Tuesday, 8 May 2012

ဇနီးက အရက်ဖိုးမပေးဖို့ သားသမီးနှစ်ယောက်ကို ရေတွင်းထဲပစ်ချခဲ့သူ

အိန္ဒိယနိုင်ငံက Sambakulam ရွာလေးတွင် အလုပ်လုပ်နေသော ဇနီးဖြစ်သူက ဝင်ငွေမလောက်ငလို့ ခင်ပွန်းတောင်းတဲ့ အရက်ဖိုးငွေ မပေးနိုင်တဲ့အခါ ခင်ပွန်းက ၎င်းတို့၏ သားနှင့်သမီး နှစ်ယောက်အား နီးရာရေတွင်းထဲ ပစ်ချပြီး ထွက်ပြေးခဲ့တဲ့အတွက် အသက်(၆)နှစ်အရွယ် သားယောက်ျားလေးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အရက်ဖိုးမပေးတဲ့ ဇနီးသည်နှင့် စကားများခဲ့ပြီး ၎င်းအား လျစ်လျူရှုထားတဲ့ ဇနီးသည်ကို ခင်ပွန်းက သားနှင့်သမီးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပေမယ့် ဇနီးဖြစ်သူက ကလေးနှစ်ယောက်အား ကလေးထိန်းသည့်နေရာတွင် အပ်နှံပြီး ထွက်သွားခဲ့ရာတွင် ဖခင်ဖြစ်သူက ကလေးနှစ်ယောက်အား ကလေးထိန်းသည့်နေရာမှ သွားခေါ်ကာ နီးစပ်သည့်လယ်ထဲက ရေတင်းထဲ ကလေးနှစ်ယောက်စလုံးကို ပစ်ချပြီး  လွတ်မြောက်သွားခဲ့တာဖြစ်ကြောင်း သိရသည်။
ကလေးနှစ်ယောက် ခေါ်သွားတာကို တွေ့ခဲ့တဲ့ လယ်ထဲကရွာသားတွေက ၎င်းတစ်ယောက်တည်း ပြန်လာတာကို တွေ့တဲ့အခါ သင်္ကာမကင်းဖြစ်ရာမှ ရေတွင်းထဲ ဖခင်ဖြစ်သူရဲ့ ပစ်ချခြင်းခံခဲ့ရသော (၆)နှစ်အရွယ် ယောက်ျားလေးနှင့် (၄)နှစ်အရွယ် မိန်းကလေးတို့အား ရေတွင်းထဲက ဆယ်ယူနိုင်ခဲ့ကြတာပါ။
သို့ပေမယ့် (၆)နှစ်သားဟာ ရေတွင်းထဲ ရေနစ်သေဆုံးသွားခဲ့ကာ (၄)နှစ်သမီးကတော့ ရေတွင်းနံရံကို ကုပ်ကပ်ထားတဲ့အတွက် ရေမနစ်ဘဲ အသက်ရှင်ခဲ့တာဖြစ်ကြောင်း သိရသည်။
၎င်းတို့အား ရေတွင်းထဲပစ်ချခဲ့သည့် ဖခင်ဖြစ်သူမှာမူ ပုန်းအောင်းလျက် လွတ်မြောက်နေသေးကြောင်း သိရသည်။
Source : The Star
ပုံရိပ်(burmesehearts.com)

1 comment:

  1. အော် မာတာပိတု ဂုဏ္ဏော အနန္တော..ကြားရတယ်နော်

    ReplyDelete