ဧဒင်အချစ်ပုံပြင်: October 2012

Wednesday, 31 October 2012

တနင်္လာနေ့၏ စိတ်ဝင်စားဖွယ် အချက်အလက်များ



တနင်္လာနေ့ကို သိပ္ပံပညာရှင်များက ယခုလို အဖြေထုတ်ထားပါတယ်။
၁။ တနင်္လာနေ့သည် မိမိကိုယ်ကိုယ် သေကြောင်းကြံနေ့ (Suicide day)
ကမ္ဘာတစ်လွှားက သေကြောင်းကြံသူများကို စစ်တမ်းကောက် လေ့လာရာ အများစုဟာ တနင်္လာနေ့မှာ မိမိကိုယ်ကိုယ် သေကြောင်းကြံ ကြပါတယ်။ အားလပ်ရပ်မှာ ၁၃ ရာခိုင်နှုန်းသာ သေကြောင်းကြံပေမယ့် တနင်္လာနေ့မှာ ဆိုရင် အမျိုးသား ၁၆ ရာခိုင်နှန်း၊ အမျိုးသမီး ၁၇ ရာခိုင်နှုန်း သေကြောင်း ကြံ ကြပါတယ်။
၂။ တနင်္လာနေ့သည် နှလုံးရောဂါနေ့
Heart attack ဖြစ်သူများကို လေ့လာရာမှာလည်း တော်တော်များများက တနင်္လာနေ့မှာ ဖြစ်ကြတာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါ ဖြစ်နိုင်ချေဟာ အမျိုးသားများအတွက် ၂၀ ရာခိုင်နှုန်း၊ အမျိုးသမီးများအတွက် ၁၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဓိကအချက် ကတော့ စိတ်ဖိအား ပိုများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

နေကို စပိန်အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်သည်ဟုဆို၊ အသုံးပြုခတောင်း




 ၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။ စပိန်နိုင်ငံတွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက နေကို သူမ ပို င်ဆိုင်တယ်လို့ ပြောဆိုပြီး နေရောင်ခြည် အသုံးပြုခ တောင်းခံတဲ့ ကိစ္စ ဖြစ်ပါတယ်။ သူမ ရဲ့ စိတ်ကူး ဒီလို ဖြစ်ပါတယ်။ အမေရိကန် ဘီလျံနာ တစ်ဦးဟာ လကမ္ဘာမှာ မြေကွက်တစ်ခု ဝယ်ယူပြီး သူပိုင်တဲ့ မြေကွက်လို့ ကြေညာ ခဲ့ပါတယ်။ ဒါကြောင့်မို့ အသက် ၄၉ နှစ် အရွယ် စပိန်နိုင်ငံမှ အမျိုးသမီး Angeles Duran ကလည်း နေလုံးကြီးကို သူပိုင်ကြောင်း စာရွက်စာတန်း ပြု လုပ်လာပါတယ်။ ဒေသခံ ရှေ့ နေအချို့ နဲ့ တရားဝင်စာရွက် စာတန်းများ ပြု လုပ်ပြီး ဆိုလာစနစ်ရဲ့  အလယ် ဗဟိုတည့်တည့်က (ကမ္ဘာနှင့် ကီလိုမီတာ ၁၄၉ သန်း ပျှမ်းမျှဝေးသော) နေကို သူမပိုင်ဆိုင်တယ်လို့ ကြေညာ လိုက်ခြင်း ဖြစ်ပါတယ်။

ပတ်စ်ပို့သက်တမ်း ငါးနှစ် ပေးတော့မည်




နိုင်ငံကူးလက်မှတ်များကို ငါးနှစ်အထိ သက်တမ်းတိုးမြှင့် ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လာမည့် နိုဝင်ဘာ ၁ ရက် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများမှ စတင်၍ နိုင်ငံကူးလက်မှတ်ကို ငါးနှစ်ထိ သက်တမ်းတိုးမြှင့် ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း ယခင်ပုံမှန် အတိုင်းသာ ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ “အများပြည်သူတွေ အဆင်ပြေ သက်သာစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလိုလုပ်ရတာ ဖြစ်ပါတယ်။ ဒီလို သက်တမ်းတိုးလိုက်လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ ကုန်ကျစရိတ်ကတော့ အရင်အတိုင်း ပုံမှန်ပါပဲ။ သင်္ဘောသား ပတ်စ်ပို့၊ အလုပ်သမား ပတ်စ်ပို့တွေလဲ အကုန်လုံး ငါးနှစ်သက်တမ်း ဖြစ်သွားပါပြီ။ နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားတဲ့သူတွေ

ပျက်ကျ ခဲ့သည့် ပိုလန် သမ္မတ၏ လေယာဉ်တွင် ဖောက်ခွဲရေး ပစ္စည်း အစအနများ တွေ့ရှိ



ရုရှားနိုင်ငံ အတွင်း၂ဝ၁ဝ ပြည့်နှစ်က ပျက်ကျခဲ့သည့် ပိုလန် သမ္မတနှင့် ခရီးသည် ၉၅ ဦး စီးနင်း လိုက်ပါ လာသော လေယာဉ် တွင် ဖောက်ခွဲရေး ပစ္စည်း အစအန များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၃ဝ ရက်က သတင်းစာကြီးတစ်စောင် တွင် ဖော်ပြ ခဲ့သည်။

အဆိုပါ ဖောက်ခွဲရေး ပစ္စည်း အစအန များအား လေယာဉ် အတွင်းရှိ ထိုင်ခုံ ၃ဝ ပေါ်နှင့် လေယာဉ်၏ ကိ

ုယ်ထည်နှင့် တောင် ပံများ တွင်ပါ တွေ့ရှိခဲ့ရကြောင်း Rzeczpospolita သတင်း စာကြီးက ဖော်ပြ ခဲ့ကြောင်း သိရသည်။

အကြီးဆုံး ကားပြပွဲကြီး ရန်ကုန်တွင် ပြုလုပ် (ရုပ်သံ)

လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ပျောက်ဆုံးနေ

Photo: လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ပျောက်ဆုံးနေ
Wednesday, 31 October 2012

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ သူးမွဲမြစ် (သောင်ရင်းမြစ်)အတွင်း ယမန်နေ့ ညနေ(၅)နာရီခွဲအချိန်၌
လှေနစ်မြှုပ်မှု တခုဖြစ်ပွားခဲ့ရာ လှေပေါ်ပါလာသူထဲမှ ဗိုလ်မှူးအဆင့်ရှိသူ KNLA တပ်မှူးတစ်ဦး ပျောက်ဆုံး လျှက် ရှိသည်ဟု သိရသည်။

ပျောက်ဆုံးသွားသူမှာ ၅၅နှစ်အရွယ် ဗိုလ်မှူးစောရိုး(စောကီးဒို့)ဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ အသိတယောက်ထံသို့ အလည်သွားပြီး G-3 ဗိုလ်မှူးစောဆဲဂေ၀ါးသော၊ ဗိုလ်မှူးစောတာမလာတို့နှင့်အတူ လှော်လှေဖြင့်
ပြန်လည်လှော်ခတ် လာရာ သေဘေထာ့ကမ်းနံ ဘေး ရောက်ခါနီး
ရေစီးသန်သည့် နေရာတခုအရောက်တွင် လှေတိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။

တပ်မဟာ(၇) ဆေးတပ် တာဝန်ခံ ဗိုလ်ကြီး စောအယ်မွီးက “(သေ့ဘေ့ထာ့)ကမ်းမရောက်ခင် သောင်လေးတခု ရှိတယ်။ အဲဒီ
သောင်နဲ့ ကမ်းနားကြားမှာ ရေစီးကြမ်းတဲ့ ရေခပ်နက်နက်နေရာတခုရှိတယ်။ အဲဒီမှာ လှေမှောက်တာ။ ဗိုလ်ရိုးက ရေမကူးတတ်ဘူး။ ဂျီသရီး
(ဗိုလ်မှူးစောဆဲဂေ၀ါးသော)က ဗိုလ်ရိုးကို လှမ်းဆွဲလို့ အချင်းချင်း လက်ကိုင်မိကြသေးတယ်။ နောက် ဗိုလ်ရိုးက သူ့ လက်ကို လွှတ်လိုက်တယ်တဲ့”ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးစောရိုးသည် ဗိုလ်မှူးစောဆဲဂေ၀ါးသောအား ၎င်းနှင့်အတူ
ရေထဲသို့ မျှောပါမသွားအောင် လက်လွှတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဗိုလ်ကြီးအယ်မွီးက ဆက်လက်၍ ခန့်မှန်းပြောဆိုလိုက်သည်။ သို့သော် ပျောက်ဆုံးသွားသော ဗိုလ်မှူးစောရိုး အား ယမန်နေ့ ညနေမှစ၍ ရှာဖွေခဲ့ရာ ယနေ့ ညနေအထိ မတွေ့ရှိရသေးကြောင်း သိရသည်။

“လူတယောက်ဟာ ရေနှစ်ရင် ၂၄နာရီကြာမှ အလောင်းပြန်ပေါ်တယ်လေ။ ဒါပေမဲ့ အခုထိတော့ ပျောက်ဆုံးနေဆဲပဲ”ဟု ဗိုလ်ကြီးစောအယ်မွီးက ယနေ့ညနေတွင် ပြောဆိုသည်။

တောင်ငူဇာတိဖြစ်သည့် ဗိုလ်မှူးစောရိုးသည် ကေအဲန်ယူ တပ်မဟာ(၅)တွင် ဒုထောက်ပို့မှူးအဖြစ် တာဝန်ယူလျှက်ရှိပြီး အသက် ၅၀အရွယ် ဇနီး နော်မာချူးလာနှင့် သမီး ၃ဦး ရှိသည်။

စောခါးစူးညား 
ကေအိုင်စီကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ သူးမွဲမြစ် (သောင်ရင်းမြစ်)အတွင်း ယမန်နေ့ ညနေ(၅)နာရီခွဲအချိန်၌
လှေနစ်မြှုပ်မှု တခုဖြစ်ပွားခဲ့ရာ လှေပေါ်ပါလာသူထ

ဲမှ ဗိုလ်မှူးအဆင့်ရှိသူ KNLA တပ်မှူးတစ်ဦး ပျောက်ဆုံး လျှက် ရှိသည်ဟု သိရသည်။

ပျောက်ဆုံးသွားသူမှာ ၅၅နှစ်အရွယ် ဗိုလ်မှူးစောရိုး(စောကီးဒို့)ဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ အသိတယောက်ထံသို့ အလည်သွားပြီး G-3 ဗိုလ်မှူးစောဆဲဂေ၀ါးသော၊ ဗိုလ်မှူးစောတာမလာတို့နှင့်အတူ လှော်လှေဖြင့်
ပြန်လည်လှော်ခတ် လာရာ သေဘေထာ့ကမ်းနံ ဘေး ရောက်ခါနီး

ဝါ၀ါဝင်း ကုမ္ပဏီရုံးရှေ့တွင် လယ်မြေအသိမ်းခံလယ်သမားများဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်း ကုမ္ပဏီရုံးရှေ့တွင် လှိုင်သာယာမြို့နယ်၊အတွင်းပဒန်ကျေးရွာမှ လယ်မြေအသိမ်းခံရသူလယ်သမား ၅၀ဦးခန့်က ၎င်းတို့၏နစ်နာမှုများ အားမြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန(သို့မဟုတ်)၀ါဝါ၀င်းကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းပေးရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၃၁ရက်နေ့နံနက် ၁၀နာရီ ၃၀မိနစ်မှ ၁၂နာရီ ၃၀မိနစ်အထိ လသာမြို့နယ်ရဲတပ်ဖွဲ့စခန်း၏ခွင့်ပြုမိန့်နှင့် တရားဝင်ပြုလုပ်ခြင်းဖြစ်ကြောင်း သို့ရာတွင် ၎င်းတို့အား သက်ဆိုင်ရာ အိုးအိမ်ဦးစီးဌာနနှင့် ၀ါဝါ၀င်းကုမ္ပဏီတို့ဘက်မှ လာရောက်ဖြေရှင်းပေးခြင်းမရှိသောကြောင့် ခွင့်ပြုချိန် ကုန်ဆုံးသော်လည်း နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၁နာရီအချိန်ခန့်အထိ ဆက်လက်ဆန္ဒထုတ်ဖော်မှုပြုလုပ်လျက်ရှိပြီး သက်ဆိုင်ရာနှင့်ကုမ္ပဏီဘက်မှ

ရှမ်း နွားကုန်သည် ၁၀ ဦး မြန်မာအစိုးရ စစ်သားများ၏ ဓါးပြတိုက်ခံရပြီး ၁ ဦးသေဆုံး


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်နိမိတ် နမ့်ခမ်းမှ မန်ဝင်းအ၀င် မြန်မာအစိုးရစစ်သားများ ဒေသခံ ရှမ်း နွားကုန်သည် ၁၀ ဦးကို ဓါးပြတိုက်ပြီး နောက်ပြန်ပစ်ခတ်ခဲ့သောကြောင့် ကုန်သည်တစ်ဦးသေဆုံးပြီး ကျန်သူ အားလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများဆိုသည်။
သေဆုံးသူမှာ ဦးမြင့်ဦး ဆိုသူဖြစ်ပြီး မန်ဝင်းမြို့ ရပ်ကွက် (၅)တွင် နေထိုင်သူဖြစ်သည်ဟု ဆိုပါသည်။
ယခုလို အပြစ်မဲ့ ဒေသခံပြည်သူများကို ဓားပြတိုက်ခဲ့သော မြန်မာစစ်တပ်သည် လားရှိုး အမှတ် (၁) ၀န်တင်တပ်ရင်းမှ စစ်သားများဖြစ်ကြသည်ဟု ဒေသခံများပြောသည်။
အဆိုပါ ရှမ်း နွားကုန်သည်များသည် အောက်တိုဘာ ၂၆ နေ့က တရုတ်နယ်စပ်သို့ နွားရောင်းပြီး ထော်လာကျီဖြင့်ပြန်လာချိန် မန်ဝင်းမြို့ အ၀င် ကောင်းခန် (Kawng Hkang) တွင် စောင့်နေသော အစိုးရစစ်သားများသည် ၎င်းတို့ကိုဟန့်တားကာ လုယက်

စွပ်စွဲမှုများအတွက် ဥပဒေနှင့်အညီပြန်လည်ရုပ်သိမ်းခဲ့သည့် ဧရာဝတီတိုင်းလွှတ်တော်

ဧရာဝတီတိုင်း တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းလမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးအား လွှတ်တော် ကိုယ်စားလှယ်များက  စွတ်စွဲ ပြစ်တင်ခဲ့သော ကိစ္စရပ်များအား ပြန်လည် ရုပ်သိမ်း လိုက်ပြီ ဖြစ်သည်။

တိုင်းလွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်နှင့် ၀တ္တရားများကို ဟန့်တား နှောင့်ယှက်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် များအား ပြည်သူနှင့် ကင်းကွာအောင် ပြုလုပ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တာဝန်ထမ်းဆောင်၍ ဆက်လက် လုပ်ဆောင်၍ မရတော့အောင် ဖြစ်ခဲ့ရသည့် ကိစ္စရပ်များအတွက် တိုင်းလွှတ်တော် ကိုယ်စားလှယ်(၁၉)ဦးမှ လက်မှတ်ရေးထိုးကာ ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဦးသိန်းအောင်နှင့် ဧရာဝတီတိုင်း လမ်းပန်း ဆက်သွယ် ရေးဝန်ကြီးဦသန်းထွန်းတို့အား စွပ်စွဲပြစ်တင်ခြဲ့ခင်း ဖြစ်သည်။

လူမျိုးတုံး သတ်မှု ငြင်းပယ်လို့ ထောင်ကျ


ဟူတူ သားကောင် တွေကိုလဲ အမှတ်ရ သင့်ကြောင်း ပြောခဲ့
  ရဝမ်ဒါ အတိုက်အခံ ခေါင်းဆောင် ဗစ်တွား အင်ဂါဗီရုမ် ကို အကြမ်းဖက်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုကို ငြင်းပယ်မှု တွေနဲ့ ထောင် ၈ နှစ် ချလိုက်ပါတယ်။
ဟူတူ မျိုးနွယ်ဝင် မစ္စစ် အာဂါဗီရုမ် ကို တခြား ၂ မှုနဲ့ စွဲဆို ခံရ တာကနေ လွတ်ငြိမ်းခွင့် ရခဲ့ပါတယ်။
သူက စီရင်ချက် ကြားနာမှု ကို သပိတ် မှောက်ခဲ့ပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှု အောက်မေ့ဖွယ် ပွဲတပွဲမှာ ဟူတူ ဘက်က သားကောင် ဖြစ်ရသူ တွေကိုလဲ အမှတ်ရသင့်ကြောင်း ပြောကြား ခဲ့ပြီးနောက် သူ့ကို ၂ဝ၁ဝ အောက်တိုဘာ ထဲက အကျဉ်းချ ထားခဲ့တာ ဖြစ်ပါတယ်။

ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော်လည်းလူ(၂)ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖြစ်ပွားခဲ့သည့်  တိုက်ပွဲများ ကြောင့် နန့်မော်ရွာ ၌ အောက်တိုဘာ လ(၃၀)ရက် နေ့နေ့လည်ပိုင်းက   နန့်မော်ရွာ၌ ခရီးသည် တင်ကား ကားသေနတ် မှန်၍ ခရီးသည် (၂)ဦး သေဆုံး၍ (၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့်ဒေသခံ များထံက သိရှိရသည်။

အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဖားကန့်မှ တာမခံသို့ သွားသော ခရီးသည်တင် ကားသည် နန့်မော်ရွာ တွင် သေနတ်ထိ မှန်ခဲ့ပြီှး တာမခံနယ်ေ ညာင်ပင်ကုန်းရွာမှ ကိုကျော်ကျော် အသက်(၂၂)နှစ်နှင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပေါက်သဖရွာမှ မဆွေဆွေအောင် အသက် (၂၆)နှစ်တို့နေရာတွင် သေဆုံးပြီးကားဆရာ ကိုမျိုးထွန်းအောင်၊ မမြင့်မြင့်ခိုင်၊ ကိုစိုင်းခမ်းအောင် တို့ ဒဏ်ရာအသီးသီးရခဲ့ကြောင်း သိရှိရသည်။

အနုပညာရှင်များနိုင်ငံရေး လုပ်ဆောင်ခြင်းသည် နိုင်ငံ့ဂုဏ်ဆောင်ကြောင်း ဟုဆိုသူ အဆိုတော်သျှီ

ပရဟိတလုပ်ခြင်းသည် နိုင်ငံ့ဂုဏ်ဆောင်ခြင်းပဲဖြစ်ပြီး အနုပညာရှင်များ နိုင်ငံရေး လုပ်ဆောင်ခြင်းသည်လည်း နိုင်ငံ့ဂုဏ်ဆောင်ခြင်း ဖြစ်ကြောင်း အဆိုတော်သျှီက ပြောသည်။ ပရဟိတ ရန်ပုံငွေပွဲများတွင်အမြဲလိုလို ပါဝင်သီဆိုနေသူ အဆိုတော်သျှီက ကိုယ့်ကို အနုပညာရှင်အဖြစ် လက်ခံထားတဲ့ ပြည်သူတွေကို သူတို့ အခက် အခဲဖြစ်တဲ့အခါမှာ ပြန်လည်ရိုင်းပင်း ကူညီခွင့်ရသည့် အတွက် ပျော်ရွှင်ပါကြောင်း လုပ်ဆောင်နေသည့် ပရဟိတနှင့် အနုပညာသည် ဒွန်တွဲနေသည်ဟု ခံယူထားကြောင်း ပြောသည်။ ”အဓိကကတော့ ချစ်တတ်တဲ့ နှလုံးသား ရှိရမယ်။ ပြည်သူတွေ အမေစုကို ချစ်သလိုမျိုးပဲ

လပြည့်နေ့မှာ မြန်မာပြည်သားတွေ သွားကြတဲ့ ဇင်းမယ်မြို့ မြန်မာကျောင်း


ယမန်နေ့က ကျရောက်သည့် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ထိုင်းနိုင်ငံရှိ မြန်မာဘုန်းကြီးကျောင်းများတွင် ကုသိုလ်ပြုသူမြန်မာပြည်သားတို့နှင့် စည်ကားနေခဲ့ရာ ထိုအထဲတွင် ချင်းမိုင်မြို့ ခေါ် ဇင်းမယ်မြို့ ၀ပ်ဆိုင်မွန်း မြန်မာဘုန်းကြီးကျောင်းလည်း ပါဝင်သည်။ 

အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ အဖြစ် စေခိုင်းမှု တာမွေတွင်ဖြစ်ပွား


အသက် ၁၂ နှစ်အရွယ် မိန်းမငယ်တစ်ဦးအား ၄င်း၏ အဘွား ဖြစ်သူက မိဘများမသိစေဘဲ ပြည့်တန်ဆာအဖြစ်စေခိုင်းခဲ့မှုဖြင့် တာမွေရဲစခန်းမှ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အမှုဖွင်
့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၁နာရီ အချိန် က ဒဂုံမြို့သ စ်မြောက်ပိုင်း ၃၅ ရပ် ကွက်တွင် နေထိုင်သူ ဒေါ်…က တာမွေရဲစခန်းသို့ ဖုန်းဆက်၍ ၄င်း၏သမီးဖြစ်သူအသက် ၁၂ နှစ် အရွယ်ရှိ မ….သည် တာမွေ မြို့နယ်၊ ဖိုးစိန်လမ်း ရှိ Green Hill ဟိုတယ်တွင် ရောက်ရှိနေကြောင်း၊ ၄င်းအား ပို့ဆောင်ခဲ့သူများက လာရောက်ခေါ်ဆောင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည့်အတွက် တာဝန်ရှိသူများက အဆိုပါ ဟိုတယ်သို့ သွားရောက်စစ်ဆေး ခဲ့ကြောင်း ထိုသို့သွားရောက် စစ်ဆေးရာ၌ မ…အား အဆိုပါဟိုတယ်ရှိ အခန်းအမှတ် ၄ဝ၈ တွင်၎င်း၏အဘွားဖြစ်သူဒေါ်…၊ တာမွေမြို့နယ်တွင် နေထိုင်သူ ဒေါ်…၊ဒဂုံမြောက်တွင်နေထိုင်သူ ဒေါ်…တို့နှင့်အတူတွေ့ရပြီး ၄င်း တို့အားစစ်ဆေးမေးမြန်းခဲ့ကြောင်၊ အဘွားဖြစ်သူ၏ ပြောကြားချက် အရ ၄င်းသည်ဒဂုံမြောက်မှ ဒေါ် ….၏ဆက်သွယ်ပေးမှုဖြင့် တာမွေတွင်နေထိုင်သူ ဒေါ်…ထံ မှ ငွေကျပ် ၂၇၅ဝဝဝ ယူကာ အောက်တိုဘာ ၂၇ရက်နေ့ ညပိုင်း တွင် မြေးဖြစ်သူအား Green Hill ဟိုတယ်၊ အခန်းအမှတ်(၄ဝ၈)တွင် တည်းခိုနေသောကို…ထံ ပြည့်တန်ဆာအလို့ငှာ ပေးအပ်ခဲ့သည်ဟုပြောကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပြည့်တန်ဆာအဖြစ် စေခိုင်းခံ ရသူက ဆက်ဆံမည့်သူ ကို… အား အသက် ၁၂ နှစ်သာရှိသေး ကြောင်း၊ မိဘမသိကြောင်း ပြော ပြခဲ့ရာ ကို….ဆိုသူက အဆိုပါ မိန်းကလေးငယ်အား သနားသဖြင့် ငွေနှစ်သောင်းမုန့်ဖိုးပေး၍ ဘာမှ မလုပ်ဘဲ ဟိုတယ်မှထွက်ခွာသွား ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။အဆိုပါ အမှုနှ င့်ပတ်သက်၍ တာမွေရဲစခန်းမှ အရွယ်မရောက် သေးသူ အား ပြည့်တန်ဆာအလို့ငှာ အခကြေးငွေရယူ၍ စေခိုင်းခဲ့သော အမျိုးသမီးသုံးဦးအား (ပ)၁၂၆၉/ ၁၂၊ ပုဒ်မ (၃၇၂)ဖြင့်ဖမ်းဆီး အရေး ယူထားကြောင်းသိရသည်။

ဆံပင်မွှေးဖြင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား-



၂၀၀၉ ခုနှစ် စက်တင်ဘာလက
 ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု
 ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က
တီထွင်ခဲ့တဲ့ ဆံပင်မွှေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။
 နေရောင်ခြည်စွမ်းအင်စုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် စုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။ ယင်းအပြားက စုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆင်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွှေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက တီထွင်ခဲ့ပါတယ်။ သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို

မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)ဦးပျောက်ဆုံးနေ



Benglar Boat-Sink31-10-12ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် သွားသောစက်လှေတစ်စီး ဘင်္ဂလားပင်လယ်ပြင်တွင် တနင်္ဂနွေနေ့က နစ်မြှုပ်သွားခဲ့သဖြင့် (၁၂၈)ဦးအနက် (၁၂၂)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ယင်းမလေးသွား မှောင်ခိုစက်ဘုတ်မှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင် တာခ်နာမြို့နယ် ဆာဟ်ပေါ်ရီရ်ကျွန်းမှ တနင်္ဂနွေနေ့က စတင် ထွက်ခွာသွားခြင်းဖြစ်ကြောင်းနှင့် ပင်လယ်ပြင်တွင် ကျောက်ဆောင်ကို တိုက်မိ၍ နစ်မြှုပ်သွားခြင်းဖြစ်သည်ဟု အသက်ရှင်လာသူ(၆) ဦးတို့မှ အတည်ပြုပြောဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ စက်လှေနစ်မြှုပ်ရာတွင် ငါးဖမ်းစက်လှေများမှ ကယ်ဆယ်၍ အသက်ရှင်လာသူ(၆)ဦးမှာ တာခ်နာမြို့နယ်မှ အာဘူဘော်ကော်ရ်၊ နရုဟိုဆန်၊ မာဟ်ဘူဘ်၊ ဘုတ်မောင်းသူ စူနိုင်က္ကာနှင့် ကျန်နှစ်တို့ဖြစ်ကြောင်းဆိုသည်။

Tuesday, 30 October 2012

ငြိမ်းချမ်းရေး ဆွေးနွေးသည့် နေ့ ဖားကန့် တွင် တိုက်ပွဲဖြစ်

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် ကေအိုင်အို ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ တို့ ရွှေလီမြို့ တွင် တွေ့ဆုံ ဆွေးနွေး သည့် နေ့တွင် ဖားကန့် မြို့နယ် မှော်လဂင် ကျေးရွာ အနီးတွင် တပ်မတော် နှင့် ကေအိုင်အေ တို့ တိုက်ပွဲ များ ဖြစ်ပွား နေကြောင်း ထွက်ပြေး တိမ်းရှောင် လာရသည့် ဒေသခံ တို့က The Voice weekly
သို့ ဆက်သွယ် ပြောကြားသည်။
“ သေနတ်သံ ရော အမြောက်သံ ရော အကုန် ကြားရတယ်” ဟု မှော်လဂင် ကျေးရွာမှ အသက် ၃ဝ အရွယ် တိမ်းရှောင် လာသူ တစ်ဦးက ဆိုသည်။

ယင်းတိုက်ပွဲ ကြောင့် ထွက်ပြေး တိမ်းရှောင် လာသူ တို့သည် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာ

facebook friends အဖြစ်ကနေ ရည်းစားဖြစ် အတူအိပ်ပါတယ်လို့ အမှုဖြစ်လာ


ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် လူမှုကွန်ယက် ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ facebook မှ သူငယ်ချင်းတွေအဖြစ် သိကျွမ်းခင်မင်ခဲ့ပြီးနောက် ကြာလာသည့်အခါ ရည်းစားအဆင့်တိုးပြီး တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နမ်းရှုပ်ကြတာကို ယောက်ျားလေးဘက်မှ မိဘများက မိန်းကလေးဟာ ၎င်းတို့အိမ် အကြိမ်ကြိမ်လာပြီး ၎င်းတို့၏သားအား စိတ်သောကရောက်အောင် ပြုနေကြောင်း ရဲတိုင်ခဲ့သည်ဟု သိရသည်။
၂၀၁၀ခုနှစ်တွင် facebook မှာ သူငယ်ချင်းဖြစ်ပြီး Dubai International City တွင်

ငယ်ငယ်က အနိုင်ကျင့်ခံခဲ့ရတဲ့ အဆိုတော်များ

ကျွန်တော်တို့ ခပ်ငယ်ငယ်လောက်မှာ ကျွန်တော်တို့ ရှင်သန်ရာ ပတ်ဝန်းကျင်ကနေ ကျွန်တော်တို့အပေါ် နိုင့်ထက်စီးနင်း ပြုလုပ်ခဲ့တာတွေ ရှိခဲ့ကြပါတယ်။ ခွန်အားကြီးသူက ခွန်အားနည်းသူကို အနိုင်ကျင့်တဲ့ ကိစ္စမျိုးတွေ၊ အုပ်စုအင်အားတောင့်သူတွေက အထီးကျန်သူတွေကို နိုင်စားတာမျိုးတွေ ကြုံခဲ့ဖူးမှာပါ။
ဒီကနေ့ ထင်ပေါ်ကျော်ကြားသူတွေထဲမှာ အဲဒီလို အနိုင်ကျင့်ခံခဲ့ရသူတွေလည်း မနည်းမနောပါ။ အဲဒီထဲက ထင်ရှားတဲ့ အဆိုတော် ၁၀ ယောက်ရဲ့ ဘဝကို ရွေးထုတ်ပြီး ဖော်ပြလိုက်ရပါတယ်။
၁. လေဒီဂါဂါ
ဒီနေ့အချိန်အခါမှာ လေဒီဂါဂါရယ်လို့ လျှမ်းလျှမ်းတောက် ကျော်ကြားလာမယ့် မိန်းကလေးဟာ ငယ်ငယ်က လူတွေ စိတ်ဝင်စားစရာ မကောင်းတဲ့ ကောင်မလေး တစ်ယောက်ပါ။

Monday, 29 October 2012

အာဆီယံကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မေသဉ္ဇာဦး

အနုပညာလောကမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခု တည်ထောင်နိုင်ခဲ့သူ မေသဉ္ဇာဦးက ဇာတ်ကား ပေါင်းများစွာကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သလို အငိုခန်းမှာလည်း မျက်ရည်အစစ်နဲ့ ငိုခဲ့ပြီး၊ ဟာသဘက်မှာလည်း အိုဗာတွေ မလုပ်ကြောင်း ပြောပြလာတဲ့ မေသဉ္ဇာဦးက “ဒရာမာ ဇာတ်ကား ဆို လည်း စိတ်ထဲနှလုံးထဲသွင်းထားသလို ဟာသလည်း ဒီအတိုင်းပဲ။ အလုပ်ကို ဘယ်သောအခါမှ ပေါ့ပေါ့တန်တန် မလုပ်ပါဘူး။ ဒီအလုပ်က ဝါသနာပါပြီး မြတ်နိုးတဲ့ အလုပ် ဖြစ်တဲ့အတွက် ကျရာနေရာမှာ အကောင်းဆုံးဖြစ်အောင်လုပ်တယ်” လို့ ပြောပြခဲ့ပါတယ်။ “အိုးကြီး ၃ဝ အိုးလေး ၅ဝဝ”  ဇာတ်ကားမှာ သူငယ်ချင်းတွေ စုံစုံညီညီပြန်တွေ့ ရတော့ တအားပျော်ဖို့ ကောင်းကြောင်း ရိုက်ကွင်းမှာ ရန်ကျော်နဲ့

ယောက်ျားလေး အဆိုရှင် ၁၄ဦးနဲ့ စုံတွဲအခွေထွက်မယ့် ၀ိုင်းစုခိုင်သိန်း


ဝိုင်းစုခိုင်သိန်းက “မျက်လှည့်” ဗီစီဒီအခွေထွက်ရှိတဲ့ အနေနဲ့ ဘားအံ၊ နေပြည်တော်၊ မိတ္ထီ လာ၊ မန္တလေး၊ မုံရွာ၊ မကွေးမြို့ တွေကိုသွားရောက်ကာ ပရိသတ်တွေကို လက်မှတ် ရေးထိုးပေးခဲ့ပါတယ်။ နယ်ပရိသတ်တွေကလည်း သူ့ရဲ့ဗီစီဒီခွေကို တအား အားပေးခဲ့ကြောင်းကို ဝိုင်းစုခိုင်သိန်းက “ပရိသတ်တွေ တော်တော် အားပေးကြ တယ်။ ဘားအံကို အခွေကြို ပို့ထားပြီးသား။ နောက်ထပ်လည်း ထပ်ယူသွားတဲ့ အခွေတွေလည်း အားလုံးကုန်သွား တယ်။ ပျဉ်းမနားမှာလည်း အားပေးကြတယ်။ ပျဉ်းမ နား မှာ တော်ရုံ တန်ရုံ လက်မှတ် သိပ်မထိုးကြတော့  တချို့တွေက မယုံကြဘူး။ ပထမ အခွေတုန်းက ပျဉ်းမနားမှာ သွားဖြန့်တယ်။ ဝိုင်းစုကိုယ်တိုင်ရောက်နေတယ်။ ဒါပေမဲ့ လက်မှတ် မထိုးလိုက်ရဘူး။

ဟုမ္မလင်းမြို့နယ် ဥရုချောင်းအတွင်း စက်လှေနစ်မြုတ်ရာ လူနှစ်ဦိး ပျောက်ဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ဥရုချောင်းအတွင်း ငိုကျေးရွာဆိပ်ကမ်းအနီး ယခုလ ၁၈ ရက်နေ့မနက်၆နာရီအချိန်ခန့်က ကုန်စိမ်းများတင်ဆောင်လာသော စက်လှေတစ်စီးနစ်မြုတ်ခဲ့ရာ
အမျိုးသမီးနှစ်ဦးပျောက်ဆုံးနေကြောင်း မိုင်းကိုင်းကျေးရွာရှိ ဒေသခံတစ်ဦးကပြောကြားသည်။“နစ်မြုတ်သွားတဲ့စက်လှေက တရုတ်ဟွန်ဒါစက်လေးတပ်ဆင်ထားတဲ့လှေဖြစ်ပါတယ်။ လှေနဲ့ဝန်မျှတ အောင်တင်တယ်ဆိုရင်ပဲ
ရေရဲ့အခြေအနေကိုကြည့်ကြရပါတယ်ဟုပြောကြားသည်။အဆိုပါ စက်လှေတိမ်းမှောက်နစ်မြုတ်မှုနှင့်ပတ်သက်၍သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိ သူတစ်ဦးက“ပျောက်ဆုံးနေတဲ့သူက အမျိုးသမီးနှစ်ဦးဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ်တာဝန်ခံပါမောက္ခချုပ်နေအိမ်အားဖာက်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ်တာဝန်ခံပါမောက္ခချုပ်နေအိမ်အား ယခုလ(၂၀)ရက် နေ့က နေအိမ်တံခါးများဖောက်ထွန်းချိုးဖျက်ကာ နေအိမ်အတွင်းပစ္စည်းများ ခိုယူခံရကြောင်း စီးပွားရေးတက္ကသိုလ် ၀န်ထမ်းတစ်ဦးက ပြောကြားသည်။ “ အခိုးခံလိုက်ရတဲ့ အတွင်းပစ္စည်းတန်းဘိုးပေါင်း ၂၃ သိန်းကျော်ဖိုးဖြစ်တယ်။ အမှုဖွင့်တိုင်တန်းထားတယ် လို့တော့ ကြားရပါတယ်” ဟု ၎င်း ၀န်ထမ်းက ဆက်လက်၍ ပြောကြားသည်။ အဆိုပါ တာဝန်ခံပါမောက္ခချုပ်၏နေအိမ် ဖောက်ထွန်းခိုးယူခံရခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက် သွယ်မေးမြန်းရာတွင် တာဝန်ရှိသူတစ်ဦးက “စီးပွားရေးတက္ကသိုလ် အလှည့်ကျလုံခြုံရေးဝန်ထမ်းကသိရှိရတာဖြစ် ပါတယ်။ ငွေစက္ကူရောရာ(၂၅၀၀၀၀)နှစ်သိန်းခွဲနဲ့အတူ

မာရီယာနှင့်Moe Ya Thaw တို့ဖက်ရှင်အလန်းဇယားတွေ...


Marina - Short Lace Skirt and Sexy Crop Vest (1)
Marina – Short Lace Skirt and Sexy Crop Vest


ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း

ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း

Aung Khamkyaw

ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။
...
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစားခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။ ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ်အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်းအမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင်အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။

ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင်ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများမှ မာစတာ ဒီဂရီရရှိသူများကို အသိအမှတ်ပြုရန်အဖြစ် ချီးမြင့်ပါတယ်။ နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ်လာပါတယ်။

ခေတ်တွေပြောင်းလာတဲ့အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ်ပြုစရာ တစ်ခုအဖြစ်သာ အသုံးပြုလာခဲ့ပါတယ်။ ခေတ်သစ် ဘွဲ့နှင်းသဘင်ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ကတ်သလစ်ဘုန်းကြီး Joseph Durham စတင်တီထွင်ခဲ့တယ်လို့ သတ်မှတ်ကြပါတယ်။ ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်းဦးထုပ်ကိုအသုံးပြုပြီး အများစုဟာ ဗြတိန်နိုင်ငံမှ စံစနစ်ကို ကူးယူထားတယ်လို့ သိရပါတယ်။

Motarboard အကြောင်း အသေးစိတ်လေ့လာနိုင်ရန် http://en.wikipedia.org/wiki/Mortar_boards

Ref :ပရော်ဖက်ဆာဒေါက်တာကြွက်

အေးချမ်းမွန်မှ Yatanarpon Call Center တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :usuonline.com
ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက် လာခြင်းဖြစ် ပါတယ်။ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသ ဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊၁၅ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစားခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ် ကျယ်အသုံးပြုခဲ့ကြပါတယ်
ါတယ်။ ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေ ယာ၊ ကျောင်းသာ လူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ်အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ ခေတ် မှာ အဆင့်အတန်းအမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင်အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။

အသက် ၆ နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး ဒီဂျေ



အင်္ဂလန်နိုင်ငံ အနောက်အလယ်ပိုင်း Pershore မြို့ မှာ နေထိုင်တဲ့ ကလေးငယ်လေး ဖြစ်ပါတယ်။

အသက် ၆ နှစ်သာ ရှိသေးပြီး ဖခင်ရဲ့ ရေဒိယို အသံလွင့်ဌာနမှာ ဒီဂျေ အဖြစ် တာဝန် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ TBFM Online အမည်ရ ရေဒီယို အသံလွင့်ဌာန တစ်ခုဖြစ်ပြီး သြစတေးလျ၊ အမေရိကန်၊ အဂ်လန်နဲ့ အခြား ကမ္ဘာတစ်ဝန်းက နိုင်ငံကြီးတွေမှာ နာမည်ရနေတဲ့ ရေဒီယိုလိုင်း တစ်ခု ဖြစ် ပါတယ်။ညနေ Pershore မူလတန်းကျောင်းကနေပြန်တိုင်း ဖခင်ရှိရာ အသံလွင့် ဌာနသို့ သွားရောက်ပါတယ်။ ပြီးတော့ စတူဒီယိုမှာ ရှိတဲ့ စက်ပစ္စည်းတွေကို စမ်းသပ်အသုံးပြုရင်း သီချင်း၊ ဂီတကို ပါရမီပါတဲံ့ ၆ နှစ်အရွယ် Amber Jacobs က သီချင်းများကို စိတ်ကြိုက် ဖန်တီးပြသပါတယ်။ သူမရဲ့ ဖန်တီးချက်ဟာ အဆင့်မှီတဲ့အတွက် ရေဒီယို လှိုင်း မှာ ထုတ်လွင့်ကြည့်တော့ အားပေးတဲ့ သူ များပြားခဲ့ပါတယ်။

ဖုတ်ဖရမြို့ကားမှောက်မှု မြန်မာ ၃ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

မဲဆောက်ဆေးရုံတွင် ကုသမှုခံယူနေသည့် ဦးမဲလုံး (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းခွင် သွားရောက်မည့် ကားတစီး လမ်းဘေး ထိုးကျသွားရာ အလုပ်သမား ၃ ဦး သေဆုံးပြီး  ၂၀ ကျော် ဒဏ်ရာ ရသွားသည်။
ခြေ၊ လက်၊ နံရိုး ကျိုးသူများအပါအ၀င် ဒဏ်ရာပြင်းထန်သူ ၈ ဦး မဲဆောက်မြို့ဆေးရုံ ရောက်နေသည်။
 ဒဏ်ရာ မပြင်းထန်သူများ ဖုတ်ဖရမြို့ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း သတင်းရရှိသည်။
မုန်ညင်းစိုက်ခင်းသို့အသွား အရပ်အခေါ် ၄၈ ကီလို နှင့် ၄၄ ကီလို ဒေသကြားတွင် မော်တော်ကား ဘရိတ်ပေါက်၍ လမ်းဘေး တောင်စောင်းထဲသို့ ထိုးကျသွားခြင်းဖြစ်ကြောင်း၊ ယာဉ်မောင်းမြန်မာနိုင်ငံသားမှာ ထွက်ပြေးတမ်းရှောင်နေကြောင်း၊ အလုပ်သမား ၄၀ ခန့် တင်ဆောင်လာသည့်ကား ဖြစ်ကြောင်း  သိရသည်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် တာချီလိတ် လာမည်



ကမ္ဘောဒီးယား နိုင်ငံ ဆီယံယိဒ် နိုင်ငံတကာ လေဆိပ်သို့ ဧပြီ ၁၄ ရက် က ရောက်လာသည့် ထိုင်း ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်(ဓာတ်ပုံ – Reuters)
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း- မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့သို့ လာမည့် ဗုဒ္ဓဟူး နေ့တွင် လာရောက်မည်ဟု သတင်းရသည်။
တာချီလိတ် ဒေသ အာဏာပိုင်များနှင့် နီးစပ်သူတဦးက“မစ္စတာ သက်ဆင် ဗုဒ္ဓဟူးနေ့မှာ ရောက်မှာပါ၊ သူ့ကိုတွေ့ဆုံဖို့ လာမယ့်   ထိုင်းဘက်က လူတွေကို မြန်မာ နယ်ခြား ကော်မတီဝင် တချို့က ချစ်ကြည်ရေးတံတား ထိပ်မှာ သွားကြိုလိမ့်မယ်”ဟု ပြောသည်။
မစ္စတာ သက်ဆင်သည် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားထိပ်ရှိ ထိုင်း လုပ်ငန်းရှင်လုပ်ကိုင်နေသည့် ရက်ဂျီးနား ဟိုတယ်တွင် တည်း ခိုကာ တာချီလိတ်မြို့ တောင်ပေါ်ရှိ ရွှေတိဂုံ ပုံတူစေတီကို သွားရောက်ဖူးမြော်မည် ဖြစ်ကြောင်း၊ ၎င်း၏ လုံခြုံရေးအတွက် ထိုင်း အာဏာပိုင်များက

ဖရဲနှင့်မြွေပွေးတောင်တွင် အ၀ယ်လိုက်နေသည့် တောင်ကြီးအိမ်ခြံမြေဈေးကွက်

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးအိမ်ခြံမြေဈေးကွက်၌ ဖရဲနှင့်မြွေပွေးတောင်ရပ်ကွက်များ၌ ကျပ်သိန်းသောင်းကျော်အထိ အရောင်းအ၀ယ်လိုက်လျှက်ရှိကြောင်း သိရှိရသည်။
 
ဖရဲရပ်ကွက်တွင် ပေ(၄၀×၆၀)မြေတစ်ကွက်လျှင် ကျပ်သိန်း(၁၅၀)မှ(၃၀၀)အကြားရှိပြီး တောင်ကြီးမြို့နှင့်(၁) မိုင်ဝေသောမြွေပွေးတောင်ရွာတွင် ပေ(၅၀)ပတ်လည်မြေတစ်ကွက်လျှင်သိန်း(၂၅)သိန်းမှ (၃၀)အကြားရရှိနေသဖြင့် အ၀ယ်လိုက်နေခြင်းဖြစ်ကြောင်း အကျိုးဆောင် တို့က ဆိုသည်။
 
  “ဖရဲရပ်ကွက်နဲ့မြွေပွေးတောင်ရွာတွေမှာ မြေအရောင်းအ၀ယ်တော်တော်လိုက်နေတယ်၊ဖရဲရပ် ကွက်မှာကြတော့ သိန်းသုံးရာလောက်နဲ့ရသေးတယ်၊မြွေပွေးတောင်မှာ သိန်းအစိတ်ရတော့ လူတွေက လိုက်ဝယ်နေကြတာဟု တောင်ကြီးအိမ်ခြံမြေအကျိုးဆောင် ကိုဇော်ဝင်းထွန်းက ပြောသည်။

"နယူးယောက်မှာ ယှဉ်ပြိုင်နေတဲ့ မြန်မာမော်ဒယ် Nida Taylor (ခေါ်) ယမုံမိုး

"နယူးယောက်မှာ ယှဉ်ပြိုင်နေတဲ့ မြန်မာမော်ဒယ် Nida Taylor (ခေါ်) ယမုံမိုး ဒုတိယ နေရာအတွက် ၁ ရက်သာကျန်"

အမေရိကန်နိုင်ငံ၊နယူးယောက်မြို့မှာကျင်းပနေတဲ့ Miss Diaspora Models 2012-2013 International Beauty ပြိုင်ပွဲမှာ Miss Myanmar USA အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာမော်ဒယ် Nida Taylor (ခေါ်) ယမုံမိုးရဲ့ ဖိုင်နယ်ပြိုင်ပွဲမှာနိုဝင်ဘာ၃ရက်နေ့ဖြစ်လို့ ရက်က နီးကပ်လာပြီဖြစ်ပါတယ်။

သူမကို www.facebook.com/

ဝက်ဘ်ဆိုက်မှာလည်း အောက်တိုဘာ၃ဝရက်နေ့အထိမဲပေးနိုင်မှာဖြစ်ပြီးအခုလက်ရှိမ

အိမ်ရာဝင်းအတွင်းဖွင့်ထားသော ဟိုတယ်ကြောင့် အနီးရှိပြည်သူများအနှောက်အယှက်ဖြစ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အေးနန္ဒာအဆင့် မြင့်အိမ်ရာစီမံကိန်းအပိုင်း(၁) အတွင်း ဖွင့်လှစ်ထားရှိသော ဟိုတယ်တစ်ခု အနေဖြင့် စီးပွားဖြစ်ဟိုတယ်လုပ် ငန်းလုပ်ကိုင်နေခြင်းမျိုးမဟုတ်ပဲ။ ငယ်ရွယ်သူကျောင်းသား၊ ကျောင်း  သူများ၊ စုံတွဲများနှင့် ပြည့်တန်ဆာ  လုပ်ကိုင်သောအမျိုးသမီးများသာ  နေ့ညမပြတ်ဝင်ထွက်သွားကနေ သဖြင့် အနီးရှိအိမ်ရာနေပြည်သူ များ သားကောင်းသမီးပျိုများ အတွက် များစွာအနှောက်အယှက် ဖြစ်ခြင်း၊ အရှက်ရဖွယ်ရာများနေ့ စဉ်မြင်တွေ့နေရကြောင်း အိမ်ရာ နေပြည်သူတစ်ဦး၏ပြောပြချက် အရ သိရှိရသည်။
“အဲဒီကြိုးကြာဟိုတယ်ကိုလာတဲ့ တွေက ဒီအိမ်ရာလမ်းကိုသုံးနေတော့ အိမ်ရာထဲက လူကြီးလူကောင်းတွေ၊  သားကောင်းသမီးပျိုတွေအတွက်  အများကြီးနစ်နာတယ်ဗျာ။ ပြီးတော့ သူ့ဟာက စီးပွားဖြစ်ဟိုတယ်လုပ်ငန်းလို့သာပြောတယ်။ ကျောင်း သား၊ ကျောင်းသူစုံတွဲတွေ၊ ပြည့်

ကျားပေါက်ကလေးများ သယ်ဆောင်လာသည့် ထိုင်းကုန်တင် ယာဉ်မောင်းအား ဖမ်းဆီး

ထိုင်းလူမျိုး ယာဉ်မောင်းတစ်ဦး မောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီး၏ နောက်ခန်းတွင် ကျားသားပေါက်ငယ် ၁၆ ကောင်အား ရှာဖွေတွေ့ရှိသည့်အတွက် ယင်းယာဉ်မောင်းအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်က သိရသည်။ အဆိုပါ ယာဉ်မောင်းသည် ထိုင်းရဲတပ်ဖွဲ့ စစ်ဆေးရေး စခန်းတစ်ခုအား ရှောင်ကွင်းပြီး လာအိုနယ်စပ်အနီး၌ ယာဉ်ကိုရပ်တန့်ထားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ကုန်တင်ယာဉ်မောင်းက ကျားသားပေါက်များ သယ်ယူပို့ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ ၁၅၀၀၀ (အမေရိကန်ဒေါ်လာ ၄၉၀) ရရှိကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။ ဆေးဖက်ဝင်သည်ဟူသော ယူဆချက်ရှိသည့်အတွက် အာရှဒေသ

ကော့ကရိတ်တွင် ဗုံးကွဲ

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် အမှတ် ၇ ရပ်ကွက်ရှိ အစ္စလမ် ဘာသာ ဗလီ ၀တ်ကျောင်း အနီးတွင် ယမန်နေ့ ညပိုင်းက ဗုံး တလုံး ပေါက်ကွဲခဲ့သည်။ ဗလီ အဆောက်အအုံ အတွင်းသို့ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းရာ တလုံးသာ အုတ်နံရံနှင့် ထိမိ၍ ပေါက်ကွဲသွားပြီး ဗုံး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိဟု သိရကြောင်း ဒေသခံ တဦးက ပြောသည်။ ကော့ကရိတ်မြို့နယ် ရဲ တပ်ဖွဲ့မှူး ရုံးမှ ဒု ရဲအုပ် တဦးကလည်း ယင်း ဗုံးပေါက်ကွဲမူနှင့်

ဝန်းသိုမြို့ ၊ ဘူတာစုရပ်ကွက်တွင် ငွေကျပ်(၂၂၅) သိန်းပျောက်ဆုံးမှု ယခုအချိန်ထိ အမှုမပေါ်ပေါက်သေး၍အမှုမှန်ပေါ်ပေါက်ဖို့လိုလားလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ၀န်းသို့မြို့၊ ဘူတာစုရပ်ကွက်နေ ဒေါ်နှင်းရီနေအိမ်တွင် သြဂုတ်လ  (၃) ရက်နေ့က ငွေကျပ် (၂၂၅) သိန်းနှင့် ကျောက်ပြားလည်ဆွဲ (၁) ကုံး၊ ကလေးဝတ်ဆွဲကြိုး (၁) ကုံး၊ လက်စွပ် (၆) ကွင်းပျောက်ဆုံး  နေကြောင်း သိရသဖြင့် ၀န်းသို ရဲစခန်းသို့သွားရောက်တိုင်ကြားအမှု ဖွင့်လှစ်ခဲ့ရာ ယနေ့အချိန်အထိ မည်သည့်သတင်းမျှ မရရှိသည့် အပြင်ထူးခြားမှုလည်းမရှိခဲ့သော ကြောင့် အမှုမှန်ပေါ်ပေါက်ရေး အတွက် ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်၊ နေပြည်တော်သို့ ဆက်လက်တင်ပြသွားမည်ဖြစ် ကြောင်း ဒေါ်နှင်းရီ ပြောပြချက် အရ သိရသည်။
“ဖြစ်စဉ်အစအဆုံးပြောရမယ်  ဆိုရင်သြဂုတ်လ (၂) ရက်နေ့က ဈေးပိတ်တဲ့အတွက် ဘုန်းတော်ကြီး   ကျောင်းသွားသီလယူပြီး အိမ်မှာ  အနားယူခဲ့ပါတယ်။ အဲဒီနေ့မှာပဲ နေ့လည် (၁) နာရီခန့်မှာ ငွေထည့်   ထားတဲ့သံသေတ္တာကို သန့်ရှင်းရေး  ပြုလုပ်ပြီး (၅၀၀၀) တန် (၂၂၅) သိန်းနှင့်

ဝတ္ထုတွေထက် ပုံပြင်ဆန်တဲ့ အဖြစ်အပျက်


မကြာသေးတဲ့ ကာလတခုမှာ ပုသိမ်မြို့က ပုသိမ်ထောင်မှာ ထောင်မှူးတယောက် တာဝန်ယူနေတယ်။ အဲဒီအချိန်မှာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပါလေရော...။ ဒါနဲ့ ဖမ်းလာသမျှ လူတွေ ပုသိမ်ထောင်ကို ရောက်လာကြတယ်။ အဲဒီအထဲမှာ ကိုကြည်လွင်ဆိုတဲ့ NLD ပါတီဝင်တယောက်လည်း အပါအ၀င်ပေါ့။
ဒါနဲ့ ထောင်ကို ရောက်လာသူတွေကို ထောင်မှူးက လက်စင်ပေးတယ်။ မင်းတို့
ကုလားမယားပါတီကို ထေ
ာက်ခံတဲ့လူတွေပဲ။ ဒါကြောင့် ဖားခုန်ခုန်စမ်း ဆိုပြီးတော့ ခုမှ ထောင်ကျကာစ နိုင်ငံရေးသမားတွေကို ခိုင်းတယ်။

Sunday, 28 October 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၂၉.၁၀.၁၂ ) မှ ( ၄.၁၁.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်ရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ ထီပေါက်တတ်ခြင်းများဖြစ်တတ်သည်။ ပျော်ရွှင်သောခရီး၊ လေယာဉ်ခရီးသွားရတတ်သည်။
အခန်းပြောင်းရခြင်း၊ အလုပ်နေရာပြောင်းရခြင်းဖြစ်တတ်သည်။ အလုပ်ပြောင်းချင်စိတ်ဖြစ်နေတတ်သည်။ မပြောင်းပါနှင့်။ ပြောင်းကလက်ရှိအလုပ်ထက်နောက်အလုပ်ကပိုပြီး
စိတ်ညစ်စရာများကြုံတွေ့ရမည်။ စက်ပစ္စည်းများထွက်တတ်သည်။ သူခိုးခိုးခံရတတ်ခြင်း၊
ငွေပျောက်ခြင်းဖြစ်တတ်သည်။ သတိထားပါ။
ကျန်းမာရေး။ သွေးပေါင်ကျခြင်း အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဖက်ထုတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။   ( ၅ ၉ ၅ ၁)

ကတ္တရာ လမ်းပေါက်များ ဖာထေးပြုပြင်


နေပြည်တော် ကောင်စီနယ်မြေ အတွင်း ပြည်သူအများ သွားလာမှု လွယ်ကူ ချောမွေ့စေရန် ကတ္တရာ လမ်းပေါက် များ မရှိစေရေး အတွက်လမ်းပေါက်ဖာခြင်း လုပ်ငန်းများကို နေပြည်တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့် တံတား)မှ ဆောင်ရွက်လျက် ရှိရာ နေပြည်တော် ပျဉ်းမနားမြို့ အောင်ချမ်းသာ ရပ်ကွက်  ဗိုလ်ချုပ်လမ်း (အထက-၁) အနီး လမ်းပေါ်တွင် လမ်းပေါက်ဖာခြင်း လုပ်ငန်း ဆောင်ရွက် နေမှုကို နေပြည်တော် စည်ပင် သာယာရေး ကော်မတီဝင်

သုဝဏ္ဏဘူမိ သထုံပြည်သည် ပျူမြို့ပြနိုင်ငံ မဟုတ်၊ မွန်မြို့ပြနိုင်ငံ ဖြစ်သည်

MON_History_02မွန်နှင့် ခမာတို့ မသင့်မတင့်ဖြစ်နေချိန်တွင် ခမာဘုရင် ပထမသူရိယ၀ါမာန်မင်း (အေဒီ-၁၀၀၂-၁၀၄၉) နှင့် ဒုတိယ ဥဒယဒီဿဝါမာန်မင်း (အေဒီ၊၁၀၄၉-၁၀၆၅) တို့မှာဘုန်းလက်ရုံးကြီးမား တန်ခိုးထွားသော မင်းများဖြစ်၍ ခမာနိုင်ငံ၏ အရှေ့တစ်လွှားနှင့် အနောက် တစ်လွှားသို့ တိုင်းနိုင်ငံချဲ့ထွင်ရာတွင် အနောက်ဘက်မြန်မာနိုင်ငံရှိ ပျူနိုင်ငံအထိ သြဇာလွှမ်းမိုးကျယ်ပြန့်ခဲ့သည်ဟု မြန်မာ့စွယ်စုကျမ်း၌ ဖေါ်ပြထားသည်။ ဘာရိန်းဟာရစ်ဆန်ရေးသော အရှေ့တောင်အာရှ သမိုင်း အကျဉ်းချုပ်တွင် ခမာတို့သည် အင်ဒိုချိုင်းနားကျွန်းဆွယ်တစ်ခုလုံးသို့ အင်ပါယာနိုင်ငံချဲ့ ထွင်ပြီး ခမာနိုင်ငံ အနောက်ဘက် မဲနမ်မြစ်ကိုကျော်၍ (၁၁)ရာစုခေတ်ဦးပိုင်း မွန်လူမျိုးများကို နှိမ်နင်းရာတွင် မြန်မာနိုင်ငံ နယ်စပ် အထိ ရောက်ရှိခဲ့သည်ဟု ရေးသားဖေါ်ပြထားသည်။မြန်မာ့သမိုင်း စာအုပ်တိုင်း၌ အနော်ရထာမင်း

မိုးကုတ်ဆရာတော်ကြီး၏ ဓါတ်တော်များ မန်းမှရန်ကုန်သို့ပင့်ဆောင်ပူဇော်

မိုးကုတ်ဆရာတော်ကြီး၏ ဓါတ်တော်များကို နတ်မောက်လမ်းရှိ မိုးကုတ်ဝိပသနာအဖွဲ့ချုပ်တွင် တစ်လနှင့်ရက်၂၀တိတိ အပူဇော်ခံမည်ဟု
ဓါတ်တော်ပင့်ဆောင်ရေးအဖွဲ့မှ ဦးအောင်နိင်မြင့်ကပြောသည်။
မိုးကုတ်ဆရာတော်ကြီး၏ ဓါတ်တော်များကိုအောက်တိုဘာ၂၈ရက်ညနေပိုင်းက မန္တလေးမှရန်ကုန်သို့ ပင့်ဆောင်ကြောင်းသိရသည်။

 သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းကို ၂၀၁၄ ခုနှစ်မှစ၍ လုံးဝ ရပ်ဆိုင်းမည်၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိယာ၏ ငါးပုံ တစ်ပုံသာကျန်

28mt
ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ရန် အေရှားဝေါလ်ဆိပ်ကမ်းသို့ သယ်ဆောင်လာသည့် သစ်လုံးတင်ယာဉ်များကို တွေ့ရစဉ်

မြန်မာနိုင်ငံအနေဖြင့် သစ်အလုံးလိုက် ပြည်ပတင်ပို့နေခြင်းအား ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ လုံးဝ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ် လုပ်ငန်း၏ စီမံချက်များအရ သိရှိ ရသည်။ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် စီမံချက်များ ရေးဆွဲထားရာတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ သစ်အလုံးပြည်ပတင်ပို့ခြင်းအား ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းသွားမည်ဖြစ်ပြီး သစ်အခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့သွားရန် ရှိသည်ဟု သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံမှ နှစ်စဉ် ကျွန်းနှင့် သစ်မာထုတ်ယူမှုကိုလည်း လျှော့ချသွားရန် စီစဉ်ထားပြီး ကျွန်းအား ၁၅ ရာခိုင်နှုန်း သစ်မာအား ၂၀ ရာခိုင်နှုန်း လျှော့ချထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

Saturday, 27 October 2012

တာမွေမြို့နယ် အခွန်လွတ်ဈေးအနီး ယာဉ်တိုက်မှုဖြစ်ပွား (3 photos)

မထသ ၅၆ ယာဉ်နှင့် သန်မြန်သူ ၈၈ ယာဉ်နှစ်စီးတို့ အောက်တိုဘာလ ၂၈ရက်နေ့ နံနက်၁၀နာရီခန့်က တာမွေမြို့နယ် ကျိုက္ကဆံလမ်း အခွန်လွတ်ဈေးအနီး လမ်းလယ်တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ မရှိကြောင်းလည်းသိရသည်။

ဂျောက်ဂျက်-တိုင်းသိပြည်သိ

၀၁။ တိုင်းသိပြည်သိ
၀၂။ ဝပြီးရင်းကိုဝ Feat :  ကျော်ထွဋ်ဆွေ
၀၃။ ဘုရားသခင်ရဲ့လက်ဆောင် Feat : လွှမ်းပိုင်
၀၄။ အမိုက်တကာ့ အမိုက်ဆုံး
၀၅။ Long Distance Feat : ပန်းနီ
၀၆။ အယ်စတုံ
၀၇။ မင်းရဲ့ကိုယ်ပွါး Feat : သားကြီး
၀၈။ အဆိုတော် / မင်းသား / ဒါရိုက်တာ Feat ASH
၀၉။ ပြည်တွင်းဖြစ် နိုင်ငံခြားသူ
၁၀။ မင်းရဲ့ကိုယ်ပွါး(Unplugged) Feat သားကြီး

ဘုန်ကြီးတစ်ပါးဝင်စားတဲ့ လူဝင်စားလေး

ဘုန်ကြီးတစ်ပါးဝင်စားတဲ့ လူဝင်စားလေးပါ။
NOM Fans တွေ စိတ်ဝင်စားမယ်ထင်ပါတယ်။
မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
Reference and Credit to -ကိုဖုန်းမြင့်ခိုင်
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

ရွှေဇင် ရဲ့ Sexy Pose with British flag

Shwe Zin - Sexy Pose with British flag (1)
Shwe Zin – Sexy Pose with British flag

 ဗြိတိန်နာမည်ကြီး ပေါ့အဆိုတော် Sir Cliff Richard ရန်ကုန်၊မန္တလေး၊ပုဂံနှင့် အင်းလေး ဒေသများသို့လာရောက်လည်ပတ်

thn-10-27-2
ဗြိတိန်နာမည်ကြီး ပေါ့အဆိုတော် တစ်ဦးဖြစ်သူ Sir Cliff Richard သည် အောက်တိုဘာ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိကာ ရန်ကုန်၊မန္တလေး၊ပုဂံ နှင့် အင်းလေးဒေသများသို့ လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။
Sir Cliff Richard  သည် မန္တလေးမှပုဂံသို့ Road to Mandalay အပျော်စီးသင်္ဘောဖြင့် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်း၌ရောက်ရှိခဲ့ပြီးနောက် ပုဂံတွင်လည်ပတ်ကာ နောက်တစ်နေ့တွင် အင်းလေးသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
ရှေးဟောင်းယဉ်ကျေးမှု ပုဂံနယ်မြေကို နှစ်သက်သဘောကျကြောင်း Sir Cliff Richard က

တောင်တွင်းကြီးမြို့နယ်တွင် ထူးခြားဖြစ်စဉ်များ

မကွေးခရိုင်တောင်တွင်းကြီးမြို့နယ်၊ ကံလှကန်ကျေးရွာ ဦးမောင်မြင့် ဇနီးဒေါ်ခင်စိန်ဌေးတို့၏ အိမ်ခြံဝင်းအရှေ့မြောက်ဒေါင့်တွင် စိုက်ပျိုးထားသော
အုန်းပင်တစ်ပင်လျှင် ခေါင်းတစ်ခေါင်းသာ ပုံမှန်ထွက်ရှိရသော်လည်းအဆိုပါအုန်းပင်မှာ ထူးဆန်းစွာ အပိုနှစ်ခေါင်းထွက်နေပုံအား တွေ့ရှိရသည်။
၎င်းအပြင် ကံလှကန်ကျေးရွာ ဒေါ်ခင်မေကြည့်အိမ် အရှေ့ခြံဝင်းအတွင်းအုန်းပင်မှ သီးသော အုန်းသီးမှ ရရှိသော အုန်းပင်ပေါက်မှာအုန်းသီးတစ်လုံးမှာပင် ပုံမှန် တစ်ပင်သာပေါက်ရသော်လည်း

ရန်ကုန်သားများ အမှိုက်ပစ်တတ်ရဲ့လား



ရန်ကုန်မြို့တနေရာက အမှိုက်ပုံး (ဓာတ်ပုံ - ရွက်စိမ်း/ဧရာဝတီ)
စည်ပင်သာယာအဖွဲ့က    ရန်ကုန်မြို့တော်  သန့်ရှင်းစေဖို့အတွက် နေရာတော်တော်များများမှာ အမှိုက်ပုံးတွေ ထားရှိပေးပေမယ့်လည်း မြို့နေလူအများအပြား စည်းကမ်းလိုက်နာမှု အားနည်းနေသေးတာကို တွေ့နေရပါတယ်။

    စည်ပင်အမှိုက်ပုံးတွေကို လမ်းမကြီးနဲ့ လမ်းသွယ်တွေထဲမှာ ဒီလပိုင်း အတောအတွင်းမှာ စီစဉ်ချထားပေးခဲ့ပါတယ်။ ဒါ့အပြင် အမှိုက်စို၊   အမှိုက်ခြောက်စနစ်ကို ကျင့်သုံးရန်အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီနည်းစနစ်တွေဟာ ထိရောက်မှု နည်းနေသေးတယ်လို့ ရန်ကုန်မြို့ခံ တဦးက ပြောပါတယ်။

လူ၁၀ဦး သေဆုံးသောယာဉ်တိုက်မှုဖြစ်ပွား

ရန်ကုန်မှ ငသိုင်းချောင်းသို့ ပြေးဆွဲလျှက်ရှိသော မိဘမေတ္တာ ခရီးသည်တင်ယာဉ် နှင့် ဇလွန် ဟသာင်္တသို့ ဘုရားဖူး သွားရာမှ ရန်ကုန်သို့ ပြန်လာသော Light Track ယာဉ်တို့ ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ ဇလွန်နှင့် ဟင်္သာတကြားရှိ ကျုံခမော်ကျေးရွာအနီး ယနေ့ မွန်းတည့် ၁၂နာရီခန့်က တိုက်မိရာ light Track ယာဉ်မှ ယာဉ်ကိုးဦး နှင့် မိဘ မေတ္တာ ခရီးသည်ယာဉ်မှ ယာဉ် နောက်လိုက်တစ်ဦးတို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ယင်းဒေသရှိ လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများကွန်ယက်အဖွဲ့ဝင်တစ်ဦးက ပြောကြားချက်အရသိရှိ ရသည်။

 ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူရာ၌ အထောက်အကူဖြစ်စေရန် ၂၀၁၃ခုနှစ်တွင် မြို့နယ် ၂၀တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည်

thn-10-27-1
၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာ၌ အထောက်အကူဖြစ်စေရန် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ် ၂၀တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားခဲ့သည်။         
အဆိုပါ စမ်းသပ်သန်ခေါင်စာရင်းကို ၂၀၁၃ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၁၀ရက်နေ့အထိ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရန် ရွေးချယ်ထားသည့် မြို့နယ် ၂၀ခုတို့တွင် တစ်ပြိုင်နက်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၇ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနရုံးတွင်ပြုလုပ်သော  စမ်းသပ်သန်းခေါင်စာရင်းကောက် ယူနိုင်ရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက'' သန်ခေါင်းစာရင်း ကိန်းဂဏန်းတွေ တိကျမှုရှိခြင်းဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးပါတယ်။တိုင်းပြည်ရဲ့

 နန်းခင်ဇေယျာအား Brand ambassador အဖြစ် လွယ်ဟိန်းကုမ္ပဏီမှ စာချုပ်ချုပ်ဆို

မြန်မာအလှမယ် နန်းခင်ဇေယျာအား Brand ambassador အဖြစ် လွယ်ဟိန်းကုမ္ပဏီမှ အောက်တိုဘာလ ၂၆ရက်နေ့တွင် စာချုပ်ချုပ်ဆိုလိုက်သည်ဟု သတင်းရရှိသည်။ အဆိုပါစာချုပ်မှာ တစ်နှစ်သက်တမ်းဖြစ်ပြီး လွယ်ဟိန်းကုမ္ပဏီမှ ထုတ်လုပ်သည့် Blue Mountain အချိုရည်နှင့် Alpine သောက်ရေသန့်များ၏ ကြော်ငြာများ၊ billboard များနှင့် အခြားအနုပညာဆိုင်ရာ လှုပ်ရှားမှုများတွင် Brand ambassador အဖြစ် ပါဝင်စေမည်ဟု သိရှိရသည်။
''လွယ်ဟိန်းကုမ္ပဏီရဲ့ Brand ambassador အဖြစ် မြန်မာအလှမယ် နန်းခင်ဇေယျာကို စာချုပ်ချုပ်ဆို လိုက်ပါတယ်။ စာချုပ်ကတစ်နှစ် သက်တမ်းပါ။ လွယ်ဟိန်းကုမ္ပဏီက ထုတ်လုပ်တဲ့ Blue Mountain

Friday, 26 October 2012

ကျိုက်ထီးရိုး ဂေါပက အဂတိ လိုက်စားမှုသတင်း ဖြစ်ပေါ်

ကျိုက်ထီးရိုးစေတီကို အဝေးမှ လှမ်းမြင်ရစဉ် (ဓာတ်ပုံ – where-is-myanmar.com)
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော် ပရ၀ဏ်၌ ဂေါပက အဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များက အဂတိ လိုက် စားမှုများ ပြုလုပ်နေသည်ဆိုပြီး အလုပ်သမားများနှင့် ဈေးဆိုင်ခန်းရှင်များ၏ မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရသည်။
ကျိုက်ထီးရိုး စေတီတော် ပရ၀ဏ်ရှိ ဆိုင်ခန်း ပိုင်ရှင်များသည် ဂေါပကအဖွဲ့သို့ ဆိုင်ခန်း မြေနေရာ အတွက် အခွန်အခကို ပေး ဆောင်ရသည့် အပြင် သီးသန့် အပိုငွေ ထပ်မံပေးနေရခြင်းမျိုးလည်း ရှိကြောင်း ဆိုင်ခန်းရှင်များက ပြောပြသည်။
“ဆိုင် စစောက်တုန်းကဆိုရင် အခွန်က ကျပ် ၃၀၀၀ သာ ရှိပေမယ့် ဂေါပက တာဝန်ခံတွေကို ၃၀၀၀၀ ထပ်ပေးရပါတယ်။ အခုဆို တရားဝင်အခွန်က ကျပ်၂ သိန်း၊ ဒါပေမယ့် ဆိုင်အရှေ့က ကလဖျဉ်းအမိုးအတွက် တရားမဝင် နေရာဆိုပြီး ၂ သိန်း ထပ်ပေးနေရ တယ်”ဟု

မုံရွာမြို့ရှိအနှိပ်ခန်းများ စစ်ဆေးရေးလာမည်ကို ကြိုတင်သိရှိ


အောက်တိုဘာ ၂၄ ရက်နေ့တွင် စတင်ကာ မုံရွာမြို့ရှိ အနှိပ်ခန်းများအား ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း အနှိပ်ခန်းလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် သတင်းကြိုတင် ရရှိခဲ့သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ကြသည်ဟု သိရသည်။

"လာစစ်မယ်ဆိုတာ ကြိုသိကတည်းက ကောင်မလေးတွေကို အနောက်က မီးခံတိုက်ထဲမှာ ဖွက်ထားလိုက်တယ်၊ အားလုံးကို ရှင်းထားလိုက်တယ်" ဟု 7 Star အနှိပ်ခန်းတွင် အလုပ်လုပ်ကိုင်နေသော ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
"ကျွန်တော်တို့ ၀င်စစ်တော့ အထဲမှာ ဘာမှမရှိဘူး၊ ဘီယာဘူးခွံတောင်မတွေ့ဘူး" ဟု စစ်ဆေးရေးအဖွဲ့တွင် ပါဝင်ခဲ့သူ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုအခါတွင် ရန်ကုန်တိုင်းတွင်လည်း အနှိပ်ခန်းများအား တင်းကြပ်စွာ
Related Posts Plugin for WordPress, Blogger...