
တနင်္လာနေ့ကို သိပ္ပံပညာရှင်များက ယခုလို အဖြေထုတ်ထားပါတယ်။
၁။ တနင်္လာနေ့သည် မိမိကိုယ်ကိုယ် သေကြောင်းကြံနေ့ (Suicide day)
ကမ္ဘာတစ်လွှားက သေကြောင်းကြံသူများကို စစ်တမ်းကောက် လေ့လာရာ အများစုဟာ တနင်္လာနေ့မှာ မိမိကိုယ်ကိုယ် သေကြောင်းကြံ ကြပါတယ်။ အားလပ်ရပ်မှာ ၁၃ ရာခိုင်နှုန်းသာ သေကြောင်းကြံပေမယ့် တနင်္လာနေ့မှာ ဆိုရင် အမျိုးသား ၁၆ ရာခိုင်နှန်း၊ အမျိုးသမီး ၁၇ ရာခိုင်နှုန်း သေကြောင်း ကြံ ကြပါတယ်။
၂။ တနင်္လာနေ့သည် နှလုံးရောဂါနေ့
Heart attack ဖြစ်သူများကို လေ့လာရာမှာလည်း တော်တော်များများက တနင်္လာနေ့မှာ ဖြစ်ကြတာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါ ဖြစ်နိုင်ချေဟာ အမျိုးသားများအတွက် ၂၀ ရာခိုင်နှုန်း၊ အမျိုးသမီးများအတွက် ၁၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဓိကအချက် ကတော့ စိတ်ဖိအား ပိုများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။










ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ
မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် သွားသောစက်လှေတစ်စီး
ဘင်္ဂလားပင်လယ်ပြင်တွင် တနင်္ဂနွေနေ့က နစ်မြှုပ်သွားခဲ့သဖြင့် (၁၂၈)ဦးအနက်
(၁၂၂)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ဝိုင်းစုခိုင်သိန်းက “မျက်လှည့်” ဗီစီဒီအခွေထွက်ရှိတဲ့ အနေနဲ့ ဘားအံ၊
နေပြည်တော်၊ မိတ္ထီ လာ၊ မန္တလေး၊ မုံရွာ၊ မကွေးမြို့ တွေကိုသွားရောက်ကာ
ပရိသတ်တွေကို လက်မှတ် ရေးထိုးပေးခဲ့ပါတယ်။ နယ်ပရိသတ်တွေကလည်း
သူ့ရဲ့ဗီစီဒီခွေကို တအား အားပေးခဲ့ကြောင်းကို ဝိုင်းစုခိုင်သိန်းက
“ပရိသတ်တွေ တော်တော် အားပေးကြ တယ်။ ဘားအံကို အခွေကြို ပို့ထားပြီးသား။
နောက်ထပ်လည်း ထပ်ယူသွားတဲ့ အခွေတွေလည်း အားလုံးကုန်သွား တယ်။
ပျဉ်းမနားမှာလည်း အားပေးကြတယ်။ ပျဉ်းမ နား မှာ တော်ရုံ တန်ရုံ လက်မှတ်
သိပ်မထိုးကြတော့ တချို့တွေက မယုံကြဘူး။ ပထမ အခွေတုန်းက ပျဉ်းမနားမှာ
သွားဖြန့်တယ်။ ဝိုင်းစုကိုယ်တိုင်ရောက်နေတယ်။ ဒါပေမဲ့ လက်မှတ်
မထိုးလိုက်ရဘူး။ 






ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အေးနန္ဒာအဆင့်
မြင့်အိမ်ရာစီမံကိန်းအပိုင်း(၁) အတွင်း ဖွင့်လှစ်ထားရှိသော ဟိုတယ်တစ်ခု
အနေဖြင့် စီးပွားဖြစ်ဟိုတယ်လုပ် ငန်းလုပ်ကိုင်နေခြင်းမျိုးမဟုတ်ပဲ။
ငယ်ရွယ်သူကျောင်းသား၊ ကျောင်း သူများ၊ စုံတွဲများနှင့် ပြည့်တန်ဆာ
လုပ်ကိုင်သောအမျိုးသမီးများသာ နေ့ညမပြတ်ဝင်ထွက်သွားကနေ သဖြင့်
အနီးရှိအိမ်ရာနေပြည်သူ များ သားကောင်းသမီးပျိုများ အတွက်
များစွာအနှောက်အယှက် ဖြစ်ခြင်း၊ အရှက်ရဖွယ်ရာများနေ့ စဉ်မြင်တွေ့နေရကြောင်း
အိမ်ရာ နေပြည်သူတစ်ဦး၏ပြောပြချက် အရ သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ၀န်းသို့မြို့၊ ဘူတာစုရပ်ကွက်နေ
ဒေါ်နှင်းရီနေအိမ်တွင် သြဂုတ်လ (၃) ရက်နေ့က ငွေကျပ် (၂၂၅) သိန်းနှင့်
ကျောက်ပြားလည်ဆွဲ (၁) ကုံး၊ ကလေးဝတ်ဆွဲကြိုး (၁) ကုံး၊ လက်စွပ် (၆)
ကွင်းပျောက်ဆုံး နေကြောင်း သိရသဖြင့် ၀န်းသို
ရဲစခန်းသို့သွားရောက်တိုင်ကြားအမှု ဖွင့်လှစ်ခဲ့ရာ ယနေ့အချိန်အထိ
မည်သည့်သတင်းမျှ မရရှိသည့် အပြင်ထူးခြားမှုလည်းမရှိခဲ့သော ကြောင့်
အမှုမှန်ပေါ်ပေါက်ရေး အတွက် ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်၊
နေပြည်တော်သို့ ဆက်လက်တင်ပြသွားမည်ဖြစ် ကြောင်း ဒေါ်နှင်းရီ ပြောပြချက် အရ
သိရသည်။



၀၁။ တိုင်းသိပြည်သိ



မြန်မာအလှမယ် နန်းခင်ဇေယျာအား Brand ambassador အဖြစ် လွယ်ဟိန်းကုမ္ပဏီမှ
အောက်တိုဘာလ ၂၆ရက်နေ့တွင် စာချုပ်ချုပ်ဆိုလိုက်သည်ဟု သတင်းရရှိသည်။
အဆိုပါစာချုပ်မှာ တစ်နှစ်သက်တမ်းဖြစ်ပြီး လွယ်ဟိန်းကုမ္ပဏီမှ ထုတ်လုပ်သည့်
Blue Mountain အချိုရည်နှင့် Alpine သောက်ရေသန့်များ၏ ကြော်ငြာများ၊
billboard များနှင့် အခြားအနုပညာဆိုင်ရာ လှုပ်ရှားမှုများတွင် Brand
ambassador အဖြစ် ပါဝင်စေမည်ဟု သိရှိရသည်။
