ဧဒင်အချစ်ပုံပြင်: April 2012

Monday, 30 April 2012

ဆုထူးပန်ရုပ်ရှင်ရုံကို အဆင့်မြင့် ရုပ်ရှင်ရုံအဖြစ် ပြန်လည် ပြုပြင်တော့မယ်ဆိုတဲ့ ဒေါ်ဝါဝါဝင်းရွှေ

ရန်ကုန်မြို့မှာရှိတဲ့ ဆုထူးပန်ရုပ်ရှင်ရုံကို အဆင့်မြင့် ရုပ်ရှင်ရုံအဖြစ် ပြန်လည်ပြုပြင်ဖို့အတွက် Father Land  ဆောက်လုပ်ရေးက တာဝန်ယူဆောက်လုပ် မယ်လို့ သိရပါ တယ်။ ရုပ်ရှင်ရုံသစ်တွေ ပေါ်လာတာနဲ့အမျှ ရုပ်ရှင်ရုံတွေ ကို အဆင့်မြင့် ဆောက်လုပ်ကြတာကြောင့် ဆုထူးပန် ရုပ်ရှင် ရုံပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေကို မေးကြည့်တော့ ”အန်တီဝါတို့ ဆုထူးပန်းရုံကို

ဝမ်းတွင်းမြို့မှဗုဒ္ဓဆင်းတုတော်




" ၀မ်းတွင်းမြို့နယ်ရဲ့ရေဆုံးစံပြကျေးရွာမှာရှိတဲ့ ရွာလည်စေတီက  ဗုဒ္ဓဆင်းထုတော်တစ်ဆူဟာလေပေါ်သို့ (၂၉.၄.၂၀၁၂)ရက်နေ့ ည (၁၀)နာရီခန့်မှာ လေပေါ်သို့ တစ်လက်မ ခန့် မြင့်တက်နေသည်ကို ဖူးမျှော်နိုင်ရန် တင်ပြပေးခြင်း ဖြစ်ပါတယ်...။
ထိုဘုရားသို့ လာရောက်ဖူးမျှော်သော ဘုရားဖူး ဧည့်သည်များလည်း မပြတ်ရှိနေပါတယ်။

တောက်တဲ့ လက်အုပ်ချီတာ ဘာကြောင့်လဲ


ထိုင်းနိုင်ငံမှာ တောက်တဲ့က ထီနံပါတ် ပေးတယ် ဆိုတာကို တချို့က ယုံကြည်ကြတယ် တဲ့။

ဒီနံပါတ်ကို ထီထိုးသူတွေက ဘယ်လို သွားယူကြသလဲ။

လွယ်ပါတယ်၊ တောက်တဲ့ လက်အုပ်ချီတဲ့အိမ် ဘယ်အိမ်လဲ၊ အဲဒီအိမ်နံပါတ်မှာ ပါတဲ့အတိုင်း ထီသွားထိုးလိုက်တာပါပဲ တဲ့။

တက်နိုင်သလောက်ပါဝင်လှူဒါန်းပေးကြပါ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အလယ်ကုန်းရပ်ကွက်၊ ဆည်မြောင်းလမ်း၊ အရှေ့မြို့သစ်တွင် နေထိုင်သော အဘ ဦးအာင်ကိုဇော် အမိဒေါ်မာမာအေး တို့၏ (၉)လသားအရွယ်ကလေးငယ်မှာ မွေးရာပါအကျိတ်လုံးကြီးတစ်ခုအား ကလေးဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ကုန်ကျစရိတ်မှာ (၇)သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်းပြောပါသည်။

ဂျနီဗာ ၊ ဆွစ်ဇာလန်က အရောင်မတူမြစ်ဆုံ__


                                                       _ဂျနီဗာ ၊ ဆွစ်ဇာလန်က အရောင်မတူမြစ်ဆုံ__

ဒီပုံမှာ တွေ့ တဲ့ မြစ်နှစ်သွယ် ဆုံတဲ့ နေရာမှာ
မြစ်တစ်ခုနဲ့ တစ်ခု အရောင်မတူတာကိုတွေ့ ရပါမယ်။
တစ်ဖက်က ရေအစိမ်းရောင်ဖြစ်ပြီး၊တစ်ဖက်ကတော့ ရွံ့ ရောင်ဖြစ်နေပါတယ်။
ဘယ်ဘက်ကရေကြည်နေတဲ့  မြစ်နာမည်က Rhone လို့ ခေါ်ပြီး

ပြင်ဦးလွင်မှာ ရိုက်ကွင်း တည်ကြတဲ့ ဗီဒီယို အဖွဲ့တွေ များလာတာကြောင့် တည်းခိုစရာ အခက်အခဲကြုံနေရ


ဇာတ်ကားရိုက်ကူးမှုတွေကို သင်္ကြန် အပြီးလောက်မှာ ရန်ကုန်ရဲ့နွေအပူဒဏ်ကို လည်းရှောင်ရင်း၊ နယ်ရှုခင်းတွေလည်းရိုက် ရင်းနှစ်တိုင်းလိုလို ပြင်ဦးလွင်မှာ သွားရာက် ရိုက်ကူးလေ့ရှိကြပါတယ်။ ဒီနှစ်မှာ လည်း သင်္ကြန်ပြီးကတည်းက ရန်ကုန်နွေရဲ့ အပူချိန်ကလည်း အလွန်ပူတာကြောင့် အနု ပညာရှင်တော်တော်များများက ပြင်ဦးလွင် မှာပဲ ဇာတ်ကားတွေရိုက်ကူးနေကြပါတယ်။ ဇာတ်ကားတွေကို၂ကားကနေ ၃၊ ၄ကား အထိ ဆက်တိုက်ရိုက်ကူးပြီးရန်ကုန်ကို ပြန် လာကြမယ်လို့လည်း သိရပါတယ်။   နှစ်စဉ် နှစ်တိုင်းလိုလို ဒီလို အချိန်မှာ ပြင်ဦးလွင်ကို သွားရောက်ဇာတ်ကားရိုက်ကူးကြပေမယ့် ဒီနှစ်မှာတော့ရိုက် ကွင်းတော်တော်များများ ကို ပြင်ဦးလွင်မှာပဲ ရိုက်ကွင်း

သင်္ကြန်အကျနေ့၌ မိုးကြိုးပစ်ခံရ၍ လူသုံးဦး တစ်ပြိုင်နက် သေဆုံး

သင်္ကြန်အကျနေ့၌ မိုးကြိုးပစ်ခံရ၍ လူသုံးဦး တစ်ပြိုင်နက် သေဆုံးရခိုင်ပြည်နယ် စစ်တွေခရိုင်၊ ကျော်တော် မြို့နယ် လမ်းမတော် ကျေးရွာ တွင် ဧပြီ၁၃ရက် ညနေ၄ နာရီ ၄၅မိနစ်ခန့်၌ လေပြင်းတိုက် ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုး ပစ်မှုကြောင့် လူသုံးဦး တစ်ပြိုင်နက် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဒေါ်မ သိန်းအောင် အသက်၅၆နှစ် (ဘ) ဦးသာမြသည် နေအိမ်တွင် နေထိုင်နေစဉ် မိုးကြိုး ပစ်ခံရပြီး ၄င်းနေအိမ်၏ ယာဘက် သုံးအိမ် ကျော်တွင် နေထိုင်သော မမြတ်အိလှိုင်(၁၁)နှစ်(ဘ) ဦးသန်းစိန်အေးနှင့် မသန်းသန်းစိုး(၁၈) နှစ် (ဘ) ဦးမောင်အေးလှိုင်တို့ စုစုပေါင်း သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက် ၍ ကျောက်တော်မြို့နယ်

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်မယ် (ရုပ်/သံ)



မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ မဟာမိတ်တွေရဲ့ မေတ္တာရပ်ခံချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော် စတင်တက်ရောက် တော့မယ်လို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အဖွဲ့ချုပ် ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

မဟာမြတ်မုနိဘုရားကြီးဈေးသည်များ ဆန္ဒပြရန် အသင့်ဖြစ်နေ


မန္တလေးမဟာမြတ်မုနိ ဘုရားကြီး စောင်းတန်း
မဟာမြတ်မုနိဆိုင်ခန်းခွန်များ ဈေးသုံးဆတက်မှုကြောင့် ဆိုင်ခန်းရှင်များ လမ်းလျှောက် ဆန္ဒပြရန်စိုင်းပြင်းလျက်ရှိနေ...မန်းသားလေး ရေးသားသည်)

မန္တလေးမဟာမြတ်မုနိ ဘဏ္ဍာတော်ပိုင် စောင်းတန်းများနှင့် တိုက်တန်းများရှိ ဆိုင်ခန်းများကို ဘုရားကြီး ဘဏ္ဍာတော်တိုးပွားစေရန်နှင့် အစဉ်သန့်ရှင်းသပ်ရပ်စေရန်အတွက် ဧပြီလ ၁၇ရက်နေ့စပြီး တစ်ခန်းလျှင်

ဟောင်ကောင်မှာ လေလံတင်မယ့် မြန်မာ့ပတ္တမြား


6-carat Buramese ruby and diamond ring. Photo Credit: CHRISTIE'S IMAGES LTD. 2012
ဟောင်ကောင်မှာ လာမယ့် မေ ၂၉ မှာလုပ်မယ့် ကျောက်မျက်ရတနာ လေလံတင်ပွဲမှာ ခေတ်ဟောင်းကျောက်မျက်ရတနာတွေ၊ ရှားပါး ကျောက်မျက်တွေအပါအ၀င် မြန်မာနိုင်ငံထွက် ပတ္တမြားနဲ့ နီလာတွေ ပါမယ်လို့ သိရပါတယ်။

ဒီကျောက်မျက်လေလံပွဲရဲ့ အထင်ကရ ကျောက်မျက်တွေထဲမှာ ၆.၄ ကာရက် ရှိတဲ့ မြန်မာပြည်ထွက် ခိုသွေး ပတ္တမြားတလုံး ပါပါတယ်။

Sunday, 29 April 2012

ဘန်ကီမွန်း မူဝါဒ ပြောင်းပြီ



ဒီမနက် အောက်လွှတ်တော်မှာ တွေ့ရတဲ့ မစ္စတာ ဘန်ကီမွန်း (ဓာတ်ပုံ - AP)

နေပြည်တော်ရောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း ဒီမနက် လွှတ်တော်မှာ မိန့်ခွန်းပြောပါတယ်။
သူ့မိန့်ခွန်းကို ပြည်တွင်း ပြည်ပ ရုပ်မြင်သံကြားဌာနတွေက တိုက်ရိုက်ထုတ်လွှင့်ကြပါတယ်။

ခါတိုင်းတော့ မြန်မာပြည်အကြောင်း ပြောရင် ဘန်ကီမွန်းက စိုးရိမ်တယ်၊ အရမ်း အရမ်း စိုးရိမ်တယ်၊

ကိုလံဘီယာမှ လိပ်ကလေးဟု ထင်ရှားသော ကလေးငယ်၏ ကျောပြင်မှ လိပ်ခွံသဖွယ် အသားပိုကြီးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့


ခွဲစိတ်ပြီးနောက်ပျော်ရွှင်နေသည့် ဒီဒီယာ

ကိုလံဘီယာမှ လိပ်ကလေးဟု ထင်ရှားသော ကလေးငယ်၏ ကျောပြင်မှ လိပ်ခွံသဖွယ်ဖြစ်နေသော အသားပိုကြီးကို ဗြိတိန်ဆရာဝန်တစ်ဦးက ဦးဆောင်ပြီး ကိုလံဘီယာနိုင်ငံတွင် အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားနိုင်ခဲ့သည်ဟု သိရသည်။

အသက် ၆ နှစ်အရွယ်ရှိ ဒီဒီယာမွန်တာလ်ဗိုသည် ရှားပါးသည့်

ခုနစ်ရက် သားသမီးများအတွက် (၃၀.၄.၂၀၁၂) မှ (၆.၅.၂၀၁၂) ထိ တပတ် စာဗေဒင်ဟောစာတမ်း


ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
သင်တန်းတက်ရခြင်း သို့မဟုတ် ဘ၀အတွက်အသုံးဝင်သော ပညာတခုသင်ရခြင်းဖြစ်တတ်သည်။
မမျှော်လင့်ဘဲ လူတဦး၏အကူအညီရမည်။  ခရီးသွားရင်း သူခိုးခိုးခံရတတ်သည်။ အလုပ်တွင်အခက်
အခဲတွေ့မည်။ အထက်လူကြီးဆရာသမား၏ ငြိုငြင်ခြင်းခံရတတ်သည်။ အလွန်ခင်မင်သူ
တဦးနှင့် အဆင်မပြေဖြစ်ကာ လမ်းခွဲရတတ်သည်။ မျက်စိရောဂါဖြစ်တတ်သည်။ အချစ်ရေးတွင်
အစစအရာရာအဆင်ပြေနေမည်။

အိမ်ငှားခဈေးကြီးသည့်ပြဿနာကို ဖြေရှင်းရန် အိမ်ကို ဘီးတပ်၍ ရွှေ့ပြောင်း



အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့သည် အမေရိကန်ပြည်ထောင်စုတွင် အိမ်ငှားခ ဈေးအကြီးဆုံးနေရာတစ်ခုဖြစ်သည်။ ယင်းပြဿနာကို ဖြေရှင်းရန်အတွက် ဘာကလေတက္ကသိုလ်မှ ကျောင်းသားတစ်ဦးသည် အိမ်ငယ်တစ်လုံးကို ဘီးတပ်ကာ တည်ဆောက်ခဲ့သည်။ သူ၏အိမ်သည် ဧရိယာ၁၃၀ စတှိုရန်းပေ ရှိပြီး သူ့အနေဖြင့် ပန်းခြံအတွင်းသို့ ရွှေ့ပြောင်းကာ နေထိုင်နိုင်လိမ့်မည်ဟုဆိုသည်။ သူ၏ အိမ်မှာ အလျားပေ ၂၀အနံပေ၇၀ နှင့်အမြင့်၁၄ပေ အကျယ်အ၀န်းသာ လိုအပ်သောကြောင့် လမ်းပေါ်၌ သွားလာနိုင်သလို မည်သည့်နေရာ၌မဆို ထားရှိနေထိုင်နိုင်လိမ့်မည်ဟု ဆိုသည်။

*..မြတ်စွာဘုရားရှင်၏ “ ဦးခေါင်းရိုးတော်ဓာတ်တော် ” ပုံ.

မတ်စွာဘုရားရှင်၏ “ ဦးခေါင်းရိုးတော်ဓာတ်တော် ” ပုံတွေကိုသူငယ်ချင်းတို့ဖူးမြှော်စေခြင်တာနဲ့တင်ပေးလိုက်ပါတယ်ဗျာ..
ဖူးမြှော်ကြတဲ့ သူငယ်ချင်းတွေ ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေဗျာ...
   “ မြတ်စွာဘုရား၏ “ ဦးခေါင်းရိုးတော်ဓာတ်တော် ” ကို ဟောင်ကောင်တွင်အပူဇော်ခံနေပုံ.”

မွန်တို့၏ရှေ့ဆောင်ဒေါက်တာနိုင်ပန်းလှဟောကိန်းထုတ်.....

သမိုင်းဆရာသည် ကရုဏာ၊ စေတနာ မပိုရ။ ဒေါသလည်း မဖြစ်ရပါ။ လိုရာဆွဲပြီး ဖန်တီးထားသည့် အချက်ပါလျှင် အပြစ်ရှိသည်။ အမှန်ကို ထိမ်ချန်လျှင်လည်း အပြစ်ရှိသည်။ မည်သည့်သမိုင်းတွင်မဆို ဝိဝါဒကွဲပြားမှုများ ရှိစမြဲပင်။ သို့သော် ထာဝရအမှန်တရားဟု မည်သည့်သမိုင်းကြောင်းတွင်မှ မရှိ။ မည်သည့်သမိုင်းကြောင်းမှ အပြည်စုံဆုံးဟူ၍ မဆိုနိုင်။
တခါတရံ၌ သမိုင်းဆရာသည် ဟောကိန်းထုတ်တတ်သည်။
(၂)
၂၀၀၂ ခုနှစ်၊ သွေးဆေးကန် မွန်ကျောင်းတိုက်၊ ဗဟန်း။

မလေးရှား ၀န်ကြီး၏ မုဒိန်းကျင့် ခံရသော အင်ဒိုနီးရှား အိမ်ဖော်နှင့် မလေးရှား ဥပဒေ

Robengah (MeRobekNgah)

မလေးရှား ကဘိနက်ဝန်ကြီးတစ်ဦးက သူ့အိမ်ဖော်ကိုမုဒိန်းကျင့်သည့်လူမဆန်သည့်လုပ်ရပ်အတွက် မည့်သို့သောတရားစီရင်မှုမှပေါ်ထွက်မလာဘဲဝန်ကြီးအဖွဲ့မှဖုံးဖိကာကွယ်ပေးခြင်း၊သတင်းမထွက်ပေါ်စေခြင်း၊
 သတင်းထွက်ပေါ်အောင် ဘလော့များမှ တစ်ဆင့်တင်ပြသူများကိုဖမ်းဆီးခဲ့ခြင်းစသောလုပ်ရပ်များကြောင့်
 မလေးရှားသည်ကမ္ဘာပေါ်တွင်လူ့အခွင့်အရေးနှင့်တရားမျှတမှုအဆင့်နိမ့်ကျသော နိုင်ငံတစ်ခုအဖြစ် ရောက်ခဲ့သည်။

လွန်ခဲ့သောရက်သတ္တတစ်ပတ်က မလေးရှားဘလော့ဂါများသည်

Windows 7 logonbackground Changer




ဒီတစ်ခါ windows 7 logonbackground changer လေးတင်ပေးလိုက်ပါတယ်။ သူ့ ကို run လိုက်ပြီးရင် logon
background change ဖို့ အတွက် သူပေးထားတဲ့ ပုံတွေရှိသလို ကိုယ်ကွန်ပျူတာထဲက မိမိတို့ ကြိုက်နှစ်သက်ရာပုံ
များကိုလည်းထည့်နိုင်ပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။။။။။

Saturday, 28 April 2012

အိမ်မက်လေးထဲမှာ ( မို့မို့ )


တစ်ပုဒ်ချင်းရွေးဒေါင်းရန်...။

၁.အိပ်မက်လေးထဲမှာ
၂.ကြယ်တွေကြွေနေဆဲ
၃.ရင်ခုန်ခဲ့တာဟုတ်ရဲ့လား
၎.နောက်ဆုံးသောအချစ်တွေနဲ့
၅.သူရှိရင်
၆.တစ်ယောက်ထဲည
၇.ကျောင်းသူဟောင်းရဲ့သီချင်း
၈.နွေ
၉.ရွာတော့မိုး
၁၀.မျှော်လင့်သူ
၁၁.ဖန်ဆင်းရှင်

သီချင်းနားဆင်ရင် အောက်မှာပေးထားတဲ့လင့်ကို နှိပ့်ပါနော်....

အိန္ဒိယမှာ Starbucks သောက်နိုင်တော့မယ်


Starbucks က နိုင်ငံတကာမြို့ကြီးတွေဆီ ဈေးကွက် အဆက်မပြတ် ထိုးဖောက်နေပါတယ်။ ပုံမှာ ထိုင်းနိုင်ငံ ချင်းမိုင်ညဈေးက ဆိုင်ခွဲတခု အပြင်ဘက် မြင်ကွင်းပါ။ နိုင်ငံတကာခရီးသည်များ ပြည့်နေတဲ့ ဒီညဈေးမှာ တဆိုင်နဲ့တဆိုင်ခဲတပစ်အကွာမှာ ဖွင့်ထားတဲ့ Starbucks ၂ ဆိုင်ကို တွေ့ရမှာပါ

အမေရိကန် ကုမ္ပဏီကြီး Starbucks က သူ့ရဲ့ ပထမဦးဆုံးသော အိန္ဒိယဆိုင်ခွဲကို လာမယ့် စက်တင်ဘာလမှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ အိန္ဒိယကုမ္ပဏီတခုဖြစ်တဲ့ Tata Global Beverages နဲ့ ဖက်စပ် လုပ်ကိုင်မှာဖြစ်ပါတယ်။

ညအချိန်လက်နှိပ်ဓါတ်မီးကိုင်ဆောင်လျှင် သေနတ်ဖြင့်ပစ်မည်.....

မြစ်ကြီးနား မြို့ အကျဲကျေးရွာ တွင် ညမိုးချုပ် လက်နှိပ်ဓာတ်မီးကိုင်ဆောင်ပြီး အပြင်ထွက်သူများကို စစ်တပ် က သေနတ်ဖြင့် ပစ်မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စစ်တပ်က ယမန်နေ့က အမိန့်ထုတ်လိုက်သည်။
“ ညဘက် ကိုယ့်ကိုသူများက မတွေ့နိုင်တဲ့ လက်နှိပ်ဓာတ်မီးကို မကိုင်ဖို့အခုအုပ်ချုပ်ရေးမှူးက ပြောထားတယ်။ ဖယောင်းတိုင်ဆိုရင် ကိုယ့်ကို သူများတွေမြင်နိုင်တယ်လေ လုံခြုံရေးအရ လက်နိုပ်ဓာတ်မီးကို မကိုင်ဖို့ ကိုင်ရင်သေနတ်နဲ့ ပစ်မယ်လို့ ပြောထားတယ်” ဟု အကျဲကျေးရွာမှ ဘုန်းတော်ကြီးတစ်ပါးကပြောသည်။

"TITANIC"ဇာတ်ဝင်ခန်းရဲ့ပုံရိပ်တချို့များ...


ဘင်္ဂလာဒေခ်ျ့တွင် ကိုယ့်ကိုကိုယ် သတ်သေနုန်း မြင့်မားလာ

မြန်မာ နိုင်ငံအိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ကိုယ့်ကိုကိုယ် သတ်သေနုန်းမှာ တနှစ်ထက် တနှစ်မြင့်မားလာသည်ဟု ဘင်္ဂလာဒေခ်ျ့ရဲ အဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြသည်။


 ဘင်္ဂလာဒေခ်ျ့မှ ရထား ဘူတာ တစ်ခု
များမကြာမှီက ထုတ်ပြန်သော ရဲအဖွဲ့ အစီရင်ခံစာ အရ တနှစ်တွင် မိမိကိုယ်ကိုသတ်သေသူ အရေအတွက်မှာ ၁၀၀၀၀ ကျော်ထိ ရှိကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ကိုယ့်ကိုကိုယ် သတ်သေ ခဲ့ကြသည်ဟု သိရသည်။

တရားခံကို စစ်ဆေးစဉ် လက်လွန်သေဆုံးသွား၍ ရဲတပ်သား ၄ ဦးဖမ်းဆီးခံရ


ရခိုင်ပြည်နယ် မောင်တောတွင် တရားခံ တစ်ဦးကို စစ်ဆေးစဉ် လက်လွန် သေဆုံးသွား၍ ရဲသား (၄) ဦး ဖမ်းဆီး ချုပ်နှောင် ခံထားရကြောင်း သတင်း ရရှိသည်။


ဖမ်းဆီး ချုပ်နှောင်ခံထားရသူ ရဲသား ၄ ဦးမှာ ရဲတပ်ကြပ်ကြီး မောင်မောင်သန်း၊ ဒုတပ်ကြပ် ထွန်းဝင်း၊ တပ်သား မြင့်အေး၊ တပ်သား ကိုမိုးတို့ ဖြစ်ကြပြီး သူတို့ ၄ ဦး စလုံးမှာ ရခိုင်အမျိုးသားများ ဖြစ်ကြသည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ခွန်ဆာ မသေသေး

ဘိန်းဘုရင် ခွန်ဆာ ၂၀၀၇ အောက်တိုဘာလကုန်ပိုင်းက ရန်ကုန်မှာ ကွယ်လွန်သွားပြီ ဆိုတဲ့သတင်း ထွက်ခဲ့ပါတယ်။ အစိုးရက တရားဝင် ထုတ်ပြန်ကြေညာတာ၊ သတင်းစာမှာ နာရေးကြော်ငြာ ပါလာတာမျိုး မရှိခဲ့ပါဘူး။


သူ့ရဲ့ နာရေးအခမ်းအနားဆိုင်ရာ ဓာတ်ပုံတွေလည်း အွန်လိုင်းကို ရောက်မလာပါဘူး။

သို့သော်လည်း သူ သေဆုံးပြီ ဆိုတဲ့ သတင်းကို သတင်းဌာနအများအပြားက တဆင့် သိကြရသူတွေကတော့ သူသေဆုံးပြီလို့ နားလည်ထားကြပါတယ်။

ထူးထူးခြားခြားအရပ်ရှည်ဆုံးအမျိုးသမီးများ.....

သင်ဇာဝင့်ကျော်ကို ရုပ်ရှင်အစည်းအရုံးက ခေါ်ယူတွေ့ဆုံမည်

သင်ဇာဝင့်ကျော်ကို ရုပ်ရှင်အစည်းအရုံးက ခေါ်ယူတွေ့ဆုံမည်
             
ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သူ သင်ဇာဝင့်ကျော်အား ယခုနှစ် သင်္ကြန်တွင်း သူမ ဝတ်စားဆင်ယင်ခဲ့သော ဝတ်ဆင်မှုဖက်ရှင်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ခေါ်ယူပြောဆိုရန် စီစဉ်ထားကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။ “ကျွန်တော်ကိုယ်တိုင် သူ့ရဲ့ ဖုန်းကိုခေါ်ပြီး ဆက်သွယ်ပါတယ်။ လောလောဆယ် သူက ပြင်ဦးလွင်မှာ ကားရိုက်နေပါတယ်။ နှစ်ပတ်လောက်တော့

နှစ် ၂၀ ကြာ အထွန်းခံနိုင်မည့် မီးသီးကို အမေရိကတွင် စတင်ရောင်းချ

နှစ် ၂၀ ကြာ အထွန်းခံနိုင်မည့် မီးသီးကို အမေရိကတွင် စတင်ရောင်းချမီး သီး ထုတ် လုပ် မှု တွင် ဆုတံဆိပ် ချီးမြှင့် အပ်နှင်းခြင်း ခံခဲ့ရသည့် နှစ် ၂၀ ကြာ အထွန်းခံနိုင်မည့် မီးသီးကို ယခုအခါ အမေရိက ဈေးကွက်တွင် စတင် ရောင်းချပြီ ဖြစ်ကြောင်း BBC သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရ သည်။
နယ်သာလန် အခြေစိုက်အီလက် ထရွန်နစ်ကုမ္ပဏီ Philips ထုတ်လုပ် လိုက်သည့် ၄င်းမီးသီးသည် Earth Day ဟုလည်း နာမည်ကျော်ပြီး LED နည်းပညာကို အသုံးပြု ထားကာ အလင်းတောက်ပမှုကို ကောင်းမွန်စွာ ကမ္ဘာပေါ်တွင် ပေါ်ထွက် ခဲ့ပြီး သမျှ မီးသီးအားလုံးထက် အသုံးပြုနိုင်မည့် သက်တမ်းကြာရှည်မည်လည်းဖြစ် သည်။
ယခုပထမအဆုံးအကြိမ်ဈေး ကွက်တင်လိုက်သည့် မီးသီးအမျိုးအ စားအား ဒေါ်လာ ၆၀ ခန့်ဈေးနှုန်း Philips ကုမ္ပဏီက ဒေါ်လာ ၂၀ ခန့် ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေး သွားမည်ဖြစ်သည်။

ထူးထူးခြားခြားပုံနှင့် ဟာသပုံများ


                                                             အနားကပ်ရဲကပ်ကြည့် :P

မလေးရှားနိုင်ငံမှ ဆန္ဒပြပွဲ ရုပ်သံ နှင့် ဓာတ်ပုံများ

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/s720x720/306102_357054791008244_132309263482799_923953_178354687_n.jpg

မလေးရှားနိုင်ငံမှ ဆန္ဒပြပွဲ ရုပ်သံ နှင့် ဓာတ်ပုံများ

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-ash3/579072_357060037674386_132309263482799_923970_1795405431_n.jpg

ဆိုင်ကယ်စီးရင် သတိထားပါ......

စိတ်မကောင်းစရာပါပဲ24.4.2012နေ့ နေ့ လည်2နာရီလောက်ကတောင်ကုတ်မြို့ ကို
  အမ်းဖက်က၀င်တဲ့ကိုင်းရှည်ဖက်ကအ၀င်ဂိတ်နားမှာဆိုင်ကယ်နဲ့ ကားနဲ့ တိုက်လို့ 
လူငယ်တစ်ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်ဗျာ။လူငယ်တွေဆိုင်ကယ်တွေကားတွေကို
ဆင်ဆင်ခြင်ခြင်စီးကြစေချင်တယ်ဗျာ။
facebook မှ ပြန်လည်မျှဝေပါသည်။ 

Friday, 27 April 2012

အထူးသတင်း (မလေးရှား) မြန်မာများ မလေးရှားကွာလာလမ်ပူမြို့သို့ မနက်ဖြန် ၂၈.၄.၂၀၁၁ စနေနေ့ မသွားကြရန်

အထူးသတင်း (မလေးရှား) မြန်မာများ မလေးရှားကွာလာလမ်ပူမြို့သို့ မနက်ဖြန် ၂၈.၄.၂၀၁၁ စ...နေနေ့ မသွားကြရန်  ၂၈.၄.၂၀၁၂ မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ မာဒေးကားကွင်း (မြန်မာဆိုင်များပတ်ဝန်ကျင်) တစ်လျှောက် တွင် မလေးရှားအစိုးရ အတိုက်ခံပါတီများမှ

မျက်နှာ တစ်ပြင်လုံးပျက်ဆီးသွားသော ကလေးငယ် ခွဲစိတ်ရန် ငွေကြေးလိုအပ်နေ

မျက်နှာ ပျက်စီးသွားသော ကလေးငယ်နေ့စဉ်နဲ့ အမျှ ဆိုသလို ရှင်သန် လှုပ် ရှားနေရ လျက်ရှိတဲ့ လူမှု ဘဝတွေမှာ တစ် ဦးနဲ့ တစ်ဦး ပေါင်းသင်း ပြောဆို ဆက်ဆံ ကာ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအ ကြောင်းအရာတွေကို ရင်ဆိုင်ဖြေရှင်းနေ ကြရပါတယ်။ ဒီလိုဆက်ဆံကြရာမှာချို သာတဲ့မျက်နှာထားတွေကို အပြုံးတွေ ဆင်မြန်းရင်း ပြောဆိုမှသာလျှင်ပိုမိုအ ဆင်ပြေချောမွေ့နိုင်ပါလိမ့်မယ်။ ဈေး ကွက် မြှင့်တင်ရေးလုပ်ငန်းတွေမှာကြည့် မယ်ဆိုရင် မျက်နှာ အပြုံးလှလှပိုင် ဆိုင်ထားသူတွေ အများစုကသာတာဝန် ယူနေကြပြီး ဝယ်ယူသူတွေအနေနဲ့ လည်း စိတ်ချမ်းသာမှုရစေတာပါ။ ဒါ ကြောင့်စပါးလုံး တစ်ထောက်စာလို့ ဆို ကြပေမယ့် အဲဒီစပါးလုံးတစ်ထောက် စာမျက်နှာရဲ့ ချောမွေ့ပြေပြစ်မှုဟာ လူတစ်ဦးတစ်ယောက်အတွက် ဘဝ တိုး တက်ရေးလမ်းကြောင်းကိုပါ တိုက် ရိုက်သက်ဆိုင်မှုတွေရှိနေတာလို့ ဆိုနိုင် ပါလိမ့်မယ်။

ထိုင်းစွပ်စွဲချက် ဗိုလ်နှုတ်ခမ်းမွေး တုံ့ပြန်



ဗိုလ်ချုပ်စောလားပွယ် နှင့် ခေါင်းဆောင်များ (ဓာတ်ပုံ - DKBA)
ဗိုလ်ချုပ်စောလားပွယ် ခေါ် ဦးနှုတ်ခမ်းမွေးအား မူးယစ်ရာဇာအဖြစ် စွပ်စွဲခြင်းအား လက်မခံနိုင်ကြောင်း သူ၏ ကလို့ထူးဘော ကရင်အမျိုးသား အစည်းအရုံး (KKO) က ယနေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး တုံ့ပြန်လိုက်သည်။

(KKO ယနေ့ ကြေညာချက်)

စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ "ခြားနားခွန်" ပြသနာ --------------------------------------------------


"ခြားနားခွန်" ပြသနာသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ပြီးသူများ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးတွင် Passport စာအုပ် သက်တမ်းတိုးရာ၌ နေ့စဉ်ကြုံတွေ့ ကြားသိနေရသော ပြသနာကြီး တရပ်ဖြစ်ပါသည်။

မြန်မာသံရုံးသို့ ထမ်းဆောင်ရသော အခွန်နှုန်းထားများသည် မိမိ ကိုင်ဆောင်ထားတဲ့ ပါမစ်နဲ့သာ ထမ်းဆောင်ရမည်ဟု စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ သတ်မှတ်ထားပါသည်။
ကောက်ခံသော အခွန်ပမာနမှာ အောက်ပါအတိုင်း ဖြစ်သည်။

မလေးရှား ရွှေမြန်မာလမ်းညွှန်စာအုပ် May Day အလုပ်သမားနေ့မှာ ရှိုးပွဲကျင်းပပြီး အခမဲ့ ဖြန့်ဝေမည်

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/306610_283869298367775_100002341215929_617751_132950384_n.jpg

မလေးရှားရောက် မြန်မာများအတွက် မလေးရှားနိုင်ငံတွင် ပထမဦးဆုံး ထုတ်ဝေမည့် ရွှေမြန်မာတိုင်းအတွက် ရွှေမြန်မာလမ်းညွှန်စာအုပ် မကြာမီထွက်မည် ဖြစ်ကြောင်း သိရှိရပါသည်။ ရွှေမြန်မာလမ်းညွှန်စာအုပ်လေးထဲမှာ မလေးရှားမှာ ဘယ်နေရာသွားသွား မြန်မာဆိုင်ရှိတယ်ဆိုတာ သိစေချင်တယ်။ ဘယ်နေရာမှာမြန်မာ ဆေးခန်းရှိတယ် ဘယ်လိုအဖွဲ့အစည်းတွေ ဘယ်နေရာမှာရှိနေတယ်။

ထူးထူးခြားခြားပုံနှင့် ဟာသပုံများ

ထူးအယ်လင်း - အချစ်လို့ခေါ်သလား

ထူးအယ်လင်း - အချစ်လို့ခေါ်သလား ဆိုတဲ့သီးချင်းလေးကအသဲကွဲသမားတွေအတွက်တော့ကွက်တိဘဲဂျာ....နားဆင်သွားပါနော်...

မွေးကင်းစ ကလေးများတွင် ဘက်တီးရီးယား ရောဂါပိုး များကြောင့် မျက်ကြည်လွှာ ရောင်ရမ်းနာ ရောဂါ ဖြစ်ပွားနိုင်

ကျန်းမာရေး ဦးစီးဌာန၊ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါနဲ့ ကာလသား ရောဂါ ကာကွယ် တိုက်ဖျက်ရေး စီမံချက်မှ ပြောကြားချက် အရ မွေးကင်းစ ကလေးများမှာ
ဂနိုရီးယား ရောဂါပိုးနဲ့ ကလာမိုင်းဒီးယား ဟုခေါ်တဲ့ ဘက်တီးရီးယား ရောဂါပိုး များကြောင့် မျက်ကြည်လွှာ ရောင်ရမ်းနာ ရောဂါဖြစ်ပွား နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ ရောဂါရဲ့ လက္ခဏာတွေ ဟာကတော့ မွေးကင်းစ ကလေး မျက်လုံးများ နီရဲနေခြင်း၊

အသက်(၁၀)နှစ်အရွယ် ကိုလံဘီယာ တိုင်းရင်းသူတစ်ဦး အံ့ဩဖွယ် ကလေးမီးဖွား


အသက်(၁၀)နှစ်အရွယ် ကိုလံဘီယာ တိုင်းရင်းသူတစ်ဦး အံ့ဩဖွယ် ကလေးမီးဖွား လူစိတ်မရှိတဲ့ လူတွေများ ပြားလာတဲ့ ကမ္ဘာကြီးနဲ့ လူ့ပတ်ဝန်း ကျင်ဟာ တစ်စစ ပျက်စီးနေ ပါပြီ။ ယောကျာ်း ကလည်း ယောကျာ်းပီသ တဲ့ စိတ်၊ မိန်းမကလည်း မိန်းမပီသ တဲ့စိတ် မရှိကြတော့ ပါဘူး။ အားလုံး

အော်ရန်ဂူတန် မျောက်ဝံများ တိရစ္ဆာန်ရုံ တစ်ရုံနှင့်တစ်ရုံ iPad သုံးပြီး ဗီဒီယို စကားတွတ်ထိုးမှု Video Chatting လုပ်နိုင်ပြီ




အော်ရန်ဂူတန် မျောက်ဝံများ တိရစ္ဆာန် တစ်ရုံနှင့်တစ်ရုံ အက်ပဲလ်၏ သင်ပုန်းကွန်ပျူတာ iPad သုံးပြီး ဗီဒီယိုစကားတွတ်ထိုးမှု Video Chatting ပြုလုပ်နိုင်ကြပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်အခြေစိုက် Orangutan Outreach အဖွဲ့က ယင်းအစီအစဉ်ကို

ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး

မဲဆောက်မြို့ရပ်နေမနွယ်နွယ်သည်(၇-၄-၁၂)ရက် နံနက်(၄)နာရီခန့်တွင် PVA ရုံးသို့လာရောက်ခဲ့ပြီး မိမိအားကိုယ်ထိလက်ရောက်စော်ကားနာကျင်စေခဲ့သောထိုင်းလူမျိုးသမြှောင်ဆိုသူအားအရေးယူပေးပါရန်
တင်ပြအကူအညီတောင်းခံခဲ့ပါသည်။အကြောင်းစုံကိုမေးမြန်းရာတွင်မနွယ်နွယ်မှာရှမ်းလူမျိုး အထစ်နှင့်
အကြင်လင်မယားအဖြစ်ပေါင်းသင်းခဲ့သည်မှာ(၅)နှစ်ရှိပြီဖြစ်ကြောင်း

ရန်ကုန်းတိုင်းဒေသကြီးအတွင်းရှိ မီတာဖတ်ဝန်ထမ်း၇၅ဦးတာဝန်မှရပ်စဲခံရ


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦးကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က မကြာသေးမီ ရက်ပိုင်းတွင်  တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရသည်။ ယင်းသို့ တာဝန်မှ ရပ်စဲခံရသည့် ၇၅ ဦးတွင် ၄၄ ဦးမှာ အမြဲတန်းဝန်ထမ်း ဖြစ်ပြီး ၃၁ ဦးမှာ နေ့စားဝန်ထမ်းများဖြစ်ကာ ယင်းတို့ကို မီတာကောက်ခံရာတွင် ငွေပိုကောက်ခံခြင်း များပြုလုပ်သည် ဟုဆိုကာ ယခုကဲ့သို့ တာဝန်မှ ရပ်စဲ ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးထံမှ သိရသည်။

မဲဆောက်မြို့လယ် လူသတ်မှု သတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံများ - ဧရာဝတီ

မနေ့တုန်းက ရတနာကုန်သည် စောစံငြိမ်း ဆိုသူ မဲဆောက်မြို့လယ်ခေါင်က နေအိမ်မှာ သတ်ဖြတ်ခံရပြီး၊ ဒီအမှု ကျူးလွန်သူတွေကို ဖမ်းမိထားတယ်လို့ မဲဆောက်မြို့ ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။
မဲဆောက်ရဲက ဒီနေ့မှာဘဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပြစ်မှုကျူးလွန်သူ ၂ ဦး ဆိုသူကိုလည်း ပြသခဲ့ပါတယ်။

လူပြောများနေတဲ့ မိုးကျရွှေကိုယ်

၂၀၀၇ သံဃာ့လှုပ်ရှားမှုကို ချေမှုန်းစဉ်က ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံနဲ့ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လွှတ်တော်တက် မိုးကျရွှေကိုယ်များ မှတ်တမ်းဓာတ်ပုံ
ဒီပုံက ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း Facebook မှာ လူပြောများနေတဲ့ပုံ ဖြစ်ပါတယ်။

ဒီလူကြီး ရာထူးတက်သွား၊ ဆံပင်ပိုမည်း၊ အသားပိုလတ်သွားတယ်လို့ မှတ်ချက်ပြုနေကြပါပြီ။

Sithu Linn at The Irrawaddy's Blog

မိမိ Desktop ကို Wallpaper Automatic ပြောင်းပေးတဲ့ Software


ဒါကတော့ Wallpaper အလှကြိုက်သူများ အတွက်ပါ သူကတော့ Wallpaper ကိုယ်တိုင်ပြောင်းစရာ
မလိုပါဘူး မိမိနှစ်သက်တဲ့ Wallpaper များကို auto ပြောင်းပေးပါတယ် . ကိုယ်ကြိုက်တဲ့ Wallpaper ပုံတွေ ကိုဖိုင်တစ်ခုထဲမှာ ထည့်လိုက်ပါ ပြီးရင် အခုပေးထားတဲ့ ဆော့လ်ဝဲ လေးကို install လုပ်လိုက်ပါ။ အခုတင်ပေးတဲ့ program လေးကို ဖွင့်ပြီး

Thursday, 26 April 2012

၂သိန်းနှင့်တန်အောင်လော

လက်ရှိချထားပေးသော ၂သိန်းတန်GSM ဖုန်းများမှာ ပေးရသည့် ငွေနှင့်ပင် မတန်အောင်လိုင်းများ မကောင်းခြင်း မကြာခဏ ပြတ်တောက်နေသည်
အစိုးရမှကြေငြာထားသကဲ့သို့ ည ၁၁နာရီမှ မနက်၇နာရီအတွင်းဖုန်းခေါ်ဆိုပါက

မန္တလေးမြို့တွင် ဆိုင်ကယ်စီးကျွမ်းကျင်သော ဆိုင်ကယ်နှင့် အပိုပစ္စည်းခိုးသူကို မန်းလူထုကဆိုင်ကယ်များဖြင့် ပိတ်ဆို့ဖမ်းဆီး


ရဲတပ်ဖွဲ့နယ်ထိန်းများက ခိုးသူအား ဖမ်းဆီးခေါ်ဆောင်သွားစဉ်

မန္တလေးမြို့တွင် အင်တာနက်ဆိုင်များကို အဓိကပစ်မှတ်ထား၍ ဆိုင်ကယ်နှင့်အပိုပစ္စည်းများ၊ ဆိုင်ကယ်စီးဦးထုပ်များကို ဂိုဏ်းဖွဲ့ခိုးယူသူများအနက်မှ တစ်ဦးဟုယူဆရသူကို ယမန်နေ့ နေ့လည် ၁ နာရီခန့်က မြို့ခံများက၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။

Wednesday, 25 April 2012

နှစ်သိန်း ဖုန်းများ သတ်မှတ်ဈေးထက် တင်ရောင်းပါက မြန်မာ့ဆက်သွယ်ရေးက အရေးယူမည်



မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္မဏီများ ပူးပေါင်း၍ ယခုလမှ စတင်ကာ ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးသည့် GSM ဖုန်းများကို ဈေးတင် ရောင်းပါက
အရေးယူမှုများ ပြုလုပ်သွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အကြောင်းကြား ထားကြောင်း ယင်းဖုန်းကတ်များ ဖြန့်ဖြူးနေသည့် E-lite ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။

ယင်းကဲသို့ အကြောင်းကြားထားသည် ဆိုသည်မှာ မှန်ကန်ပါကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။
"သတ်မှတ်ဈေး အတိုင်း ရောင်းရမှာပေါ့၊ ဆက်သွယ်ရေး ပစ္စည်းကို ဈေးတင် ရောင်းလို့မရဘူး၊ ဥပဒေတွေ ရှိတယ်" ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားပြီး ဖုန်းရောင်းသည့်

၁၈ နှစ် ပြည့်တော့မယ် ၀ါဆိုမိုးဦး

အခုတလော မြန်မာ မော်ဒယ် သရုပ်ဆောင်လောကမှာ လူသိများလာသူလေးကတော့ ၀ါဆိုမိုးဦး ဆိုတဲ့ သူလေးပါ။ ရုပ်ရှင်ရိုက်ကွင်းတွေ၊ ကြော်ငြာရိုက်ကွင်းတွေနဲ့ မအားမလပ်ပါဘူး တဲ့။
Related Posts Plugin for WordPress, Blogger...