၁ ဖေဖော်ဝါရီ ၂၀၁၃မိဘပြည်သူများခင်ဗျား-
နှစ်သစ်ကူးမိန့်ခွန်းမှာ ရေဒီယိုကနေတစ်ဆင့် ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို အခါအခွင့် သင့်တိုင်းဆက်သွယ် ပြောကြားသွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက်သွယ် ပြောကြားခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရသက်တမ်း နှစ်နှစ် အတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေများစွာ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကတစ်ဆင့် အောက်ခြေအဆင့်ပြည်သူလူထုအားလုံးအထိ သက်ရောက်မှု ရှိစေမယ့် ပြည်သူ့ဗဟိုပြု စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ ပါတယ်။














ဝါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်က သရုပ် ဆောင်သစ် များကို ဇာတ်ကားအစုံ ကြည့်စေချင်ပြီး စာဖတ်ကြရန် တိုက်တွန်းပြောဆို လိုက်သည်။
ငပလီတွင် နိုင်ငံခြားသားများ ရေအောက်ကမ္ဘာ
လေ့လာနိုင်ရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ ပင်လယ်
ရေငုပ်ခြင်းကို စိတ် ဝင်စားသည့် ပြည်ပ ဧည့်များ အတွက် ရေငုပ် ဝတ်စုံဝတ်
ရေအောက် ခရီး၊ ပျော်စရာ ပင်လယ်ကမ္ဘာ လေ့လာရေး ခရီး (ရေပေါ် လေပိုက်
မျက်နှာဖုံး ဖော်၍ ကူးခတ် လေ့လာခြင်း၊ က ယက်လှေလှော်ခြင်း၊ ရေကူးငါးမြား
ခြင်း၊ တံငါရွာ လေ့လာခြင်း)၊ ငပလီ ဝန်းကျင်ရေမြေ သဘာဝလေ့လာ ခြင်း၊
သံတွဲမြစ်ရိုး တစ်လျှောက် လေ့လာခြင်း တို့ကို ငပလီရေ လွှာ အားကစား စင်တာမှ
ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။






















