ဗိုလ်ချုပ်
ရုပ်ရှင် ဖြစ်မြောက် ရေးမှာ တွေ့ရတဲ့ ဝေဠုကျော် နဲ့ ပြော ဖြစ်သမျှ က-
"ဒီရက်ပိုင်း တော့ ကျွန် တော် ဒီဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်
ရေးအတွက်ရယ်၊ အစည်းအရုံးကိစ္စ ရယ်၊ ပြီးတော့ကျွန်တော်သွေးမေတ္တာ အဖွဲ့၊
မြသားလွင်ပြင်အဖွဲ့ ကိစ္စလေး တွေလည်းလုပ်ပါတယ်။ ကျွန်တော် ဒီအလုပ်တွေ
လုပ်သင့်လို့လုပ်တာ ပါ။ ကျွန်တော်တို့ လိုချင်တဲ့ ဒီမို ကရေစီနိုင်ငံကို
အားလုံးက တောင်း ဆိုခဲ့ကြတယ်။ တောင်းဆိုလို့လည်း ရလာပြီ။
လမ်းကြောင်းပေါ်လျှောက် နေတဲ့အချိန်မှာ တောင်းဆိုနေတဲ့သူ အားလုံးပေါ်မှာ
တာဝန်ရှိပါတယ်။မိမိကိုယ်ကို ကောင်းအောင် စံနဲ့ညီ အောင်နေတတ်ဖို့အရေးကြီးပါတယ်။ အဲလိုပဲ ကိုယ့်တိုင်းပြည်ကြီးကိုလည်း ဘယ်လို ဖြောင့်ဖြောင့်တန်းတန်း သွား နိုင်မလဲဆိုတဲ့အပေါ်မှာ နိုင်သလောက် ကူညီဖို့လိုအပ်ပါတယ်။ အဲဒီအတွက် လည်း ပရဟိတစိတ်ရှိရမယ်။ တစ် ယောက်ကိုတစ်ယောက် ကူညီနိုင်တာ အကျိုးရှိသော အလုပ်များဖြင့် ကူညီ နိုင်ရမည်ဆိုတဲ့မူနဲ့ ကျွန်တော်လုပ်နေ ပါတယ်။













































