Thursday, 17 May 2012

ကိုယ်ဝန်ခုနှစ်လနဲ့ လက်ထပ်ပြီးစဇနီးကို သတ်ခဲ့သူအားဖမ်း

photo-google image
အမေရိကန်ပြည်ထောင်စု Arkansas တွင်  ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ လက်ထပ်ထားခဲ့သော ကိုယ်ဝန်(၇)လနီးပါး လွယ်ထားသည့် ဇနီးသည်၏ ရင်ဘတ်ကို ဓါးနဲ့ထိုးမှုဖြင့် ရဲအရာရှိများက ဓါးဖြင့်အထိုးခံခဲ့ရသည့် ဇနီးသည်၏ အမျိုးသားကို လူသတ်မှုဖြင့် ဗုဒ္ဓဟူးနေ့၌ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
အသက်(၃၂)နှစ်အရွယ် ကိုယ်ဝန်ခုနှစ်လ လွယ်ထားတဲ့ ဇနီးသည်ဟာ ခင်ပွန်းသည်နဲ့အတူ ကားမောင်းနေစဉ် အသက်(၃၄)နှစ်အရွယ် ခင်ပွန်းသည်က ဇနီးအား ဓါးဖြင့် ထိုးပြီး ကားမှောက်အောင် ပြုလုပ်ခဲ့တာဖြစ်ကြောင်း ၊ သို့ပေမယ့် ဇနီးသည်ဟာ နီးစပ်ရာ ရဲစခန်းသို့ ပြေးဝင်သွားခဲ့နိုင်ပြီးဓါးဖြင့်အထိုးခံခဲ့ရသည့် ဇနီးသည်မှာ ဓါးဒဏ်ရာဖြင့် လဲကျခဲ့တာဖြစ်ကြောင်း သိရသည်။
အမျိုးသမီးဟာ မေ့လဲမကျခင်မှာ သူမကို ကူညီဖို့ အကူအညီတောင်းခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးသမားများက ထိုအမျိုးသမီး ကိုယ်ဝန်ဆောင်ထားသော
ကလေးငယ်အား  မွေးဖွားကယ်တင်ခဲ့ကြပေမယ့် မိခင်ရော ၊ ကလေးပါ သေဆုံးသွားခဲ့ကြတယ်လို့ သိရပါတယ်။
ယောက်ျားလေးဖြစ်တဲ့ ထိုကလေးငယ်ဟာ ကလေးသူငယ် ဂရုစိုက်ကြပ်မတ်ဆောင်သို့ သွားစဉ်တွင် သေဆုံးသွားခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
Source : Fox News
ပုံရိပ်(burmesehearts

2 comments:

  1. သနားဖို့ကောင်းလိုက်တာဟယ်အတော်လူမဆန်တဲ့
    ယောက်င်္ကျားပဲနော်

    ReplyDelete
  2. တော်တော်ဆိုးတဲ့လူပါလာ.....ကိုယ်ဝန်ကြီးနဲ့တောင် လုပ်ရက်တယ်...ကြောက်စရာကောင်းတယ်နော်....ဘယ်သူ့မှတောင် မယုံရဘူးထင်ပါ့ လောကကြီးရယ်......

    ReplyDelete