရွာသတ်ဖြတ်မှု

အင်ဒိုနီရှားရွာတစ်ရွာတွင်ဖြစ်ပွားသောအခင်းတရပ် ဒီရွာတွင်နွားခဏခဏပျောက်ဆုံးမှုများအတော်ကြာနေသော်လည်းတရခံမမိသေး....
.နောက်ဆုံးရွာသားများဂရုတစိုက် စောင့်ကြည့်ဝိုင်းဝန်းဖမ်းဆီးမိသောအခါ...
ဤသို့မြင်ကွင်း...

Tuesday, 27 December 2011

ဘင်္ဂလားဒေ့ ရှ်က ခွေးနဲ့ မျောက် သံယောဇဉ်....

ဘင်္ဂလားဒေ့ ရှ်က ခွေးနဲ့ မျောက် သံယောဇဉ်....
ဘင်္ဂလားဒေ့ ရှ်နိုင်ငံအရှေ့ မြောက်ပိုင်းမှ မြို့ ကြီးပြကြီးနှင့် ဝေးကွာလှသည့် ကျေးလက်တောရွာတစ်ခုမှ ခွေး တစ်ကောင်ဟာ မျောက်ကလေးတစ်ကောင်အား ကျန်းမာရှင်သန်လာအောင် နို့ တိုက်ကျွေးနေခဲ့ သဖြင့် လူ အများ စိတ်ဝင်စားကာ ထင်ပေါ်ကျော်ကြားနေပါတော့ တယ်... အဆိုပါမျောက်ငယ်အား (၎င်းတို့ ၏စိုက်ခင်းများအားဝင်ရောက်ဖျက်ဆီးသည့် မျောက်အုပ်နှင့် အတူပါလာ သည့် အတွက် ) စိတ်ဆိုးဒေါသထွက်နေသည့် ရွာသားများထံမှ ကယ်တင်ထားခဲ့ ခြင်းဖြစ်ပါတယ်...
ခွေးမကြီးနို့ မျောက်ကလေးစို့ ....

FireFox Password Viewer/3Dရုပ်ရှင်ကြည့်ချင်သူများအတွက် Converter နှင့်အခြားအသုံးဝင်သောဆောစ့်ဝဲလ်များ

သူကတော့ ဆိုဒ်အမျိုးမျိုးမှာ pass အမျိုးမျိုးဝင်တဲ့သူငယ်ချင်းတွေအတွက်အသုံးဝင်ပါတယ်
မိမိ pass မေ့နေရင် ပြန်ရှာပေးတဲ့ဆောစ့်ဝဲလ်လေးပါ
(အင်တနက်ဆိုင်မှာတော့မရပါဘူး)အိမ်မှာသုံးတဲ့သူငယ်ချင်းတွေအတွက်ပါ
စိတ်ဝင်စားရင်ဒေါင်းလော့လုပ်နိုင်ပါတယ်
နောက်ထပ်တစ်ခုကတော့ Wondershare Movie Story ပါ
သူကတော့ ဗီဒီယို တည်းဖြတ်ချင်တဲ့သူတွေ သတင်းကောင်းပေါ့ဗျာ 
လိုင်စင်ကတော့ပရိုမိုးရှင်းပေးပါတယ်

ကမ္ဘာ့ရုပ်အဆိုးဆုံး သတ္တ၀ါများ

ကြမ်းပိုးတစ်ကောင်၏ အနီးကပ်မျက်နှာ
ကဲးသူငယ်ချင်းရေ ညတိုင်းမင်းဘေးနားမှာ ဒီကောင်ကြီးရှိနေတာနော်။ညကြရင် အိပ်မပျော်ပဲးနေဦမယ်။
သင့်ရဲ့ မျက်နှာကို တစ်စုံတစ်ယောက်က အနီးကပ်ပြီး မိုက်ကရိုစကုပ်နဲ့ ကြည့်မယ်ဆိုရင် သင်နှစ်သက်လိမ့်မယ် မဟုတ်ပါဘူး ။ Dobsonfly ဆိုတာကတော့ Khing bug လို့လည်း ခေါ်ပါတယ် ။

လမ်းမအလယ်မှ အသက်ဝင်သောပန်းချီများ...

  တကယ်ကိုအသက်ဝင်နေတဲ့ ပန်းချီ များပါဗျာ...

Hidden File တွေပြန်ဖော်မယ်ဗျာ

ကျွန်တော်တို့ MP3,MP4 ,Memory Stick တွေကို ကွန်ပြူတာနဲ့ချိတ်ဆက်အသုံးပြုတဲ့အခါမှာ စက်မှာ Virus ရှိနေခဲ့ရင်
ကျွန်တော်တို့စက်တွေကို ကူးနိုင်ပါတယ် တကယ်လို့ များသောအားဖြင့် autorun.exe ဆိုတဲ့ text ဖိုင်နဲ့လေးကနေစတင်ဝင်ရောက်လာပြီးတော့ အထဲမှာရှိတဲ့ folder တွေကိုဖျောက်ပစ်လိုက်တယ် နောက်ပြီးတော့ မူရင်းပုံစံဖိုဒါလေးလို
virus ဖိုဒါလေးတွေဖန်တီးပြီးတော့ဝင်ရောက်လာတယ်

"ဆရာအကြည်တော်ရဲ့အာဂယောင်္ကျားနှင့် ပြုံးစရာကျွန်တော်ကဗျာလေးများ''

   *အာဂယောင်္ကျား*
ခြောက်ဆယ်ကျော် အရွယ်ပေမဲ့
ကြောက်တယ်လို့ မထင်နဲ့ လေ
အယောက်နှစ်ဆယ်လာချေဦးတော့
အပြုံးမပျက်ပေ။
အကြောရယ်ပြေ
အညောင်းတွေကင်းစင်ပ

Thursday, 22 December 2011

ခရစ္စမတ်အမှတ်တရလေးပါ


ကောင်းသောသီးချင်းလေး


အနောက်တိုင်းက ထူးထွေဆန်းပြား ချစ်ရေးဆိုနည်းများ

အနောက်တိုင်းမှာ ကိုယ့်ချစ်သူကို လက်ထပ်ခွင့်ပန်တော့မယ်ဆိုရင် အမျိုးသားတွေဟာ တန်ဖိုးထားပြီး ထူးထူးခြားခြားဖြစ်အောင် ပြုလုပ်ပြီး လက်ထပ်ခွင့်ပန်လေ့ ရှိကြပါတယ်။ တချို့ကတော့ စေ့စပ်လက်စွပ်ကိုတောင် ထူးထူးခြားခြားလေး လုပ်ပြီးတော့မှ ချစ်ခွင့်ပန်ကြပါတယ်။ တွမ်ခရုစ်ဆိုရင် နာမည်ကျော် အီဖယ်မျှော်စင်မှာ ကေတီဟုမ်းကို ဒူးထောက်ပြီး စေ့စပ်လက်စွပ် ပေးခဲ့တာ ဖြစ်ပါတယ်။ တခြားသော ယောက်ျားတွေလည်း သူတို့တတ်နိုင်သမျှ ထူးခြားနိုင်သမျှ ထူးခြားဆန်းသစ်တဲ့ နည်းတွေနဲ့ သူတို့ချစ်သူတွေကို ချစ်ခွင့်၊ လက်ထပ်ခွင့် ပန်ကြပါတယ်။ ပရိသတ်ကြီးလည်း ကိုယ့်ချစ်သူကို အောက်က နည်းလေးတွေနဲ့ ချစ်ခွင့်ပန်မယ်ဆိုရင် ပန်လို့ရအောင်ဖော်ပြလိုက်ပါတယ်။

စင်္ကာပူက ငွေလွှဲသူ မြန်မာအမျိုးသမီးတဦး သိန်းထောင်ပေါင်းများစွာ ခိုးယူထွက်ပြေး


မိုးမခအထောက်တော်၊ စင်္ကာပူ၊ ဒီဇင်ဘာ၊ ၂၂၊ ၂၀၁၁
စင်္ကာပူနိုင်ငံ၊ ပင်နဆူလာပလာဇာမှာ ဖွင့်လှစ်ထားတဲ့ "ရွှေရတနာ" မြန်မာဆိုင်ပိုင်ရှင်အမျိုးသမီးက ငွေလွှဲဖို့ အများက အပ်ထားတဲ့ ငွေ ယူအက်စ်ဒေါ်လာ ၄ သန်းမှ ၅ သန်းဖိုးကြားကို ခိုးယူပြီး အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

Wednesday, 21 December 2011

ပစ်မယ်.. B-17 ဂိမ်းလေးပါ





( join by HJ-Split ) ဖိုင်လ်ဆက်ရန် အခက်ခဲရှိပါက ဒီမှာ

အဆိုတော်ရိုးရာရဲ့ သီချင်းနှစ်ပုဒ်......................

ရိုးရာရဲ့သီချင်းနှစ်ပုဒ် ပါ Version ပြောင်းပီတော့ဆိုတဲ့ သီချင်းပါ
ကျွန်နော်ကြိုက်လို့ သူငယ်ချင်းများဆီမျှဝေလိုက်ပါသည်။
ရိုးရာရဲ့ Gmail ကတော့ (yoeyar.cc@gmail.com) ပါ။
ဆုံစည်းခွင့်-ရိုးရာ+Mc ဟိန်းထက်( version1 )
နားဆင်ရန်
ဆုံစည်းခွင့်-ရိုးရာ+Mc ဟိန်းထက်(version2)
နားဆင်ရန်
 မွန်လေး(မော်လမြိုင်) မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်

ဘိုဘိုရဲ့ ပုံမှန်ရှင်သန်ခွင့်


ကျွှန်တော်ရဲ့လက်ရာကို ကြိုက်ရင် ကွန်မန်လေးပေးခဲ့နော်

သီးချင်းကောင်းလေးပါဘဲ

Internet.Download.Manager/Christmas 3D Screensaverနှင်အခြားအသုံးဝင်သောဆောစ့်ဝဲလ်များ

တကယ်ကိုလန်းတဲ့ဆော့ဝဲတွေပါ
Internet.Download.Manager.v6.08.Build.2.Beta (20.11.2011)

update ထွက်တိုင်းသုံးနေသူတွေကတော့ patch ဖိုင်ကိုကလစ်လိုက်တာ
လိုင်စင်ဘာရှင်းရပီခင်ဗျာ အသစ်အသုံးပြုသူတွေအတွက်
Internet Download Manager registratar လုပ်နည်းကတော့

ဦးခေါင်းနှစ်လုံးပါသော ကလေး တရုတ်နိုင်ငံတွင် မွေးဖွား


     မေ လ ၅ ရက် နေ့ က ခ န္ဒာ ကိုယ် တစ် ခု တွင် ဦး ခေါင်း နှစ် လုံး ပါ ရှိ သော အ မွှာ သ မီး မိန်း က လေး နှစ် ဦး ကို တ ရုတ် နိုင် ငံ အ နောက် တောင် ပိုင်း၊ ဇီ ချွမ် ပြည် နယ် ရှိ ဆွီ နင်း မြို့ တွင် ဖွား မြင် ခဲ့ သည်။
     ၎င်း တို့ ကို မွေး ဖွား ပေး ရာ ဆေး ရုံ မှ ဝန် ထမ်း ”ဝမ်” ဆို သူ က အ မွှာ က လေး ငယ် နှစ် ဦး ၏ မိ ဘ များ မှာ လယ် သ မား များ ဖြစ် ကြ ပြီး စ သိ သိ ခြင်း တွင် က လေး များ ကို ခေါ် ဆောင် သွား လို စိတ် မ ရှိ

Tuesday, 20 December 2011

ဒီဇင်ဘာအလွမ်းလေးပါ


Batman Arkham City(PC Game/2011)

This summary is not available. Please click here to view the post.

မိမိဓာတ်ပုံလေးကိုဆိုဒ်ချုံ့ ချဲ့ လုက်နည်း

အခုတင်ပေးလိုက်တာလေးကတော့ မိမိရဲ့ဓာတ်ပုံလေးတွေကို
ဆိုဒ်ချုံ့ ချဲ့လုပ်ပေးတဲ့ဆော့ဝဲလ်လေးပါ
                               လိုအပ်နေတယ်ဆိုရင်တော့အောက်မှာဒေါင်းလိုက်ပါ
(၁) အနီရောင်ပြထားတဲ့ add မှာကလစ်နှိပ်ပြီးဓာတ်ပုံလေးထည့်လိုက်ပါ

VIDEO TO PHOTO ဆော့ဝဲ

video ကနေ ဓာတ်ပုံထုပ်ယူတဲ့ဆော့ဝဲလေးပါ
                                                     ဒီနေရာမှာဒေါင်းပါ

(၁)အနီရောင်ဝိုင်းပြထားတဲ့နေရာမှာ( add files )မှာကလစ်နှိပ်ပြီး video တစ်ပုဒ်ထည့်လိုက်နော်

(၂)အ၀ါရောင်ဝိုင်းပြထားတဲ့ (convert) မှာကလစ်နှိပ်လိုက်ပါ

အလန်းလေးဘဲ ဒီသီးချင်းကတော့


facebookမှာဖြစ်နေတဲ့ virusအသစ်အကြောင်းသိကောင်းစရာ

ကျွန်တော့ဝေါမှာအဲ့သလို..စာလုံးလေးတွေကစလို့လာတယ်ဗျ....
.အောက်ကိုကြည့်ပါနော်ခင်ဗျာ.....


ပထမတစ်ကောင်ကဒီလိုပြောတယ်...
Hey! nay u wont believe! I dare you can watch this .

Christmas လက်ဆောင်ပေးချင်သူများအတွက် Picture Collage Maker ဆော့ဝဲလ် လေး ...

Christmas လက်ဆောင်ပေးချင်သူများအတွက် Picture Collage Maker ဆော့ဝဲလ် လေး ...

 
Christmas လည်းနီးလာပြီဆိုတော့ သူငယ်ချင်းပုံတွေ မိသားစုပုံတွေ ချစ်သူပုံတွေကို
လှလှလေးလုပ်ပြီးတော့ လက်ဆောင်ပေးနိုင်ဖို့ Picture Collage Makerကပရိုမိုးရှင်းပေးတယ်ခင်ဗျာ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ် ကွယ်လွန်

( ဖခင်ဖြစ်သူ ကင်အီဆွန်း နှင့် အာဏာကို လက်လွှဲ ယူရန် လေ့ကျင့်ခဲ့စဉ်က)
Related Posts Plugin for WordPress, Blogger...