Monday, 30 April 2012

ဆုထူးပန်ရုပ်ရှင်ရုံကို အဆင့်မြင့် ရုပ်ရှင်ရုံအဖြစ် ပြန်လည် ပြုပြင်တော့မယ်ဆိုတဲ့ ဒေါ်ဝါဝါဝင်းရွှေ

ရန်ကုန်မြို့မှာရှိတဲ့ ဆုထူးပန်ရုပ်ရှင်ရုံကို အဆင့်မြင့် ရုပ်ရှင်ရုံအဖြစ် ပြန်လည်ပြုပြင်ဖို့အတွက် Father Land  ဆောက်လုပ်ရေးက တာဝန်ယူဆောက်လုပ် မယ်လို့ သိရပါ တယ်။ ရုပ်ရှင်ရုံသစ်တွေ ပေါ်လာတာနဲ့အမျှ ရုပ်ရှင်ရုံတွေ ကို အဆင့်မြင့် ဆောက်လုပ်ကြတာကြောင့် ဆုထူးပန် ရုပ်ရှင် ရုံပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေကို မေးကြည့်တော့ ”အန်တီဝါတို့ ဆုထူးပန်းရုံကို
သင်္ကြန်အပြီးမှာ ပိတ်ထားလိုက်ပြီ။ အဆင့် မြင့်ရုပ်ရှင်ရုံပြန်ဆောက်တာပါ။ အမြန်ဆုံးတော့ လုပ်မယ်။၁နှစ်ခွဲလောက်တော့ကြာမယ်။အဆင့် မြင့်ရုပ်ရှင်ရုံတစ်ရုံတိုးလာတော့ ကြည့်တဲ့ပရိသတ် တွေအတွက် ကောင်းတာပေါ့။ ရုပ်ရှင်ဆိုတာ အနုပညာရှင်တွေရဲ့ လုပ်ရပ်ပဲ၊ဒီရုပ်ရှင်ကို ရုပ်ရှင်ရုံပေါ်ကမှပရိသတ် မျက်စိရှေ့ရောက် တာလေ၊အနုပညာရှင်တွေလည်း ပိုကြိုးစား ကြမယ်။ကြည့်တဲ့သူတွေလည်း စိတ်ချမ်း သာစွာနဲ့ကြည့်ရတာပေါ့။ ရုပ်ရှင်ရုံပြန် ဆောက်ဖို့အတွက် လုပ်နေတာကြာပါပြီ။ ပြန်ပြင်ပြီးရင်လည်း ဆုထူးပန်နာမည်နဲ့ပဲ ပြန် လုပ်မှာပါ”လို့ ရုပ်ရှင်ရုံနဲ့ပတ်သက်ပြီး ပြောပြပါတယ်။ ဒေါ်ဝါဝါဝင်းရွှေက ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကာ ဇာတ်ကားရိုက်ကူးမှုတွေကို တော့ ခဏနားထားပြီး မိုးတွင်းကုန်လောက်မှ ပြန် ရိုက်ဖြစ်မယ်လို့ ပြောပြပါတယ်။
မေမွန်မောင်

1 comment:

  1. ကောင်းတာပေါ့ဗျာ......

    ReplyDelete