ဧဒင်အချစ်ပုံပြင်: June 2012
Saturday, 30 June 2012
ဒေါ်အောင်ဆန်းစုကြည်နှင့် ယာဉ်တန်းအား အသရေဖျက်ဆီးရန်ကြိုးစား
"ကုလားမယား အောင်ဆန်းစုကြည်" စာတန်းအား ကိုင်ဆောင်ထားပြီး မင်္ဂလာဒုံလေဆိပ် မြို့ အ၀င်ဆိုင်းဘုတ် နားတွင် တဖွဲ့  ၊ ရှစ်မိုင် လမ်းဆုံ မှတ်တိုင် အနားတွင် တဖွဲ့ မှ အဆိုပါ စာတန်းအား ကိုင်ဆောင်ပြသ
လေဆိပ်မှ နေအိမ်သို့  ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ယာဉ်တန်းအား အသရေဖျက်ဆီးရန်ကြိုးစားခဲ့သည် ။
မိခင်က Online မှာ Chatting ဝင်ပြီး ကလေးငယ်နာဖျားမှု လျစ်လျူရှုလို့ သေဆုံးသွားသည့် (၁၉)လသား
ဂျပန်နိုင်ငံရှိ အသက်(၂၉)နှစ်အရွယ် မိခင်တစ်ဦးဟာ သူမရဲ့ (၁၉)လသားအရွယ် သားလေး ဖျားနေတာကို ဇွန်လ(၂၄)ရက်နေ့ မွန်းလွဲချိန်တွင် သိထားခဲ့ပေမယ့် ကလေးကို အိပ်ယာပေါ်တွင် လှဲအိပ်စေကာ သူမကတော့ Online မှာ Chatting ဝင် စကားပြောနေခဲ့ရာမှ နောက်တစ်နေ့ မနက်အစောပိုင်း (၂)နာရီလောက်တွင် အသက်မရှိတော့သော ကလေး၏ အလောင်းအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ဖျားနေတဲ့ကလေးကို ပြုစုစောင့်ရှောက်မှုမရှိဘဲ လျစ်လျူရှု ပစ်ထားတဲ့အတွက် ကလေးငယ်သေဆုံးမှု ဖြစ်ပေါ်စေခဲ့တယ်လို့ သံသယရှိသောကြောင့် ကလေး၏မိခင်ကို
ကြာသပတေးနေ့တွင် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုအမျိုးသမီးဟာ သူမ၏ ပထမကလေးကို မွေးဖွားပြီး ရက်အနည်းငယ်အကြာတွင် ဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်ကာ ဒုတိယသားကိုလည်း နေအိမ် balcony မှ ပြုတ်ကျသေဆုံးသွားခဲ့လို့
မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ပြည်တော်ပြန်မှာ ထိုင်း စိုးရိမ်
မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ နှစ်အနည်းငယ်အတွင်းမှာ ပြည်တော် ပြန်သွားနိုင်တာကြောင့် လိုအပ်လာမယ့် အလုပ်သမား အခက်အခဲတွေအတွက် အမြန်ဆုံး ကြိုတင်ပြင်ဆင်ကြဖို့ လိုတယ်လို့ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ Trang ခရိုင်စက်မှုဇုန် ဥက္ကဋ္ဌ Withee Supitak က ဇွန်လ ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တခုမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ (ဓာတ်ပုံ – ဧရာဝတီ)
ပြီးခဲ့တဲ့ မေလက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့  ထိုင်းနိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်းမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို တွေ့ဆုံခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာတွေ အမိမြေကို လာမယ့်နှစ် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ပြန်လာနိုင်ပြီး အလုပ် လုပ်နိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လုပ်ပေးနိုင် လိမ့်မယ်လို့ Mr. Withee Supitak က ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆို ထားပါတယ်။
ထိုင်းအမျိုးသမီး(၂)ဦးတို့သည် စိတ်ကြွဆေးပြား ( ၂၅၀၀ )အား မြန်မာ-ထိုင်း နယ်စပ်မှ သယ်ဆောင်လာဟုဆို
ထိုင်းနိုင်ငံ ချင်းလိုင်းခရိုင် မယ်ကျန်း၊ ဒုဗိုလ်မှူးကြီး ယုတ္ထကော် ထမ္မ၀ှန်းသည် ချင်းလိုင်း-မယ်ကျန်း လမ်းတစ်လျှောက်မူးယစ်ဆေးဝါး သယ်ဆောင်လာမည်ဟုသော သတင်းရရှိထားကြောင်းကို စစ်ဆေးရေးဂိတ်များသို့ အထူးကြီးကြပ်စစ်ဆေးရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုသို့အထူးစစ်ဆေးရန် အမိန့်ထုတ်ပြန်ထားသည်ဖြစ်ရာ ၂၉.၆.၂၀၁၂ ရက်နေ့ နံနက် (၈)နာရီတွင် မယ်ကျန်းရပ်ကွက် ကျူထပ်ရန်နတ်ဆင်ရှေ့၌ ထိုင်းနိုင်ငံသူများဖြစ်ကြသော အသက်( ၂၁ )နှစ်အရွယ် မနန်းစူဖတ်သလာချေမူ ဆိုသူနှင့် အသက်( ၁၉ )နှစ်အရွယ် မနန်းဝိမုန် ဆန်ကျောက်တို့သည်
Paris singer wish to Dow Suu (ရုပ်/သံ)
ပါရီမြို့ က စိန့်မြစ်ကမ်းနဘေးမှာ ကိုယ်ပိုင် စတိတ်ရှိုး သဘောင်္ပေါ်မှ အမေစု ကြားပါစေ ။
အောင်မြင်ပါစေလို့  သီချင်းလေးနဲ့ ဆုတောင်းပေးနေတဲ့ ပါရီမြို့ က နာမည်ကြီး အဆိုတော် တဦး ။
ATM ဖောက်ဖို့ ကြိုးစားတယ် ဆိုတဲ့ ဗြိတိသျှ နှစ်ဦး ထိုင်းမှာ အဖမ်းခံရ
Alexander Milbourn, 25, and Shaun Edward Tracy, 34
(ဓာတ်ပုံ -Jerdsak Saengthongcharoen)
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ဘက်မှာ ဗြိတိသျှ လူမျိုး ၂ ယောက်တို့ဟာ ဟောလီဝုဒ် ရုပ်ရှင် Fast Five ထဲကလို ထိုင်း ဘဏ် ၃ ခုရဲ့ ATM စက်တွေကနေ ငွေခိုးယူဖို့ ကြိုးစားမှုနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က သောကြာနေ့ မှာ ပြောလိုက်ပါတယ်။
သူတို့ ၂ ဦးကတော့ အက်လက်ဇန္ဒြား မီလ်ဘွန်း ( ၂၅ - နှစ်) နဲ့ ရှောင် အက်ဒ၀ါ့ဒ် ထရေ့စီ ( ၃၄ -နှစ်) ဆိုတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးပါဘဲ။
Julian Beever ရဲ့ လမ်းပေါ်က 3D ပန်းချီ....
၂၀၁၂ - ခု ဇူလိုင်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း
တနင်္ဂနွေသားသမီးများအတွက်
ဒီလအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန် ပစ္စည်းတွေတအားရွှင်မယ်။ ကား၊ ကျောက် ၊ ကွန်ပြူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။ သူတစ်ပါး မနာလိုဖြစ်လောက်အောင် စီးပွားတက် အောင်မြင်မယ့် ကိန်းမျိုးဖြစ်ပါတယ်။ တမင် ရန်စနှောက် ယှက်တာ
ဇူလိုင်လ (၁)ရက်နေ့ မှ ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် ......
Photo: ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ်(၁) အဆန် ရန်ကုန် - မန္တလေးစာပို့  ၊ အမှတ် (၉) အဆန် ရန်ကုန်ပျဉ်းမနားရွှေညောင်၊ အမှတ်(၁၃) အဆန် ရန်ကုန်-ပဲခူး ၊ အမှတ်(၇၀) အဆန် ရန်ကုန်လှေလှော်အင်း ရထားများ၏ ရိုးရိုးတန်း လက်မှတ်ရုံ များကို ယခင်အမှတ် ၄/၅ စင်္ကြန် ၌ ရောင်းချပေးခဲ့ပြီး ဇူလိုင်လ (၁)ရက်နေ့ မှ စတင်၍  အမှတ်(၁) အဆန်နှင့် အမှတ်(၉) အဆန်တို့ ကို ရန်ကုန်ဘူတာကြီး အထက်တန်း ဆင်ဝင် အမှတ်(၂) အောက်ရှိ ရိုးရိုးတန်း လက်ကျန်လက်မှတ်ရုံနှင့် အမှတ်(၇၀) အဆန်နှင့် အမှတ်(၁၃) အဆန်တို့ ၏ ရိုးရိုးတန်း လက်မှတ်များကို ရန်ကုန်ဘူတာကြီး ရိုးရိုးတန်းဆင်ဝင် အမှတ် (၁) ထောင့်ရှိ လက်မှတ်ပေါက်များတွင် ယခင် ရောင်းချပေးသော အချိန်အတိုင်း နေရာပြောင်းလဲ ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန့်မာမီးရထားမှ သိရသည်။
 နေရာပြောင်းရွှေ့ မည့် ရန်ကုန်ဘူတာကြီး အထက်တန်း ဆင်ဝင် အမှတ်(၂) အောက်ရှိ ရိုးရိုးတန်း လက်ကျန်လက်မှတ်ရုံရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ်(၁) အဆန် ရန်ကုန် - မန္တလေးစာပို့  ၊ အမှတ် (၉) အဆန် ရန်ကုန်ပျဉ်းမနားရွှေညောင်၊ အမှတ်(၁၃) အဆန် ရန်ကုန်-ပဲခူး ၊ အမှတ်(၇၀) အဆန် ရန်ကုန်လှေလှော်အင်း ရထားများ၏ ရိုးရိုးတန်း လက်မှတ်ရုံ များကို ယခင်အမှတ် ၄/၅ စင်္ကြန် ၌ ရောင်းချပေးခဲ့ပြီး ဇူလိုင်လ (၁)ရက်နေ့ မှ စတင်၍ အမှတ်(၁) အဆန်နှင့် အမှတ်(၉) အဆန်တို့ ကို ရန်ကုန်ဘူတာကြီး အထက်တန်း ဆင်ဝင် အမှတ်(၂) အောက်ရှိ ရိုးရိုးတန်း လက်ကျန်လက်မှတ်ရုံနှင့် အမှတ်(၇၀) အဆန်နှင့် အမှတ်(၁၃) အဆန်တို့ ၏ ရိုးရိုးတန်း လက်မှတ်များကို ရန်ကုန်ဘူတာကြီး ရိုးရိုးတန်းဆင်ဝင် အမှတ် (၁) ထောင့်ရှိ လက်မှတ်ပေါက်များတွင် ယခင် ရောင်းချပေးသော
စက်ရုပ်များဖြင့် ၀န်ဆောင်မှုပေးနေသည့် တရုတ်စားသောက်ဆိုင်
တရုတ်နိုင်ငံ ဟာပင်မြို့တွင် စားသုံးသူများအား ကျေနပ်နှစ်သိမ့်မှုများ ရရှိစေရန် စက်ရုပ် (၁၈)မျိုးဖြင့် ၀န်ဆောင်မှုပေးသော စားသောက်ဆိုင်တစ်ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။ ၄င်းစားသောက်ဆိုင်တွင် စက်ရုပ်အမျိုးအစား ၁၈ မျိုးရှိပြီး ဧည့်ကြိုသူ၊ စားပွဲထိုးသူနှင့် ချက်ပြုတ်ရေး ဖျော်ဖြေရေး စသည့် လုပ်ငန်းဆောင်တာများအားလုံးကို အဆိုပါ စက်ရုပ်များက စွမ်းဆောင်ပေးနေခြင်းဖြစ်သည်။ စားသုံးသူများ အနေဖြင့် ၄င်းဆိုင်သို့ ရောက်ရှိလာပါက ဧည့်ကြိုစက်ရုပ်မှ လက်ကို ဆန့်တန်း၍ ဟန်ပါသော အမူအယာဖြင့် စားသောက်ဆိုင်မှ ကြိုဆိုကြောင်း နှုတ်ခွန်းဆက်သသည်ဟု သိရသည်။ အစားအသောက်များ မှာကြားပြီးပါက
မော်တော်ကားဝယ်ယူခွင့် ပါမစ်ရအောင် ငွေကျပ် ၅၂ သိန်း လိမ်လည် ရယူမှု ဖြစ်ပွား
လွိုင်ကော်မြို့၊ ရှမ်းစုရပ်ကွက်ရှိ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးထံမှ တည်းခိုခန်းတွင် လာရောက်တည်းခိုသူ ဧည့်သည်အမျိုးသမီးက မော်တော်ကား ဝယ်ယူခွင့် ပါမစ်ရရှိအောင် ပြုလုပ်ပေးမည်ဆိုကာ ငွေကျပ် ၅၂ သိန်းကို လိမ်လည်  ရယူသွားသည်ဆိုသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နှစ် ဇူလိုင် ၅ ရက်တွင် လွိုင်ကော်မြို့၊ ရှမ်းစုရပ်ကွက်ရှိ ဝင်းနားပဲလေ့စ် တည်းခိုခန်းသို့ လာရောက် တည်းခိုသော ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ ဒေါ်အေးသီတာနိုင် (ခ) ဒေါ်အိသက်ထား (၃၉) နှစ်က ၎င်းသည် မော်တော်ကား ဝယ်ယူခွင့်ပါမစ်
တရုတ်ထောင်၌ မြန်မာတသောင်းခန့် ထောင်ကျနေ
တရုတ် - မြန်မာ နယ်စပ် ရွှေလီမြို့ အလွန် တရုတ်အကျဉ်းထောင်တခု၌ မြန်မာနိုင်ငံသား တစ်သောင်း ထက်မနည်းအကျဉ်းကျနေကြောင်း - အဆိုပါထောင်မှ လွတ်မြောက်လာသူတဦးက ပြောပါသည်။
“အဲဒီမှာ ထောင်ကျနေတာ မြန်မာပြည်က လူမျိုးပေါင်းစုံဘဲ၊ တစ်သောင်းလောက်ရှိမယ်။ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ မန္တလေး၊ မိတ္ထီလာ၊ သီပေါ၊ ကျောက်မဲ၊ မန်တုံ၊ မူစယ်၊ နမ့်ခမ်း ဘက်ကကောဘဲ၊ ကျယ်ဂေါင်၊ ရွှေလီ က ဖမ်းမိတဲ့သူတွေ အဲဒီအထဲမှာဘဲ” - ဟု ထောင်ကျခဲ့တူ အေဘီးက ပြောပါသည်။
ဂျွန်လအတွင်း ကျယ်ဂေါင်၊ ရွှေလီ၊ စန့်ဟောင်၊ မန်စီဘက် သွားလာရောင်းဝယ် အလုပ်လုပ်သည့် မြန်မာ အလုပ်သမားများ အား တရုတ်အာဏာပိုင်များ ဆက်တိုက်ဖမ်းဆီးပြီး အကျဉ်းချထားကြောင်း၊ တနာရီ အတွင်း အာမခံမည့်လူမရှိက အကျဉ်းထောင်သို့ ပို့ဆောင်ကြောင်း၊ ယခုလအတွင်းဖမ်းမိသူ မြန်မာနိုင်ငံ သား တစ်သောင်းခန့် ရှိကြောင်း၊ တရုတ်လူမျိုးရာဇဝတ်အကျဉ်သားများနှင့် သီးခြားစီထားရှိကြောင်း လွတ်မြောက် လာသူများက ပြောပါသည်။
"တာလီဘန်တားမြစ်ချက်ကို ငြင်းဆန်၍ အာဖဂန် အဆိုတော် လုပ်ကြံခံရ"
တာလီဘန်များ၏ တေးဂီတနှင့်ပတ်သက်သော တားမြစ်ချက် များကို လိုက်နာရန် ငြင်းဆန်ခဲ့သည့် အာဖဂန်ပေါ့စတား အဆိုတော် တစ်ဦးသည် ဇွန်လ ၁၈ ရက် ညဘက်အလှပြင်ဆိုင်မှ အပြန်တွင် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ် ပါကစ္စတန် အဆိုတော် ဂါဇာလာဂျာဗက်သည် အလှပြင်ဆိုင်မှ ကားဖြင့်အပြန် သေနတ်သမားများက ဆိုင်ကယ်ဖြင့် လိုက်လံ ပစ်ခတ်ခံရခြင်းဖြစ်သည်။ လုပ်ကြံခံရချိန်တွင် ၄င်းနှင့်အတူ ကားပေါ် ပါလာသော ဖခင်ဖြစ်သူမှာလည်း သေဆုံးခဲ့ရသည်။
လုပ်ကြံသူ ဖြစ်ဖွယ်ရှိသည်ဟု သံသယရှိသူ တစ်ဦးမှာ သူမ၏ ခင်ပွန်းဟောင်း ဖြစ်ပြီး ၄င်းတွင် သူမအပြင်
Friday, 29 June 2012
ဒုတိယစီးရီးထွက်ဖို့ စိုင်းပြင်းနေတဲ့ အေသင်ချိုဆွေ
ဒုတိယစီးရီးထွက်ဖို့ စိုင်းပြင်းနေတဲ့ အေသင်ချိုဆွေ
အေသင်ချိုဆွေက သူမ၏ ဒုတိယတေးအယ်လ်ဘမ်ကို အောက်တိုဘာလတွင် ထွက်ရှိနိုင်ရန် စီစဉ်နေပြီး ထွက်ရှိပြီးသော အမှတ်တရစီးရီးဖြစ်သည့် “အနီးဆုံးလူ..နမ်းပါ” ဗီစီဒီကိုမူ လတ်တလော ထွက်ရှိနိုင်ခြင်း မရှိသေးကြောင်း အေသင်ချိုဆွေကပြောသည်။
  အေသင်ချိုဆွေက ဒုတိယစီးရီး “မောင့်လက်ဖဝါး” ဟု ယာယီပေးထားပြီး
မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်က ဗုံးတစ်လုံးပေါက်ကွဲ၊ လူတစ်ဦးသေဆုံးခဲ့ကြောင်းသိရ
Myt2
ဗုံးပေါက်ကွဲမှုဖြစ်ပွာခဲ့သည့် နေရာအား တွေ့မြင်ရစဉ်
မြစ်ကြီးနားမြို့၊ မိုးလုံလေလုံ အားကစားကွင်းအနောက်ဘက် လ၀ကရုံးလမ်း စမားဒူးဝါးဆင်ဝါးနောင် အုတ်ဂူ နောက်ကျောလမ်းကြားတွင် ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပြင်းအား အသင့်အတင့်ရှိ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ဖေါက်ခွဲသူကိုယ်တိုင် ညာလက်ပြတ်၊ မျက်နှာတစ်ခုလုံး ပျက်စီးကာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ 
မြို့ပတ်ရထားများတွင် ဖိုင်ဘာထိုင်ခုံ ပြောင်းတပ်မည်
မြို့ပတ် ရထား များတွင် ဖိုင်ဘာထိုင်ခုံ ပြောင်းလဲ တပ်ဆင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း မြန်မာ့ မီးရထား တိုင်းအမှတ်(၇)မှ မန်နေဂျာ ဦးသိန်းနိုင်က ပြောသည်။“ခရီးသည်တွေ သက်သောင့် သက်သာ ရှိမရှိနဲ့ အစားထိုးမယ့် ခုံတွေက ခိုင်ခန့်မှု ရှိမရှိ လက်တွေ့ တပ်ဆင်ပြီး စမ်းသပ်နေပါတယ်”ဟု ၄င်းကပြောသည်။ ဖိုင်ဘာခုံ စမ်းသပ်တပ်ဆင် ခြင်းကို မြို့ပတ်ရထားတစ်စင်း၏ တွဲတစ်တွဲပေါ် တပ်ဆင်ထားပြီးဖြစ် ပြီး ခရီးသည်များအား လက်တွေ့ ကွင်းဆင်းမေးမြန်းမှု ရလဒ်အပေါ် မူတည်၍ ဆက်လက်လုပ်ကိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
“ခရီးသည်အပိုင်းကလည်း ရေ ရှည်သုံးလို့ရအောင်ဝိုင်းဝန်းစောင့် ရှောက်ဖို့လိုပါတယ်။ သုံးစွဲသူ စည်း ကမ်းမရှိရင်ဘယ်လောက်ခိုင်ခန့် ကောင်းမွန်နေပါစေပျက်စီးတာပဲလေ” ဟု
အတုတွေ ပေါတဲ့ ခေတ်မှာ
ဓာတ်ပုံ- Funny world's facebook
ဒီခေတ်က အတုတွေပေါတယ်လေ.... ကိုယ်ရောင်းတဲ့သရက်သီးတော့ အတုလို့ပြောခံနိုင်ပေါင်... အပင်လိုက်ကို ခုတ်သယ်လာခဲ့တယ်.. တဲ့။ ဖေ့စ်ဘုတ်ပေါ်က တွေ့ရတဲ့ သရက်သီး ရောင်းသူတဦးရဲ့ အိုင်ဒီယာပါ။ အတုတွေ ပေါတဲ့ ခေတ်မှာ အစစ်တွေ နေရာပျောက်မှာစိုးလို့ လုပ်ဟန်တူပါတယ်။
ဘုန်းကြီးကျောင်းတွေကိုသင်ဖြူးဖျာယက်လုပ်လှူတန်း (ရုပ်သံ)
Weaving Mat for Monasteries.
ဖေ့ စ်ဘွတ်မှာတင်ထားကြတဲ့ ကမ္ဘာကျော်ရုပ်ရှင်တစ်ခုထဲက ဗီဒီယိုကလစ်အတို
အခုတစ်လော ဖေ့ စ်ဘွတ်မှာတင်ထားကြတဲ့ ကမ္ဘာကျော်ရုပ်ရှင်တစ်ခုထဲက ဗီဒီယိုကလစ်အတို
လေးပါ...
ဇတ်လမ်းကတော့ အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးကို နောက်ထပ်ဇနီးမယားအဖြစ်
ထပ်မံပေါင်းသင်းနေထိုင်ချင်တဲ့ ယောကျာင်္းတစ်ယောက်နှင့် ကွာရှင်းပြတ်စဲချင်တဲ့ သမီးလေး ၂
Thursday, 28 June 2012
လိင်အင်္ဂါ ၂ ခုနဲ့ နေပြည်တော်က လူသား
ဓာတ်ပုံ- Saw Lynn Aung's facebook
လူ့လောကမှာ လိင် နဲ့ပတ်သက်ရင် ကျားနဲ့ မ ၂ မျိုးရှိတာ အများစုကြီးပါ။ ဒါပေမယ့် ရှေးစာဆိုတွေအရ လိင်ဟာ ၄ မျိုးရှိပါတယ်။ ကျားလိင်၊ မလိင်၊ လိင်မဲ့ လိင်နဲ့ ဒွိလိင်လို့ ခေါ်တဲ့ လိင် ၂ မျိုးလုံး ပါတဲ့ လိင် ဆိုပြီး ရှိပါတယ်။
အင်တာနက်လိုင်း ၀န်ဆောင်မှုနဲ့ပတ်သက်ပြီး သမ္မတထံ အိတ်ဖွင့်ပေးစာ
ကျွန်တော်များ အင်တာနက်ကဖီး (ခေါ်) Public Access Centre လိုင်စင်ဖြင့် အင်တာနက်ဆိုင် ဖွင့်လှစ်ထားသော ပိုင်ရှင်များမှ သမ္မတကြီးထံ ရိုသေစွာ တင်ပြတိုင်ကြားအပ်ပါသည်။
ကျွန်တော်တို့ အင်တာနက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူ တော်တော်များဟာ Myanmar Teleport, Yatanarpon Teleport, Redlink, ရွှေသံလွင်, မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စသည့်
ရခိုင်အတွက် ရှော့ပင်း စင်တာကြီးများတွင် အနုပညာရှင်များ ကိုယ်တိုင် အလှူခံကြမည်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှုးပြီး ဇွန်လ၂၉၊ ၃ဝရက်နေ့များမှာ ရခိုင်ပြည်နယ် တိုင်းရင်းသား ပြည်သူများ ဖွံ့ဖြိုးရေး ရန်ပုံငွေပဒေသာကပွဲ အနေနဲ့ အမျိုးသားက ဇာတ်ရုံ(မြို့မကျောင်းလမ်း)မှာ ဖျော်ဖြေ ပွဲတစ်ခု ကို ပြုလုပ်သွားမှာဖြစ်ကြောင်းကို ဇွန် ၂၂ရက်နေ့မနက် ၁ဝနာရီ က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ခန်းမမှာ စာနယ်ဇင်း ရှင်းလင်း ပွဲပြုလုပ်ခဲ့ပါတယ်။
အဆိုပါ စာနယ်ဇင်း ရှင်းလင်းပွဲမှာ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြုလုပ်မယ့် ပဒေသာကပွဲနဲ့ ပတ်သက် ပြီး ပြောကြား ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဦးလူမင်းကလည်း
( ၂၈၊၆၊၂၀၁၂) အီဂျစ်မှာ အီဂျစ်လူမျိုးအယောက် ၂၀ လောက်ကစပြီး မြန်မာသံရုံးရှေ့မှာဆန္ဒပြမှုဖြစ်ပွား
by Thiri Grace (Facebook)
ဒီနေ့ ( ၂၈၊၆၊၂၀၁၂) အီဂျစ်မှာ အီဂျစ်လူမျိုးအယောက် ၂၀ လောက်ကစပြီး မြန်မာသံရုံးရှေ့မှာဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်..ဆန္ဒပြရတဲ့ အကြောင်းအရင်းကတော့ မြန်မာပြည်မှာ မွတ်ဆလင်တွေကို မြန်မာအစိုးရနဲ့ မြန်မာလူမျိုးများက နိုင့်ထက်စီးနင်း ဖိနှိပ်ပြီး ယခု အာရကန်နှင့် အရေးအခင်းမှာ မွတ်ဆလင်တွေကို တစ်ဖတ်သတ်ဖိနှိပ်သတ်ဖြတ်နေလို့ဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။
 အယောက် ၂၀ လောက်ကစလိုက်တဲ့ ဆန္ဒပြမှုဟာ အယောက် ၂၀၀ လောက်ထိတိုးပြီး အီဂျစ်ရဲများကပါ ထိမ်းသိမ်းခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ ကြားသိရသလောက်ကတော့ မြန်မာသံရုံးနဲ့ ဆန္ဒပြသူများဘက်မှ ခေါင်းဆောင်အချို့တို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ကြပါတယ်။ မြန်မာသံရုံးဘက်မှ အရေးအခင်းဖြစ်ပွားရခြင်းနဲ့ အခြေအနေတို့ကို ရှင်းပြသော်လည်း ဆန္ဒပြပွဲေ
မရမ်းကုန်း တိုက်ပြိုသည့် နေရာအနီး လူသတ်မှုဖြစ်ပွား
မရမ်းကုန်းမြို့နယ် တိုက်ပြိုကျမှုဖြစ်ပွားရာ ရပ်ကွက်အနီးတွင် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ် ခံရမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ အသတ်ခံရသူမှာ မပိုးပိုးမွန် ဖြစ်ပြီး ၀မ်းဗိုက် လည်ပင်းနှင့်ပေါင်တို့တွင် ထိုးသွင်း ဒဏ်ရာ များဖြင့်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်ပွားခဲ့သည့်နေရာမှာ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် မိသားစုလမ်း အိမ်အမှတ် ၂၅ဘီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့အပါအ၀င် ရန်ကုန်တိုင်းဒေသကြီး ဒုစရိုက် နှိမ်နင်းရေးအဖွဲ့မှ တရားခံကိုဖမ်းမိနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
" ကလေးမလေးက ဒီနေ့ ယမန်နေ့မနက် ၉ နာရီခွဲလောက်က အိမ်ကို တစ်ယေက်တည်း စက်ဘီးစီးပြီးတော့ပြန်လာ တာပါ။ နောက်၄၅မိနစ်လောက်ကြာတော့ သူရဲ့အမေ၊အဖေတွေ ပြန်လာပြီး
တရားမ၀င်ပြည့် တန်ဆာ အိမ်များ ရပ်ကွက်နေ အမျိုးကောင်း သမီးများ အခက်ကြုံ
ပြည်ကြီးတံခွန် မြို့နယ် အတွင်း (ဘ-၃)လူနေ ရပ်ကွက်ရှိ ပြည့်တန်ဆာ လုပ်ငန်း လုပ်သည် အဆောက် အဦးပုံ
မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (ဘ-၃)လူနေရပ်ကွက်များအတွင်း ထင်ထင်ပေါ်ပေါ်ဖွင့်စားနေသော တရားမ၀င်ပြည့်တန်ဆာအိမ်များ မည်သည့်အာဏာပိုင်အဖွဲ့အစည်းမှ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံအချို့၏ ဆက်သွယ်သတင်းပေးချက်အရ စုံစမ်းသိရှိရသည်။
”သိပ်မကြာသေးဘူး ။ ဂျာနယ်တစ်စောင်က ဒီပြည့်တန်ဆာအိမ်တွေကြောင့်…. ရပ်ကွက်ထဲကသမီးရှင်တွေအိမ်ပြောင်းပြေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်း တစ်ပုဒ်ရေးလိုက်တာ တွေ့ လိုက်ရတယ်…..
သန်လျင်မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေ
 လူနှစ်ဦးသေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သော သန်လျင်မြေပြိုကျ မှုသည် ယနေ့(ဇွန်၂၈)ရက်အထိ မိုးသည်း ထန်စွာ ရွာသွန်းနေ မှုကြောင့် မြေပြိုကျမှုများဆက်လက်ဖြစ်ပေါ် နေကြောင်း ရပ်ကွက်နေပြည်သူ များ ထံမှ သိရသည်။သန်လျင်မြို့နယ်၊ ဒါရ်ဂါရပ်ကွက်၊ ကန်သာယာ(၁)လမ်းရှိ ကန်တော်အ ရှေ့တောင်ပေါ်ပိုင်း နေအိမ်များ တွင် ဇွန်(၂၇)ရက် နေ့ခင်း၁၂နာရီကျော် ခန့်ကမိုးဆက်တိုက် ရွာသွန်းမှုကြောင့် တောင်မြေပြို ကျကာ နေအိမ် အတွင်း အိပ်နေသည့် မိသားစုလေး ဦး အနက် ဖခင်နှင့်သမီးဖြစ်သူတို့မှာ မြေပိသေ ဆုံးသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
"Touch Me "( ပွတ်ချင်သူများအတွက်)
ပွတ်ချင်သူများအတွက်ပွတ်ချင်သူများအတွက်ဆိုလို့ တစ်ခြား ဟုတ်ပါဘူး။ အင်ကြင်းပင်ကြီးတွေ နှစ်သန်းပေါင်းများစွာ မြေကြီး အောက်ထဲမှာ နှစ်မြုပ်နေရာကနေ ကျောက်ဖြစ်လာတဲ့ အင်ကြင်းကျောက်ပါ။ ၄င်း အင်ကြင်းကျောက်ကို ထိတွေ့ကိုင်တွယ် ပွတ်သပ်လို့ရှိရင် ကျောက်မှာရှိတဲ့ အစွမ်းသတ္တိကြောင့် အသက်ရှည်ပြီး ကျန်းမာစေတယ်။
Wednesday, 27 June 2012
Humperdinck ရဲ့ ပထမဆုံး မြန်မာနိုင်ငံ Live Show
ဓာတ်ပုံ- The Guardian
ကမ္ဘာကျော် အဆိုတော်ကြီး Engelbert Humperdinck မြန်မာနိုင်ငံမှာ ပထမဆုံး ပြုလုပ်မယ့် Live Show ကို ဇူလိုင် ၁၁ ရက်နေ့ အမျိုးသား က ဇာတ်ရုံကြီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
တေးရေးဆရာ မြင့်မိုးအောင်ကတော့ အခု ဒီအဆိုတော်ကြီးဟာ ပရိသတ်အတွက် အသက်ကြီးနေပြီ လို့ ပြောကောင်းပြောနိုင်ပေမယ့် တကယ့် ဂန္တ၀င် တေးသီချင်းတွေ နှစ်သက်သူများ မလွတ်တမ်း အားပေးသင့်တဲ့ ဂီတပွဲ တခုဖြစ်ပါတယ် တဲ့။
"ရေကြောင်းပညာတက္ကသိုလ် ကျောင်းသားသစ်လက်ခံနှုန်း ၃ဝ ရာခိုင်နှုန်း ခန့် လျှော့ချမည်"
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ယခုနှစ်စာသင်နှစ် အတွက် ကျောင်းသားသစ်များ လက်ခံမှုကို ၃ဝ ရာခိုင်နှုန်းနီးပါး လျှော့ချ သွားမည်ဟု သိရသည်။
နိုင်ငံရှိအသက်မွေးဝမ်းကျောင်း ပညာတက္ကသိုလ်များထဲ၌ တက္ကသိုလ် ဝင်တန်းရမှတ် အမြင့်ဆုံးဖြင့် ဝင်ခွင့်ခေါ်ယူလေ့ရှိသည့် မြန်မာနိုင် ငံရေကြောင်း ပညာတက္ကသိုလ်မှာ ယခင်နှစ်က ၄၅ဝ ဦး ခေါ်ယူခဲ့သော် လည်း ယခုနှစ်အတွက်မူ ၃၂ဝ ဦးသာ ခေါ်ယူမည်ဟု ၄င်း တက္ကသိုလ်မှ သိရသည်။
ပျောက်သွားသော စည်ပင်သာယာပိုင် အမှိုက်ပုံး ရွှေတောင်ကြားတွင် ပြန်လည်တွေ့ရှိ
ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊အ.ထ.က(၂)ဗဟန်းကျောင်းရှေ့တွင်ထားရှိရင်း   ပျောက်ဆုံးသွားသော အဖိုးတန်အမှိုက်ပုံးအသစ်တစ်လုံးအား ရွှေတောင်ကြားလမ်း(၁)ရပ်ကွက်တွင် ဇွန်လ (၂၅)ရက်နေ့က ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အမှိုက်ပုံးမှာဇွန်လ ၁၈ ရက်နေ့ကပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး
နေအိမ်အတွင်း ဝင်၍ အိမ်ရှင်ကိုဓားဖြင့် ထိုးသတ်
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်-ပြည်လမ်း၊ (၃)ရပ်ကွက်၊ မှော်ဘီမြို့နယ် အတွင်း၌ အမည်မသိ အမျိုးသားတစ်ဦးက နေအိမ်အတွင်းဝင်ရောက်ကာ အိမ်ရှင် အမျိုးသား အား ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၉ ရက် နံနက်၁နာရီခွဲတွင် ဒေါ်ခင်ဝင်း (ခ)ဒေါ်ဝင်းသည် ၄င်း၏ အမျိုးသား ၆၅ နှစ်နှင့်အတူနေ အိမ်အိပ်ခန်းတွင် မျက်နှာချင်းဆိုင် ခုတင်တစ်လုံးစီဖြင့် အိပ်နေခဲ့ကြောင်း၊ ထိုစဉ် ရုတ်တရက် ခင်ပွန်းဖြစ်သူ၏ အော်သံကြောင့် လန့်နိုးပြီး ခင်ပွန်း ဖြစ်သူရှိရာနေရာသို့ လှမ်းကြည့်ရာ အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦး (စုံစမ်းဆဲ)က ခင်ပွန်းဖြစ်သူအား လုံးထွေးရိုက်နှက်နေသည်ကို တွေ့ရပြီး
Broadband Wimax Service ကို ကျပ် ၄၉၅,ဝ၀ဝ ဖြင့် ရောင်းချပေးမည်
Red Link Company မှ ဝန်ဆောင် မှုပေးလျက် ရှိသော Broadband Wimax Service အား
မိုးရာသီ အထူးဈေးနှုန်းအဖြစ် ဇွန်လ ၂၅ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အတွင်း ကနဦးတပ်ဆင်ခနှုန်းထားအား အထူးဈေးနှုန်း ၄၉၅၀ဝ၀ ကျပ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Red Link Company မှ ဝန်ဆောင်မှုပေးသောWimax Broadband Service မှာချက်ချင်းဝယ်၊ ချက်ချင်းအသုံးပြုနိုင်ကြောင်းသိရှိရပြီးအသုံးပြုရန်အ တွက် အချိန်အတိုင်းအတာတစ်ခုအထိစောင့်ဆိုင်းရခြင်းမရှိကြောင်း သိရှိရ ကာအလွန်လွယ်ကူပြီး လျှပ်စစ်မီးရရှိရုံဖြင့်အသုံးပြုနိုင်ကြောင်းသိရှိရသည်။
လူတန်းစားမရွေးအသုံးပြုနိုင်အောင်ဆောင်ရွက်ထားပြီး
ပြင်သစ်တွင် အမျိုးသားတစ်ဦး အီဖယ်လ်မျှော်စင်ပေါ်မှ ခုန်ချကာ မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြစ်ပွား
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အမျိုးသားတစ်ဦးသည် အီဖယ်လ်မျှော်စင်ပေါ်သို့ တက်၍ ခုန်ချကာ သေကြောင်းကြံစည်ခဲ့ကြောင်း ဇွန် ၂၅ ရက်တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ အမျိုးသားသည် မျှော်စင်ပေါ်သို့ ဇွန် ၂၄ ရက် ည ၁၁ နာရီ မိနစ် ၃၀ က တက်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ၄င်းတို့အနေဖြင့် မျှော်စင်အနီးတစ်ဝိုက်နေရာများကို အ၀င်အထွက် ပိတ်ထားခဲ့ရပြီး အဆိုပါ
မြန်မာပြည်သွားမယ့် လက်နက်တွေ မိပြန်ပြီ
ဒီကနေ့ထုတ် Bangkok Post သတင်းစာ မျက်နှာဖုံးမှာ တွေ့ရတဲ့ ဓာတ်ပုံ
တာချီလိတ်မြို့ဘက်ကို ပို့မယ့် လက်နက်တွေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မနေ့က ဖမ်းမိတယ် တဲ့။
အမျိုးအစား နဲ့ အရေအတွက်က ဟောဒီလိုပါ
ကျောင်းအုပ်ကြီး လက်စွမ်းပြလို့ ကျောင်းသား ၃ ဦး ခေါင်းကွဲ
Google မြေပုံမှာ တွေ့ရတဲ့ ရေဖြူမြို့တနေရာ
စာမရတဲ့ ၁၀ တန်းကျောင်းသား ၃ ဦးကို ကျောင်းအုပ်ကြီးက အပြစ်ပေး ရိုက်နှက်လိုက်တာ ခေါင်းကွဲသွားတဲ့ဖြစ်ရပ်တခု တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ ဒီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
ကံပေါက်ကျေးရွာ အထက ဒဿမတန်း (ခ) မှာ ပညာသင်နေတဲ့ ၁၀ တန်း ကျောင်းသား မောင်မျိုးထွဋ်ဦး အပါအ၀င် ကျောင်းသား ၄ ဦးကို ကျောင်းအုပ်ကြီး ဦးတင်ရှိန်က စာမေးရာမှာ မရတဲ့အတွက် ရိုက်နှက်တာဖြစ်တယ်လို့ မောင်မျိုးထွဋ်ဦးရဲ့ ဖခင် ဦးလှရှိန်က ဧရာဝတီကို ပြောပါတယ်။
ချစ်သုဝေ&ချစ်ဆုဝေ-တရှိုက်မက်မက် တေးစီးရီါ်းအသစ်ဆက်ဆက်လေး...
၀၁။ယောင်ကြီးဗွေ
၀၂။ မျှော်လင့်စိတ်
၀၃။ မုန်းတယ်
၀၄။ မိုးသည်းည
၀၅။ ဘုရားဆုတောင်းပါ
၀၆။ တရှိုက်မက်မက်
Tuesday, 26 June 2012
လူငယ် တစ်ဦး အန်ခြင်းနှင့် ၀မ်းသွား ခြင်းတို့မှ ရှစ်ရက် အတွင်း သံချောင်း ၁၂၀ ခန့် ထွက်ကျ လာဟုဆို
လူငယ် တစ်ဦး၏ အန်ခြင်းနှင့် မစင်စွန့် ခြင်းတို့မှ သံချောင်းများ ထွက်လာသည့် ထူးခြားဖြစ်စဉ် တစ်ခု ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားနေ ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်မှ စတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၅ ရက် နံနက်ပိုင်းအ ထိ အန်ထွက်ရာနှင့် မစင်စွန့်ရာမှ သံချောင်း ၁၂၀ ချောင်းခန့် ထွက်လာကြောင်း သိရသည်။ “စပြီးသတိထားမိ တုန်းက ဇွန်လ ၁၆ ရက်လောက်ကပါ။ 
စပြီးအန်တာတော့ ၁၇ ရက်ကစပြီး အန်တာ ဆေးခန်းမှာသွားပြတော့ Ultrasond ရိုက်တာ အထဲမှာဘာမှမတွေ့ရဘဲနဲ့ ကျွန်တော်က အောင့်တာမခံနိုင်အောင်ဖြစ်နေပြီ” ဟု အသက် ၂၅ နှစ်အရွယ် ယင်းဖြစ်စဉ်ကို ခံစားနေရသူ ကိုအောင်ချိုချိုကပြောကြားသည်။ “ရပ်ကွက်ထဲမှာတော့ ဒီကိစ္စကို တော်တော်ပြောကြပါတယ်။ ကျွန်မတို့လည်း ကိုယ်တိုင်တွေ့ရတယ်.. ”ဟု ၁၀/၃၄ ရပ်ကွက်၊ ရေကြည်လမ်း၊ ရွှေ ပြည်သာမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက အဆိုပါဖြစ်စဉ်ကို စုံစမ်းစဉ်ပြောကြားသည်။ 
ကိုအောင် ချိုချိုတွင် မွေးချင်းခုနစ်ယောက်ရှိပြီး ၎င်းနှင့် ၁၀ မိနစ်သာခြားသည့် အမြွှာညီအစ်ကို တစ်ဦးရှိကြောင်းလည်း သိရသည်။ “တစ်ရက်ကဆိုရင် သူ(ကိုအောင်ချိုချို) ထမင်းထစားတာ ကြက်သားဟင်းကို အရိုးပါမကျန်အောင် စားပစ်ပြီးတော့
EURO 2012 Football Live ကြည့်ရန် အင်တာနက်မှ အောက်ပါလင့်များတွင် ကြည့်ရူနိုင်ပါကြောင်း။
Link 1
http://www.livefootballol.com/streaming/channel/btv-6-uusee.html
ဒီလင့်အတွက် အင်တာနက် Speed က 512Kbs/s လိုအပ်မှာပါ၊ Firefox သုံးသူများ Flash Player အလုပ်မလုပ်သူများ Opera Browser ဖြင့် ပြောင်းဖွင့်ပါ၊ နောက်ခံစကားပြောက တရုတ်ဖြစ်ပါတယ်၊ Speed နှေးသူများအတွက်က Readon TV Movie Radio Player Version 7.6 ကို Free Download ရယူပါ။ Install ပြုလုပ်ပြီးပါက Country မှာ China Channel များထဲတွင် Sports BTV6 အားရှာပြီး Double Click ဖြင့် ဖွင့်ပါ။
Link 2
ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ( ရုပ်/သံ)
ရန်ကုန်မှာ ဇွန်လ ၂၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသား၊ အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ရုပ် /သံ မြင်ကွင်းဖြစ် ပါတယ်။
တခေတ်တခါက ခေတ်စားခဲ့တာတွေ အခု ပြန်လည် ဆန်းသစ် လာခြင်းပါ။
ဒုတိယ အခွေကို အာရုံစိုက်ပြီး အနုပညာ လှုပ်ရှားမှု သိပ်မလုပ်ဖြစ်တဲ့ သဇင်
ကချင်ပြည်နယ် ရန်ပုံငွေပွဲမှာ သီချင်းဆို ဖြစ်ခဲ့တဲ့ သဇင် က အမျိုးသမီးရေးရာ ပွဲမှာ
လည်း ပါဝင်ဦး မှာဖြစ် ပါတယ်။ သဇင်က အိမ်ထောင်ကျပြီး တဲ့နောက်ပိုင်းမှာ ဇာတ် ကားတွေ အရိုက်ကျဲ သွားတယ်လို့ပြောရမှာပါ။ ဒီလို ဇာတ်ကားတွေအရိုက်ကျဲ သွားရခြင်းအကြောင်းကိုတော့ သဇင်က
“အနုပညာလှုပ်ရှားမှုတွေ သိပ်မလုပ်ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိယအခွေအတွက် စီစဉ်နေလို့ပါ။ ပထမအခွေတုန်းကလည်း အချိန်ယူခဲ့တယ်။ ဒုတိယအခွေလည်း အဲဒီလိုမျိုး အေးအေးဆေးဆေးပဲ လုပ် ချင်တယ်။ ကားရိုက်ကျတော့လည်း ကိုယ်နဲ့အံဝင် ခွင်ကျဖြစ်မယ့် ကားမျိုးပဲ ရိုက်ချင်တယ်။ ဇာတ်ကားတွေရိုက်ဖို့ရှိတယ်´´လို့လည်း ပြောပါတယ်။ အနုပညာနဲ့ပတ်သက် ပြီး ခင်ပွန်းဖြစ်သူက ဘာမှမပြောပါဘူးလို့ ဆိုလာတဲ့သဇင်ကို အနုပညာအလုပ်အပြင် တခြားစီးပွားရေးပါ လုပ်ဖို့အစီအစဉ်ရှိလား လို့မေးတော့ “ဒါကတော့လုပ်ရမှာပဲ။ အစ်မရယ်မှမဟုတ်ဘူး။ တော်တော်များများ အနုပညာရှင်တွေ လုပ်နေကြတာပဲ။ လူငယ်တွေလည်း လုပ်နေကြတယ်။ သိတာမသိတာဘဲရှိတယ်။
အဆိုတော် မိုးသက်တင် သူ့အိမ်ထောင်ဘက်နဲ့ ကွာရှင်း
အဆိုတော် မိုးသက်တင် သူ့အိမ်ထောင်ဘက်နဲ့ ကွာရှင်းထားတာ ၂ နှစ်ရှိပြီလို့ ဒေါ်စစ်ဇာခြည်အိမ့်အိမ့်မြင့်ရဲ့ ရှေ့နေတွေက ဒီကနေ့ ကြေးမုံသတင်းစာမှာ ကြော်ငြာ ထည့်ထားပါတယ်။
ကွာရှင်းကြောင်း စာချုပ် ချုပ်ထားပြီးပြီ တဲ့။
ကြော်ငြာက
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghdKj0-LZtJizWoCH8NxDGMD9jWsP-qDES5TlVVaj5lsSGvigRpdoXmxvsjK3VtBbDkHNUH4UU2ZPZtsjjna73KetYZnp5uoudTe9YPFXyOWR3i8NRxgibYdK-iIxQiE9zZG9BNwSeunTn/s1600/0099+9+mtt.jpg မှာပါ။
တာမွေလမ်းဆုံ ခုံးကျော်တံတား စီမံကိန်းကို ဖျက်သိမ်း
ခုံးကျော်တံတား တည်ဆောက်ရန်မလိုအပ်သည့် အတွက်တာမွေလမ်းဆုံ ခုံးကျော်တံတား စီမံကိန်း ကို ဖျက်သိမ်း လိုက်ကြောင်းသိရသည်။
တာမွေလမ်းဆုံ၏ယာဉ်သွား လာမှုကိုကွင်းဆင်း၍ အချက် အလက်များ ကောက်ယူ ခဲ့ရာ ခုံးကျော် တံတား ဆောက်လုပ် ရန်မလို အပ်ကြောင်း၊ လမ်းချဲ့ခြင်းနှင့်မီးပွိုင့်ြောင်း ရွေ့တပ်ဆင်ခြင်း တို့ဆောင် ရွက်ရုံဖြင့် ယာဉ်ကြော ပိတ်ခြင်း ကိုဖြေရှင်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီမှ သိရသည်။
''တာမွေရဲ့ယာဉ်သွားလာမှုကို ကြည့်တဲ့အခါလမ်းချဲ့ ရုံနဲ့ရတယ်။ ခုံးကျော် ဆောက်ဖို့ မလိုဘူး။ ယာဉ်ကြော ပိတ်တာကို ဖြေရှင်းဖို့ အတွက်မီးပွိုင့်ပြောင်းတာ၊လမ်းချဲ့ တာတွေကိုဆောင်ရွက် သွား မှာပါ'' ဟုရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာ လမ်းတံတားဌာနမှတာဝန် ရှိသူ က ပြောသည်။
ယာဉ်ကြောပိတ်ဆို့ခြင်းနှင့် ယာဉ်ကြောရှုပ်ထွေးမှုကိုဖြေရှင်းရန်အ တွက်ရန်ကုန်မြို့ရှိ ယာဉ်သွား
ထီဖွင့်ပွဲကို မြ၀တီရုပ်သံမှ တိုက်ရိုက်လွှင့်မည်
ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် ၂၈၂ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှ စ၍ မြ၀တီ Digital ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။
ထီပေါက်စဉ်သည် ညနေပိုင်းတွင် ထွက်ရှိသဖြင့် ထီထိုးထားသူများ ချက်ခြင်း သိရှိနိုင်ရန် ရည်ရွယ်၍ ထုတ်လွှင့်ခြင်းဖြစ်ကြောင်း သိရသည်။
မြောက်ဥက္ကလာမြို့နယ်ရှိ ဘုရားစေတီများ ရောင်ခြည်တော်ကွန့်မြူးဟုဆို (12 photos)
 မြောက်ဥက္ကလာမြို့နယ်ရှိ ဘုရားစေတီများ ရောင်ခြည်တော်ကွန့်မြူးဟု ဆိုကာ လာရောက်ဖူးမြော်ကြသူများများပြား
ပလတ်စတစ် ပုလင်းခွံတွေကို လွှင့်မပစ်ပဲ ပြန်သုံးနိုင်တဲ့ အကြံဥာဏ်ကောင်းလေး တခုပါ။ ရေသန့်ပုလင်းခွံ လို ပလတ်စတစ် ပုလင်းခွံတွေကို ဒီတိုင်းလွှင့်ပစ်လို့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်မှာ စိုးရိမ်နေရလေတော့ ဒီလိုလေး လုပ်လိုက်ရင် အရိပ်လည်းရ၊ လှလည်းလှ၊ ဒါတွေကြောင့် ဖြစ်လာမယ့် ညစ်ညမ်းမှုတွေကိုလည်း မပူရတော့ဘူးပေါ့။
စိုးမြတ်နန္ဒာကို မြတ်သောမောင် တောင်းသောကတိ
စိုးမြတ်နန္ဒာက ဖေ့စ်ဘုတ်ကို အမြဲတမ်း အသုံးပြုတတ်ပါတယ်။ ဖေ့စ်ဘုတ်မှာ ပရိသတ်က သူ့ကိုပြောထားတာကို ကြည့်တတ်သလို၊ သတင်းတွေလည်း ဖတ်လေ့ ရှိကြောင်း၊ နိုင်ငံခြားမှာရှိတဲ့သူငယ်ချင်းတွေနဲ့လည်း စကားပြောဖို့ သုံးလေ့ရှိကြောင်း ပြောပါတယ်။ အခုနောက်ပိုင်းမှာ အနုပညာရှင်တွေလည်း အသုံးများလာသလို အကောင့် အတုတွေနဲ့လည်း သုံးတတ်ကြောင်းကို စိုးမြတ်နန္ဒာက”အတုတွေကအများကြီး ရှိတဲ့အတွက်ကြောင့်
Monday, 25 June 2012
တက္ကစီများ အင်္ဂလိပ်အက္ခရာနံပါတ်သို့ ပြောင်းမည်
နိုင်ငံခြားသားများအတွက် အဆင်ပြေစေရန် အငှားယာဉ် (Taxi)များ၏ မြန်မာအက္ခရာ နံပါတ်များအား အင်္ဂလိပ်အက္ခရာ နံပါတ်အဖြစ် ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ မှတ်ပုံတင်သက်တမ်း တစ်လျှောက် အငှားယာဉ် Taxi အဖြစ်သာ အသုံးပြုရန်အတွက် တင်သွင်းလာပြီး မှတ်ပုံတင်ခ လျှော့ပေါ့ ကောက်ခံသည့် ယာဉ်များအား သာမန်ယာဉ်များနှင့် ရောထွေးမှု မရှိစေရန်၊ နိုင်ငံခြားသားများအတွက် အဆင်ပြေစေရန်နှင့် ပြောင်းလဲမှုများ မပြုလုပ်စေရန်အတွက် သီးခြားယာဉ်အမှတ်အဖြစ် အင်္ဂလိပ်စာလုံး၊ ဂဏန်းဖြင့် ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ “နိုင်ငံခြားသားတွေအတွက် ကောင်းပါတယ်။
Related Posts Plugin for WordPress, Blogger...