ဧဒင်အချစ်ပုံပြင်: July 2012

Tuesday, 31 July 2012

ပရဟိတလုပ်ငန်းတွေ လုပ်တဲ့အချိန်မှာ ပိုပြီးအရေထူရမယ် ဆိုတဲ့ ဝေဠုကျော်


ဝေဠုကျော်ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက် ရေးမှာ တွေ့ရတဲ့ ဝေဠုကျော် နဲ့ ပြော ဖြစ်သမျှ က- "ဒီရက်ပိုင်း တော့ ကျွန် တော် ဒီဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက် ရေးအတွက်ရယ်၊ အစည်းအရုံးကိစ္စ ရယ်၊ ပြီးတော့ကျွန်တော်သွေးမေတ္တာ အဖွဲ့၊ မြသားလွင်ပြင်အဖွဲ့ ကိစ္စလေး တွေလည်းလုပ်ပါတယ်။ ကျွန်တော် ဒီအလုပ်တွေ လုပ်သင့်လို့လုပ်တာ ပါ။ ကျွန်တော်တို့ လိုချင်တဲ့ ဒီမို ကရေစီနိုင်ငံကို အားလုံးက တောင်း ဆိုခဲ့ကြတယ်။ တောင်းဆိုလို့လည်း ရလာပြီ။ လမ်းကြောင်းပေါ်လျှောက် နေတဲ့အချိန်မှာ တောင်းဆိုနေတဲ့သူ အားလုံးပေါ်မှာ တာဝန်ရှိပါတယ်။
မိမိကိုယ်ကို ကောင်းအောင် စံနဲ့ညီ အောင်နေတတ်ဖို့အရေးကြီးပါတယ်။ အဲလိုပဲ ကိုယ့်တိုင်းပြည်ကြီးကိုလည်း ဘယ်လို ဖြောင့်ဖြောင့်တန်းတန်း သွား နိုင်မလဲဆိုတဲ့အပေါ်မှာ နိုင်သလောက် ကူညီဖို့လိုအပ်ပါတယ်။ အဲဒီအတွက် လည်း ပရဟိတစိတ်ရှိရမယ်။ တစ် ယောက်ကိုတစ်ယောက် ကူညီနိုင်တာ အကျိုးရှိသော အလုပ်များဖြင့် ကူညီ နိုင်ရမည်ဆိုတဲ့မူနဲ့ ကျွန်တော်လုပ်နေ ပါတယ်။

မြန်မာ အနောက်ဘက် နယ်စပ်ကို ကွပ်ကဲရန် နစက ကွပ်ကဲရေးမှူး အသစ် ရောက်ပြီ



နစက အရာရှိများကို ဘင်္ဂလာနယ် ခြားစောင့်တပ်ဖွဲ့ အရာရှိများနှင့် ကော့စ်ဘဇားမြို့ ဆွေးနွေးပွဲ တစ်ခုတွင် တွေ့ရစဉ်။
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ကို ကွပ်ကဲရန် အတွက် နစက ကွပ်ကဲရေးမှူး အသစ် တစ်ဦး ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ရောက်ရှိလာသည့် နစက ကွပ်ကဲရေးမှူး အသစ်မှာ  ဗိုလ်မှူးကြီး မောင်မောင်ဦး (ယာယီ)ဖြစ်ပြီး တောင်ကုတ်မြို့ 
ဇာတိ ဖြစ်ကြောင်း ဆိုသည်။


မြန်မာ့သားကောင်း

စည်းကမ်းဖောက် ယာဉ်လုပ်သား တရာကျော် မထသ မှ ထုတ်ပယ်



မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး (ဗဟို)၏ စီမံမှု အောက်ရှိ ယာဉ်လိုင်းများတွင် ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အထိ စည်းကမ်း ဖောက်ဖျက်မှုကြောင့် ထုတ်ပယ်လိုက်သော ယာဉ်လုပ်သား တရာကျော် ရှိသွားပြီဟု မထသ (ဗဟို) တာဝန်ရှိသူတဦးက ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့်အခါ ယာဉ်ကို စွန့်ခွာ ထွက်ပြေးမှုများနှင့် ငွေကြေး ကိစ္စများကြောင့် ယာဉ်ကို စွန့်ခွာသွား သည့် ပြစ်မှုများကြောင့် ယာဉ်လိုင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်က အများဆုံး ဖြစ်သည်ဟု မထသ(ဗဟို) အတွင်းရေးမှူး ဦးဘမြင့် က ပြောသည်။

အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲ၌ ပန်း ကန်ပြားပျံတစ်ခုတွေ့ရှိဟုဆို



အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲ  အခမ်းအနား၌ မီးရှူးမီးပန်းများ  ပစ်လွှတ်စဉ်ကောင်းကင်၌  ပန်းကန် ပြားပျံတစ်ခုအား  တွေ့ရှိခဲ့ကြောင်း  ဗြိတိန်နိုင်ငံထုတ်  သတင်းစာကြီးတစ်စောင်တွင် ဖော် ပြထားသည်။
လန်ဒန်မြို့အထက်ရှိကောင်းကင် ယံတွင်တွေ့ရှိရသည့် အဆိုပါအရာ ဝတ္ထုသည် ပန်းကန်ပြားပျံဖြစ်နိုင် သော်လည်း ကောင်းကင်၌နှေးကွေး စွာရွေ့လျားနေခဲ့ပြီး

မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက်


မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက် တဲ့ ။ အင်တာနက်ဆိုတဲ့ သူက ဘယ်လိုလူကြီးလဲ။ လမ်းလျှောက်ရင် အတော်နှေးပြီး မသန်မစွမ်းတဲ့ သူလား၊ သူက ဘယ်လို အဓမ္မ ကျင့် တာလဲ။
သိချင်သူများ အတွက် ယခု သြဂုတ်လထုတ် ကွန်ပြူတာဂျာနယ်ကို ဖတ်ကြည့်ရင် သိသွားမှာပါ။

ထားဝယ်မှာရေကြီး(ရုပ်/သံ)

ထားဝယ်မြို့ နဲ့ ပတ်ဝန်းကျင်မှာ မိုးတွေသည်းသည်းမဲမဲ ရွာနေ တာကြောင့် ထားဝယ်မြို့ပေါ်က ရပ်ကွက်တချို့ မှာ ရေကြီးရေလျှံ တာတွေ ဖြစ်နေကြောင်းသိရှိရပါတယ်။

မဲဆောက်မှမြန်မာအလုပ် သမားများဖမ်းဆီခံရ (ရုပ်/သံ-)

မဲဆောက်ဖိနပ်စက်ရုံက လက်မှတ်မရှိသူ မြန်မာအလုပ်သမား ၆၀ လောက်ကို ထိုင်း အဏာပိုင်တွေဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရှိရပါသည်။

Batman မျက်နှာဖုံးစွပ်နဲ့ မက္ကဆီကို ရုပ်ရှင်ရုံနှစ်ရုံတွင် ငွေများအလုခံရ

တနင်္လာနေ့က မက္ကဆီကိုနိုင်ငံ Chihuahua မြို့ကြီးတွင် လက်နက်များ ကိုင်ဆောင်ထားကြသော Batman မျက်နှာဖုံးစွပ်နှင့် အမဲရောင် ဝမ်းဆက် ဝတ်ထားကြသည့် လူသုံးဦးဟာ Batman ကားဖြစ်သည့် The Dark Knight Rises  ပြနေသည့် ရုပ်ရှင်ရုံနှစ်ရုံသို့ ညဥ့်လယ်တွင် အငိုက်ဖမ်းဝင်ရောက်ပြီး ငွေများလုယက်ခဲ့ကြကြောင်း သိရသည်။
၎င်းတို့က ပထမဦးစွာ Cinepolis ရုပ်ရှင်ရုံသို့ အလစ်ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်လက်မှတ် ရောင်းရငွေဖြစ်သည့် ရုံဝင်ခများကို လုယူသွားခဲ့ပြီး Cinemax ရုပ်ရှင်ရုံတွင်လည်း အလားတူ အလစ်အငိုက် ဝင်ရောက်လုယက်ခဲ့ပြီး ယင်းရုပ်ရှင်ရုံမန်နေဂျာ၏ မျက်နှာကို အပြင်းအထန် ဒဏ်ရာရစေခဲ့ကြောင်း

သီပေါမင်းအရိုးအိုး ပြန်သယ်ရန် လွှတ်တော်တွင် တင်ပြ



သီပေါမင်း

မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းရဲ့ အရိုးအိုးကို အိန္ဒိယနိုင်ငံကနေ ပြန်သယ်ဖို့ အမျိုးသားလွှတ်တော်မှာ လွှတ်တော်အမတ်တဦးက ဒီနေ့ တင်ပြ ဆွေးနွေးတယ်လို့ သိရပါတယ်။

ရတနာဂီရိက လူနေရပ်ကွက်မှာ မထင်မရှား သင်္ဂြိုဟ်ထားတဲ့ မြန်မာဘုရင်ရဲ့ အရိုးဂူကို ပြည်တော် ပြန်သယ်ဖို့ အမျိုးသားလွှတ်တော်အမတ်၊ ကုန်းဘောင်မင်းဆက်အကြောင်း စာတွေရေးနေတဲ့ ဦးသန်းဆွေ (ထားဝယ်)က ဓာတ်ပုံ အထောက်အထားတွေနဲ့ လွှတ်တော်မှာ တင်ပြခဲ့တာပါ။


အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က “ထားဝယ် ဦးသန်းဆွေက ရတနာဂီရိမှာ ရှိတဲ့

မိုးအောင်ရင် သုံးရက်တာ ရဟန်းဝတ်ဖြစ်ရခြင်း အကြောင်း

မိုးအောင်ရင်က သူ့ရဲ့ အိမ်အနီးက ရွှေဟံသာစံကျောင်းမှာ ဇူလိုင်၂ဝရက်နေ့က ဘုန်းကြီး ဝတ်ခဲ့ပြီး ၃ရက်ကြာ တရား အားထုတ် ဖြစ်ခဲ့ပါတယ်။ အခုလို ဘုန်းကြီး ဝတ် ရခြင်း အကြောင်း ကိုတော့ မိုးအောင်ရင်က..
”ညဘက်ကြီး အိမ်မှာ ကျွန်တော် မူးလဲတယ်။ ကြမ်းပြင်နဲ့ ရိုက်မိလို့ မေးစေ့ကွဲသွားပြီး  ဝိတိုရိယ ဆေးရုံမှာ လေးချက် ချုပ်လိုက်ရတယ်။ သတိပါ လစ်သွားတာ။ ရှုတင် မစခင် မှာဖြစ်သွားတော့ ရှုတင် ဖျက်လိုက်ရတာပေါ့။ အားလည်း အားသွားတယ်။ မေးစေ့ ချုပ်ရိုး နည်းနည်းကောင်းခါစ နားနေတဲ့ကြားထဲမှာ ခွေး နဲ့ ဆော့တော့ခွေး ကကိုက်တယ်။ ကံတွေ လည်း ဆိုးနေတယ် ဆိုပြီး ဘုန်းကြီး ငါးပါးပင့် ၊ အိမ်မှာ အလှူ လုပ်တယ်။ အလှူ လုပ်တဲ့နေ့မှာပဲ ဘုန်းကြီး ဝတ်ချင်လာတယ်။ အလှူ က ၁၈ရက်နေ့ မှာလုပ်တယ်။ ကြားထဲမှာ တစ်ရက် နားလိုက်ပြီး နောက်တစ်ရက်၂ဝရက် နေ့မှာ ဝတ်လိုက် တယ်။ ပုံမှန်တစ်လကို ၁၈ရက် နေ့တိုင်း

ဘန်ကောက်မှာ ဆေးစစ်ရမယ့် အကြောင်းရင်းကို ပြောပြတဲ့ မို့မို့မြင့်အောင်

မို့မို့မြင့်အောင်က ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ ‘ခုတုံး’ ဒီဗီဒီ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်လမ်းက တကယ်ယောင်တတ်တဲ့ လူကို မူတည်ပြီး ဇာတ်အိမ် ဖွဲ့ထားတာ ဖြစ်တဲ့အတွက် ဇာတ်လမ်းလေးက ဆန်းကြောင်း ပြောပါတယ်။ ရှုတင်ကို လိုက်ပါလာ သူတွေထဲ မှာလည်း တကယ် ယောင်တတ်တဲ့ လူမျိုးတွေ ပါတဲ့ အတွက် မြင်ဖူးကြောင်း ပြောပါတယ်။ ဒီ ဇာတ်ကားမှာ မို့မို့မြင့်အောင်က ယောင်တတ်တဲ့ သားကို ဝိုင်းစကြတာကို ဝေဒနာ ခံစားနေ ရတဲ့ သားကို ချစ်တဲ့ အမေ တစ်ယောက် အနေနဲ့ သရုပ်ဆောင် ထားပါတယ်။ မို့မို့မြင့်အောင်က မြေကွက် ဂရန် မရသေးတဲ့ ကိစ္စနဲ့ ပြင်ဦးလွင် ကို သွားနေတာ ၅ ခေါက် ရှိပြီ ဖြစ်ပြီး ဗီဒီယိုတွေ လည်း ရိုက်နေကြောင်းပြောပါတယ်။ မို့မို့မြင့်အောင်က ဘန်ကောက်မှာ ကြော်ငြာ ဓာတ်ပုံ ရိုက်ဖို့ အတွက် သွားမှာဖြစ်ပြီး ရှေ့လထဲမှာပဲ ဘန်ကောက်မှာ ဆေးသွားစစ်ဖို့ ရှိကြောင်း ပြောပါတယ်။ ဆေးစစ်ရတဲ့ အကြောင်းရင်းကို တော့ မို့မို့မြင့်အောင်က..
”ကျွန်မက လေ့ကျင့်ခန်းတော့ ပုံမှန် လုပ်ဖြစ်တယ်။ အခု နည်းနည်း ပြန်ဝလာတယ်။ အာရုံကြောတွေလည်း စစ်ရမယ်။ ဟိုတလော က ချက်ပိန်း ရထားတာ ရယ်၊ နောက်ပြီး အပျိုကြီးတွေ ဖြစ်တဲ့ရောဂါမျိုး သားအိမ်နဲ့ ပတ်သက်တာကိုလည်း သွားစစ်ရမယ်။ ကျွန်မ ဝရင် ပိန်အောင်လုပ်တဲ့ လေ့ကျင့်ခန်းကို အပြင်း

အီရန် ဒုံးကျည်တိုက်ခိုက် မှု အမေရိကန်ရေတပ် သင်္ဘော ခုခံနိုင်စွမ်းမရှိကြောင်း အီရန်ပါမောက္ခပြောကြား

ပါရှန်ပင်လယ်ကွေ့အတွင်းရှိ  အမေရိကန်ရေတပ် သင်္ဘောများသည်  အီရန်၏ ဒုံးကျည်များနှင့်  အလျင်အမြန်တိုက်ခိုက်မှုကို  ခုခံနိုင်စွမ်းရှိမည်မဟုတ်ကြောင်း တီဟီရန်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ မိုဟာမက်မရန်ဒီက Press TV သတင်းဌာနသို့ ဇူလိုင် ၂၉ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအမေရိကန်ရေတပ်သင်္ဘောများသည် အီရန်နိုင်ငံ၏ ဒုံးကျည်များကို ခုခံနိုင်စွမ်းရှိမည်မဟုတ် ကြောင်းနှင့် အီရန်ရေတပ်နှင့် ကုန်းတွင်းအခြေစိုက်တပ်ဖွဲ့များသည် အမေရိကန် သင်္ဘောများကို အလျင်အမြန်တိုက် ခိုက်နိုင်စွမ်းရှိကြောင်း မရန်ဒီကပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး တွန်ဒိုနီလွန်က လွန်ခဲ့သည့် နှစ်ပတ်အတွင်း အစ္စရေးနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် အီရန်နိုင်ငံအပေါ် တိုက်ခိုက်နိုင်ဖွယ်ရှိသည့် အရေးပေါ်စီမံချက်များကို

2012 လယ်သမားတွေ ပြန်ဆပ်တဲ့ ဘဏ်ကချေးငွေတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးကကိုယ်ရေးကိုယ်တာအတွက် သုံးစွဲထား ရုပ်/သံ-သတင်း




ရန်ကုန်တိုင်း ဒလမြို့နယ် ရဲချောင်းဝကျေးရွာမှာရှိတဲ့ လယ်သမားတွေဟာ စိုက်ပျိုးချိန်အမှီ ဘဏ်က ချေးငွေထုတ်ပေးခြင်း မရှိတာကြောင့် စိုက်ပျိုးဖို့အတွက် အခက်တွေ့နေကြရပါတယ်။

အနီးနားကျေးရွာတွေက ချေးငွေရရှိပြီး မိမိတို့ကျေးရွာက ချေးငွေ မရရှိကြောင်း စိုက်ပျိုးရေးဘဏ်ကို အကြောင်းကြားတဲ့အခါ အဆိုပါဘဏ်က ရဲချောင်းဝကျေးရွာဟာ ယခင်နှစ်က ချေးငွေတွေကို
ပြန်မဆပ်သေးတာကြောင့် အခုလို ချေးငွေမထုတ်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထူးဆန်းအံ့ ဖွယ် လမ်းသရဲ ရုပ်သေးအက...

၂၀၁၂ - ခု ဇူလိုင်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန် ပစ္စည်းတွေတအားရွှင်မယ်။ ကား၊ ကျောက် ၊ ကွန်ပြူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။ သူတစ်ပါး

"မောင်းလျှင်မမူးနှင့် မူးလျှင် မမောင်းနှင့်"




မန္တလေးမြို့ လမ်းဆုံလမ်းထောင့်များတွင် ယာဉ်အန္တရာယ်သတိပေး ဆိုင်းဘုတ်များထောင်ကာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ ဆိုင်းဘုတ်များတွင် မန္တလေးမြို့ပေါ်(၇) မြို့နယ်အတွင်း နှစ်အလိုက် ဖြစ်ပွားသော ယာဉ်တိုက်မှု၊ သေဆုံး/ဒဏ်ရာရသူဦးရေ နှိုင်းယှဉ်ချက်ဇယားနှင့်အတူ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ သွေးသံရဲရဲ

ထိုင်ခေါင်းဆောင်ရဲ့ဖက်ရှင်(ဓာတ်/ပုံ)များနှင့်တကွ.....

ရုပ်ရည်ချောမောခန့်ညားမှု က  ခေါင်းဆောင်မှုကို အထောက်အကူ တစ်ခုဖြစ်စေနိုင်သလား?
(Facebook)

“လူဟုခေါ်သည်” (ဓါတ်ပုံ)




နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ အလှူရှင်များအား မေတ္တာလက်ဆောင် (ကန့်သတ်) အဖြစ် ပြန်လည် ပေးအပ်သည့် “လူမှုရေးဂီတသူရဲကောင်းများ” MTV Vol:2 အခွေအတွက် ၃ဝ.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံမြို့နယ် အဆောက် အဦး အနောက်ဖက်တွင် စီးဆင်းနေသော ငမိုးရိပ်ချောင်းအတွင်း၌ MTV ရိုက်ကူးမှု အစီအစဉ်အား ပြုလုပ် ခဲ့ပါတယ်။

Monday, 30 July 2012

ယနေ့ ကျင်းပမည့် အမျိုးသား လွှတ်တော်တွင် မေးမြန်းမည့် မေးခွန်းများ

ယနေ့(ဇူလိုင်လ ၃၁ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင်
  (၁) ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စနှင့် စပ်လျဉ်းသော မေးခွန်း။
(၂) ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရသော ပြည်သူများမူလ အခြေအနေသို့ 
အမြန်ဆုံး ပြန်လည် ရောက်ရှိရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် ပြန်လည် ထူထောင်ရေး အခြေအနေများနှင့် နောင် အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေး၊ လုံခြုံမှု တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အပြည့်အ၀ ရရှိရေးအတွက် ရေရှည်အစီအမံများ ချမှတ်ရေးဆွဲ ထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း။

ဘ၀တွေ ဘာလဲ ဘယ်လဲ




(နို့ဘိုးဒုက္ခသည်စခန်းကနေ ရေးတဲ့စာ)
တလောကကြားလိုက်မိပါသေးတယ်    “အိမ်ပြန်ခွင်”့ တဲ့  တကယ်တော့လဲ၊ ဘယ်တော့မှ ရောက်မလာတတ်တဲ့ ရွှေမိုးကိုမျှော်လင့် နေကြသူတွေလို ထိုင်း-မြန်မာနယ်စပ်တစ်လျောက်ကဒုက္ခသည်တွေ ဟာလဲဖင်တကြွကြွနဲ့ အိမ်ပြန်ခွင့်တွေကိုစောင့်နေကြပါပြီ။

တကယ်တော့ တရားဥပဒေအထက်မှာ ရှိနေကြသူတွေက တရားဥပဒေကို  ပစ်စလက်ခတ် သုံးနေကြတယ်ဆိုတာကိုတော့ အနည်းနဲ့အများခံစားမိကြမှာပါ။ဦးလေးကြီးတစ်ယောက်က ပြောပါသေးတယ်

၁၆ နှစ်ပြည့်ရင် ဆိုင်ကယ်အမောင်းလိုင်စင် လျှောက်နိုင်ပြီ



မိုးကုတ်က ဆိုင်ကယ်တစီး (ဓာတ်ပုံ - Azlina Ali/The Irrawaddy)

စက်စွမ်းအား ၁၁ဝ စီစီနှင့်အောက် မော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်အတွက် ယာဉ်မောင်းလိုင်စင်အသက်ကန့်သတ်ချက် လျှော့ပေါ့သတ်မှတ်ပေး
ယာဉ်မောင်းလိုင်စင်တစ်ခုခု ရရှိရန်အတွက် စတင် သင်ကြားမောင်းနှင်နိုင်ရန် ကနဦးရယူရသည့် အမောင်းသင် လိုင်စင်အား အသက်(၁၇)နှစ်ပြည့်ပြီးမှ ရယူရမည်ဟု သတ်မှတ်ထားရှိခဲ့ပါသည်။ယခုအခါ နိုင်ငံတော်၌ မော်တော် ဆိုင်ကယ်ကို မြို့ပြနှင့်ကျေးရွာအနှံ့အပြား တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။ အထူးသဖြင့်

ဂျပန်နစ်ဆန်း ကားစက်ရုံတည်ရန် ပဲခူးတွင်မြေရှာနေ


ဂျပန်နစ်ဆန်းကား  ကုမ္ပဏီ မှ မြန်မာနိုင်ငံတွင်  ကားထုတ်လုပ်ရန်အတွက်  ပဲခူးတွင် မြေ ဧက  ၁ဝဝရှာဖွေလျက်ရှိကြောင်း  စက်မှုကုန်ထုတ်သူများ  အသင်း မှ သိရသည်။
”ပဲခူးမှာ မြေဧက ၁ဝဝ တောင်းထားတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကို လည်း ၁ဝဝ ရာခိုင် နှုန်းအစား ပြည်တွင်း လုပ်ငန်းရှင် တွေကို ထောက်ပံ့ပေးပြီး လက်တွဲ ခေါ်ဖို့ဖြစ်စေလိုတယ်”ဟု စက်မှုကုန်ထုတ်သူ အသင်းမှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။
မလေးရှား အခြေစိုက် ပန်ချောင် ကုမ္ပဏီမှ နစ်ဆန်းကားစက်ရုံ တည်ဆောက် ရန် မြေနေရာရှာဖွေခြင်းဖြစ်ပြီး ဆောက်လုပ်နိုင်မည့် မြေနေရာအား လေ့လာ ၍ တိုင်းဒေသကြီး အစိုးရထံ

ရန်ကုန်ကားသင်္ချိုင်းမှာ ပိုက်ဆံပေး ရန်မလို



ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MEC မှ စီမံခန့်ခွဲလျက်ရှိသော ကားဟောင်းများ အပ်ရသည့် သံမဏိစက်ရုံ၏ အကျင့်ပျက်ချစားမှုအကြောင်း

ကျွန်တော်သည် ကားဟောင်းပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ အစိုးရက အခွန်မူဝါဒ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီး အခွန်လျော့ချကောက်ခံသည့်အတွက် used car အစားထိုးတင်သွင်းရန် ကျွန်တော့်ကားကို ၅.၇.၂၀၁၂ ရက်နေ့တွင် သွားအပ်ရန် အင်းစိန်ရွာမရှိ သံမဏိစက်ရုံသို့ သွားခဲ့ပါတယ်။

ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ နေရာယူလာတဲ့ ပြေသုဒြာ

 အနုပညာရှင်တွေကြားထဲမှာပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့အရာ ကတော့ဖေ့စ်ဘုတ်ပဲဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ထဲမှာ အနုပညာရှင်များက သူတို့ကို ချစ်တဲ့ ပရိသတ်များနဲ့ ရင်းရင်းနှီးနှီး အပြန်အလှန် စကားပြောဆိုနေကြတာတွေ၊ အနုပညာရှင်တွေက သူတို့ရဲ့ခံစားချက်တွေကို ဖေ့စ်ဘုတ်ပေါ်မှာ ရင်ဖွင့်ရင်း ပရိသတ်တွေ က ပြန်လည်ဝေဖန် ပြောကြားတာတွေကို တွေ့နေရပါတယ်။ အဲဒီအချိန်မှာပဲ အကယ်ဒမီပြေတီဦးနဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ရဲ့သမီး ပြေသုဒြာဟာလည်း သူ့ကိုယ် ပိုင် ဖေ့စ်ဘုတ်အကောင့်မှာ

ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မည့် ကျော်ကျော်မျိုးနှင့် စကားပြောခြင်း

                                                    ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက်  ရွေးချယ်ခံထားရသည့်  ကမ္ဘောဇအသင်းမှနောက် တန်းကစားသမား   ကျော်ကျော်မျိုးအား   အသင်း၏ပြန်ကြားရေး အရာရှိကတွေ့ဆုံမေးမြန်းခဲ့သည် ကို kbzfc.com မှတဆင့်  ပြန်လည်ဖော်ပြအပ်ပါသည်။
မေး- ညီလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့
ဘယ်လိုလျှောက်လွှာတင်ဖြစ်သွားလဲဆိုတာ ပြောပြပေးပါလား။
ဖြေ- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့ သူတို့
လျှောက်လွှာတွေခေါ်တဲ့အချိန်မှာ ကျွန်တော်ကလည်း ဘောလုံးကစားနေတော့
အမှုမဲ့အမှတ်မဲ့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတ်ရုပ်အတွက်

မသန်စွမ်းသူများ မျက်လုံးဖြင့် စာရိုက်နိုင်ပြီ

                                                  ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်




မသန်စွမ်းသူများမျက်လုံးဖြင့် စာရိုက်နိုင်၊ ပုံဆွဲနိုင်မည့် ကိရိယာတစ်မျိုးကို ပြင်သစ်သုတေသန ပညာရှင်တစ်ဦးက ဖန်တီးခဲ့သည်။ 
ခေါင်းတွင်တပ်ရသော ကင်မရာက မျက်လုံးလှုပ်ရှားမှုကို ဖတ်ကာ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် စာထင်လာစေခြင်း၊ ပုံဆွဲနိုင်ခြင်းတို့ကို ပြုနိုင်ပြီဟုသိရသည်။ ရောဂါကြောင့်ဖြစ်စေ၊ မတော်တဆမှုကြောင့်ဖြစ်စေ ကိုယ်လက်လှုပ်ရှားမှုမပြုနိုင်တော့ သူများအတွက် စီအင်န်အာအက်စ် အင်စတီကျုမှ ယန်းလောရင်းဆူကဖန်တီးခဲ့ခြင်းဖြစ်သည်။ ယင်းစနစ်ကိုသုံးတတ်စေရန်

မလေးရှား ကုန်တင်သင်္ဘောတစ်စင်း မိုးကြိုးပစ်ချမှုကြောင့် ပေါက်ကွဲ၊မီးလောင်မှုဖြစ်ပွား

                                                   ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်

ဓာတုပစ္စည်းများ သယ်ဆောင်လာသောသင်္ဘော လာဘူအန်ကျွန်းတွင် မီးလောင်ပေါက်ကွဲခဲ့သည်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က တွေ့ရစဉ်

မက်သနောဓာတုပစ္စည်းများ တင်ဆောင်လာသော မလေးရှား ကုန်တင်သင်္ဘောတစ်စီးသည် ဇူလိုင်လ ၂၆ ရက်နေ့က ပေါက်ကွဲမှုကြောင့် သင်္ဘောဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး လူလေးဦး ပျောက်ဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။
ယင်းပေါက်ကွဲမှုသည် မိုးကြိုးပစ်ခြင်းကြောင့်ဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်အတွင်းတွင်ရှိ Labuan ကျွန်းရှိ Petronasကုမ္မဏီသို့ မောင်းနှင်လာစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောကုမ္မဏီ MIRS မှ ပြောကြား ခဲ့ခြင်းဖြစ်သည်။ Bunga Aplinia အမည်ရှိ သင်္ဘောသည် တန်ချိန် ၃၈၀၀၀ ခန့်လေးကာ ပေါက်ကွဲမှုကြောင့် ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

ခုနှစ်ရက်သားသမီးများအတွက် ( ၃၀.၇.၁၂ ) မှ ( ၅.၈.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
ဝင်ငွေကောင်းနေခြင်း၊ စီးပွားရေးအစစအရာရာအောင်မြင်နေခြင်း၊ တိုက်ခန်းဝင်ခြင်း၊
ကားဝင်ခြင်း၊ လာဘ်လာဘများဝင်ခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင် ရခြင်း၊ ခရီးမကြာခဏထွက်နေရခြင်းများဖြစ်နေမည်။ မြေထွက်ခြင်း၊ စက်ပစ္စည်းများထွက်နေခြင်း၊ လက်အောက်ငယ်သားထွက်ခြင်း (သို့) လက်အောက် ငယ်သားကြောင့်စိတ်ညစ်

"ပြည်ပအကူအညီမှမပါဘဲ ကျွန်ုပ်တို့ဖြေရှင်းနိုင်ပါသည်"




မြန်မာသံရုံးများရှေ့မှာ ဆန္ဒပြခြင်း၊ အလံမီးရှို့ပြခြင်း၊ သမ္မတ၏ဓာတ်ပုံအား မဖွယ်မရာပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအား တိုက်ခိုက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခြင်းများသည် "မည်သည့် အကျိုးတရားကိုမှ ရရှိလာမည်မဟုတ်ဘဲ - ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များအတွက် ပိုမို ခက်ခဲကျပ်တည်းသော အခြေအနေတရပ်သို့ တွန်းပို့ပေးသလိုသာဖြစ်မည်ကို သတိချပ်သင့်ပါသည်" ဆိုပြီး ရေးထားတဲ့ မေတ္တာရပ်ခံချက် တစောင်ကို ကိုမောင်မောင် (မောင်မောင်/ရွှေကရ၀ိတ်) ရဲ့ facebook မှာ တွေ့ရပါတယ်။

အပြည့်အစုံက ဒီလိုပါ -

Sunday, 29 July 2012

လူမိုက်ကံကောင်းပါပဲ..


ဆာဘီးယားနိုင်ငံသားတစ်ယောက်အီဂျစ်ကမ်းခြေမှာ အရက်မူးပြီး
ရေထဲခုန်ချတာ လူသားစားငါးမန်းပေါ်ကျပြီးငါးမန်းသေသွား
လို့ သူရဲကောင်းဖြစ်ရတယ်...လူမိုက်ကံကောင်းပေါ့ ...
မြန်မာ့ ရေတပ်မတော်က ကာယဗလမောင်တစ်ယောက်လည်း
အရက်မူးပြီး ကင်းစခန်းနားဖြတ်သွားတဲ့ လူတစ်ယောက်ကိုခေါ်ရစ်တာ
ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖောက်ခွဲရေးသမားဖြစ်နေလို့ ရထူးမကျတဲ့ အပြင်
ရာထူးပါတက်သွားခဲ့ ဖူးတယ်...
@KPT

အော် ကလေးတွေ ရဲ့ မူလတန်းကျောင်း တဲ့ စိတ်ထဲ မကောင်းလိုက်တာ

အာရှတိုက်အလယ် ပိုင်းမှ ငရဲသို့ သွားသော တံခါးပေါက်

အာရှတိုက် အလယ်ပိုင်း တွင်ရှိသော တာကမန်နစ္စတန်နိုင်ငံ၊  Derweze ရွာ၊ Karakum  သဲကန္တာရတွင်  ရှိသော မီးတောင်ကြွင်းကို  ယခုကဲ့သို့ တွေ့မြင်ရသည်။
Turkmenistan နိုင်ငံသည်   ယခင်က ဆိုဗီယက်ပြည်ထောင်စု ဝင်နိုင် ငံဖြစ်ပြီးအာဖဂန်၊အီရန်   စသည်တို့နှင့်လည်း   နယ်နိမိတ်ထိ စက်နေသော  နိုင်ငံ ဖြစ် သည်။ 
မီးများဟုန်းဟုန်းတောက်လောင်ကျွမ်းနေသော ယင်း မီးကြွင်းကို ဥက္ကာခဲကျဆင်းသဖြင့် ဖြစ်ပေါ် လာသည်ဟု လည်းကောင်း၊ မီးတောင်ပေါက်သော်လည်းကောင်း အမျိုးမျိုး ယူဆ ထားကြပြီး ယနေ့တိုင် ထင်ရှားလျက် ရှိသည် ချိုင့်တွင်းကြီးဖြစ်သည်။

လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင်တော့မယ်




Photo: လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင် တော့မယ်လို့ မျှော်လင့်ရကြောင်း အေပီ သတင်း ကဖေါ်ပြပါတယ်။

ဒီကိစ္စအတွက် Visa အကြွေးကဒ် ကုမ္ပဏီ နဲ့ ဆွေးနွေးညှိနှိုင်းနေပြီ 
ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင် က ပြောဆိုပါတယ်။

အမည်မဖေါ်လိုသူ ဘဏ်ဝန်ထမ်း နောက်တစ်ဦးကတော့ Visa ကုမ္ပဏီ နဲ့သာမက Master Card/ China Union Pay နဲ့ Japan Credit Bureau တို့ နဲ့လည်း ဆွေးနွေးနေကြောင်း ၊၂၀၁၃ ခုနှစ်မှာ အကြွေးကဒ်စနစ် စတင်သုံးစွဲနိုင်တော့မယ်လို့မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

 မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စု နဲ့ အီးယူ ဥရောပသမဂ္ဂတို့က ၂၀၀၃ ခုနှစ်ကစပြီး ငွေကြေးဆိုင်ရာ အလွှဲအပြောင်းတွေ ပိတ်ဆို့
တားဆီးထားခဲ့တာကြောင့်၊ မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ 
 နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ အကြွေးကဒ်တွေ မသုံးစွဲနိုင်ဘဲ
 ငွေစက္ကူတွေကိုသာ သယ်ဆောင် သုံးစွဲနေရပါတယ်။ 

မကြာခင်ကတော့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက် လာတဲ့ အတွက် ပိတ်ဆို့မှု အများစုကို ယာယီ လျှော့ပေါ့ပေးခဲ့ပါတယ်။

လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင်

မြေငတ်နေတဲ့ မိတ္ထီလာ စည်ပင်အရာရှိ




မိတ္ထီလာမြို့အတွင်းရှိ ကျောက်ဖြူကုန်းအုပ်စု မြင်တော်ကန်ကျေးရွာမှာ နေထိုင်တဲ့ ကိုနေလင်းပိုင် ယာမြေတွေကို မိတ္ထီ လာမြို့ စည်ပင်သာယာအမှုဆောင်အရာရှိ ဦးသန်းအေး က မကျူးကျော်ရ စည်ပင်ပိုင်နယ်မြေအဖြစ်သတ်မှတ်၊ အဓမ္မ သိမ်းယူခဲ့ပါတယ်။

ယခု စည်ပင်သာယာက သိမ်းယူထားတဲ့ ယာမြေတွေဟာ နှစ်ပေါင်း (၈၀) ကျော် ဓါးမဦးချ လုပ်ကိုင်စိုက်ပျိုးလာခဲ့တဲ့ ဘိုးဘွားပိုင်မြေတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တောင်သူလယ်သမားတွေဟာ မိမိတို့ စိုက်ပျိုးလာခဲ့တဲ့ လယ် ယာမြေတွေကို

နာမည်ကျော် ဘောလုံး ကစားသမားများနှင့် ၎င်းတို့၏ ဇိမ်ခံကားများ




ရုပ်ရှင်နယ်ပယ်မှ ကျော်ကြားသူများ ကဲ့သို့ပင် အားကစား အကျော်အမော်များသည်လည်း တန်ဖိုးကြီး ကားများကို စီးလေ့ရှိကြရာ နာမည်ကျော် ဘောလုံးသမားများနှင့် ၎င်းတို့၏ အဖိုးတန် ဇိမ်ခံကားများကို
မြင်တွေ့ရသည်။

ဗီယမ်နမ် တောနက်တွင်းမှ အဆုံးမဲ့ လှိုဏ်ဂူကြီး၏ ရင်သပ် ရှုမောဖွယ် မြင်ကွင်းများ




ဗီယမ်နမ်နိုင်ငံ တောနက်တွင်းတွင် တွေ့ရှိရသော ရင်သပ် ရှုမောဖွယ် မြင်ကွင်းများဖြင့် ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြီးမှာ အလွန်ရှည်လျားပြီး ယခုအထိ ထိုလှိုဏ်ဂူကြီး၏ အဆုံးတစ်ဘက်ကို ရှာမတွေ့သေးကြောင်း သိရသည်။

ဗီယမ်နမ် ဘာသာဖြင့် Hang Son Doong (တောင်ပေါ်မြစ်လှိုဏ်ဂူ) ဟု အမည်ရသည့် လှိုဏ်ဂူကြီးကို ၁၉၉၁ ခုနှစ်က ဒေသခံတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကြီးမားသော လှိုဏ်ဂူကြီး အောက်ခြေမှ မြေအောက်မြစ်များ၏ ရေစီးသံများ ကြားနေရသောကြောင့် Hồ-Khanh ဟု အမည်ရသော ထိုတောတွင်း ဒေသခံမှာ ကြောက်လန့်ခဲ့သည်ဟု ဆိုသည်။

လေယာဉ်ကို ခိုးယူခဲ့သည့် လေယာဉ်မှူး ကိုယ့်ကိုယ်ကို သတ်သေ

ဇူလိုင်လ ၁၇ ရက်နေ့တွင် လေ ကြောင်းလိုင်း တစ်ခုမှ လေယာဉ်မှူး တစ်ဦး သည် သူ၏ မိန်းကလေး အဖော်ကို သတ် ပြီးနောက် ထွက်ပြေးလွတ်မြောက်ရန် အတွက် ခရီးသည် တင် လေယာဉ် တစ်စင်းကို ခိုးယူကာ ပျံတတ်ခဲ့သော်လည်း ခရီးသည် များနားခိုရာ အဆောက် အအုံတစ်ခုအတွင်းသို့ ပျက်ကျ ခဲ့သည်။ သည် ကိုယ့်ကိုယ် ကိုယ် သတ်သေ သွားခဲ့ ကြောင်း သိရသည်။
ဘရိုင်ယန် ဟက်ဂျ လင်း (၄၀ နှစ်) သည် သူ၏ မိန်းကလေး အဖော်ကို သတ်ခဲ့ပြီးနောက် ထွက်ပြေး လာကာ အမေရိကန်ပြည်ထောင်စု ယူ တက်ပြည်နယ် စိန့်ဂျော့လေဆိပ်မှ ထိုင်ခုံ ၅၀ ပါ ခရီးသည်တင်လေယာဉ်တစ်စင်းကို ခိုးယူမောင်းနှင်ကာ ပျံတက်ခဲ့ခြင်းဖြစ် သည်။ သူသည် ခရီးသည်များ နားခိုရာ အဆောက်အအုံကို ဖြတ်ကျော်ခဲ့ပြီး နောက် ယာဉ်ရပ်နားရာနေရာရှိ ကားများ ပေါ်သို့ ပျက်ကျခဲ့သည်။ ယင်းနောက် သူ သည် လေယာဉ်မောင်းအခန်းအတွင်း သူ၏ ဦးခေါင်းကို သူကိုယ်တိုင် သေနတ် ဖြင့်ပစ်ကာ အဆုံးစီရင်ခဲ့သည်။ လေယာဉ် မှာ

ရွေးချယ်စရာ မရှိတဲ့ သက်မွန်မြင့်




သရုပ်ဆောင် မင်းသမီး တစ်ယောက်ဖြစ်ဖို့ အချိန်တွေ များစွာကို ရင်းပြီး ကျော်ဖြတ် ကြိုးစား ကြရတဲ့ သူတွေ အများကြီး ရှိမှာပါ။

ကြိုးစားမှု လုံ့လ ၀ီရိယ ရှိရင် ဘယ်အရာမဆို အောင်မြင်နိုင်တယ် ဆိုတဲ့အတိုင်း ချင်းပြည်နယ်ကနေ ရန်ကုန်ကို လာပြီး သရုပ်ဆောင် ဖြစ်ဖို့ ကြိုးစားခဲ့သူက သက်မွန်မြင့် ဆိုတာ သိထားပြီးကြမှာပါ။

မြန်မာပြည်ရဲ့ ဗီဒီယို၊ ရုပ်ရှင်ဈေးကွက်က သရုပ်ဆောင် မင်းသားပေါ် မူတည်တာကြောင့် သရုပ်ဆောင် မင်းသမီးတွေရဲ့ ရွေးချယ်မှု အနေအထားက များစွာ မရှိပါဘူး။

ဒီလို အခြေအနေမျိုး ရှိပေမယ့် သက်မွန်မြင့်က ကျရာနေရာ ရတဲ့ အနေအထား ပေါ်မှာ အကောင်းဆုံး လုပ်ဆောင် နေသူပါ။

တရုတ်၌ အမျိုးသမီး လုံခြုံရေး ဝန်ထမ်းကို ဓားစာ ခံပြုလုပ် ထားသူအား အသေ ဖမ်း

ပေကျင်းမြို့ ရထား ဘူတာရုံတစ်ခု တွင် ဇူလှိုင်လ ၁၉ရက်နေ့ ညက ဘူတာရုံ လုံခြုံရေး စစ်ဆေးသူ အမျိုးသမီး တစ်ဦးအား ဓားဖြင့် ထောက်ကာ ဓားစားခံ ပြုလုပ်ထားသူ တစ်ဦး ကို ရဲအဖွဲ့က အသေပစ်ခတ် ဖမ်းဆီး ကာ အမျိုးသမီး အား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသူသည် ဟူကျောင်လူဘူ တာရုံ ရထားလမ်း အမှတ်-၁၀၌ အမျိုး သမီးအား ဓားဖြင့်ထောက်ကာ

"မိန်းကလေးတယောက် အသည်းကွဲနေတယ်"



ဧပြီလ (၇) ရက်နေ့က မျှော်စင်ကျွန်းမှာပြုလုပ်ခဲ့တဲ့ စိန်ဂေဟာဂီတဖျော်ဖြေပွဲမှ
ဖြူဖြူကျော်သိန်း ၊ ဓာတ်ပုံ- myanmarcelebrity.com

"မိန်းကလေးတယောက်ကတော့ အသည်းကွဲနေပါတယ်လို့။ အဲဒါ ဖြူဖြူကျော်သိန်း ဟုတ်၊ မဟုတ် ဆိုတာကတော့ အခွေအစစ်ကို ၀ယ်ပြီးတော့ နားဆင်ခြင်းအားဖြင့် သိရှိနိုင်ပါလိမ့်မယ်"လို့
ဖြူဖြူကျော်သိန်းက ဇူလိုင်လ ၂၅ ရက်နေ့က လုပ်ခဲ့တဲ့ တေးစီးရီး မိတ်ဆက်ပွဲမှာ MRTV- 4 နဲ့ အင်တာဗျူးမှာ ပြောသွားတာပါ။

"မိန်းကလေးတယောက် အသည်းကွဲနေတယ်" ဆိုတဲ့ ဖြူဖြူကျော်သိန်းရဲ့ တကိုယ်တော် ကိုယ်ပိုင်သံစဉ် တေး စီရီး ကို လာမယ့် သြဂုတ်လ ၄ ရက်နေ့ စနေနေ့မှာ ထွက်ပါတော့မယ်တဲ့။

မြန်မာနိုင်ငံတွင် အဝေးပြေးခရီးစဉ်များအတွက် နှစ်ထပ်ယာဉ်ပြေးဆွဲမူ သက်ဆိုင်ရာကခွင့်မပြုသေး




မြန်မာနိုင်ငံတွင် အဝေးပြေးနှစ်ထပ်ယာဉ်လိုင်း ပြေးဆွဲမှုအတွက် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်မရရှိသေး
သေးကြောင်း အဆိုပါယာဉ်လိုင်းပြေးဆွဲမည့် Elite Express မှတာဝန်၇ှိသူများကပြောကြားလိုက်သည်။
အဆိုပါနှစ်ထပ်ယာဉ်ကို ရန်ကုန်-နေပြည်တော်ခရီးစဉ်အဖြစ် ဇွန်၁၇ ရက်နေ့မှ ဇူလှိုင် ၁၇ ရက်နေ့အထိ တလစမ်းသပ်ပြေးဆွဲခဲ့ရာ ခရီးသည်များကကြိုက်နှစ်သက်ကြကြောင်း တစ်လတာကာလအတွင်း သုသေသနပြုလုပ်ချက်များအရသိရှိရသည်။

Saturday, 28 July 2012

မြ၀တီတွင် MOU ပုံစံဖြင့် ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်နေသော အလုပ်သမား (၇၀၀) ပွဲစားထံတွင် ငွေလိမ်ခံရ



ထိုင်း- မြန်မာ နယ်စပ် မြ၀တီမြို့ရှိ အလုပ်သမား ပါ့စပို့စ်ရုံးတွင် နားလည်မှုစာချွန်ဟုခေါ်သော Memorandum Of Understanding (MOU) ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာရွေ့ပြောင်း
အလုပ်သမား (၇၀၀) ခန့်မှာ ပွဲစားထံတွင် ငွေများအလိမ်ခံရကြောင်း သတင်းရရှိသည်။

“ကျနော်တို့က ထိုင်းနိုင်ငံကို MOU နှင့် အလုပ်သွားလုပ်ဖို့အတွက် ပွဲစား ဘိုလှဝင်း(ခ) ကိုမောင်မြင့်နိုင်ကို ပိုက်ဆံပေးထားတယ်၊ ကျနော်သိတဲ့လူတွေကတော့ (၂၀) လောက်ရှိတယ်၊ သူတို့တွေက တစ်ယောက်ကို မြန်မာကျပ်ငွေ နှစ်သိန်းလောက်ပေးထားပြီ၊ ကျနော်တို့နှင့် တဖြတ်တည်း MOU နဲ့ ပါ့စပို့လုပ်တဲ့သူ (၇၀၀) လောက်ရှိတာ၊ ဒီလူတွေဆီကလည်း ယူပြီး ထွက်ပြေသွားတယ်” ဟု ငွေအလိမ်ခံရသူတဦးဖြစ်သူ ကိုမောင်အေးရွှေက အာရကန်တိုင်းမ်စ်အား ပြောကြားသွားသည်။
သူကဆက်လက်ပြီး အလိမ်ခံရသူများ၏ ငွေပမာဏနှင့် လူအရေအတွက်ကို ယှဉ်တွဲပြီး မှတ်မိသလောက် ပြောပြသည်။ “ ကိုမောင်အေးရွှေ- ၁၇၀,၀၀၀(ဘတ်)၊ ကိုမောင်နုနှင့်ဇနီး- ၁၇,၀၀၀(ဘတ်)၊ ကျော်နိုင်သန်းနှင့်ဇနီး- ၁၇,၀၀၀(ဘတ်)၊ ကိုခင်မောင်ဦး-

ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားများ လုံခြုံရေးစိုးရိမ်

ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံ နယ်စပ်က ဆုံခလာခရိုင် ရနုတ်မြို့က Charoen Pokphand Food Public ပုဇွန်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃ ယောက်ကို ဇူလိုင်လ ၂၅ ရက်နေ့က မနက်အစောပိုင်းက အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

စက်ရုံနဲ့ ၅ ကီလိုမီတာလောက် ဝေးတဲ့ ရနုတ်ကျေးရွာမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် အဲဒီဒေသမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ အဲဒီမှာနေဖို့အတွက် စိုးရိမ်ထိတ်လန့် နေကြပါတယ်။

ငွေကြေးကောက်ခံခြင်းနှင့် ကျောင်းအုပ်ကြီးကိုယ်တိုင်ကျူရှင်ပြ


ကျွန်တော်၊ ကျွန်မတို့ သျှမ်းပြည်နယ် (မြောက်ပိုင်း) မူစယ်မြို့ တောင်ရပ်ကွက်တွင်ရှိ အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဦးအောင်စိုး သည် ကျောင်းသားမိဘများ ၀န်ထုပ်ဝန်ပိုးဖြစ်စေမည့်
ငွေကြေးကောက်ခံမှုဆက်လက်ပြုလုပ်နေသည်ကို သက်ဆိုင်ရာများ သိရှိနိုင်စေရန် တင်ပြအပ်ပါသည်။

၂၅ - ၇ - ၂၀၁၂ ရက်နေ့ က မူစယ်မြို့ နယ်ပညာရေးမှူးရုံးမှ အခြေခံ ပညာကျောင်းများအနေဖြင့် ပညာသင်နှစ် တစ်လျှောက်လုံးတွင် သတ်မှတ်ထားသော ရန်ပုံငွေနှင့် ကျောင်းလခတို့မှအပ မိဘများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့် မည်သည့်ခေါင်းစဉ်နှင့်မျှ အခြားသောငွေကြေးကောက်ခံမှုများကို လုံးဝမပြုလုပ်ရန် မူစယ်မြို့ နယ်အတွင်းရှိ

တရုတ်ရဲသားကြီး တံတားပေါ်မှ ခုန်ချသတ်သေရန် ကြိုးစားသူကို ကယ်တင်နိုင်ခဲ့

                                                  ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်



3005 cop saved jumper off verrazano bridge
ပြီးခဲ့တဲ့ တနင်္လာနေ့ (ဂျွန်လိုင် ၂၃) က Yi Huang အမည်ရှိ နူးယောက်ခ်ရဲသားကြီး တစ်ဦးသည် တံတားတစ်ခုပေါ်မှ ခုန်ချ၍ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားသူ တစ်ဦးကို သူ၏တိုင်းရင်းသား ဘာသာစကားဖြစ်သည့် တရုတ်စကားဖြင့် ပြောဆို၍ ကယ်တင်လိုက်နိုင်ကြောင်း သိရပါ တယ်။
စိတ်ဓာတ်ကျနေပြီး မျှော်လင့်ချက်ကုန်ခမ်းနေသည့် ထိုသူသည် တံတား၏ တံတားရက်မပေါ်တွင် ယိုင်တီးယိုင်တိုင် လမ်းလျှောက် ရင်း ခုန်ချရန် ကြိုပမ်းစဉ် ရဲသားကြီး Huang သည် ထိုသူအနီးသို့ ချဉ်းကပ်၍ ဖျောင်းဖျပြောဆိုရာ နာရီအနည်းငယ်ကြာပြီးတဲ့အခါ မှာတော့ ထိုသူနှင့် Huang တို့ဟာ တစ်နယ်သားတည်းဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Huang ဟာ တရုတ်လိုပြောရင်း တံတားပေါ်မှ ခုန်ချ၍ သတ်သေလိုရသည့် အကြောင်းကို မေးမြန်းရာ ထိုသူသည် သူ၏ ၁၈ နှစ်အရွယ် သမီး ဖြစ်သူနှင့် စကားများ ကတောက် ကဆဖြစ်မှုကြောင့်နှင့် စီးပွားရေး အခက်အခဲများကြောင့် ထိုသို့သတ်သေရန်ကြိုးစား ရခြင်း ဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။

Software’s Serial Key ရှာဖို့ အကောင်းဆုံး website (5) ခု


Computer တစ်လုံးဝယ်ပြီး အသုံးပြုပြီဆိုကတည်းက မိမိ အသုံးပြုချင်တဲ့ application တွေထည့်မယ်။ အသစ်အဆန်းလေးတွေ ကလိချင်တာလေး တွေ့ပြန်ရင်လဲ Computer ထဲမှာ Install လုပ်မယ်။ များသောအားဖြင့်တော့ Application Software တွေဆိုတာ သူ့ရဲ့ သက်ဆိုင်ရာ ကုမ္မဏီတွေကနေ
ရေးသားဖြန့်ချီ ရောင်းချတာ များပါတယ်။

ဗမာ့စစ်တပ်နဲ့တိုက်တဲ့ ပြင်သစ်ရုပ်ရှင် the Burma Conspiracy (Largo Winch-2)

The Lady ရုပ်ရှင် မတိုင်မှီ တစ်နှစ်နီးပါးကထွက်ရှိ တဲ့ ပြင်သစ်ရုပ်ရှင် ကားကြီးတစ်ခုကတော့ the Burma Conspiracy (Largo Winch-2) ဖြစ်ပါ တယ်။
Photo: ဗမာ့စစ်တပ်နဲ့တိုက်တဲ့ ပြင်သစ်ရုပ်ရှင် the Burma Conspiracy (Largo Winch-2)</p>
<p>The Lady ရုပ်ရှင် မတိုင်မှီ တစ်နှစ်နီးပါးကထွက်ရှိ တဲ့ ပြင်သစ်ရုပ်ရှင် ကားကြီးတစ်ခုကတော့ the Burma Conspiracy (Largo Winch-2) ဖြစ်ပါ တယ်။ </p>
<p>၂၀၁၁ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်ခဲ့ခြင်း ဖြစ်ပြီး ဥရောပတင်မက ဟောလိဝုဒ်အသိုင်းအဝိုင်းထိပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအရသော  ဗမာ့စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ် မှုကိုပဲ အခြေခံထားခြင်း ဖြစ်ပါတယ်။ </p>
<p>ပြင်သစ်မှာ W group ကုမ္မဏီပိုင်ရှင် ဟာ မမျော်လင့်ပဲ သေဆုံးခဲ့ပါတယ်။ သူဌေးဟာ ဘီလျံနာတစ်ဦးဖြစ်ပြီး စီးပွားရေးတင်မကပဲ ပရဟိတ လုပ်ငန်းတွေကို ပူးတွဲလုပ်ကိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့သေဆံးမှု ဟာ သွေးရိုးသားရိုးမဟုတ်ပဲ ဗမာ့စစ်တပ်တွေနဲ့ တိုက်ရိုက်ဆက် စပ်နေတယ်လို့ ဆိုပါတယ်။ (ဇာတ်လမ်းထဲမှာ မြန်မာလို့မသုံးပဲ Burma မြန်မာလို့သာ သုံးသွားပါတယ်။)</p>
<p>ထိုင်းနယ်စပ်က မြန်မာ့ပိုင်နက်အတွင်း ဒုက္ခသည်စခန်း မှာ ငွေကြေးတွေ လှူဒါန်းနေတဲ့ သူဌေးဟာ လုပ်ကြံခံလိုက်ရခြင်း ဖြစ်ပြီး ဗိုလ်ချုပ်ကြီး ကျော်မင်း ( General Kyaw min) ကတရားခံစာရင်းထဲမှာ ပါဝင်နေပါတယ်။ သူဌေးမှာ မွေးစားသားတစ်ဦးတည်းသာရှိပြီး W Group ကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။ သို့ပေမယ့် အသက်အန္တရာယ်နဲ့ နီးစပ်နေတဲ့ မွေးစားသား Largo ဟာ W  ကုမ္မဏီကို အပြီးတိုင် ရောင်းချပြီး ပရဟိတလုပ်ငန်းမှာ လှူမယ်လို့ ကြေညာခဲ့ပါတယ်။ သို့တည့်တိုင် ငွေကြေးတွေကို မတရား ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်တွေကြောင့် သူဟာ ဖခင်သေဆုံးမှုကို မြေလှန်စုံစမ်း ရတော့မှာ ဖြစ်ပါတယ်။</p>
<p>ဒါကြောင့် မြန်မာ့နိုင်ငံ၊ ရှမ်းပြည်နယ်အစွန်အဖျားက ဗိုလ်ချုပ် ကျော်မင်း အုပ်ချုပ်နေတဲ့ ဒေသကို အရောက်သွားပါတယ်။ သာမန်အရပ်သား လို နေထိုင်ရင်း မြန်မာမလေးတစ်ဦးနဲ့ နီးစပ်ခဲ့ပုံတွေကိုပါ ရိုက်ကူး ထားပါတယ်။ အမှန်တော့ ဇာတ်လမ်းကို မြန်မာပြည်မှာ လာရောက်ရိုက် ကူးခြင်းမဟုတ်ပဲ ထိုင်းနိုင်ငံမှာ ရိုက်ကူး ထားခြင်းဖြစ်ပါတယ်။ Trailer ကြည့်ရသလောက်တော့ ဗမာစကားပြော မပါဝင်ပဲ ထိုင်းဘာသာ စကား ပြောတာကိုသာ တွေ့ရပါတယ်။ ဒီအချက်က ဝေဖန်သူတို့ အတွက် ထောက်ပြစရာ တစ်ခု ဖြစ်သွားပါတယ်။ </p>
<p>မြန်မာ့တောထဲမှာ တစ်လကျော်ကြာနေထိုင်ရင်း ဗမာ့တပ်မတော်နဲ့ တိုက်ခိုက်ရပါတော့တယ်။ ဇာတ်လမ်းအရ ကတော့ ထုံးစံအတိုင်း မြန်မာ့ တပ်မတော်က ဗီလိန်ဖြစ်ပြီး ရွာတွေကို မီးရှို့ လူရက်ရက်စက်စက် သတ်ဖြတ်နေတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ စစ်အစိုးရခေတ်ကို အခြေခံပြီး ရိုက်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ </p>
<p>ဇာတ်လမ်းကို ဘယ်လ်ဂျီယံ နာမည်ကြီး ဝတ္ထု Largo Winch ကိုပြန်လည် အသက်သွင်း ခြင်း ဖြစ်ပါတယ်။ ပထမ တစ်ကား Largo Winch ကို ၂၀၀၈ မှာ ရိုက်ကူးပြီး ဇာတ်ကွက်က သိပ်မကွာပါဘူး။ ပထမကားက အမေဇုန်တောထဲမှာ ဖြစ်ပြီး ဒုတိယတစ်ကားကျတော့ မြန်မာ့မြေ အမှတ်နဲ့ ထိုင်းနယ်စပ်မှာ ရိုက်ကူး ထားပါတယ်။ </p>
<p>ဇာတ်လမ်းနှစ်ခုလုံး ဝတ္ထုတစ်ပုဒ်တည်းကို အခြေလို့ တူနေမယ်မဟုတ်ပါဘူး။ ဇာတ်ကြောရိုးက တူသယောင် ရှိနေပါတယ်။ ပထမ Largo Winch ကလည်း မွေးစားဖခင် အသတ်ခံရမှုကို စုံစမ်းရင်း အမေဇုန်တော ထဲ ရောက်သွားတာမျိုးဖြစ်ပါတယ်။ ဒုတိယ တစ်ကားကျတော့ Burma Jungle (မြန်မာ့တော) ထဲထိရောက်လာတယ် ဆိုတဲ့ သဘောမျိုး ဖြစ်ပါ တယ်။ အက်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဝေဝေဆာဆာပါဝင်ပါတယ်။</p>
<p>မင်းသား Largo Winch နေရာမှာ ဂျာမနီဖွား ပြင်သစ်မင်းသား Tomer Sisley က သရုပ်ပြီး၊ ဟောလိဝုဒ် မင်းသမီး Sharon Stone က Largo ရဲ့ စက္ကထရီနေရာမှာ သရုပ်ဆောင် ထားပါတယ်။ </p>
<p>the Burma Conspiracy (Largo Winch-2) မကြည့်ရသေးသူများအတွက် Download link နဲ့ Trailer link များ မျှဝေပေးလိုက်ရပါတယ်။ </p>
<p><iframe width=

ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်၌ အင်တာနက် အသုံးပြုနိုင်တော့မည်




ရွှေတိဂုံစေတီတော်သို့ လာရောက်ကြည်ညိုကြသည့် နိုင်ငံခြားသားများ အသုံးပြုရန် ဝိုင်ယာလက်/ ဝိုင်ဖိုင်ကို တပ်ဆင်ရန် စီစဉ်ထားပြီးဖြစ်၍ သြဂုတ်လ ဒုတိယပတ်အတွင်း စတင်အသုံးပြုခွင့် ရရှိတော့မည်ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံး တာဝန်ရှိသူထံမှ သိရှိရသည်။ ယင်းစက်ကို ခရစ်စတယ်လ်ရှိုင်းကုမ္ပဏီက ရွှေတိဂုံစေတီတော် ဂေါပကရုံးသို့ လှူဒါန်းထားခြင်းဖြစ်ပြီး နိုင်ငံခြားသားများသည် တစ်ဦးလျှင် အများဆုံး မိနစ် ၃၀ အခမဲ့ အသုံးပြုခွင့်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ ဝိုင်ဖိုင်ကို စေတီတော်ရင်ပြင်တွင် သင့်တော်ရာနေရာ၌ တပ်ဆင်ထားမည်ဖြစ်ကာ စေတီတော်ပေါ်၌ မည်သည့်နေရာမှမဆို အသုံးပြုနိုင်ရန်လည်း စီစဉ်ပေးထားမည် ဖြစ်ကြောင်း သိရှိရသည်။ ဝိုင်ဖိုင်ကို Password ပေးထားမည်ဖြစ်၍ အသုံးပြုလိုသူ

အနုပညာရှင်နှင့် အိမ်ထောင်ရေး




ချစ်သူ ရည်းစားဘ၀မှာ ဘယ်လောက်ပဲ ချစ်ပါတယ် ပြောပြော ဘ၀အတွက် လက်တွဲဖော် ဆိုတာ ဖြစ်ချင်မှ ဖြစ်တာပါ။ အိမ်ထောင်တစ်ခု ထူထောင်ပြီး ဘ၀ခရီး အတူတူ လျှောက်ပြီဆိုတဲ့ အချိန်မှာလည်း အိမ်ထောင် တည်မြဲ ခိုင်မာဖို့ လိုအပ်ပါသေးတယ်။

အိမ်ထောင်တစ်ခုမှာ ချစ်တာ တစ်ခုတည်းနဲ့တော့ မပြီးပါဘူး။ သူ့ရဲ့နောက်မှာ မေတ္တာတရား၊ နားလည်မှု၊ သစ္စာတရား ဆိုတာတွေ ပါလာပါပြီ။ ဒီအချက်တွေ အားလုံး ပြည့်စုံမှ ခိုင်မြဲမယ်လို့ မဆိုသာပေမယ့် ဒီအချက်တွေ ထဲက တစ်ချက်လောက်ကိုတော့ ထိန်းထား သင့်ပါတယ်။

မိခင်မှ မွေးဖွားပြီးချိန် ရက်(၂၀)ကျော်မှ ဦးခေါင်းကြီးလာသော ကလေးငယ်အား ကူညီဆောင်ရွက်ပေးရန်လိုအပ်နေ


စာရေးသူသည် စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်း မောက်မြို့နယ်သို့ မြေထောက်ပဲ နှင့် မြေပဲဝယ်ရန် ရောက်ရှိခဲ့ပါသည်။ ထိုသို့ သွားရောက်စဉ် ဗန်းမောက် မြို့နယ်တွင်းရှိ ကျွဲကောကြီးရွာ တွင် ကလေးတစ်ယောက် ဦးခေါင်းကြီးနေသည်ကို မြင်တွေ့ ခဲ့ရပါသည်။ ထိုသို့ ထူးခြားစွာ ခေါင်းကြီးနေသော ကလေးမိခင် အား စာရေးသူ မေးမြန်းခဲ့ပါ သည်။
စာရေးသူမေးမြန်းရာတွင် ကလေး၏ မိဘမှာ ကိုမောင်တိုး+ မမိသေးဖြစ်ပြီး ကလေး၏ နာမည်မှာ မောင်ရှိန်းနိုင်နိုင်ဖြစ်ပါ သည်။ မိခင်မှ ကလေးကို ကိုယ် လက်အင်္ဂါအကောင်းပကတိ မွေးဖွားပြီး ရက်ပေါင်း (၂၀)အရ တွင် မိခင်ရော ကလေးပါ ဖျား သဖြင့်

တွန်ခရု(စ်) သမီး ဆူရီ၏ ဖက်ရှင်ဒီဇိုင်း


Related Posts Plugin for WordPress, Blogger...