ဧဒင်အချစ်ပုံပြင်: August 2012

Friday, 31 August 2012

မိုးသီးဇွန်ရဲ့ ပြည်တော်ပြန် ခရီး

ပြည်တော်ပြန် မိုးသီးဇွန် ၊ ဓာတ်ပုံ- Hla Maung Shwe

ရှစ်လေးလုံး ကာလ က ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် တဦးလည်းဖြစ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဌဟောင်းလည်းဖြစ်သူ မိုးသီးဇွန်၏ ယနေ့ စက်တင်ဘာလ ၁ ရက် နေ့ ပြည်တော်ပြန်ခရီးတွင် ကြိုဆိုသူများနှင့် စည်ကားခဲ့ကြောင်း သတင်းရရှိသည်။

ပင်လယ်အပျော်စီးသဘောင်္ကြီးများတွင် အလုပ်ရရှိရန် အာမခံသည့် (၈)လ သင်တန်း


ကြယ်ငါးပွင့်ဟိုတယ်ကြီးများနှင့် ပင်လယ်အပျော်စီးသဘောင်္ကြီးများတွင် အလုပ်ရရှိရန် ရာခိုင်နှုန်းပြည့် အာ
မခံသည့် (၈)လ သင်တန်းအား လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းအား မလေးရှားနိုင်ငံအခြေစိုက် Green City International College တွင် တက်ရောက် သင်ကြားရ  မည်ဖြစ်ပြီး ကျောင်းလခအနေဖြင့် ဗီဇာကြေး၊ နေထိုင်စားသောက်မူစရိတ် အပါဝင် မလေးရှား
ရင်းဂစ် (၁၆၂၃ဝ)ဖြစ်ပြီး သင်တန်းကာလပြီးဆုံးပါက Carnival Cruise Lines, Celebrity Cruises, Holland America Line, Princess Cruises, P & O Cruises, Royal Caribbean Cruise Ltd, Star Cruise နှင့် အခြားနာမည်ကြီး သဘောင်္ကြီးများတွင် အလုပ်လုပ်ကိုင် ခွင့်ရနိုင်မည်ဖြစ်ကြောင်း

ထူးထူးခြားခြားပုံနှင့် ဟာသပုံများ... ရယ်မောခြင်းသည်အသက်ရှည်၏......

တောင်ပြုန်းပွဲတော် ဆိုင်ခန်းငှားခများ ငါးဆ မြှင့်တက်

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ တောင်ပြုံးမင်းနှစ်ပါး နတ်နန်းအတွင်း ရိုးရာပူဇော်ပသမှု ပြုလုပ်နေ
ကြသည့် အနယ်နယ်အရပ်ရပ်မှ ပရိတ်သတ်များကို  သြဂုတ် ၂၉ ရက်၊ ၂ဝ၁၂ ခုနှစ်က တွေ့ရစဉ်။

နှစ်စဉ် ဝါခေါင်လတိုင်း အမရပူရမြို့နယ်တွင် ကျင်းပလေ့ရှိသော တောင်ပြုန်း နတ်ပွဲတော်၌ ယခုနှစ်ဈေး
ဆိုင်ခန်းများ ငှားရမ်းခမှာ ယမန်နှစ်ကထက် ငါးဆ မြင့်တက်ခဲ့သည်။

၂ဝ၁၁ ခုနှစ်က အစားအသောက်၊ အထည်အလိပ်နှင့် လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်ခန်း တခန်းလျှင် ပွဲ
တော် ကျင်းပသည့် သီတင်းတပတ်စာအတွက် ကျသင့်ငွေ ခြောက်သောင်းကျပ်သာ ရှိရာမှ ယခုနှစ်တွင်ကျပ်
သုံးသိန်းအထိမြင့်တက်သွားသည်။

“နှစ်တိုင်း ရောင်းနေကျဆိုတော့ မယူမဖြစ် အခန်းယူပြီး ရောင်းရတယ်။ ပွဲတော်က စည်ပေမယ့် မနှစ်က

ကမ္ဘာ့ ဈေးအပေါဆုံး Laptop


ကမ္ဘာ့ ဈေးအပေါဆုံး Laptop ကိုစာဖတ်သူအချို့ သိရှိပြီး ဖြစ်မယ် ထင်ပါတယ်။

ယခုနှစ် ဇွန်လ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ မှာ ထုတ်ဖော်ပြသခဲ့ တာ ဖြစ်ပါ တယ်။
ဗြိတိန်နိုင်ငံမှ နည်းပညာ ကုမ္မဏီကြီး Allied Computers International မှ ဆင်းရဲသားများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Laptop ဖြစ်ပါတယ်။

ဈေးနှုန်းအားဖြင့် အိန္ဒိယ ရူပီ ၄၉၉၉ တန်ဖိုးပဲ ရှိပါတယ်။ အမေရိကန်ဒေါ်လာ နဲ့တွက်ကြည့်မယ်ဆိုရင် $ 90 ရှိပါတယ်။  မြန်မာငွေနဲ့ တွက်ရင် ၈ သောင်း ဝန်းကျင်ပဲ ရှိမယ်ထင်ပါတယ်။

သို့ပေမယ့် အဲဒီ Laptop တွေမြန်မာပြည်မရောက်နိုင်သေးပါဘူး။ အိန္ဒိယမှာပဲ ရောင်းချတာ ဖြစ်ပါတယ်။

အရေပြား ကြွေကျသည့် ရောဂါဆန်း တစ်မျိုး ခံစားနေရသည့်ကလေးငယ်

အရီဇိုးနား ပြည်နယ်၊ တူစင်မြို့မှ Brystal ခေါ်တဲ့ ကိုးလ အရွယ် ကလေးငယ် လေးတစ်ဦးဟာ Epidermolysis Bullosa ခေါ်တဲ့ ရောဂါဆန်း တစ်မျိုးကို ခံစားနေရတယ်လို့ သိရပါတယ်။ အဲဒီ ရောဂါဟာ အရေပြားကို လက်နဲ့ အသာအယာ ထိတွေ့ရုံနဲ့ အရေပြားမှာ အရည်ကြည်ဖုတွေ ပေါက်လာတတ်တာကြောင့် သူ့ခြေတွေ၊ လက်တွေကို ပတ်တီးနဲ့ စည်းထားရပါတယ်။
လူငါးသောင်းမှာ တစ်ယောက်နှုန်း ဖြစ်ပေါ်လေ့ရှိပြီး အရေပြား တစ်လွှာနဲ့ တစ်လွှာ ပေါင်းစပ်ဖို့ လိုအပ်တဲ့ ပရိုတင်း ချို့တဲ့တာကြောင့် ဖြစ်တဲ့ရောဂါပါ။ အရေပြားဟာ အရမ်းပါးပြီး အထိမခံနိုင်တာကြောင့်

**ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုးကချီးကျူးထားသည့် ရုပ်ရှင်မင်းသားဒန်နရယ်ခရစ် ဇာတ်ကားသစ်ပြသတော့မည်**

ဂျိမ်းစ်ဘွန်းအဖြစ်သရုပ်ဆောင်ခဲ့သည့်ရုပ်ရှင်မင်းသားကြီးရော်ဂျာမိုးကလက်ရှိအချိန်၌ဂျိမ်းစ်ဘွန်းအဖြစ်
သရုပ်ဆောင်နေသည့် ရုပ်ရှင်မင်းသား ဒန်နီရယ်ခရစ် သည် ဂျိမ်းစ်ဘွန်းဇာတ်ကောင်စရိုက်နှင့် အလိုက်ဖက်ဆုံးဖြစ် ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ဂျိမ်းစ်ဘွန်းအဖြစ်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသားကြီး ရော်ဂျာမိုးသည် ယခုအခါအသက်၈၄ နှစ်အရွယ်ရှိပြီဖြစ်သည်။ သူသည်၁၉၇၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ဂျိမ်းစ်ဘွန်းအဖြစ်ရုပ်ရှင်ကားခုနစ် ကားပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့သူဖြစ်သည်။လက်ရှိအချိန်၌

ထိုင်းနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ-

အနီရောင်ယာယီပတ်စ်ပို့စာအုပ်အတု လက်ဝယ်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး ထိုင်း-မြန်မာပြည်စပ်၊ မဲဆောက်မြို့ရှိ တာ့(ခ်) ခရိုင် တရားရုံးက ရုံးထုတ်စစ်ဆေး၊ အမိန့်ချမှတ်မှုများကို ပြုလုပ်လျက်ရှိရာ ယနေ့တွင် မြန်မာရွှေ့ပြောင်းအလုပ် သမား ၁၀ ဦး ၊တမြန်နေ့ (သြဂုတ်လ ၂၉ ရက်နေ့က) မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ ဦးတို့ကို စီရင်ချက်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ အနီရောင်ယာယီပတ်စ်ပို့စာအုပ်အတု လက်ဝယ်ကိုင်ဆောင်မှုနှင့်ပတ်သက်၍ မဲဆောက်အကျဉ်းထောင် တွင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၆၀) ခန့်သည် အချုပ်သားအဖြစ် ရှိနေကြပေသည်။

ဒုက္ခသည်များ ပြန်လည်နေရာချထားရေး လူတွေ့စစ်ဆေးမှု စတင်တော့မည်




အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည်တွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ဟိုတယ်တစ်ခုမှာ လူတွေ့စစ်ဆေးမှုတွေ ဒီသီတင်းပတ်ထဲမှာ စတင်ပြုလုပ်မှာ ဖြစ်ပြီး အဲဒီမှာ လက်ဗွေနှိပ်တာတွေကိုပါ တခါတည်း ဆောင်ရွက်မယ်လို့ ဘန်ကောက်မြို့ အမေရိကန်သံရုံးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှ ၈ ကီလိုမီတာအကွာတွင် ၁၉၈၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသော မယ်လ ဒုက္ခသည်စခန်းကို တွေ့ရစဉ်။

Thursday, 30 August 2012

ရှက်စရာအထုပ်


812 Madeleine Albright 04344756 US
(ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ဖူးသူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း)
အစိုးရအမည်ပျက်စာရင်းထဲက ထုတ်ပေးလိုက်တဲ့ထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက်၊ ကွယ်လွန်သူ ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန်အကွီနို တို့လည်း ပါဝင်ပါတယ်။ အဲဒီစာရင်းထဲရောက်ခဲ့တာ သူတို့ချည်းပဲ မဟုတ်ပါဘူး၊ နိုင်ငံတကာအဖွဲ့အစည်း၊ စာနယ်ဇင်းဘက်ဆိုင်ရာ ပုဂ္ဂိုလ်များလည်း ပါပါတယ်။

စစ်ဗိုလ်ချုပ်ကြီးများက အမည်ပျက်စာရင်းဝင်တွေအဖြစ် သတ်မှတ်ခဲ့တာကို စစ်ဗိုလ်ချုပ်ဟောင်းတွေက ပြန်ပြင်လိုက်တာပါ။

Facebook ပေါ်က ဓာတ်ပုံတွေကို အကာအကွယ်ပေးမယ့် McAfee ရဲ့ plug-in သစ်

3060-McAfee-social-protection
McAfee သည် ယခုလ (သြဂုတ်လ) နှောင်းပိုင်းမှ စတင်၍ လူမှုကွန်ယက်ပေါ်မှ သင့်ဓါတ်ပုံများအား ပိုမို စိတ်ချ လုံခြုံစွာ ထားနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်း လုံခြုံရေးကုမ္ပဏီ အနေဖြင့် Social Protection ဟု အမည်ပေးထားသော ထုတ်ကုန်သစ်တစ်မျိုးကို ဖန်တီးထားပြီး Facebook ပေါ်မှ သင့်ဓာတ်ပုံများကို မည်သူ့ကိုသာ မြင်ခွင့်ပေးမည် ဆိုသည်နှင့် သင့်ဓာတ်ပုံများအား အခြားသူများက download ပြုလုပ် ကူးယူခြင်းမှ ကာကွယ်ပေးသွားမည် ဖြစ်သည်။
Intel နှင့် McAfee ကုမ္ပဏီကြီး နှစ်ခုမှ ပူးပေါင်း ဆောင်ရွက်သော အဆိုပါ browser plug-in သည်

ပြဿဒါးနေ့မှာ သမ္မတရုံး အလုပ်မလုပ်ပါ

မှူးဇော်၏ ဖေ့စ်ဘုတ်စာမျက်နှာ
ပြဿဒါးနေဖြစ်လို့ အမိန့်ကြေညာစာတွေ ထွက်ဖို့ မရှိပါကြောင်းဆိုပြီး သမ္မတရုံး ညွှန်ကြားရေးမှူး တယောက်ရဲ့ မှူုးဇော် အမည်နဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ဒီအတိုင်းဆို ၁၃ ဂဏန်းတွေ၊ ပြဿဒါးတွေ ရှောင်ပြီး အလုပ်လုပ်နေတဲ့ သမ္မတရုံးဖြစ်ပါတယ်။ တနည်းအားဖြင့် အဲဒီရက်တွေမှာ သမ္မတရုံးက အလုပ်မလုပ်ဘူးဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

ကြည့်ရတာ သမ္မတရုံးမှာ ရက်ရာဇာ၊ ပြဿဒါး ရွေးပြီး အလုပ်လုပ်နေကြတယ် ထင်ပါတယ်။ ဒီလိုသာ

အမျိုးသမီးတွေအတွက် အလှတရားက အရေးကြီးပါတယ် စိုးပြည့်သဇင်

သရုပ်ဆောင် စိုးပြည့်သဇင် ကတော့ ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်တဲ့ အနီးမှုန် ဟာသ ဇာတ်ကားကို ဖြိုးငွေစိုးနဲ့ ရိုက်ကူး နေပါတယ်။ သူမနဲ့ တွေ့ဆုံခိုက် မှာတော့ စိုးပြည့် ကတော့ ဖက်ရှင်ကို ရိုးရိုးလေးပဲ ကြိုက်ပါတယ်။
အသားအရေကို တတ်နိုင်သလောက် ထိန်းပါတယ်။ အမျိုးသမီးအတွက် အလှတရားက အရေးကြီးတယ်လို့ ထင်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ဖို့ ကြိုးစားမှုတစ်ခု တည်းနဲ့မရဘူး။ ကံတွေ၊ စန်းတွေလိုပါတယ်။ အရမ်းကြိုးစားပြီး တော့ အောင်မြင်မှုမရတဲ့သူတွေလည်း အများကြီးရှိပါတယ်။
စိုးပြည့် အခုလိုအချိန်တိုလေးအတွင်းမှာ အနုပညာမှတ်တိုင်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုရရှိခဲ့တာလည်း

န၀တ၊ နယက လက်ထက်က သတ်မှတ်ခဲ့တဲ့ နာမည်ပျက် စာရင်းတွေ (Black Lists) ကို သမ္မတ ဦးသိန်းစိန်က ပယ်ဖျက်ပေးလိုက်တာ ဘာကြောင့်လဲ၊ ၈၈ မျိုးဆက်တွေ တဖွဲဖွဲ ပြန်နေတာ အာမခံချက် ရှိရဲ့လား။

န၀တ၊ နယက လက်ထက်က သတ်မှတ်ခဲ့တဲ့ နာမည်ပျက် စာရင်းတွေ (Black Lists) ကို သမ္မတ ဦးသိန်းစိန်က ပယ်ဖျက်ပေးလိုက်တာ ဘာကြောင့်လဲ၊ ၈၈ မျိုးဆက်တွေ တဖွဲဖွဲ ပြန်နေတာ အာမခံချက် ရှိရဲ့လား။ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဘီဘီစီ ၀ိုင်းတော်သား ဦးကိုကိုအောင်က မေးမြန်းထားပါတယ်။

မီးလောင်သေဆုံးခဲ့သော ဒုရဲအုပ် အမှု အခြား ပရောဂ ပါ မပါစစ်ဆေးမည်


နေပြည်တော် ကောင်စီနယ်မြေ (ပျဉ်းမနား)တွင် မီးလောင် သေဆုံးခဲ့သော
ဒုရဲအုပ် အမှုအား (စီအိုင်ဒီ)မှ ဦးဆောင် ၍ ခုံရုံးဖွဲ့ပြီး စုံစမ်းစစ်ဆေး မည်ဟု
စီအိုင်ဒီမှ သတင်းရရှိသည်။
စီအိုင်ဒီမှ ရရှိသော သတင်းအရ သေဆုံးသူ ဒုရဲအုပ်မှာ ဦးဝင်းမြင့်သန်း
ဖြစ်သော်လည်း အခြားဝန်ကြီး ဌာနတစ်ခုမှမူ ဦးသန်းညွန့်ဟု ဆိုသည်။
သူသည် အခြား ပယောဂကြောင့် သေဆုံးခြင်း(သို့) ကိုယ်တိုင် သတ်

လမ်းဘေးအခွေ ရောင်းသူများ ဆန္ဒဖော်ထုတ်ရန် ဗဟန်းမြို့နယ် ရဲစခန်းသို ခွင့်ပြုချက်တောင်း

နိုင်ငံခြားကား ဇာတ်ကားများ ရောင်းချသည့် လမ်းဘေးခွေ ရောင်းချသူများက စက်တင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ၀င်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ရှေ့တွင် ဆန္ဒပြရန် ဗဟန်းမြို့နယ် ရဲစခန်းသို့ သြဂုတ်လ ၂၉ ရက်က စာတင် လိုက်ကြောင်း ဆန္ဒပြခွင့်ကို ဦးဆောင်လှုပ်ရှားနေ သည့် ခွေရောင်းချသူ ကိုသန့်ဇင်က ပြောသည်။
“ဗဟန်းမြို့နယ်စခန်းမှူးကို သွားတင်တာပါ။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ရက်မတိုင်ခင် ၄၈ နာရီအတွင်း ပြခွင့်ပေးမပေး အကြောင်းပြန်ပါ့မယ်။ လူကတော့ ၅၀ လောက်ပဲ လုပ်ပါလို့ မြို့နယ်မှူး ကပြောပါတယ်။ ကျွန်တော်တို့ တင်ထားတာက လူတစ်ရာ လောက်ပြဖို့ပါ။ စီးတန်းလှည့်လည်ခွင့် ဥပဒေအရ ခွင့်ပြုတဲ့ လူထက်များရင် အဖမ်းခံရမှာစိုးလို့ လူငါးဆယ်ထက်မပိုအောင် စည်းကမ်းရှိရှိ ဆန္ဒပြသွားမှာပါ” ဟု ကိုသန့်ဇင်က ပြောသည်။

မြန်မာပြည် မြောက်ပိုင်းမှ သကျသာကီ ထရုံလူပုလေးများ


" မြန်မာပြည် မြောက်ဖျားပိုင်းမှ မျိုးတုန်းပျောက်ကွယ်တော့မည့် အန္တရယ်ကို ရင်ဆိုင်နေရသည့် သကျသာကီ ဟု ခေါ်ဆိုနိုင်မည့် ထရုံလူပုလေးများအကြောင်း "

တစ်ခါ တစ်ခါ သာကီမျိုးဟေ့ တို့ဗမာဆို ပြီးပြောတတ်ကြတယ်လေ၊ သာကီမျိုးဆိုတာ ဘာကြောင့်ခေါ်တာလဲ သိသင့်တယ်လဲထင်လို့ပါ။

သမ္မတကို လုပ်ကြံမည့် အစီအစဉ် မပေါက်ကြားရန် အမေရိကန်တပ်ဖွဲ့ဝင်လေးဦး လူသတ်မှုကျူးလွန်


နိုင်ငံတော် လုပ်ကြံမှု အစီအစဉ်တစ်ရပ်ကို ဖုံးဖိထားနိုင်ရေးအတွက် အမေရိကန်တပ်ဖွဲ့ဝင် လေးဦးတို့သည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား သတ်ဖြတ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှ အစိုးရရှေ့နေများက သြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ အမေရိကန်တပ်ဖွဲ့ဝင် လေးဦးတို့သည် အက်ဖ်အီးအေအာရ် အမည်ရှိ မင်းမဲ့ဝါဒီစစ်အုပ်စုအဖွဲ့ဝင်များဖြစ်ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို လုပ်ကြံသတ်ဖြတ်ကာ အစိုးရအဖွဲ့အား ဖယ်ရှားရန် ကြံစည်နေသူများဖြစ်ကြောင်း ဂျော်ဂျီယာပြည်နယ် အစိုးရရှေ့နေများက ဖော်ထုတ်တင်ပြခဲ့သည်။ ယင်းအပြင် အဆိုပါ တပ်ဖွဲ့ဝင် လေးဦးတို့သည် ၄င်းတို့အခြေစိုက်သည့် ဖို့စတီးဝပ်အမည်ရှိ စစ်စခန်းနှင့် ၀ါရှင်တန် ပြည်နယ်မှ ဆည်တစ်ခုကို

မြန်မာ-ဘင်္ဂလားဒေ့ခ်ျ ပတ်စ်ပို့ဖြင့် နယ်စပ် ဖြတ်ကျော် ခရီးသွားလာခွင့် ပြန်လည် ဖွင့်လှစ်

ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူအကြမ်း ဖက်မှုကြောင့် သုံးလကြာ ပိတ်ထားခဲ့ရသော မြန်မာ-ဘင်္ဂလားဒေ့ ခ်ျ နယ်စပ် ပတ်စ်ပို့ဖြင့် နေ့ချင်ပြန် နိုင်ငံ ဖြတ်ကျော်သွားလာခွင့်ကို ယမန်နေ့ သြဂတ်(စ်)လ ၂၈ ရက်နေ့ က  ပြန်လည် ဖွင့်လှစ် လိုက်ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။
အခြေအနေ တည်ငြိမ်စပြုလာသည့် အတွက် မြန်မာ နစကနှင့် တက်က နက် အခြေစိုက် ဘီဂျီဘီ အမှတ်(၄၂) တပ်ဖွဲ့တို့မှ ဆွေးနွေး ညှိနှိုင်းချက် အရ နှစ်နိုင်ငံ ပတ်စ်ပို့ဖြင့် သွားလာခွင့် ပြုထားသော နယ်စပ်ဂိတ် ကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

Motorola ကုမ္ပဏီ၏ လျှို့ဝှက်ဖိုင်များ ခိုးယူမှုဖြင့် အမေရိကန်နိုင်ငံသား တရုတ်နွယ်ဖွားအမျိုးသမီး ဟန် ဂျွန်ဂျင်အား ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၄ နှစ်ချမှတ်

Wednesday, 29 August 2012

ပြန်သွားတဲ့ရှေ့နေ အမှုဟောင်းအတွက် ထောင်ကျ



ပြည်ပရောက် မြန်မာတွေပြန်လာဖို့ သမ္မတက ဒီနှစ်ဆန်းမှာ ဖိတ်ခေါ်လိုက်တဲ့နောက် ထိုင်းမြန်မာ နယ်စပ်ကနေ ပြန်သွားတဲ့ ရှေ့နေ ကိုစောကျော်ကျော်မင်းကို သူအရင်က စွပ်စွဲခံထားရတဲ့ တရာရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုစောကျော်ကျော်မင်းရဲ့ ဆရာ ဥပဒေအကြံပေး ဦးခင်မောင်ရှိန်က RFA ကို အခုလိုပြောပါတယ်။

"ဒီ ၂၉ ရက် အမိန့်မချခင်မှာ တရားသူကြီးက ပြောတယ်။ ဒီ case ကို အပေါ်ကို တင်ပြထားတယ်။ အဖြေမရသေးဘူးလို့ ပြောတယ်။ အဲဒါ ဒီအမိန့်ချမဲ့ရက် မတိုင်ခင်ပေါ့။ အခု အမိန့်ချတဲ့ရက်ကျတော့ ၆ လ ချလိုက်တာပေါ့။ တရားရုံးမှာ တရားရုံးအရာရှိ ကို အနှောင့်အယှက်ပေးတယ်ဆိုတဲ့ အမှုနဲ့"

နာမည်ပျက်စာရင်း (Black List)မှ ပယ်ဖျက်ပေးမည့်စာရင်း

သြဂုတ်လ (၂၄) ရက်နေ့က Junction Square Shopping Mall မှာ ကျင်းပခဲ့တဲ့ Schwarzkopf Professional Cosmetics မိတ်ဆက် ဖက်ရှင်ပွဲ


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkWVBjM4pkjltIMMp2dwOVsq5rarmnG8h-PDCDm02sIVQSibb7FSbu1AjYgUKRWwd7qRGWLhnD9yqQljH4yvi__mpHPe0ggfnxJHw2twYnJuhfJHbnEidLok96UVb-s3V4CUmjX7Mwi_Uo/s1600/IMG_5258.jpg

ထောက်လှမ်းရေး အရာရှိ တစ်ဦးဟာ ပျဉ်းမနား နေပြည်တော် မှာ မနေ့ညနေပိုင်းက ခန္ဓာကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ခံရပြီး သေဆုံး

အဲပုဂံတွင်တာဝန်ထမ်းဆောင်နေကြပြီဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးလေယာဉ်မှုးများ(Photo- Air Bagan)

Photo: အဲပုဂံတွင်တာဝန်ထမ်းဆောင်နေကြပြီဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးလေယာဉ်မှုးများ(Photo- Air Bagan)

အဲပုဂံတွင်တာဝန်ထမ်းဆောင်နေကြပြီဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးလေယာဉ်မှုးများ(Photo- Air Bagan)

 

ရှားတောပြည်သူ့ဆေးရုံ ဆရာဝန်မရှိ




ကရင်နီပြည်နယ် ရှားတောမြို့ ပြည်သူ့ဆေးရုံမှ ဆရာဝန် ပြောင်းရွှေ့ သွားပြီဖြစ်၍ နောက်ထပ် တာဝန်ကျသည့် ဆရာဝန် ရောက်မလာ သဖြင့် ယခုချိန် အထိ ဆရာဝန်မရှိသေးဘူးလို့ သိရပါတယ်။

ယခင် ဆရာဝန်ကြီး အပြောင်း အရွေ့ မလုပ်မှီ အချိန်က တည်းကပင် လာမည့် တာဝန်ကျ ဆရာဝန်အသစ် နာမည် ကျလာပြီး ဖြစ်ပါတယ်။

တာဝန်ကျဆရာဝန် ရောက်မလာခြင်းကြောင့် ဆေးရုံမှာ ဆရာဝန်လစ်လပ်နေတာ နှစ်လကျော်ရှိသွားပြီလို့ သိရပါတယ်။

ပည်တွင်းရေကြောင်းသွား သဘောင်္များ ဂျပန်က အသစ်လဲပေးမည်



 
Photo-Google Image

ပြည်တွင်းရေကြောင်းသွား သင်္ဘောများကို အသစ်လဲပေးမည့် အစီအစဉ် အပါအဝင် သဘောင်္ကျင်း တည်ဆောက်ရေး လုပ်ငန်းများကို ODA အစီအစဉ်ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ သဘောင်္တည်ဆောက်ရေးဌာန ညွှန်ကြားရေးမှူး Mr Shinichiro Otsubo က ပြောကြားသည်။

 သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ကုန်းလမ်း၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဆိုင်ရာ ဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ပို့ဆောင်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာအသုံးချရေး အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အမျိုးသမီးသီးသန့်များများ စီစဉ်ပေးပါ"




(ဓာတ်ပုံ - 7Day)

ရန်ကုန်မြို့က ဘတ်စ်ကားစီးအမျိုးသမီးတွေကိုကာအကွယ်ပေးဖို့ ထွင်ခဲ့တဲ့ Whistle Campaign အလုပ်မဖြစ်ဘူးလို့ ဒီနေ့ထုတ် ကြေးမုံသတင်းစာ ဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။

ခရီးသည်များ၊ ယာဉ်ဝန်ထမ်းများက အမျိုးသမီးတွေ ကားပေါ်မှာ စော်ကားခံရတာကို ၀င်ရောက်ကူညီဖေးမခြင်း မရှိတဲ့အတွက် Whistle Campaign ဆိုတာ ဖျက်သိမ်းလိုက်တာပဲ ကောင်းတယ်လို့ ဆိုပါတယ်။ အမျိုးသမီးစီးဘတ်စ်ကားအရေအတွက်တိုးပွားအောင်လုပ်ပေးသင့်တယ်လို့ သူ့အမြင်ကို ရေးထားပါတယ်။

ဘတ်စ်ကားပေါ်မှာ ကာယိနြေ္ဒ ထိပါးနှောက်ယှက်ခံရတဲ့ အမျိုးသမီးက သူ့အခြေအနေကိုအများသိဖို့ ၀ီစီမှုတ် အချက်ပေးရေးလှုပ်ရှားမှုက ဒီနှစ်ဆန်းပိုင်းမှာ ပေါ်ပေါက်ခဲ့တာပါ။

ရန်ကုန်မြို့ ဘတ်စ်ကားပေါ်မှာ အခြေအနေတွေက ဘယ်လောက် ဆိုးဝါးနေပါသလဲ။
ဖေဖော်ဝါရီလထုတ် 7Day ဂျာနယ်တစောင် မှာတော့ ဒီလို ရေးထားပါတယ်။
"လိုင်းကားပေါ်တွင် မဖွယ်မရာ ပြုလုပ်ခံရသူ အမျိုးသမီးများတွင် ဆယ်ကျော်သက် အရွယ်များ သာမက ၈ နှစ် ၉ နှစ်အရွယ် က လေးငယ်များ၊ သီလရှင်များပင် ပြုလုပ်ခံရမှုများ ရှိကြောင်း အမျိုးသမီးများဆိုင်ရာ အင်န်ဂျီအိုများ မှသိရသည်"

Tuesday, 28 August 2012

ဝမ်းတွင် အစာမရှိလျှင် (လ္ဘက်ရည်ကြမ်း) သောက်သင့်မသောက်သင့်




Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။

လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့်

Facebook သုံးစွဲသူများအနက် အသက်အကြီးဆုံး ပုဂ္ဂိုလ်အား နာမည်ကျော် Social Networking ဝက်ဘ်ဆိုက်က ဖော်ထုတ်ကြေညာ


ပခုက္ကူမြို့တွင် အုပ်စုဖွဲ့ရမ်းကားမှုတစ်ခုဖြစ်ပွား


Photo
ဓာတ်ပုံ - ကိုဇေ
ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲအချိန်ခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ ခန့်ရှိ လူ
အင်အားတစ်စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်အတွင်းဝင်ရောက်ကာ ၄င်းရပ်ကွက်အတွင်းတွင်ရှိ
သော လူအများကို ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
 ဈေးဆိုင်အချို့ရှိ ပစ္စည်းများကိုဖျက်စီးခြင်း၊နေအိမ်များကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်း
နှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲ
ဆိုကြိမ်းမောင်းမှု ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောင်ချမ်းသာ အိမ်ရာတွင် တွေ့ရသော အထုပ် ဗုံးမဟုတ် ဟုဆို

တာမွေ အ၀ိုင်း အနီး အောင်ချမ်းသာ အိမ်ရာတွင် ယနေ့သြဂုတ် ၂၈ ရက် ၇နာရီ ၄၀ မိနစ်ကျော်က တွေ့ရသော ဗုံးဟု ယူဆရသည့် အထုပ်မှာ ဗုံးမဟုတ်ကြောင်း ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက 7Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
အောင်ချမ်းသာအိမ်ရာတွင် ယနေ့နံနက်ပိုင်းက ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ယင်းအိမ်ရာတွင် နေထိုင်သူများက ပြောသည်။ ပေါက်ကွဲပစ္စည်းဟု ယူဆရသော အရာကို ယင်းအိမ်ရာတွင် ရပ်တန့်ထားသော အဖြူရောင် မီနီလိုက်ထရပ်ကား နောက်ခန်းအတွင်းတွင် ကြွပ်ကြွပ်အိတ်အမည်းဖြင့် ထုပ်ထားခြင်းကို ယင်းကား၏ ယာဉ်မောင်းက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ပုဂိုလ်များက ပြောသည်။

စိုးသူလေးကိုလည်း တစ်ကိုယ်တော် ဖြေဖျော်ပွဲ အဖြစ် ရုံသွင်းမည်

ပြည်ပနိုင်ငံ တွေမှာ ကာလ အတန်ကြာ နေထိုင် ခဲ့ကြတဲ့ မြန်မာပြည် သိန်းတန်ရဲ့ မြန်မာပြည် ဖြေဖျော်ရေး ခရီးဟာ အောင်မြင် ခဲ့တာကြောင့် ယခု အခါ ပွဲစီစဉ်သူ များက အဆိုတော် မာမာအေးရဲ့ ပြည်တော်ပြန်စင်မြင့်ဖြေ ဖျော်ပွဲကို Bo Bo Intertainment က ကမကထပြုလုပ်ကြီးမှူးပြီး ဒီဇင် ဘာလထဲမှာပဲ ကျင်းပဖို့ အစွမ်းကုန်ပြင်ဆင်နေပြီလို့ သိရှိရပါတယ်။
တေးချစ် ပရိသတ်များရဲ့ အသည်းစွဲခေတ်တစ်ခေတ်ရဲ့ မီးရှူးတန်ဆောင် အဆိုတော် မာမာအေးရဲ့ဖြေဖျော်ပွဲကို ပရိသတ်များ စိတ်ဝင်စားနေတဲ့ အချိန်မှာပဲ ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ ကိုပီးပေါ်ကလည်း မိုက်ကြွေးမိုက် ပြစ်ရုပ်ရှင် ဇာတ်ကားနဲ့ အောင် မြင်တဲ့သရုပ်ဆောင် မင်းသားဖြစ်ခဲ့သူ

တောင်ဥက္ကလာတွင် ရဲတစ်ဦး ကားတိုက် ခံရ၍ သေဆုံး

ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ရဲ တပ်ကြပ် စီးနင်း လာသည့် မော်တော် ဆိုင်ကယ်နှင့် ကိုယ်ပိုင်ယာဉ် တစ်စီး တိုက်မိရာမှ ရဲတပ်ကြပ် တစ်ဦး သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဝေဇယန္တာ လမ်းအတိုင်း တောင်ဥက္ကလာပ ဗဟိုဈေးဘက်မှ ပါရမီမီးပွိုင့်ဘက်သို့ မောင်းနှင်လာသောR Minus အပြာရောင် ကိုယ်ပိုင် ယာဉ်တစ်စီးသည် အင်းဝ ၃လမ်းထိပ်အရောက်တွင် တောင်ဥက္ကလာပ ရဲစခန်းမှ ဒုတပ်ကြပ်ဟန်သာစော စီးနင်းလာ သော

အချောင်သမားတွေကို သတိထားကြ



သစ္စာမဲ့အမျိုးသမီးများစာရင်းမှာ ထိုင်းနဲ့မလေး ထိပ်တန်းကပါဝင်



ကွန်ဒွန်ကုမ္ပဏီ Durex ရဲ့ စစ်တမ်းကောက်ချက်အရ သစ္စာမရှိဆုံး အမျိုးသမီးတွေစာရင်းမှာ မြန်မာပြည်ရဲ့ အိမ်နီးချင်းတိုင်းပြည်တွေ ပါဝင်နေတယ်လို့ မနေ့ကနဲ့ဒီကနေ့ တက်လာတဲ့ သတင်းတွေက ဆိုပါတယ်။ထိပ်ဆုံးမှာ ဗိုလ်စွဲသူကတော့ အာဖရိကတိုက် ဂါနာနိုင်ငံက အမျိုးသမီးများ ဖြစ်ပါတယ် တဲ့။

အဆင့် ၁။ ဂါနာ
အဆင့် ၂။ ထိုင်း
အဆင့် ၃။ မလေးရှား
အဆင့် ၄။ ရုရှား
အဆင့် ၅။ စင်္ကာပူ
မြန်မာအမျိုးသမီးများကိုတော့ ဒီစစ်တမ်းရလဒ်ထဲ မတွေ့ရပါ။နိုင်ငံ ၄၀ နီးပါး အကျုံးဝင်တယ်၊ လူပေါင်း သောင်းနဲ့ချီကို ကောက်ခဲ့တဲ့စစ်တမ်းလို့ ဆိုပါတယ်။မနှစ်ကလည်း စစ်တမ်းကောက်ခဲ့တယ်၊

စစ်ပြေးဒုက္ခသည်များဟာ ငြိမ်းချမ်းရေးအတွက် အစမ်းသပ်ခံ သတ္တဝါ များမဟုတ်

simina_kongjor_refugees_1

အပစ်ရပ်အဖွဲ့များရဲ့ ပြန်လည်နေရာချထားရေး၊ ထူထောင်ရေးအတွက် နယ်စပ်နေဒုက္ခသည်တွေကို ပြည် တွင်း ပြန်ပို့မယ့်အရေးမှာ နော်ဝေအစိုးရရဲ့ Myanmar Peace Support Initiative(MPSI) အဖွဲ့က တိုက် ရိုက် အကူအညီပေးသွားမယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ကာလမှာ သတင်း တွေ ထွက်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ ဂျူလိုင်လက ထိုင်း-နယ်စပ် ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ်မှာရှိတဲ့ ကုန်းကျော်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေက မုံးထားကို မပြောင်းရွှေ့ချင်ဘူးလို့ နော်ဝေးနိုင်ငံက အလှူရှင်ကိုယ်စားလှယ်တွေကို ပြောခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ပြေးဒုက္ခသည်များဟာ ငြိမ်းချမ်းရေးအတွက် အစမ်း သပ်ခံ သတ္တဝါ များမဟုတ်တဲ့အတွက် စစ်မီးထဲ့ ပြန်မပို့ဖို့ သျှမ်းလူထုအဖွဲ့အစည်းတွေကနေ ထုတ်ပြန် ကြေငြာ ချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

Monday, 27 August 2012

မင်းသမီး လီယောင်အေးက မြန်မာကလေး များကို ရန်ပုံငွေလှူဒါန်း

မြန်မာ ပရိတ်သတ်များ အသည်းစွဲတဲ့ နန်းတွင်းသမားတော် ဇာတ်ကားမှာ ချန်ဂင် အဖြစ် သရုပ်ဆောင်ခဲ့သူ တောင်ကိုရီယား မင်းသမီး လီယောင်အေး
ဟာ မြန်မာနိုင်ငံက အမျိုးသမီးငယ်များကို စောင့်ရှောက် ကူညီပေးနေတဲ့ မယ်သီလရှင်ကျောင်းတခုကို အလှူငွေထည့်လိုက်ပါတယ်။
The Chosun Ilbo လစဉ်ထုတ် မဂ္ဂဇင်းရဲ့ Woman Chosun ဆိုတဲ့ ချိုဆမ်အမျိုးသမီး အစီအစဉ်တခုမှာ တနင်္လာနေ့က ဖော်ပြတာပါ။ အရှေ့တောင် အာရှ နိုင်ငံ တခုလည်းဖြစ်တဲ့ မြန်မာက အဆိုပါ မယ်သီလရှင်ကျောင်းကို အလှူငွေထည့်ဖို့အတွက် မင်းသမီး လီယောင်အေးက

ပုံဖျက်ဖုံးကွယ်မှုနှင့် အပူဒဏ်ခံနိုင်သည့် လိမ်းဆေး အမေရိကန် သိပ္ပံပညာရှင်များ တီထွင်

အမေရိကန် သိပ္ပံပညာရှင်များသည် ၎င်းတို့၏ စစ်သည်များ အသုံးပြုရန် အတွက် ရုပ်ဖျက်နိုင်ရုံ သာမက ဗုံးပေါက်ကွဲမှုမှ ထွက်ပေါ်လာ သည့်အပူဒဏ်ကို အကာအကွယ်ပေး နိုင်သည့် လိမ်းဆေး တစ်မျိုးကို တီထွင်ခဲ့ ကြောင်း သိရသည်။ 
၎င်းဆေးသည် စစ်သည်များ ခြင်ကိုက်ခံခြင်းမှ အကာ အကွယ်ေ ပးနိုင်ပြီး အပူချိန် ၆ဝဝ ဒီဂရီ စင်တီဂရိတ်အထိ ခံနိုင်ရည်ရှိကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် အပူဟပ်မှုသည် ၂ စက္ကန့်သာ ကြာမြင့်သော်လည်း

မြန်မာနိုင်ငံက ဆရာဝန်တွေရဲ့ အလုပ်လက်မဲ့ ပြဿနာ သမ္မတထံ စာပေးပို

မြန်မာနိုင်ငံမှာ ဆရာဝန်တွေ အလုပ်အကိုင် ရှားပါးပြီး အလုပ်လက်မဲ့ များပြားလာတဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်းပေး ဖို့ ဆရာဝန် အယောက် (၈၀) စုပေါင်း လက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ စာတစ်စောင် ရေးသားပေးပို့လိုက်ပါတယ်။
ဆရာဝန်ရာထူးအတွက် ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အချက်နဲ့ ရာထူးဝင်ခွင့်ကို ကျန်းမာရေး ၀န်ကြီးဌာနကပဲ တာဝန်ယူ ရွေးချယ်စေ လိုကြောင်း အကြံပြုချက်တွေကိုလည်း အဲဒီ သမ္မတထံ ပေးစာထဲ မှာ ရေးသားထားတယ်လို့ ကိုယ်တိုင် စာတင်ခဲ့တဲ့ ဆရာဝန် တစ်ဦးက ပြောပါတယ်။

ထူးထူးခြားခြားပုံနှင့် ဟာသပုံများ... ရယ်မောခြင်းသည်အသက်ရှည်၏......

ကလေးလူကြီးရှေ့ ကမ်းခြေတွင် လိင်ဆက်ဆံခဲ့သည့်အတွက် ဒဏ်ငွေဆောင်ရ

အမေရိကန်ပြည်ထောင်စု Brighton Beach တွင် နေ့လည်ခင်းပိုင်း၌ စုံတွဲတစ်တွဲသည် ကလေးလူကြီးအရှေ့တွင် လိင်အမှုပြုခဲ့သောကြောင့် ဒဏ်ငွေတပ်ခြင်း ခံခဲ့ရကြောင်း သိရသည်။
ကမ်းခြေ သဲသောင်လျှောက်လမ်းတွင် အမျိုးသမီးတစ်ဦး၏ လိင်သည်းသံ ကြားခဲ့ရသူတွေရှိသလို ၊ တချို့က ရွှေရောင်ဆံပင်နှင့် အမျိုးသမီးမှ အမျိုးသား၏အပေါ်မှ

**လီမင်ဟို၏ ဖယောင်းရုပ်တု ရှန်ဟိုင်းပြတိုက်တွင် ပြသမည်**

နာမည်ကျော် ကိုရီးယားမင်းသားလီမင်ဟို၏ ဖယောင်းရုပ်တုသည်ဟောလိဝုဒ်ငွေကြယ်ပွင့်များ ဖြစ်သည့် အိန်ဂျလီနာဂျိုလီ၊ ဂျော့ဂ်ျကလူးနေးတို့၏ ရုပ်တုများနှင့်အတူ ရှန်ဟိုင်းမြို့Madame Tussaud ပြတိုက်တွင် ပြသ ထားတော့မည်ဖြစ်သည်။ပြတိုက်တာဝန်ရှိသူများက လီမင်ဟိုကို ကိုရီးယားအနုပညာလောက၏ အကျော်ကြားဆုံး သရုပ်ဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုသည့်အနေဖြင့်ယခုကဲ့သို့ ပြတိုက်တွင်ထားရှိခြင်းဖြစ် ကြောင်း လီမင်ဟို၏ အေဂျင်စီကထုတ်ဖော်ပြောကြားသည်။မကြာသေးမီက ပြတိုက်မှ တာဝန်ရှိသူများ

ခုနှစ်ရက်သားသမီးများအတွက် ( ၂၇.၈.၁၂) မှ ( ၂.၉.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
ရွှေဝင်ခြင်း၊ နာရီဝင်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ရန်စီစဉ်
နေလျှင်ကောင်းသည်။ အလုပ်ပြောင်းရန်ဖြစ်လျှင်လည်းကောင်းသည်။ စီးပွားတက်ခြင်း၊ လစာတိုးခြင်း၊
ရာထူးတိုးခြင်းများဖြစ်တတ်သည်။ ခရီးလည်းထွက်ရတတ်သည်။ ကောင်းသောခရီးများဖြစ်၏။
လူမျိုးခြားနှင့်ပတ်သက်ပြီး ကောင်းသောသတင်းများကြားရတတ်သည်။ အစစအရာရာ
အဆင်ပြေနေသောအချိန်ဖြစ်သည်။

လက်ထပ်ပြီးကာစ အမျိုးသမီး တစ်ဦး သတို့သမီးဝတ်စုံဖြင့် ဓာတ်ပုံအရိုက်ခံစဉ် ရေနစ်သေဆုံး

သတို့သမီးဝတ်စုံဖြင့် ဓာတ်ပုံအရိုက်ခံစဉ် ရေနစ်သေဆုံး

လက်ထပ်ပြီးကာစ အမျိုးသမီး တစ်ဦးသည် သတို့သမီးဝတ်စုံဖြင့် ဓာတ်ပုံအရိုက်ခံရင်း မတော်တဆမှု တစ်ခု
ကြောင့် ရေနစ်သေဆုံးခဲ့သည့် ကြေကွဲဖွယ် ဖြစ်စဉ်တစ်ခု ကနေဒါတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အသက်(၃၀) အရွယ်ရှိ မာရီယာ ပန်တာဇိုပူလော့စ်သည် ဒေါ်ဝင်ရေတံခွန် အနီးရှိ အော်ရီရော် ရေတံခွန် အ
နီးတွင် သတို့သမီး ဝတ်စုံကို ဝတ်ဆင်ကာ အလှဓာတ်ပုံ ရိုက်ရင်း ရေထဲပြုတ်ကျသွားခြင်း ဖြစ်သည်။

ပုသိမ်ရေဘေး ဆန်ဝေပြဿနာမှ လူ(၅)ဦး ဖမ်းဆီးခံရ




ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ရေဘေးသင့်သူများအား အလှုရှင်များက လှုဒါန်းသော ဆန်များဝေရာ၌ ရက်ကွက်များတွင် ပြဿနာများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံက သတင်းရရှိသည်။

ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌမှ ရေဘေးသင့် ပြည်သူများကို လှုဒါန်းသမျှပစ္စည်းများ အာလုံးကို မချွင်းမချန်ပေးကြရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများကို တိုက်တွန်းခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို ပြဿနာများဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ရပ်ကွက်မှာ ဆန်ဝေတာကို ရပ်ကွက်အုပ်ချုပ်ရေးမှုးက ဦးစီးတယ်၊ နောက်ပြီးတော့

ဒုလ္လဘဝတ်ပြီးမှ လူဖြစ်လာတယ်လို့ ကိုယ့် ကိုယ်ကိုယ် ခံစားရတယ် မိုးအောင်ရင်

လတ်တလော ဇာတ်ကား ရိုက်ကူး မှုက..
ကျွန်တော် ဒုလ္လဘ ဝတ်ထားတော့ ဘုန်းကြီးလူထွက် ဇာတ်လမ်းတစ်ပုဒ် ရိုက်တယ်။
အဲဒီဇာတ်လမ်းရိုက်ဖို့ ဒုလ္လဘဝတ်တာလား..
မဟုတ်ဘူးဗျ။ ဒုလ္လဘဝတ်ပြီးမှ ဒီဇာတ်ကားရိုက်ကူးဖို့ ဖြစ်လာတာ။
Lucky 7 နဲ့ ဆက်ပြီး အလုပ်လုပ်ဖြစ်တဲ့ ပုံစံကရော...
တစ်လမှာ တစ်ကားရိုက်မယ်။ ပြီးတော့ အပြင်တိုက်တွေနဲ့ ရိုက်ကူးခွင့်ပြုလိုက်ပြီ။
တစ်လမှာ တစ်ကားဆိုတော့ ပရိသတ်နဲ့ ဝေးလွန်းမသွားဘူးလား..
ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ကားတွေက တစ်လမှာ ငါးကားထွက်ပြီး ငါးကားစလုံး မကောင်းရင် အလကားပဲလေ။ ကျွန်တော့်အနေနဲ့ကတော့ အဆိုးထဲက အကောင်းပဲ ရွေးရမှာပဲ။ တစ်လမှာ တစ်ကားပဲရိုက်ပြီး အဲဒီတစ်ကားကို ကောင်းအောင်ရိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။
အပြင်တိုက်နဲ့ ရိုက်ကူးမှု အခြေအနေတွေကရော..
လောလောဆယ်ကတော့ အပြင်တိုက်တွေက ကမ်းလှမ်းမှု မရှိသေးပါဘူး။

 မြန်မာ့သစ်လုပ်ငန်းမှ ဆင်နှစ်ကောင်နှင့် တရုတ်နိုင်ငံမှ ပင်လယ်ဖျံနှစ်စုံတို့အား နှစ်နိုင်ငံချစ်ကြည်ရေး အရ လဲလှယ်မည်

7477
ရှန်စီးပြည်နယ် တိုင်းယွမ်မြို့ရှိ တိုင်းယွမ် တိရစ္ဆာန်ဥယျာဉ်တွင် အလှပြနေသော
ပင်လယ်ဖျံကို တွေ့ရစဉ် Photo: People Daily
မြန်မာ့သစ်လုပ်ငန်းမှ ဆင်နှစ်ကောင်နှင့် တရုတ်နိုင်ငံမှပင်လယ် ဖျံနှစ်စုံတို့ကို နှစ်နိုင်ငံချစ်ကြည်ရေး အရ လဲလှယ်သွားမည်ဖြစ်ကြောင်း ထူး (Zoo & Gardens Business Unit) မှ သိရသည်။
အဆိုပါပင်လယ်ဖျံ(Sea Lion) နှစ်စုံကို နေပြည်တော်တိရစ္ဆာန် ဥယျာဉ်တွင် ပြသသွားမည်ဖြစ်ပြီး ယင်းအားထားရှိရန် အတွက် အဆောက်အအုံများ ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရသည်။
“ဒီပင်လယ်ဖျံတွေကို  အရင် သစ်တောဦးစီးဌာနလက်အောက်မှာ ရှိစဉ်ကတည်းက လဲလှယ်ဖို့စီစဉ် ထားတာပါ။ ပင်လယ်ဖျံ ပြသဖို့ ကိုလည်း နည်းစနစ်ပိုင်းတွေကိုအကုန် ပြင်ဆင်ထားပြီးသားပါ။ သူတို့ကို ဘောလုံးပစ်ပြီး ကစားတာတို့၊ ရေပေါ်မှာ ကျွမ်းထိုးတာတို့စတဲ့ ပြကွက်တွေကို

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ လာမည်

ရန်ကုန်-နေပြည်တော် (၃၁)အဆန်ရထား ဘီးချော်မှုဖြစ်


ရန်ကုန်-နေပြည်တော် (၃၁)အဆန်ရထား ရထားဘီးလမ်းချော်မှုဖြစ်ပွားခဲ့သော်လည်း ခရီးသည်များ ထိခိုက်မှု တစုံတရာမရှိ၍ ခရီး
စဉ်အားဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သြဂုတ်လ(၂၇)ရက်နေ့တွင် ရန်ကုန်မှ ထွက်ခွာလာသော နံနက်(၈)နာရီရန်ကုန်-နေပြည်တော် (၃၁)အဆန်ရထားသည် တိုးကြောင်
ကလေးဘူတာ မရောက်ခင်ငမိုးရိပ်ဘတာအကျော်၌ ရထားလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
''တိုးကြောင်ကလေးဘူတာတောင် မရောက်သေးဘူး။ ငမိုးရိပ်ဘူတာအလွန်လေးမှာရထားတွဲ(၅)တွဲမြောက်က ဘီးချော်ပြီး ဖြစ်တာ။ ခရီးသည်တွေလည်း ပြေးလွှားကုန်ကြတယ်။ ခုန်ချတဲ့သူက ခုန်ချနဲ့။   ပေတစ်ရာကျော်လောက်ကိုတရွတ်တိုက်ချော်ထွက် သွား
တော့  ရထားကိုခါသွားတာပဲ'' ဟု ရထားဘီးချော်မှုအားကိုယ်တိုင် မြင်တွေ့ခဲ့သတစ်ဦးကပြောသည်။
အဆိုပါရထားဘီးလမ်းချော်မှုတွင်  သံလမ်းများအကြားရှိ  ကွန်ကရစဇလီဖာတုန်း(၁ဝဝ)ကျော် ခန့်ပျက်စီးသွားပြီး  ခရီးသွားပြည်သူ
များမှာ ထိခိုက်မှုမရှိကြောင်းသိရှိရသည်။

Sunday, 26 August 2012

မြန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ

မြန်မာနိုင်ငံက ဆင်တွေ တစ်နှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ်လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
(ဓာတ်ပုံ- EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်မှ ရယူဖော်ပြပါသည်။) မြန်မာနိုင်ငံက ဆင်များ ထိုင်းနိုင်ငံကို ခိုးထုတ်နေသောပုံ ဖြစ်ပါသည်။
ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ ကြည့်ဖို့ ပြုလုပ်ထားတဲ့ ဆင်စခန်းတွေကို ပို့ဆောင် ရောင်းချခြင်းအားဖြင့် ဒီလုပ်ငန်း ဖြစ်ထွန်းတွင်ကျယ် နေတယ်လို့ ဆိုပါတယ်။
Related Posts Plugin for WordPress, Blogger...