Wednesday, 29 February 2012

ဒုတိယမြောက်သားလေးမွေးဖွားတော့မည့် ပူစူး


Photo
အဆိုတော် ပူစူးနှင့်ဇနီးဖြစ်သူ မဇင်မာတို့၏ ဒုတိယသားငယ်လေးကို လာမည့်မတ်လဒုတိယပတ်အတွင်း ၀ိတိုရိယဆေးရုံတွင် မွေးဖွားမည်ဖြစ်သည်။
“အာထရာဆောင်းရိုက်တော့  သားလေးလို့ပြောတယ်။ သားပဲလိုချင်တယ်။ သမီးမလိုချင်ဘူး။ ဘာရယ်ကြောင့် မဟုတ်ပါဘူး။ ရလာရင်လည်း ယူရမှာပေါ့။ ကလေးအသုံးအဆောင်တွေ စုနေပြီး
ခရီးသွားရင်းဝယ် ဖြစ်တာများတယ်။ တစ်ခါတလေကျ မျက်စိထဲတွေ့တာ ၀ယ်လိုက်တယ်။ ကလေးဆော့လို့ရမယ့်ဟာမျိုးကို ၀ယ်ဖြစ်တယ်”ဟု ပူစူးကပြောသည်။
အဆိုတော် ပူစူးနှင့် မဇင်မာတို့သည် အိမ်ထောင်သက် ၆ နှစ်ရှိပြီဖြစ်သည်။ အိမ်ထောင်ပြုစဉ်က ယခုလိုလူသိများသည့် အဆိုတော်တစ်ဦးမဟုတ်သေးပေ။  မတ်လတွင် မွေးဖွားမည့် သားလေးသည် ဒုတိယသားလေးဖြစ်ပြီး သားကြီးမှာ ၄နှစ်ရှိပြီဖြစ်သည်။  ပူစူးက ယခုလက်ရှိတွင် ရှိုးပွဲများ သီဆိုနေပြီး ၎င်း၏ ဒုတိယအယ်လ်ဘမ်ကို စီစဉ်နေပြီဖြစ်ကြောင်း ပူစူးက ဆက်လက်ပြောသည်။

1 comment:

  1. ပူစူးတစ်ယောက်လည်းဘယ်တုန်းကမိန်းမရသွားပါလိမ့်
    သိလိုက်ဘူး

    ReplyDelete