Tuesday, 31 January 2012
Monday, 30 January 2012
စိတ်ကုန်ပြီဆိုတဲ့သီချင်းလေးပါ
အချစ်ရေး(သို့မဟုတ်)အိမ်ထောင်ရေးပေါ့ လိုအပ်သလိုခံစားကြနိုင်တယ်နော်......
၂၀၁၀ အတွက် အကယ်ဒမီ ဗန်းကိုင်တွေရဲ့ အကြိုရင်ခုန်သံ
၂ဝ၁ဝအတွက် အကယ်ဒမီဗန်းကိုင်တွေကိုတော့ ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။
အကယ်ဒမီဗန်းကိုင် ဖြစ်ဖို့ဆိုတာကလည်း သိပ်ပြီးတော့ လွယ်လှတာတော့
မဟုတ်ပါဘူး။ ဗန်းကိုင် ၈ ယောက်ကို လာရောက်လျှောက်ထားသူ အယောက် ၂ဝဝထဲကနေ
ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဗန်းကိုင်ဖြစ်ခွင့် ရပြီဆိုတာနဲ့ အနုပညာလမ်းစက
အထိုက် အလျောက်တော့ ပွင့်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ပေါ်ပြူလာက
၂ဝ၁ဝအကယ်ဒမီအတွက် ဗန်းကိုင် ၈ ယောက်ရဲ့ အကြိုရင်ခုန်သံတွေကို အခုလို
ဖော်ပြပေးလိုက်ပါ တယ်။ယုသန္တာတင်
”ဗန်းကိုင်အဖြစ် အရွေးခံရတာပျော်ပါတယ်။ ကိုယ်တွေကျတော့ ရှိုးပွဲလည်း လျှောက်နေတော့ စင်နဲ့သိပ်မစိမ်းဘူး။ ဒါပေမဲ့ ကိုယ်က အခုလိုမျိုးစင်ကြီးပေါ်တော့ မတက်ဖူး ဘူးပေါ့နော်။ သူတို့ကလည်း သေချာသင်ပေးမယ်လို့ ပြောပါတယ်။ အခုလိုဗန်းကိုင်ဖြစ်လာတော့ ပရိသတ်က ကိုယ့်ကိုပိုပြီး သိသွားစေတာပေါ့။ သရုပ်ဆောင် တစ်ယောက် ဖြစ်တာနဲ့မတူဘူး။ အကယ်ဒမီဗန်းကိုင်ဆိုတာ တစ်သက်မှာတစ်ခါလောက်ပဲ ဒီလိုဖြစ်ခွင့်ရှိတာ။ စာရင်းဝင်ဇာတ်ကားတွေထဲမှာ “အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်” ဇာတ်ကားကို ကြိုက်တယ်။ ဗန်းကိုင်ဆိုပြီး အနုပညာရှင်ဖြစ်ချင်မှ ဖြစ်တာ။ ငယ်ငယ်တုန်းကကျတော့ အကယ်ဒမီပေးပွဲ ကြည့်ရင် ဗန်းကိုင်တွေကို အားကျခဲ့တာမျိုးတွေ ရှိခဲ့တယ်”။
သဲနော်ဇာ
”အကယ်ဒမီဗန်းကိုင်အတွက်ကို လျှောက်လွှာတင်တာ သုံးနှစ်ရှိပြီ။ ဒီနှစ်မှ ပါတာပါ။ သူတို့အကြောင်းပြန်လိုက်တဲ့ အချိန်မှာ တအားကိုပျော်သွားတယ်။ ဘာလို့လဲဆိုရင် အကယ်ဒမီဗန်းကိုင်ဖြစ်ချင်လို့၊ ဖြစ်ဖို့အတွက်ကို နှစ်တိုင်းလျှောက်ဖြစ်တယ်။ ဒီနှစ်ကတော့ ကံလည်းစပ်တဲ့အတွက် ပါသွားတာပါ။ အခုအကယ်ဒမီ ဗန်းကိုင်ဖြစ်သွားတဲ့ အတွက် အနုပညာအခွင့်အလမ်းတွေ ပိုပြီးတော့ပွင့်လာမယ်လို့ ထင်ပါတယ်။ ၃ ရက်နေ့ နေပြည်တော်ကို သွားရမှာဆိုတော့ အခုလောလောဆယ်ကို ကျန်းမာရေးကောင်း အောင်လို့ပဲ ကြိုတင်ပြင်ဆင်ထားတယ်။ အကယ်ဒမီဗန်းကိုင် တစ်ယောက်ဖြစ်လာတဲ့ အတွက်ကိုလည်း တအားဂုဏ်ယူမိပါတယ်။ ဒီနှစ်အကယ်ဒမီ စာရင်းဝင်တဲ့ဇာတ် ကားလေးတွေထဲမှာ အကြိုက်ဆုံးကားက ‘အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်’ ဇာတ်ကားကို အကြိုက်ဆုံးပါပဲ”။
ထိုက်ဆုဝင်း
”ရင်ခုန်မှုကတော့ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ မနှစ်ကလည်း လျှောက်လွှာတင်တယ်။ ဒီနှစ်လည်း လျှောက်လွှာတင်တယ်။ အဆင့်ဆင့် ရွေးချယ်လာပြီးတော့မှ နောက်ဆုံးအနေနဲ့ ရွေးချယ်ခံရတာပါ။ ပွဲနီးလာလေ ပိုပြီးရင်ခုန်လာလေပါပဲ။ မနှစ်ကလည်း ဆန်ခါတင်စာရင်းအထိ ရွေးချယ်ခံရပါတယ်။ လူကြီးတွေဦးဆောင်ပြီးတော့ ရီဟာဇယ်တွေ အကြိမ်ကြိမ် လုပ်ကြမယ်ဆိုတော့ အမှားအယွင်းတော့ ဖြစ်မယ်မထင်ပါဘူး။ အခု အကယ်ဒမီဗန်းကိုင် ဖြစ်သွားပြီဆိုတော့ ပရိသတ်ရဲ့အာရုံစူးစိုက် မှုတစ်ခုကို ရသွားပြီပေါ့။ အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေ အားလုံးကကောင်းပါတယ်။ အကယ်ဒမီဆုကိုလည်း အားလုံးကို ရစေချင်ပါတယ်”။
ဝင်းလဲ့နု
”လျှောက်လွှာတင်တဲ့လူက ၂ဝဝ နီးပါး ရှိတယ်။ ကိုယ်ကလည်းပါချင်လို့ပဲ တင်ခဲ့တာ ပါ။ မမျှော်လင့်ထားဘဲပါတော့ တအားဝမ်းသာပါတယ်။ လျှောက်လွှာတင်တော့ အဘွား ကလည်းတိုက်တွန်းတယ်။ မျိုးရိုးလည်းရှိတာပဲ တင်ကြည့်ပါလားဆိုပြီး တိုက်တွန်းတယ်။ ဘွားဘွားကတော့ အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်ပါ။ အန်တီမေဆွိ ရဲ့တူမပါ။ အရင်ကတော့ အနုပညာအလုပ်အနေနဲ့တော့ ဖေဖေတို့ တာဝန်ကျတဲ့နေရာတွေက အမျိုးသမီးရေးရာရှိုးပွဲတွေတော့ လျှောက်ဖြစ်တယ်။ ပြီးတော့ မဂ္ဂဇင်းတို့ ဘာတို့အတွက် ဓာတ်ပုံတွေတော့ နည်းနည်းပါးပါးရိုက်ဖူးတယ်။ ခုလိုဗန်းကိုင်ဖြစ်ခွင့်ရတော့ အနုပညာလမ်းစ ပိုပွင့်တယ်လို့ ထင်မိပါတယ်။ အခု အကယ်ဒမီစာရင်းဝင် ကားထဲမှာတော့ ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’နဲ့ ‘အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်’ ကို ကြိုက်တယ်”။
သဲစုနိုင်(MDY)
”ခုလိုမမျှော်လင့်ဘဲ အရွေးခံရတဲ့အတွက် ဝမ်းသာတယ်။ လျှောက်လွှာတင်တုန်းကလည်း ရမယ်လို့မထင်ဘဲ တင်လိုက်တာပါ။ အရင်တော့ ရှိုးတွေ ဘာတွေလျှောက်ဖူး တယ်။ ဒီနှစ်မှရတာပေါ့။ ခုလိုဗန်းကိုင်ဖြစ် ခွင့်ရတော့အရင်ကထက် အနုပညာလမ်းကြောင်း ပိုပွင့်လာတယ်လို့ ထင်မိပါတယ်။ဒီနှစ် အကယ်ဒမီစာရင်းဝင် ကားထဲမှာတော့ ‘အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်’ကားကို ကြိုက်ပါတယ်”။
ခင်ရတနာစိုး
”ဗန်းကိုင်လျှောက်လွှာကို ဒီနှစ်မှ စတင်တာပါ။ ဒီနှစ်ပဲအရွေးခံခဲ့ရတယ်။ ဗန်းကိုင် ဖြစ်ခွင့်ရပြီဆိုတော့ အနုပညာလမ်းစလေးတော့ ရှိလာတာပေါ့နော်။ ဒါပေမဲ့ ကိုယ့် ကြိုးစားမှုက အဓိကဆိုတော့ တအားကြီးလမ်းစ ပွင့်သွားတယ်လို့တော့ မပြောနိုင်ဘူးပေါ့။ အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေအကုန်လုံးတော့ ကြိုက်ပါတယ်။ အားလုံး က သူ့နေ ရာနဲ့သူကောင်း နေတော့လေ။ သမီးက ၁ဝ တန်းပြီးမှ အနုပညာအလုပ် စလုပ်တာဆိုတော့ ဒီနှစ်မှစပြီး စိတ်ကူးယဉ်ပြီး အကောင်အထည် ဖော်လိုက်တာပါ။ အရင်တုန်းကတော့ ဗန်းကိုင်ဖြစ်ချင်တဲ့ စိတ်ကူးမရှိခဲ့ပါဘူး”။
ထက်မိုးမြတ်ဦး”အကယ်ဒမီ ပေးပွဲတွေကြည့်တော့ အကယ်ဒမီဗန်းကိုင်ဖြစ်ချင်တယ်။ အကယ်ဒမီ ဗန်းကိုင်ဖြစ်သွားပြီဆိုရင် တစ်နိုင်ငံလုံးရဲ့ Imageတစ်ခုဖြစ်သွားတဲ့ အတွက်ကြောင့် အနုပညာလမ်းစလည်း ပွင့်သွားတယ်။ အရင်ကတည်းက မက်ခဲ့တဲ့ အိပ်မက်လေးလည်း ဖြစ်တော့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ကာယအလှမယ်အပိုင်းမှာတော့ ဆရာမ နွယ်နီဝင်းနှင့် ဖြူဖြူခိုင်ပါ။ မော်ဒယ်ပိုင်းမှာတော့ ဦးဂျွန်လွင်ပါ။ မယ်ပြိုင်ပွဲတွေဝင် ပြိုင်ခဲ့ပြီး ဆုတွေလည်း ရရှိခဲ့ပါတယ်။ အနုပညာသမားတွေရဲ့ အမြင့်ဆုံးမှတ် တိုင်ဖြစ်တဲ့ အကယ်ဒမီဆုပေးပွဲကြီးမှာ ဆုရရှိတဲ့သူတွေကို ဗန်းကိုင်ပေးရတာ ဂုဏ်ယူမိပါတယ်။ အကယ်ဒမီ ဗန်းကိုင်ဆိုတာ အသစ်တစ်ယောက် အနေနဲ့ စတင်ရသလို ဖြစ်တဲ့အတွက်ကြောင့် အမှားအယွင်းမရှိအောင် ရီဟာဇယ်စလုပ် ကတည်းက သေချာနာခံပြီး လုပ်မယ်၊ ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်”။
အိနြေ္ဒဘုန်းမြင့်
”အရင်နှစ်တွေကတော့ လျှောက်လွှာမတင်ဖူးဘူး။ ဒီနှစ်မှ ပထမဦးဆုံးတင်ဖြစ်တာပါ။ ပထမဦးဆုံး တင်တဲ့အချိန်မှာပဲ လူအရေအတွက် ရာကျော်လောက်ထဲက ရွေးချယ် ခံပြီး ပါဝင်ခွင့်ရတယ်ဆိုတော့ မယုံကြည်နိုင်လောက်အောင် အတိုင်းမသိ ဝမ်းသာခဲ့ရတယ်။ အကယ်ဒမီ ဗန်းကိုင်ပြီးသွားတာနဲ့ အနုပညာအလုပ်တွေကို အဆက်မပြတ် အောင် ဆက်ပြီး လုပ်ကိုင်သွားမှာပါ။ ဒီနှစ် အကယ်ဒမီစာရင်းဝင်တဲ့ ဇာတ်ကားလေးတွေကိုလည်း ကြည့်ဖြစ်တယ်။ “အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်”ဇာတ်ကားကို သိပ်ကြိုက်တယ်။ အဓိကကတော့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်”။
popularmyanmar.com
ပေါင်းဆပ်လို့မရတဲ့အချစ်
ဘာကြောင့်ပေါင်းဆပ်လို့မရတဲ့အချစ်ကိုဖန်းဆင်းပေးတာလဲကွယ် ဒီသီချင်းလေးဟာတော်တော်ကောင်းပါတယ်နားထောင်ဖြစ်အောင်နားထောင်လိုက်ပါနော်...ခံစားချက်ပြည့်နေသူများအတွက်ပေါ့
Sunday, 29 January 2012
ကမ္ဘာကျော်တို့၏ အလှအပဆိုင်ရာ လျှို့ဝှက်ချက်များ
ဈေးအကြီးဆုံး အလှကုန် ပစ္စည်းတွေကို
အသုံးပြုမှ လှပလာမယ်လို့ သင်ထင်နေပါသလား။ ဈေးနူန်းချိုသာတဲ့
အလှကုန်ပစ္စည်းတွေနဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေဟာကောင်းမွန်တဲ့
အလှတရားရဲ့ လျှို့ဝှက်ချက်ဆိုတာကို ကမ္ဘာကျော် အနုပညာရှင်အချို့က
ဥပမာပြထားပါတယ်။
Jennifer Lopez ဟာ အံသြဖွယ်ကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်တယ်ဆိုတာ အားလုံးသိကြပါတယ်။ အဲဒီလို အံ့သြမှင်သက်ဖွယ်
အသားအရေထိန်းသိမ်းတဲ့ ခရင်မ်တွေထက် အချိန်ကြာမြင့်စွာ အိပ်ခြင်းကိုပိုနှစ်သက်သူ
Jennifer Lopez

Jennifer Lopez ဟာ အံသြဖွယ်ကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်တယ်ဆိုတာ အားလုံးသိကြပါတယ်။ အဲဒီလို အံ့သြမှင်သက်ဖွယ်
The Lady (2011) ဇတ်ကားကို အလွယ်တကူ ဒေါင်းလွတ် ရယူနိုင်ပြီ
Magic Photo Editor 5.4 လေးပါ
Magic Photo Editor 5.4 လေးပါ ဒီကောင်လေးကိုတင်ချင်နေတာကြာပါပြီဗျာ..
photoshop နားမလည်သူတွေအတွက်ပါ....
အရင်ဆုံးဒေါင်းပြီးရင် crack လေး ကို open file location ထဲကို copy paste လေးလုပ်လိုက်ယုံဘဲပေါ့..
ပြီးရင်တော့ပုံမှာပြထားတဲ့အတိုင်းဆက်လုပ်ကြည့်လိုက်ပါ လွယ်လွန်းလို့ခက်နေလိမ့်မယ်...ဒီနေရာမှာယူသွားနော်..
photoshop နားမလည်သူတွေအတွက်ပါ....
အရင်ဆုံးဒေါင်းပြီးရင် crack လေး ကို open file location ထဲကို copy paste လေးလုပ်လိုက်ယုံဘဲပေါ့..
ပြီးရင်တော့ပုံမှာပြထားတဲ့အတိုင်းဆက်လုပ်ကြည့်လိုက်ပါ လွယ်လွန်းလို့ခက်နေလိမ့်မယ်...ဒီနေရာမှာယူသွားနော်..
Saturday, 28 January 2012
Desktop ပေါ်မှာနှင်းလေးတွေပန်းလေးတွေနဲ့လှလှလေးလုပ်ချင်ရင်
ဆော့ဝဲလ်လေးတစ်ခုတင်ပေးလိုက်ပါတယ်
ကွန်ပျူတာပေါ်မှာ နှင်းလေးတွေ..ပန်းလေးတွေ..ကြယ်လေးတွေ.ဘောလုံးလေးတွေပျံနေတဲ့
ဆော့ဝဲလ်လေးတစ်ခုပါ
လိုအပ်နေရင်တော့အောက်မှာကြိုက်တဲ့နေရာမှာဒေါင်းလိုက်နော်
Friday, 27 January 2012
ယောက်ျားလေး နဲ. မိန်းကလေး ကွာခြားချက်များ
၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေး တယ် ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရ တယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင် တတ်ကြသည်။
၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာ ကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့လှည့်စား လို့ရတယ်။
ရင်သားအတွင်း ထည့်သွင်းသည့် ဆီလီကွန်ထုတ်လုပ်သူ ဖမ်းဆီးခံရ
ပေါက်ကွဲမှုများ ဖြစ်နိုင်သည်ဆိုသော အခြေအနေကြောင့် အဆိုပါ ဆီလီကွန်
ထည့်သွင်းထားသူ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးများအတွက် သောကပွေစေခဲ့သည့်
လုပ်ငန်းရှင်အား ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ကြာသပတေးနေ့က ရဲများက
ဖမ်းဆီးခဲ့ခြင်းဖြစ်
ပြင်သစ်နိုင်ငံမှ ရင်သားအတွင်း
ထည့်သွင်းသည့် ဆီလီကွန် ထုတ်လုပ်သူ ကုမ္ပဏီပိုင်ရှင် တစ်ဦးကို ရဲတပ်ဖွဲ့က
ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ပေါက်ကွဲမှုများ ဖြစ်နိုင်သည်ဆိုသော
အခြေအနေကြောင့် အဆိုပါ ဆီလီကွန် ထည့်သွင်းထားသူ ကမ္ဘာအရပ်ရပ်မှ
အမျိုးသမီးများအတွက် သောကပွေစေခဲ့သည့် လုပ်ငန်းရှင်အား ပြင်သစ်နိုင်ငံ
တောင်ပိုင်းတွင် ကြာသပတေးနေ့က ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။Thursday, 26 January 2012
iPhone 5 တွင် ရေစိုခံနိုင်သည့် အရည်အသွေး ပါဝင်လာနိုင်
HZOဟု အမည်ပေးထားသော အလွှာတစ်မျိုးကို မိုဘိုင်းလ်ဖုန်းပေါ်တွင်
ထပ်ပေးထားခြင်းဖြင့် ရေစိုခြင်းကြောင့် ဖုန်းပျက်စီးမှု မဖြစ်အောင်
တားဆီးနိုင်မည်ဟု လေ့လာသူများကဆို
Posted on Jan 18 12 - 07:48 AM | Hits : 1435
နောက်ထပ် အသစ်ထွက်ရှိမည့် iPhone 5 သည်
ရေစိုခံနိုင်သည့် အရည်အသွေးမျိုး ရှိလာနိုင်ကြောင်း လေ့လာသူများက
ပြောကြားခဲ့သည်။ Appleနှင့် Samsungတို့ အဓိက မိုဘိုင်းလ်ဖုန်း ရောင်းချရေး
အင်အားစုကြီး နှစ်ခုလုံးသည် အသစ်ထွက်လာမည့် စမတ်ဖုန်းများအတွက်
ရေစိုခံနိုင်သော ဖြည့်တင်းမှု ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
Nanotech နည်းပညာသစ် တစ်ခုဖြင့် ဆေးရည်ဖြန်းထားသော အလွှာကို အပေါ်ယံတွင်
ထပ်ထားပေးခြင်းဖြင့် ရေထိသောအခါ ဖုန်းကို ထိခိုက်မှု မရှိအောင်
တားဆီးနိုင်ဖွယ် ရှိနေကြောင်း သိရသည်။
iPhone ဝယ်လိုအားမြင့်လာခြင်းက Google အတွက် ခြိမ်းခြောက်မှုဖြစ်
Appleထုတ် iPhone 4S ထွက်ရှိလာပြီးနောက် iPhone၏ အရောင်းစံချိန်သည် နှစ်ဆထိ တက်လာခဲ့
Posted on Jan 27 12 - 10:01 AM | Hits : 174
သီးချင်းလေးက ကိုကို/ညီညီ/သူငယ်ချင်းတွေ ကြိုက်ကြမယ်လို့ထင်ပါတယ်
သီးချင်းလေးက ကိုကို/ညီညီ/သူငယ်ချင်းတွေ ကြိုက်ကြမယ်လို့ထင်ပါတယ် သီချင်းလေးကတော့ တော်တော်လန်းတယ်ဗျ.. မြူးကြွတဲ့soung လေး... က ချင်တယ်ဆိုကလိုက်နော်....
လေယာဉ်ဟော်တယ်....နှင့်အခြားအံ့ဖွယ်များ
Costa Rica နိုင်ငံ၊ အန်တိုနီယို အမျိုးသားပန်းခြံနားက
ဟော်တယ်တစ်ခုပါ...ဒီဟော်တယ်ကို ၁၉၆၅ ခုနှစ်လောက်က အသုံးပြုခဲ့တဲ့ Boeing
272 လေယာဉ်ထဲမှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်....
နောက်ဆက်တွဲလေးတွေရှိသေးတယ်နော်
နောက်ဆက်တွဲလေးတွေရှိသေးတယ်နော်လူသားစားသုံးသူ ဖိလစ်ပိုင်အမျိုးသမီး လက်ပူးလက်ကြပ် ဖမ်းဆီးရမိ
Wednesday, 25 January 2012
နယူးကာဆယ်၌ ခွေးများအတွက် အထူး ခွေးသောက် ဘီယာများ ရောင်းချပေး
ဗြိတိန်နိုင်ငံ
နယူးကာဆယ်မြို့ ဂေါ့စဖို့သ်အရပ်ရှိ ဘရန်ဒလင်းဗီလာ အမည်ရှိ ဘီယာဆိုင်၏
ဖောက်သည်များ အားလုံးသည် လေးဖက်ထောက်သွားကာ နှာခေါင်းလွန်စွာ
ကြီးကြသူများဖြစ်သည်။ အင်တာနက် ကွန်နက်ရှင်နှင့် ဖုန်းလိုင်းများ မကြာမီ ကောင်းမွန် လာတော့မည်ဟု ဆို
မြန်မာနိုင်ငံအတွင်း၌
အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို
မတ်လဝန်းကျင်မှ စ၍ ဆက်သွယ်မှု ကောင်းမွန်စွာ အသုံးပြုလာနိုင်တော့မည်
ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ရှေ့ နှစ်လလောက်က စပြီး ဖုန်းဆက်သွယ်မှုနဲ့ အင်တာနက် လိုင်းတွေ တဖြည်းဖြည်း သိသာစွာ ကောင်းမွန်လာတော့မှာပါ။ လက်ရှိ အင်တာနက်လိုင်း နှေးနေတာကလည်း ရေအောက် ဖိုင်ဘာကေဘယ်ကြိုးတွေ ပြတ်တောက်ခဲ့ တာကြောင့်ပါ။
အခု SEA-ME-WE3 နေရာမှာ
“ရှေ့ နှစ်လလောက်က စပြီး ဖုန်းဆက်သွယ်မှုနဲ့ အင်တာနက် လိုင်းတွေ တဖြည်းဖြည်း သိသာစွာ ကောင်းမွန်လာတော့မှာပါ။ လက်ရှိ အင်တာနက်လိုင်း နှေးနေတာကလည်း ရေအောက် ဖိုင်ဘာကေဘယ်ကြိုးတွေ ပြတ်တောက်ခဲ့ တာကြောင့်ပါ။
အခု SEA-ME-WE3 နေရာမှာ
Subscribe to:
Posts (Atom)



