Tuesday, 28 February 2012

ရခိုင်အမျိုးသားလေးခန့်စည်သူ ဝတ်ပေးမယ့် ရဟန်းခံဒုလ္လဘ ၁ဝ၈ပါး အတွက် ရုပ်ရှင်၊ဗီဒီယို လောကသားများ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ စာရင်းပေးသွင်းနိုင်

ခန့်စည်သူက ရဟန်းခံဒုလ္လဘဝတ်လိုတဲ့ ရုပ်ရှင်၊ဗီဒီယိုလောကသားများကို သာသနာ့ဘောင် သွတ်သွင်းချီးမြှင့်ပေးတာ ၄နှစ်တာရှိပြီဖြစ်ပြီး ဒီနှစ် ၅နှစ်မြောက်မှာလည်း မတ် လ ၂၅ရက်နေ့မှ ၃ဝရက်နေ့အထိ ဒုလ္လဘ ၁ဝ၈ပါးကို သာသနာ့ဘောင် သွတ်သွင်းပေးမယ်လို့ သိရပါတယ်။ ဒုလ္လဘဝတ်လိုတဲ့သူများက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို မတ်လ ၁၆ရက် နေ့နောက်ဆုံးထားပြီး
စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ဓမ္မဝိဟာရ ပထမကျော် စာသင်တိုက် သင်္ဃန်းကျွန်းမှာ မတ်လ ၂၄ရက် နေ့ခင်း ၂နာရီမှာ ဆံချမှာဖြစ် ပြီး မတ်လ ၂၅ရက်နေ့၊ မနက်၉နာရီမှာ သိမ်ဆင်းမှာဖြစ်ပါတယ်။
မေမွန်မောင်

1 comment: