ဧဒင်အချစ်ပုံပြင်: March 2013

Sunday, 31 March 2013

မိုက်ကယ်လန်းပြီးရင် အိုပါးဂန်းနန်းစတိုင်PSY ရှိုးလာမည်

မတ်လ ၃၁ ရက်နေ့ ည ၈ နာရီခန့်က ပုသိမ်သူ ရှပ်ပြေးရေယာဉ်နှင့် သုဇာတာ ဆန်တင်သင်္ဘောတို့ တိုက်မိခဲ့ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ခြေထောက်ကျိုး

မတ်လ ၃၁ ရက်နေ့ ည ၈ နာရီခန့်က တွံတေးတူးမြောင်းဝ ဆူးကလပ်ကျေးရွာ အနီးတွင် ရန်ကုန်-ကျိုက်လတ် ပြေးဆွဲနေသော ကျိုက်လတ်မြို့နယ် အသင်းပိုင် ပုသိမ်သူ ရှပ်ပြေးရေယာဉ်နှင့် ကျိုက်လတ်မှ ထွက်ခွာလာသော ကျော်ဇံ-ရုံးဒေါင့်-ရန်ကုန် ပြေးဆွဲသည့် သုဇာတာ လိုင်းကောင် မော်တော်တို့ တိုက်မိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သင်္ဘောတိုက်မိမှု ဖြစ်စဉ်တွင် ခရီးသည် ၁၀၀ ကျော်အား ကယ်တင်နိုင်ခဲ့ပြီး တစ်ဦး သေဆုံးကာ တစ်ဦးခြေထောက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထပ်မံရရှိသည့် သတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။
news-eleven.

ကြည်လင်းကို အားပေးလိုက်ကြပါဦး

ကြည်လင်းကို အားပေးလိုက်ကြပါဦး

နှစ်ပေါင်း ၃ဝ ကြာ ဝက်ပေါင်ခြောက် ပြုလုပ်ရာတွင် အသုံးပြုခဲ့သော ကျောက်တုံး မမျှော်လင့်ဘဲ စတာလင်ပေါင် ၃ ဒသမ ၅ သန်း တန်ကြေးရှိ ဥက္ကာခဲ ဖြစ်နေ

နှစ်ပေါင်း ၃ဝ ကြာ ဝက်ပေါင်ခြောက် ပြုလုပ်ရာတွင် အသုံးပြုခဲ့သော ကျောက်တုံး မမျှော်လင့်ဘဲ စတာလင်ပေါင် ၃ ဒသမ ၅ သန်း တန်ကြေးရှိ ဥက္ကာခဲ ဖြစ်နေ

မက်ဒရစ် မတ် ၃ဝ

စပိန်နိုင်ငံမှ လယ်သမား တစ်ဦးသည် နှစ်ပေါင်း ၃ဝ ကျော်ကြာ အသားငါးများအား ဖိသိပ်ရာတွင် အသုံးပြုခဲ့သည့် ကျောက်တုံး တစ်တုံးမှာ စတာလင်ပေါင် ၃ ဒသမ ၅ သန်းတန်ကြေးရှိ သံထည် ဥက္ကာခဲ တစ်ခုအဖြစ် မမျှော်လင့်ဘဲ တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းဥက္ကာခဲအား တွေ့ရှိခဲ့သူမှာ ဖော့စတီနို အဆန်ဆီ ယိုလိုပတ်ဇ် ဆိုသူ ဖြစ်ပြီး ၄င်းသည် ၁၉၈ဝ ပြည့်နှစ်က စီယူဒတ်ရီးယဲ ပြည်နယ် အနီး လယ်ကွင်း တစ်ခုတွင် ၄င်း၏ ဖခင်ဖြစ်သူနှင့် အတူ ရှိနေစဉ် အလေးချိန် ၁ဝဝ ကီလိုဂရမ်ရှိ ကျောက်တုံး တစ်တုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၄င်းကျောက်တုံးသည် နိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် ကျန်ရစ်ခဲ့သော အကြွင်းအကျန် အဖြစ် လိုပတ်ဇ်က ယူဆခဲ့ပြီး ၄င်းကျောက်တုံးအား အိမ်ရှေ့ ဆင်ဝင် အောက်တွင် ဆယ်စုနှစ် သုံးခုကြာ ထားရှိခဲ့ကာ နောက်ပိုင်းတွင် ဝက်ပေါင်ခြောက် ပြုလုပ်ရာတွင် အဆိုပါ ကျောက်တုံးအား အသုံးပြုခဲ့သည်။

လိုပတ်ဇ်သည် ၂ဝ၁၁ ခုနှစ်တွင် ရုပ် မြင်သံကြားမှ ထုတ်လွှင့်သည့် စပိန် နိုင်ငံပေါ်သို့ ကျရောက်ခဲ့သော ဥက္ကာခဲ အကြောင်းအား ကြည့်ရှု ခဲ့ပြီးနောက် ဘူမိဗေဒ ပညာရှင် ဂျူအန်ကားလို့စ်ဂတ် တာရက်ဇ်နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ၄င်းကျောက်တုံးအား ဂတ်တာရက်ဇ်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ခဲ့ပြီးနောက် ၄င်းသည် သမိုင်း မတင်မီ ကတည်းကပင် တည်ရှိခဲ့သော ဥက္ကာခဲ အဖြစ် တွေ့ရှိခဲ့ကြသည်။

၎င်းဥက္ကာခဲသည် စပိန်နိုင်ငံတွင် ရှာဖွေ တွေ့ရှိခဲ့သော ဥက္ကာခဲများ အနက် စတုတ္ထမြောက် ဥက္ကာခဲဖြစ်ပြီး ပထမဆုံးသော ဥက္ကာခဲကို ၁၈၉၈ ခုနှစ်တွင် ကူဆာပြည်နယ် အနီး၌ လည်းကောင်း၊ ဒုတိယ တစ်ခဲအား ၁၉၁၂ ခုနှစ်တွင် ဂရာနာဒါ ပြည်နယ်၌ လည်းကောင်း၊ တတိယ တစ်ခဲအား ၁၉၅ဝ ပြည့်နှစ်တွင် ဇာရာဂိုဇာ ပြည်နယ် အနီး၌ လည်းကောင်း အသီးသီး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

http://bit.ly/X7pKKm

By မြ၀တီ

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

စပိန်နိုင်ငံမှလယ်သမားတစ်ဦးသည်နှစ်ပေါင်း၃ဝကျာ်ကြာအသားငါးများအားဖိသိပ်ရာတွင် အသုံးပြုခဲ့သည့်
ကျာက်တုံးတစ်တုံးမှာစတာလင်ပေါင်၃ဒသမ၅သန်းတန်ကြေးရှိသံထည်ဥက္ကာခဲတစ်ခုအဖြစ် မမျှော်လင့်
ဘဲ တွေ့ရှိခဲ့ကြောင်း သိရသည်။ ၄င်းဥက္ကာခဲအား တွေ့ရှိခဲ့သူမှာ ဖော့စတီနို အဆန်ဆီ ယိုလိုပတ်ဇ် ဆိုသူ ဖြစ်ပြီး ၄င်းသည် ၁၉၈ဝ ပြည့်နှစ်က စီယူဒတ်ရီးယဲ ပြည်နယ် အနီး လယ်ကွင်း တစ်ခုတွင် ၄င်း၏ ဖခင်ဖြစ်သူနှင့် အတူ ရှိနေစဉ် အလေးချိန် ၁ဝဝ ကီလိုဂရမ်ရှိကျာက်တုံးတစ်တုံးအားတွေ့ရှိခဲ့ခြင်းဖစ်သည်။ ၄င်းကျောက်တုံးသည် နိုင်ငံ၏ ပြည်တွင်းစစ်

မတ်လ (၃၁) ရက်နေ့က ရန်ကုန်၊ Kandawgyi Palace Hotel မှာ ကျင်းပခဲ့တဲ့ ရွှေဥ ရာစုသစ် ရတနာဆိုင် Lucky Draw & Dinner

ရွှေအစစ်များဖြင့် တန်ဆာဆင်ထားတဲ့ မြန်မာဖက်ရှင်အကျီင်္ကို ၀တ်ဆင်ထားတဲ့ Melody

မတ်လ (၃၁) ရက်နေ့က ရန်ကုန်၊ Kandawgyi Palace Hotel မှာ ကျင်းပခဲ့တဲ့ ရွှေဥ ရာစုသစ် ရတနာရွှေဆိုင် Lucky Draw & Dinner

ကမ္ဘာ့အပါးဆုံး လပ်(ပ်)တော့

ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ နောက်လည်း သူ့ထက် ပါးတဲ့ Laptop တွေ ကြိမ်းသေပေါ်လာအုံးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် လောလော ဆယ် လက်ရှိ ကာလမှာတော့ အပါးဆုံး Laptop က Samsung မှ ထုတ်တဲ့ Seires 9 ဖြစ်ပါတယ်။ အထူက ၀.၆ လက်မပဲ ရှိပါတယ်။ လက်မဝက် ကျော် ရုံလေးပဲ ဖြစ်ပါတယ်။

Apple ကထုတ်တဲ့ MacBook Pro တောင် လက်ရှိ အပါးဆုံးက ၀.၇၁ လက်မ အထိပဲ Slim ဖြစ်ပါသေးတယ်။

လေးဇီးကလပ်တီးဝိုင်းနှင့်အတူ အဆိုတော်ဖြူဖြူကျော်သိန်း

မိုက်ကယ်လန်းတူရော့ခ်ဖျော်ဖြေပွဲတွင် အိမ်ရှင်တီးဝိုင်းအဖြစ် လေးဇီးကလပ်တီးဝိုင်းနှင့်အတူ အဆိုတော်ဖြူဖြူကျော်သိန်း သီဆိုဖျော်ဖြေနေစဉ်
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

မိုက်ကယ်လန်းတူရော့ခ်ဂီတပွဲ

ယနေ့ည ၇ နာရီတွင် စတင်ဖျော်ဖြေနေသည့် မိုက်ကယ်လန်းတူရော့ခ်ဂီတပွဲတွင် အဖွင့်ဧည့်ခံဖျော်ဖြေသည့် လေးဇီးကလပ်တီးဝိုင်းက မြန်မာနိုင်ငံတော်သီချင်းသံစဉ်ဖြင့် ပွဲကိုစတင်လိုက်သည်။ ပရိသတ်များမှာ နိုင်ငံတော်သီချင်းတီးခတ်နေချိန်တွင် မတ်တပ်ရပ်ကာ လေးစားသမှုကိုပြသခဲ့ကြသည်။
မြန်မာနိုင်ငံတော်သီချင်းကို တီးခတ်နေစဉ် စင်မြင့်နောက်ခံပရိုဂျက်တာတွင် မြန်မာနိုင်ငံတော်အလံကို ပြသထားသည်ကိုတွေ့ရစဉ်
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ကမ္ဘာကျော်တေးဂီတအဖွဲ့ Michael Learns To Rock အဖွဲ့၏ ဖျော်ဖြေပွဲ

ကမ္ဘာကျော်တေးဂီတအဖွဲ့ Michael Learns To Rock အဖွဲ့၏ ဖျော်ဖြေပွဲပြုလုပ်မည့် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်သို့ မတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ် ၀န်းကျင်တွင် ပရိတ်သတ်များ ၀င်ရောက်လျက်ရှိပြီး ပရိတ်သတ် ၃၀၀၀ ကျော်ခန့် ရောက်ရှိနေပြီဖြစ် သည်ဟု သိရှိရပါသည်။

အဆိုပါ ဖျော်ဖြေပွဲသို့ မြန်မာအနုပညာရှင်များ ဖြစ်သည့် အဆိုတော် သားစိုး၊ အနဂ္ဂ၊ သံသာဝင်း၊ သရုပ်ဆောင် အကယ်ဒမီ ရဲအောင်နှင့် ဒါရိုက်တာ ညိုမင်းလွင် တို့လည်း ကြည့်ရှူရန် ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

Michael Learns To Rock ဖျော်ဖြေပွဲ 5 PLUS Channel တွင်ပြန်လည်ထုတ်လွှင့်ပေးမည်

ယနေ့ မတ်လ ၃၁ ရက်နေ့ ပြည့်သူရင်ပြင်တွင် ကျင်းပမည့် Michael Learns To Rock ဖျော်ဖြေပွဲကို ပြည်တွင်းရှိ 5 PLUS Channel တွင် ဧပြီလ ၁ ရက်နေ့ ည ၇:၁၅ မိနစ်တွင် ပြန်လည်ထုတ်လွှင့်သွားမည်ဟု ၎င်းတို့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အပြင် ဧပြီလ ၂ ရက်၊ ၅ ရက်၊ ၇ ရက်နေ့များတွင်လည်း ထုတ်လွှင့်ပြသ
သွားမည်ဟု သိရသည်။

Popular Myanmar News Journal

Saturday, 30 March 2013

ပခုံးအရွယ်အစားလောက် ကြီးမားသည့် လည်ပင်းရှိသူ

တရုတ်ပြည်၊ ဂျီလင်း ခရိုင်မှ ဝမ်ဇီရှန် ဆိုတဲ့ အမျိုးသားဟာ လည်ပင်း တစ်ဝိုက်မှာ ကြီးမားတဲ့ အကျိတ်ကြီး ဖြစ်ပေါ် နေတယ်လို့ သိရပါတယ်။ ၂၀ဝ၅ ခုနှစ် ဟော်မုန်း ကုသမှု ခံယူပြီး နောက်ပိုင်း မှာ သူ့လည်ပင်းဟာ စတင်ထူထပ် လာတယ်လို့ ဆို ပါတယ်။ အဲဒီ အကျိတ်ဟာ အဆီကျိတ် ဖြစ်ပြီး အဆီဆဲလ်တွေ ကြီးထွားမှု လွန်တဲ့ ဘီနိုင်းအကျိတ် ဖြစ်တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ခွဲစိတ် ကုသဖို့ လိုအပ် ပေမယ့် ခွဲစိတ် နိုင်ဖို့အတွက် ငွေအလုံ အလောက် မရှိတာကြောင့် မခွဲနိုင် သေးဘူးလို့ ဆိုပါ တယ်။ အဆီကျိတ်ဟာ ပျော့ပျောင်းပြီး

အခွေကာဗာမှာ နာမည်မပါလို့ နစ်နာခဲ့ရတဲ့ သက်သခင်

သင်္ကြန်လည်ရတာကို မနှစ်သက်တဲ့ ချစ်သုဝေ

ထရီဇာ ဇာတ်ကားတွေ လက်ခံ ရိုက်ကူးတဲ့ အခါမှာ ဖက်ရှင်နဲ့ ပတ် သက်ပြီး ဘယ်လိုပုံစံ မျိုးတွေ လုပ်ဖြစ် လဲဆိုတော့ ဇာတ်ကားရဲ့ သဘာဝ၊ ကိုယ်လုပ် ရမယ့် ကာ ရိုက်တာ လေးရယ်၊ ပရိသတ် အာရုံ စူးစိုက်မှု ဘယ်လို မျိုးလေး ရှိသွားမ လဲဆိုတဲ့ အပေါ်မှာ မူတည် ပြီးတော့ တစ်ကားနဲ့ တစ်ကား ဖက်ရှင် မထပ် အောင် ကြိုးစားတယ်။

သင်္ကြန်နဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောရမယ် ဆိုရင် အစ်မ သင်္ကြန်ကို သိပ်ပြီး မပျော် တတ်ဘူး။ အဲဒါကတော့ နည်းနည်း ထူးခြားမယ် ထင်တယ်။ ပိုက်ကြီး ကိုင်ပြီး ရေပက် နေရတာကို မနှစ်သက် သလို ရေပက်ခံ ထွက်ရ တာကိုလည်း မကြိုက်ဘူး။

ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံမှ ဆန္ဒပြ မြန်မာအလုပ်သမား ၉၁ ဦး အလုပ်ရှင်ကို လျော်ကြေးပေး၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

3.31.3
ဂျော်ဒန်မှ ပြန်ရောက်လာသည့် မြန်မာအလုပ်သမားများကို မတ်လ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
ဆန္ဒပြမှု ဖြစ်ပွားခဲ့သည့် ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၉၁ ဦး မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် အလုပ်ရှင်အား လျော်ကြေး ပေးခဲ့ရကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရသည်။
အဆိုပါ အလုပ်သမား ၉၁ ဦးသည် အလုပ်ရှင်အား တစ်ဦးလျှင် ဒေါ်လာ ၃၀၀ လျော်ကြေးငွေပေးကာ မတ်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
“အလုပ်ရှင်က အလုပ်သမားတစ်ဦးကို လျော်ကြေးငွေ ဒေါ်လာလေးရာ တောင်းပါတယ်။ ကျွန်မတို့ရဲ့ ဖူလုံကြေး၊ လုပ်သက်စုကြေး အတွက် စုစုပေါင်းဒေါ်လာ ၄၀၀ ပေးတယ်၊၊ အဲဒီထဲက သူတို့ကို လျော်ကြေးငွေအဖြစ် ဒေါ်လာသုံးရာ ပေးခဲ့ရတယ်။ ကျွန်မတို့လက်ထဲမှာရှိတဲ့ ဒေါ်လာတစ်ရာ

Model and Singer | ခွန်းဆင့်နေခြည်

Khun Sint Nay Chi - Flaming Violet Studio Shoot (1)
Khun Sint Nay Chi – Flaming Violet Studio Shoot

“ပတ်စပို့စာအုပ်ကိုပြန်ပေးဆွဲ”

၂၀၁၃ မတ်လ၂၉
မြတ်ညို(အလွတ်သတင်းထောက်)
ဘန်ကောက်မြို့ဖက်ကဆင် ၆၅လမ်း စွယ်ဖစ္စဖစ် အပြာတိုက်တွင်နေထိုင်သည့်  အလုပ်သမားတစ်ဦး ကမိမိ၏ ပတ်စပို့ စာအုပ်အား ပြန်ပေးဆွဲခံထားရကြောင်း ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းက ကိုသန်းဇေါ်ဌေး ညဆိုင်းအလုပ်လုပ်သဖြင့် နေလည်ဘက် အိပ်မောကျနေစဉ် ပိုက်ဆံအိပ်၊ လက်ကိုင်ဖုန်းနှင့် ပတ်စပို့တို့ ခိုးယူခံခဲ့ရသည်။
ကိုသန်းဇေါ်ဌေးက “ကျနော်တို့နေတဲ့ နေရာနားမှာ ကုန်စုံဆိုင်   ရောင်းတဲ့ထိုင်းလူမျိုးရှိတယ်လေ။ သူက ဒီနေ့ မနက်က မေး တယ်။ မင်း ပတ်စပို့ပျောက်သွားတယ်မနား၊ ပိတ်ဆံသုံးထောင်
ပေးခဲ့၊နောက်နေ့ ပတ်စပို့လာယူတဲ့။ ကျနော်တို့ အခြေအနေက ဒီလိုဗျ" ဟုပြောသည်။

ဒေးဗစ်ဘက်ခမ်း ရဲ့ ခြေစွမ်း...

မိခင်ဖြစ်မှ ဆုံးဖြတ်ချက်တွေ ပိုလေးနက်လာတဲ့ နွယ်မာကျော်

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel)

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။

၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။
ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို
အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်
ကလည်း တော်တော်ပြင်းပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းတွင် အမျိုးသားတစ်ဦးမြေကြီးထဲကျွံကျ…

မတ်လ(၂၇)ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်းတွင် မီတာ(၂၀)အနက်
ရှိသည့် မြေကျင်းကြီးတစ်ခုထဲကို လုံခြုံရေးအမျိုးသားတစ်ဦးမတ်တပ်ရပ်
နေစဉ်ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။အသက်(၂၅)နှစ်အရွယ် လုံခြုံ
ရေးအမျိုးသားယန်စီဘင်းသည် ရှန်ဇီးမြို့အိမ်ယာဝင်းတစ်ခုအတွင်းက
လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီးမြေကြီးထဲကျွံကျမှုကြောင့် ဒဏ်ရာအပြင်း
အထန်ရရှိခဲ့ပြီး ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။အနီးပတ်ဝန်းကျင်

flying fish ပင်လယ်ကနေ ပျံထွက်လာတာကို အမိအရ ရိုက်ထားတာပါ။

Photo: flying fish ပင်လယ်ကနေ ပျံထွက်လာတာကို အမိအရ ရိုက်ထားတာပါ။

<visit-- သုတစွယ်စုံကျမ်း -->http://www.youtube.com/watch?v=9uFjmeWnFZ4

You need Adobe Flash Player to watch this video.
Download it from Adobe.

သုတစွယ်စုံကျမ်း

နေတိုးနဲ့ ကျော်ကျော်ဗို တို့ပေါင်းပြီး ကုမ္ပဏီဖွင့်မည်

အခုနှစ်သင်္ကြန်မှာလည်း သင်ဇာဝင့်ကျော်ကပျော်သလိုနေဦးမည်

သင်္ကြန်ဖက်ရှင်အပေါ် မနှစ်ဝေဖန်မှုတွေခံခဲ့ရတဲ့ သင်ဇာဝင့်ကျော်ဟာ အခုနှစ်မှာလည်း သူမအနေနဲ့ ပျော်သလိုပဲ နေထိုင်ပြီး သင်္ကြန်ကိုဖြတ်သန်းသွားမယ့် အကြောင်းဆန်းဒေးဂျာနယ်ကိုပြောပြပါတယ်... ++သင်ဇာကတော့ကိုယ်လွတ်လပ်သလို ကိုယ်နေမှာပါပဲ.. အဲဒီလိုနေထိုင်တဲ့အပေါ် အပြစ်လာပြောရင်လဲ ပြစ်တင်ရှုံ့ချပြီး မကောင်းမြင်တဲ့သူတွေကို သူတို့အားနေလို့ပြောတယ်လို့ပဲသဘောထားလိုက်ပါတယ်.. သင်ဇာကတော့ ကိုယ့်လုပ်ထုံးလုပ်နည်းအတိုင်းပဲပျော်သလိုနေမှာပါ.. ဘယ်သူပြောတာမှ ဂရုမစိုက်သလို ကိုယ့်ကို

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်
ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေကျပ် နှစ်သောင်းတန် ဖုန်း
ကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထား

မလေးရှားတွင် " ကယန်းအလှ" ရုပ်ရှင်ဇာတ်ကား ဆု ၂ ဆုအတွက်ရာထားခြင်းခံရ"

မလေးရှားနိုင်ငံတွင်ကျင်းပသော AIFFA 2013 ရုပ်ရှင်ပြိုင်ပွဲတွင် ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကုူးထားသော ကယန်းအလှ ဇာတ်ကားမှ အကောင်းဆုံးဆု ၂ ဆုအတွက် နေရာ ရာထားချင်းခံရသည်ဟု သိရပါသည်။ ၎င်းဆုများမှာ (Best Film Photography (အောင်ကိုလတ်) နှင့် Best supporting actress (Rose Mary) တို့ဖြစ်ပြီး ဆုများကို ဒီနေ့ညနေ ကြေငြာမှာဖြစ်ပါတယ်။

( ဒါရိုက်တာ အောင်ကိုလတ် Facebook စာမျက်နှာမှ )

Friday, 29 March 2013

မွေးမွေးချင်း ၁၅ ပေါင်ခွဲ ရှိတဲ့ ယူကေနိုင်ငံက လူထွားလေး

ယူကေနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်း ခြောက်ပတ်က မွေးဖွားခဲ့တဲ့ ဂျော့ ကင်း ဆိုတဲ့ ကလေးလေးဟာ မွေးမွေးချင်း ၁၅ ပေါင်ခွဲ ရှိတဲ့ လူထွားကလေး ဖြစ်ပါတယ်။

ဘာကြောင့် ဒီလောက် ထွားပြီး မွေးဖွားလာရသလဲ ဆိုတာကိုတော့ ဆရာဝန်တွေက အကြောင်း ရှာတုန်း ဖြစ်ပါတယ်။ ဂျော့ရဲ့ ဖခင် ရိုင်ယန်က မွေးတုန်းက ကိုးပေါင်သာသာ၊ မိခင် ဂျိတ်က မွေးတုန်းက ခြောက်ပေါင်သာသာပဲ ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလောက်တောင် ထွားကျိုင်းလွန်းလှတာမို့ ကလေးကို တော်တော် ခက်ခက်ခဲခဲ မွေးဖွားခဲ့ရပြီး ဂျော့ကလေးကိုယ်တိုင် ငါးမိနစ်လောက် အောက်စီဂျင်မဲ့ပြီး နေခဲ့ရပါသေးတယ်။ ဒါကြောင့် အသက် ရှင်လမ်းက ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တဲ့အထိ ဖြစ်သွားပါသေးတယ်။

ဒါပေမဲ့ လူကံကောင်းလေး လူထွားကလေးဟာ အခုတော့ ရှင်သန်ခဲ့ပါပြီ၊ မိခင်ဖြစ်သူက သားလေးကို ၀တ်ဆင်ပေးဖို့ မမွေးခင် ကြိုတင်ဝယ်ထားတဲ့ အ၀တ်အစားလေးတွေက ဘယ်လိုမှ မတော်တဲ့အတွက် နှစ်ဆကြီးတဲ့ အ၀တ်အစားတွေ ထပ်မံဝယ်ယူပြီး ၀တ်ဆင်ပေးခဲ့ရပါတယ်။

ယူကေနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်း ခြောက်ပတ်က မွေးဖွားခဲ့တဲ့ ဂျော့ ကင်း ဆိုတဲ့ ကလေးလေးဟာ မွေးမွေးချင်း ၁၅ ပေါင်ခွဲ ရှိတဲ့ လူထွားကလေး ဖြစ်ပါတယ်။
ဘာကြောင့် ဒီလောက် ထွားပြီး မွေးဖွားလာရသလဲ ဆိုတာကိုတော့ ဆရာဝန်တွေက အကြောင်း ရှာတုန်း ဖြစ်ပါတယ်။ ဂျော့ရဲ့ ဖခင် ရိုင်ယန်က မွေးတုန်းက ကိုးပေါင်သာသာ၊ မိခင် ဂျိတ်က မွေးတုန်းက ခြောက်ပေါင်သာသာပဲ ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရောက် ရန်ကုန်သား ဆင်ဦးစီးများ

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း ဆင်စခန်းတခုမှာ ရန်ကုန်သား ၂ ယောက်က ဆင်ထိန်းတဲ့အလုပ် လုပ်ကိုင်နေပါတယ်။ မြို့ပြက လူငယ် ၂ ယောက် ဘယ်လိုလုပ်ပြီး ဆင်ဦးစီး ဖြစ်လာကြပါသလဲ။

ဧရာဝတီ

ဂျော်ဒန်မှာ အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့ မြန်မာ အလုပ်သမားတွေ ပြန်လာပြီး...

ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက ၁၀၀ နီးပါးလောက်ဟာ စက်ရုံအုပ်ချုပ်ရေးက အလုပ်သမားအခွင့်အရေး ဆက်လက် ချိုးဖေါက်နေတာကြောင့် သူတို့ သဘောဆန္ဒအတိုင်း အလုပ်ထွက်လိုက်ကြပြီး မတ်လ ၂၉ ရက် ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။

အခုပြန်ရောက်လာတဲ့ အလုပ်သမားတွေဟာ စာချုပ်သက်တမ်းမပြည့်ခင် အလုပ်ထွက်လိုက်ကြတဲ့အတွက် အလုပ်သမားတစ်ဦးကို ဒေါ်လာ (၁၄၀) လျှော်ကြေးပေးပြီး ပြန်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒေါနတောင်နဲ့ တုတ်တပြက်ဓားတပြက်

ဒေါနတောင်ကျော်ကားလမ်းတွင် ယမန်နေ့က မြ၀တီမြို့မှ ကော့ကရိတ်မြို့သို့ ရာပေါင်းများစွာသော ကားကြီးကားငယ်များ မောင်းနှင်သွားစဉ် ယာဉ်တိုက်မှုတချို့ဖြစ်ပွားရာ ယာဉ်မောင်းသူများ တုတ်ဆွဲဓားဆွဲကာ အချင်းများခဲ့ကြသည်။

ယမန်နေ့က ဒေါနတောင်ကျော်ကားလမ်း ကော့ကရိတ်အပိုင်းတွင် ပိတ်မိနေသည့်ယာဉ်တို့ကို ဤသို့ တွေ့နိုင်သည် (ဓာတ်ပုံများ-ပြည်တော်မြင့်/ဧရာဝတီ)

မော်တော်ယာဉ်များ ၂ နာရီကျော် ပိတ်မိခဲ့ပြီး ထောင်နှင့်ချီသည့် ခရီးသွားများ ဒုက္ခရောက်ခဲ့ကြရသည်။

နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်

Photo: နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ
ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်
Friday, March 29, 2013

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခုအစည်းအဝေးမှာ ပြည်သူလူထုအား ကြိုတင် အသိပေးထားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စသည်ဖြင့် ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍ ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ (၇) ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ တယ်လီဖုန်းသုံးစွဲနိုင်မှု များပြားလာအောင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် စီမံချက်များ ရေးဆွဲပြီးစီမံဆောင်ရွက်လျက် ရှိကြောင်း၊ တယ်လီဖုန်းသုံးစွဲမှု တိုးတက်များပြားလာအောင် တိုးမြှင့်တပ်ဆင်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် လိုင်း (၈)သန်း ၊ ၂ဝ၁၄-၂ဝ၁၅ တွင် လိုင်း (၁၈) သန်း စုစုပေါင်း (၂၆) သန်း တိုးချဲ့တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂ဝ၁၂-၂ဝ၁၃ တွင် (၁ဝ) ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ တွင် (၂၇) ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၂ဝ၁၅ တွင် (၅ဝ) ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊

ယင်းလျာထားချက်မှာ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တယ်လီဖုန်းသည် လက်တွေ့ နယ်ပယ်အသီးသီးတွင် ထိရောက်စွာ အသုံးပြုနေသည့် ပစ္စည်းတစ်ခု ဖြစ်ပါကြောင်း၊ တယ်လီဖုန်း သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍမှာ များပြားပါကြောင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်သည့် အပိုင်းနှင့် တယ်လီဖုန်းလိုင်းများ တည်ဆောက်သည့် အပိုင်းဟူ၍ ရှိပါကြောင်း၊ အခြေခံ အဆောက်အအုံနှင့် တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ပြည်တွင်း ကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်ထားပါကြောင်း။

မိုဘိုင်းလ် တယ်လီဖုန်း Sim Card များကို ယခင်က ပြည်သူများ ဝယ်ယူသုံးစွဲရသည်မှာ ဈေးနှုန်း များပြားခဲ့ပါကြောင်း၊ ဈေးများရသည့် အကြောင်းမှာ ပြည်သူများထံမှ ရောင်းချရသည့် ငွေများဖြင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် လိုင်းများ တပ်ဆင်ရခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် အခြေခံ အဆောက်အအုံနှင့် လိုင်းများမှာ တော်တော်များများ တပ်ဆင်ပြီးဖြစ်၍ လိုင်းများများ သုံးနိုင်ရန်အတွက်ဆိုလျှင် Sim Card များကိုလည်း ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအား Sim Card များ ရောင်းချပေးမည့် ရက်နှင့် ဈေးနှုန်းတို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အချိန်မီ သတင်း ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ခွဲဝေရရှိလာသော Sim Card များကို တယ်လီဖုန်း မရရှိသေးသည့် ပြည်သူများ မျှမျှတတ ရရှိနိုင်အောင် စနစ်တကျ ဖြန့််ခွဲ ရောင်းချပေးသွားရန် ဖြစ်ပါကြောင်း၊ ပြင်ပတွင် ဈေးမကစားနိုင်ရေးအတွက် Sim Card များကို တူညီသည့်ဈေးနှုန်းဖြင့် လစဉ် ရောင်းချပေးသွားရန် စီစဉ်ထားပါကြောင်း၊ Sim Card များရောင်းချပေးသည့်နည်းတူ Hand Set များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာတွင် ဈေးမကစားနိုင်အောင် အခွန်လျော့ပေးသည့်နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေသည့် နည်းစသည့် နည်းလမ်းများအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ် ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များကို လစဉ် ဈေးနှုန်းမပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလမရရှိပါက နောက်လတွင် ရရှိမည် ဖြစ်ကြောင်းကိုလည်း ပြည်သူများအား အသိပေးတင်ပြထားရန် ဖြစ်ပါကြောင်း၊ Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကြပ်တည်းမှု မရှိစေရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/03/29/id-3012
''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခုအစည်းအဝေးမှာ ပြည်သူလူထုအား ကြိုတင် အသိပေးထားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စသည်ဖြင့် ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍ ဖြစ်ပါကြောင်း၊

ကလေးယူဖို့ ထူးခြားတာနဲ့ အသိပေးမယ်ဆိုတဲ့ သဇင်

၂၂ ဘီး ထွေလာ ကုန်တင်ယာဉ် တိမ်းမှောက်

ရန်ကုန်မှ မန္တလေးသို့ တစ်လီတာ အင်ဂျင်ဝိုင်ဘူး ၂၄ ဘူးပါ စက္ကူဖာ ၁၇ဝဝ တင်ဆောင် လာသော ထွေလာ ကုန်တင်ယာဉ် တစ်စီးသည် လမ်းအကွေ့တွင် တံတားနှင့် တိုက်မိ၍ မတ် ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်က ရေတာရှည် မြို့နယ် မြို့လှမြို့ တောင်ဘက် ရန်ကုန်- မန္တလေး ပြည်ထောင်စု ကားလမ်း မိုင်တိုင် အမှတ် (၂ဝ၈/၆) တွင် တိမ်းမှောက် ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ကျော်လင်း ၂၃ နှစ် (ဘ) ဦးလှဝင်း၊ လှိုင်သာယာ (၁၆) ရပ်ကွက်၊ ရန်ကုန်မြို့ နေသူ မောင်းနှင် လာသော ၇ဃ/------နောက်တွဲ အမှတ်၊ နတ/ ၃၈၆၄ (၂၂) ဘီး ထွေလာ

Thursday, 28 March 2013

မီဒီယာတွေရဲ့ စွပ်စွဲချက် မှန်ကန်တယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

ဘောလီးဝုဒ်မင်းသား ဆန်ဂျေးဒတ်အား ဗုံးကွဲမှုနှင့်ပတ်သက်၍ ထောင်ဒဏ်ချမှတ်

ဘောလီးဝုဒ်မင်းသား ဆန်ဂျေးဒတ်အား ဗုံးကွဲမှုနှင့်ပတ်သက်၍ ထောင်ဒဏ်ချမှတ်

အိန္ဒိယနိုင်ငံ ဘောလီးဝုဒ်ရုပ်ရှင်လောကမှ နာမည်ကြီး မင်းသားတစ်ဦးဖြစ်သည့် ဆန်ဂျေးဒတ်အား လက်နက်ခဲယမ်းများ တရားမဝင် ပိုင်ဆိုင်ထားရှိမှုဖြင့် အိန္ဒိယတရားရုံးချုပ်က ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်။ ဆန်းဂျေးဒတ်အား တရားစွဲဆို ပြစ်ဒဏ်ချမှတ်မှုတွင် ၁၉၉၃ ခုနှစ်က မွမ်ဘိုင်းမြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်ရပ်နှင့် ဆက်စပ်နေကြောင်းလည်း သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၅၇ ဦးသေဆုံးခဲ့ရသည်။

ဆန်းဂျေးဒတ်ထံမှ အော်တိုမက်တစ် ရိုင်ဖယ်သေနတ် ၃ လက်နှင့် ပစ္စတိုတစ်လက် တွေ့ရှိခဲ့ရပြီး အဆိုပါလက်နက်များအား ၁၉၉၃ ခုနှစ် မွမ်ဘိုင်းဗုံးပေါက်ကွဲမှု ကျူးလွန်ခဲ့သူများက ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မင်းသား ဆန်ဂျေးဒတ်၏အမှုကို နှစ်ပေါင်း ၁၈ နှစ်ကြာ စုံစမ်းစစ်ဆေးနေခဲ့ခြင်းလည်း ဖြစ်သည်။ ဗုံးပေါက်ပွဲမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိကြောင်း၊ သေနတ်များမှာ ၎င်း၏ မိသားစုကို ကာကွယ်ရန် ဆောင်ထားခြင်းဖြစ်ကြောင်း ဆန်ဂျေးဒတ်က အခိုင်အမာ ထွက်ဆိုခဲ့သည်။

(၆)လအရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်သည့် ဟန်းဆက်နှင့် Tablet

ရန်ကုန်မြို့အတွင်း၌ မိုဘိုင်းဟန်းဆက်နှင့် Tabletများအား အရစ်ကျငွေပေးချေစနစ်ဖြင့် ရောင်းချမှုများ ရှိလာကြောင်း မိုဘိုင်းအရောင်းဆိုင်များမှ သိရှိရသည်။

မိုဘိုင်းဟန်းဆက်များနှင့် Tablet များကို ၆ လ အရစ်ကျ ငွေပေးချေစနစ်ဖြင့်ရောင်းချပေးနေကြောင်း Today  Mobile ဖုန်းဆိုင်မှ သိရှိရသည်။

မတ်လ လကုန်ပိုင်းမှ စတင်ရောင်ချပေးခြင်းဖြစ်ပြီး  ၆ လ ငွေပေးချေစနစ်နှင့်ဝယ်ယူသူများလည်း ရှိကြောင်းကိုလည်း သိရသည်။

ကျွန်တော်က ခု Samsung Galaxy Mini ၀ယ်ထားတယ်၊ ရုံးက CEOက အာမခံပေးပြီး ယူထားတာ၊

Michael Learns to Rock အဖွဲ့ရန်ကုန်သို့ရောက်ရှိ (5 photos)

ရန်ကုန်၊ မတ် ၂၉ Michael Learns to Rock (MLTR) ဂီတအဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖျော်
ဖြေမည့် ၄င်းတို့၏ ဖျော်ဖြေပွဲ အတွက် ရန်ကုန်မြို့သို့ မတ်လ၂၉ ရက်နံနက် ၇ နာရီ ၅ မိနစ်က ကာတာလေ
ကြောင်းလိုင်းဖြင့် ရောက်ရှိလာသည်။ MLTR အဖွဲ့တွင် အဖွဲ့၏ အဓိကဦးဆောင်သီဆိုသူ အဆိုတော် Jascha Richter နှင့်အတူ ၄င်း၏ဇနီး၊သားနှင့်
သမီးတို့ပါ မိသားစုလိုက် မြန်မာနိုင်ငံ၏ ဖျော်ဖြေရေးခရီးစဉ်ကို လိုက်ပါလာသည်ကို တွေ့ရသည်။ မိုက်ကယ်
လန်းအဖွဲ့သုံးဦးနှင့်အတူ စက်အဖွဲ့သားများအပါအ၀င် အဖွဲ့သား ၁၄ ဦး လိုက်ပါလာပြီး ယနေ့ နံနက် ၈ နာ

“ဘ၀င်မြင့်တယ်လို့ထင်တယ်ဆိုရင်တော့ မဟုတ်ပါဘူး မှားပါတယ်လို့ ပြောချင်ပါတယ်” ကျော်ကိုကိုနှင့် တွေ့ဆုံခြင်း

Photo: “ဘ၀င်မြင့်တယ်လို့ထင်တယ်ဆိုရင်တော့ မဟုတ်ပါဘူး မှားပါတယ်လို့ ပြောချင်ပါတယ်” ကျော်ကိုကိုနှင့် တွေ့ဆုံခြင်း
Thursday, March 28, 2013

ရေးသားသူ-ဗိုလ်ဗိုလ်ဝင်း

မြန်မာဘောလုံးအသင်း တတိယဆုရရှိခဲ့သည့် ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲတွင် ခြေစွမ်းပြသခဲ့သော ကျော်ကိုကိုသည် တိုက်စစ်ကစားသမား ရှားပါးနေသည့် မြန်မာနိုင်ငံ၌ ပရိသတ်များက ၎င်းကို များစွာ မျှော်မှန်းခဲ့ကြသည်။ ၎င်းသည် အာရှ ယူ-၂၂ ခြေစစ်ပွဲစဉ်တွင်လည်း ခြေစွမ်းပြသခဲ့သူဖြစ်ပြီး အဆိုပါ ပွဲစဉ်၌ ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဆူဇူကီးဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့သည်။ AFC Challenge Cup ခြေစစ်ပွဲစဉ်များတွင် ပရိသတ်များက ကျော်ကိုကို၏ ခြေစွမ်းကို ပြန်လည် ကြည့်ရှုခွင့်ရရန် မျှော်မှန်းခဲ့ကြသော်လည်း နည်းပြအဖွဲ့အား စော်ကားသည့် အပြုအမူများကြောင့် ကျော်ကိုကိုအား လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခဲ့သည်။ ကျော်ကိုကို၏ အပြုအမူများအတွက် ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီက နှစ်လ ပွဲပယ်ပြစ်ဒဏ်နှင့် မိခင်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းကလည်း ပြင်းထန်စွာ သတိပေးခဲ့ပြီး လစာငွေ တစ်လစာ ဒဏ်ကြေးငွေ ချမှတ်ခဲ့သည်။ ထို့ကြောင့် ကျော်ကိုကို၏ ဖြစ်ရပ်အပေါ် အများက စိတ်ဝင်စားမှုရှိသဖြင့် တိုက်စစ်မှူး ကျော်ကိုကိုအား 7Day News က သွားရောက်မေးမြန်းသည်များထဲမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

ကျော်ကိုကိုက ဘ၀င်မြင့်သွားပြီလို့ ပြောကြတဲ့အပေါ် ဘာများပြောချင်ပါသလဲ။
ဘ၀င်မြင့်တယ်လို့ ထင်တယ် ဆိုရင်တော့ မဟုတ်ပါဘူး မှားပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ခံယူထားတာက ခုချိန်ထိ ဘောလုံးသမားတစ်ယောက်မဟုတ်ပါဘူးဆိုတဲ့ ပုံစံမျိုး ခံယူထားတာပါ။ ဒီနိုင်ငံမှာတောင် ခုနာမည်လေးက အသေးအမွှားလေးပါ။ ကျွန်တော့် အနေနဲ့ တောင်ကိုရီးယား၊ ဂျပန်တို့ဆီ သွားကန်ရင် လမ်းဘေးအဆင့်လောက်ပဲ ရှိပါတယ်။ အဲဒီလိုမျိုး စိတ်နဲ့ အမြဲကြိုးစားနေတာပါ။ ဒီလိုမျိုးဖြစ်သွားတာကလည်း မမျှော်လင့်တဲ့အနေအထားကနေ ဖြစ်သွားတာဆိုတော့ ဒါကျွန်တော့်ရဲ့ ကံကြမ္မာလို့ ဆိုရမှာပါ။

ဒီလိုအမှားမျိုးဖြစ်သွားတာဟာ ကျော်ကိုကိုရဲ့ မျှော်မှန်းထားတဲ့ အနေအထားလား။ ယခင် မျှော်မှန်းထားတာနဲ့ ခုတကယ်ဖြစ်နေတာတွေ ဘာကွာခြားမှုရှိနေလဲ။
ကျွန်တော့်ဘက်က မှားခဲ့တယ်ဆိုရင်လည်း စေတနာအမှား၊ မရည်ရွယ်တဲ့အမှား၊ ဘာစိတ်ဆန္ဒမှ မရှိတဲ့အမှား လုပ်မိလိုက်တာပေါ့နော်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ကျွန်တော့်ဘက်က တောင်းပန်လိုက်တယ်။ တောင်းပန်လိုက်တဲ့အပေါ်မှာ ခွင့်လွှတ်ပြီးတော့ အမြန်ဆုံးကစားခွင့် ပေးစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း လက်ရွေးစင်အသင်းမှာ ကစားပေးချင်တဲ့ သူတစ်ယောက်လေ။ အဲဒီတော့ ဒီအဖြစ်အပျက်တွေက ကျွန်တော်မျှော်လင့်ထားတာနဲ့ လုံးဝဆန့်ကျင်တဲ့ အနေအထား ဖြစ်နေတာပါ။

ဥက္ကဋ္ဌဦးဇော်ဇော်နဲ့ နည်းပြ ပတ်ဆောင်ဟွာကို တောင်းပန်ပြီးပြီလို့ သိရပါတယ်။ ဘယ်လိုတောင်းပန်ခဲ့တယ်ဆိုတာ ပြောပြနိုင်မလား။
ဖြစ်ဖြစ်ချင်းတော့ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဖုန်းနဲ့တောင်းပန်ပါတယ်။ နောက် လူကိုယ်တိုင်လည်း ဥက္ကဋ္ဌနဲ့ နည်းပြကြီး (ပတ်ဆောင်ဟွာ)ကိုလည်း တောင်းပန်ပြီးပါပြီ။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ ပြစ်မှားမိတယ်ဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ နိုင်ငံလက်ရွေးစင်အသင်းမှာ ကျွန်တော်အရမ်း ကစားချင်ပါတယ်၊ အရမ်းလည်း မျှော်လင့်ထားပါတယ်။ နည်းပြကြီးကတော့ သူ့အနေနဲ့ ကျွန်တော့်အပေါ်မှာ ဘာအာဃာတအငြှိုးအတေးတွေမှ မရှိပါဘူးတဲ့၊ ဒါပေမဲ့ လတ်တလောကြီး ပြန်ခေါ်ဖို့ဆိုတာကတော့ သူ့အနေနဲ့ စဉ်းစားရဦးမယ်လို့ ပြောပါတယ်။

နိုင်ငံတကာက ဘောလုံးလူဆိုးတွေလို ကျော်ကိုကိုဖြစ်သွားပြီလားလို့ ဝေဖန်မှုတွေအပေါ် ဘာပြောချင်ပါသလဲ။
အမျိုးမျိုးတော့ ပြောကြမှာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်နဲ့ ပေါင်းသင်းဆက်ဆံနေတဲ့ မိဘ၊ ဆရာသမားတွေ၊ ညီအစ်ကို မောင်နှမအပေါင်းအသင်း ကစားသမားတွေ၊ မိတ်ဆွေတွေကြားထဲမှာ ကျွန်တော်က အဲဒီလောက်ထိရိုင်းစိုင်းတဲ့ကောင် မဟုတ်ဘူးဆိုတာ သိပါတယ်။ ဘယ်သူမှလဲ ဒီလိုဖြစ်သွားတာကို မမျှော်လင့်ထားဘူး။ ကျွန်တော့်မိသားစုကလည်း ဒီလိုဖြစ်သွားတဲ့ အခြေအနေမှာ အံ့သြစွာနဲ့ပဲ နှစ်သိမ့်တယ်၊ အားပေးတယ်။ ကိုယ့်ဘက်ကမှားတယ် ဆိုတာတောင်မှပဲ ဆရာသမားတွေကို ပြန်တောင်းပန်ပြီး ပြန်လည်ကြိုးစားဖို့ အားပေးခဲ့ပါတယ်။ ကျွန်တော်ရဲ့ စိတ်နေသဘောထားကို သိတဲ့သူတွေ အားလုံးကတော့ ကျွန်တော့်ကို အားပေးကြပါတယ်။

AFC Challenge Cup ခြေစစ်ပွဲစဉ်တွေမှာ ၀င်ကစားခွင့်မရဘဲ ပရိသတ်တစ်ဦးအနေနဲ့ ကြည့်ရှုခဲ့ရတဲ့အပေါ် ခံစားချက်လေး သိချင်ပါတယ်။
ခြေစစ်ပွဲအောင်မြင်သွားတဲ့အတွက် ၀မ်းသာတယ်။ ကိုယ်ပါလို့ မပါလို့ထက် ပရိသတ်တစ်ယောက်အနေနဲ့ပဲ ခံစားကြည့်ရှုပေးလိုက်တယ်။ ဘောလုံးသမားတိုင်းကတော့ အမြဲဘောလုံးကစားချင်တာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဥပမာ-ဒဏ်ရာလေးရလို့ မကစားနိုင်ရင်တောင် မပျော်ရွှင်တော့ဘူး။ ဒီလို ပြဿနာ အကြီးကြီးဖြစ်သွားပြီး လက်ရွေးစင်အသင်းမှာ မကစားရတော့ ကျွန်တော့်ဘက်က စိတ်ခံစားချက် ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးကြည့်လို့ရကြမှာပါ။ ကျွန်တော် ဘယ်လောက် ခံစားနေရမယ်ဆိုတာ သိနိုင်ပါတယ်။

လက်ရွေးစင်အသင်းမှာ ကျော်ကိုကိုမပါလဲ ဘာမှမဖြစ်ဘူးလို့ ပရိသတ်တချို့က ပြောကြတဲ့အပေါ် ဘာပြောချင်ပါသလဲ။
ဒါကတော့ မှန်တာပဲလေ။ ဘယ်အသင်းမှာမှ ဘယ်သူတစ်ဦး တစ်ယောက်မရှိရင် မဖြစ်ဘူးဆိုတာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးကစားနည်းက တစ်ဦးချင်း ကစားနည်းမှမဟုတ်တာ အသင်းလိုက် ကစားနည်းဖြစ်ပါတယ်။ အသင်းနဲ့ စည်းလုံးမှုမရှိရင် အံမ၀င်တဲ့သူကတော့ သွားရမှာပဲ။

လက်ရွေးစင်အသင်းမှာ ပြန်ရွေးချယ်ခံရရင် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရနိုင်လဲ။ အဲဒီအတွက်ရော ဘာတွေပြင်ဆင်ထားလဲ။
ကျွန်တော့်ဘက်ကတော့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးကို မေ့ပစ်လိုက်ပါပြီ။ ဘာဆို ဘာမှကို စိတ်ထဲမရှိတော့ပါဘူး။ သူတို့ဆိုးတာ၊ ကောင်းတာလည်း မရှိတော့ဘူး။ ကိုယ်ဆိုးတာ၊ ကောင်းတာလည်းမရှိတော့ဘူး။ နောင်လာမယ့်နေ့တွေကိုပဲ ကျွန်တော် ဘာလုပ်မလဲဆိုတာပဲ ရှိပါတယ်။ ဘယ်သူနဲ့မှ အငြှိုးအတေး တွေဆိုတာလည်း မရှိပါဘူး။ မနက်ဖြန်ဘာလုပ်ရမယ်ဆိုတာပဲ ကျွန်တော့်စိတ်ထဲမှာ ရှိပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ ဘာမှမရှိပါဘူး။ နိုင်ငံအတွက် ပြန်အရွေးခံရရင်လည်း အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။ ဒီအချိန်မှာ သင်ခန်းစာအကြီးကြီးလည်း ရပါတယ်။ စကားလုံးကြီးကြီးနဲ့ ပြောရမယ်ဆိုရင် ရင့်ကျက်မှုလည်း ရပါတယ်။ နောက်ထပ် ဒီလိုမျိုး ပြဿနာပုံစံမျိုးတော့ နောင်ဘယ်တော့မှ ဖြစ်လာမယ် မထင်ဘူး။

နည်းပြအဖွဲ့နဲ့ တာဝန်ရှိသူတွေကို 7Day က တစ်ဆင့် ပြောချင်တာမျိုး ရှိပါသလား။
ကျွန်တော်ကတော့ အကုန်ပြောပြီးသွားပြီ။ ဘာတွေ ပြောပြီးသွားပြီလဲဆိုတော့ တောင်းပန်သင့်တာတွေ အကုန် တောင်းပန်ပြီးသွားပြီဆိုတော့ နောက်ထပ် ပြောစရာတော့ မရှိတော့ပါဘူး။

ပရိသတ်တွေကိုရော ဘာပြောချင်ပါသလဲ။
ဒီလို ပြဿနာမျိုးကို နောက်ထပ်မဖြစ်အောင် အတတ်နိုင်ဆုံး လုံးဝဆင်ခြင်ပြီးတော့ နိုင်ငံအတွက်ရော၊ မိမိကိုယ်တိုင်အတွက်ရော အားလုံးအတွက် အကောင်းဆုံးကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်။

7 Daysမြန်မာဘောလုံးအသင်း တတိယဆုရရှိခဲ့သည့် ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲတွင် ခြေစွမ်းပြသခဲ့သော ကျော်ကိုကိုသည် တိုက်စစ်ကစားသမား ရှားပါးနေသည့် မြန်မာနိုင်ငံ၌ ပရိသတ်များက ၎င်းကို များစွာ မျှော်မှန်းခဲ့ကြသည်။ ၎င်းသည် အာရှ ယူ-၂၂ ခြေစစ်ပွဲစဉ်တွင်လည်း ခြေစွမ်းပြသခဲ့သူဖြစ်ပြီး အဆိုပါ ပွဲစဉ်၌ ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဆူဇူကီးဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့သည်။ AFC Challenge Cup ခြေစစ်ပွဲစဉ်များတွင် ပရိသတ်များက ကျော်ကိုကို၏ ခြေစွမ်းကို ပြန်လည် ကြည့်ရှုခွင့်ရရန် မျှော်မှန်းခဲ့ကြသော်လည်း နည်းပြအဖွဲ့အား စော်ကားသည့် အပြုအမူများကြောင့် ကျော်ကိုကိုအား လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခဲ့သည်။ ကျော်ကိုကို၏ အပြုအမူများအတွက် ဘောလုံးအဖွဲ့ချုပ် စည်းကမ်း

ဦးတေဇထူထောင်ထားသော Htoo Foundation မှ ဧဝရက်တောင် သို့ တက်ရောက်ရန် တောင်တက် ဝါသနာပါသူများကိုဖိတ်ခေါ်

Photo: ဦးတေဇထူထောင်ထားသော Htoo Foundation မှ ဧဝရက်တောင် သို့ တက်ရောက်ရန် တောင်တက် ဝါသနာပါသူများကိုဖိတ်ခေါ်
Thursday, March 28, 2013

မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ် ခါကာဘိုရာဇီတောင် (၁၉၂၉၆ ပေ)၏ အနီးအနား လွန်စွာလှပသော“ဂမ်လန်ရာဇီတောင်” (၁၉၁၄၂ ပေ) သည် ဆီးနှင်းမြူများ အမြဲ ဖုံးလွှမ်းနေသောကြောင့် ယခုကဲ့သို့ ရှင်းလင်းလှပနေသည့် ဓါတ်ပုံကို ဒေသခံ တိုင်းရင်းသားတို့ပင် ယခင်က မြင်ဘူးခဲ့ခြင်း မရှိပါ။ လွန်စွာရှားပါးလွန်းလှကြောင်းကိုလည်း အသိပေးတင်ပြအပ်ပါတယ်။

အဆိုပါတောင်သို့ မိမိ ၏ သူရဲကောင်း ၅ဦးမှ တစ်ဦးဖြစ်သော“ကိုသက်ထွန်း” မှာ သူကိုယ်တိုင် ဦးစီး၍ တက်ရောက်ရန် ပြင်ဆင်နေပါတယ်။ ထို့အတွက်ကြောင့် ဂမ်လန်ရာဇီ တောင်ထိပ်သို့ လိုက်ပါတက်ရောက်လိုသူများအား Htoo Foundation အနေဖြင့် ဂမ်လန်ရာဇီတောင်တက်ရင်း လမ်းတလျှောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ ပူးတွဲ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည် အားလုံးကို စီစဉ်ပေးမည် ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် လိုက်ပါ တောင်တက်လိုသူများ Htoo Foundation Facebook စာမျက်နှာသို့ လာမည့် ဧပြီလ (၅) ရက်နေ့မှ စ၍ Message ပို့ စာရင်းပေးပါရန် တိုက်တွန်းလိုက် ပါတယ်။ နိုင်ငံခြားသား တောင်တက် ဆရာနှင့် လေ့ကျင့်ပေးမည် ဖြစ်ပါတယ်။

အလားတူ Mount Everest ဧဝရက်တောင် သို့ တက်ရောက်ရန် တောင်တက် ဝါသနာပါသူများကို မိမိတို့၏ Htoo Foundation မှ နိုင်ငံတကာတောင်တက်အားကစားနှင့် ထိမ်းသိန်းကာကွယ် စောင့်ရှောက်ရမည့် Ethic များ၊ Teamwork များ လေ့လာသိရှိနိုင်စေရန် စီစဉ်ပေးမည်ဖြစ်ပါတယ်။ တက်ရောက်ရန် ရွေးချယ်ခံရမည့်သူ များအားလည်း နိုင်ငံခြားတွင် သင်တန်းပေးသွားရန် စီစဉ်ထားရှိပါတယ်။

U Tayza Facebookမြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ် ခါကာဘိုရာဇီတောင် (၁၉၂၉၆ ပေ)၏ အနီးအနား လွန်စွာလှပသော“ဂမ်လန်ရာဇီတောင်” (၁၉၁၄၂ ပေ) သည် ဆီးနှင်းမြူများ အမြဲ ဖုံးလွှမ်းနေသောကြောင့် ယခုကဲ့သို့ ရှင်းလင်းလှပနေသည့် ဓါတ်ပုံကို ဒေသခံ တိုင်းရင်းသားတို့ပင် ယခင်က မြင်ဘူးခဲ့ခြင်း မရှိပါ။ လွန်စွာရှားပါးလွန်းလှကြောင်းကိုလည်း အသိပေးတင်ပြအပ်ပါတယ်။

အဆိုပါတောင်သို့ မိမိ ၏ သူရဲကောင်း ၅ဦးမှ တစ်ဦးဖြစ်သော“ကိုသက်ထွန်း” မှာ သူကိုယ်တိုင် ဦးစီး၍

လျှပ်စီးငါးရှဥ့်

Photo: လျှပ်စီးငါးရှဥ့်
Thursday, March 28, 2013

လျှပ်စီးငါးရှဥ့်ဟာ ဗို့အား ၆၀၀ အထိရှိတဲ့ ဓာတ်အားကိုထုတ်ပြီး ဓာတ်လိုက်သွားအောင် လုပ်နိုင်တဲ့ ငါးတစ်မျိုးဖြစ်ပါတယ်..

သူတို့ရဲ့ လျှပ်စစ်ဓာတ်အားကို အစာရှာတဲ့နေရာနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့နေရာတွေမှာ အသုံးပြုကြပါတယ်...

သူ့နာမည်က လျှပ်စီးငါးရှဥ့်ဆိုပေမဲ့ တကယ်တော့ knifefish အမျိုးအစား ငါးတွေသာဖြစ်ပါတယ်...

ဒီငါးတွေကို တောင်အမေရိကတိုက် အမေဇုန်နဲ့ အိုရီနိုကိုမြစ်ဝှမ်းဒေ
သတွေမှာရှိတဲ့ ချောင်းငယ်တွေ.. ကန်တွေ... ကမ်းစပ်မြေပြင်တွေနဲ့ ရွှံ့တွေကြားမှာတွေ့ရပါတယ်...

Ref: wikipedia.org
နှိုင်းရင့်နွေ
Myawady Newsလျှပ်စီးငါးရှဥ့်ဟာ ဗို့အား ၆၀၀ အထိရှိတဲ့ ဓာတ်အားကိုထုတ်ပြီး ဓာတ်လိုက်သွားအောင် လုပ်နိုင်တဲ့ ငါးတစ်မျိုးဖြစ်ပါတယ်..

သူတို့ရဲ့ လျှပ်စစ်ဓာတ်အားကို အစာရှာတဲ့နေရာနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့နေရာတွေမှာ အသုံးပြုကြပါတယ်...

သူ့နာမည်က လျှပ်စီးငါးရှဥ့်ဆိုပေမဲ့ တကယ်တော့ knifefish အမျိုးအစား ငါးတွေသာဖြစ်ပါတယ်...

အမေရိကန်စစ်တပ်တွင်း လုပ်ဖော်ကိုင်ဖက် စစ်အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများ လွှတ်တော်တွင် ထွက်ဆို

သမီးလေးတွေ အတွက် ပေးဆပ်မည့် နန္ဒာလှိုင်

အနုပညာလောကမှထွက်ခွာသွားတဲ့နန္ဒာလှိုင်....

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကြား HIV ကူးစက်ခံရမှုနှုန်း တိုးလာကြောင်း လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် မဲဆောက်မြို့ အခြေစိုက် အစိုးရမဟုတ်
သော အဖွဲ့အစည်းများ(NGO)ထံမှ သတင်းရရှိသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ ရွှေ့ပြောင်း အလုပ်သမားများ၏ ဖွံ့ဖြိုးတိုး
တက်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် လူမှုရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေး အသင်း(SHDA)၏ လေ့လာထားချက်အရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုတိုးလာကြောင်း သိရသည်။

သင်ဇာဝင့်ကျော် -ရဲ့အချစ်နှင့်ပက်သက်သောဖွင့်ဆိုချက် (Love & Marriage)

တစ်ယောက်နဲ့တစ်ယောက် ရေရှည်တည်မြဲနေတယ်ဆိုတာ သံယောဇဉ်ကြောင့်ပါ။
မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုမျိုးသင်ဇာခံစားဖူးလား။
မြင်မြင်ချင်းချစ်တယ်ဆိုတဲ့ ခံ စားမှုမျိုးတော့မခံစားဖူးဘူး။ လူတစ် ယောက်
ကိုမြင်သွားတယ်ဆိုရင် လည်း ဒါသူ့ကိုကြိုက်သွားတာ မ ဟုတ်ဘူး။ သူ့ရဲ့

သွေးစုပ်လင်းနို့

သွေးစုပ်လင်းနို့ (Vampire bat) တွေဟာ တိရိစ္ဆာန်တွေ အထူးသဖြင့် နွားတွေရဲ့ သွေးကို စုပ်တဲ့ လင်းနို့တွေဖြစ်ပါတယ်...

ဒါပေမဲ့ တစ်ခါတစ်ရံမှာ လူတွေကိုလည်း သွေးစုပ်တတ်ပါတယ်..

ဒီလင်းနို့တွေဟာ မက္ကစီကို၊ ဘရာဇီးလ်၊ ချီလီနဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ ပေါက်ဖွားရှင်သန်ကြပါတယ်...

Ref: wikipedia.org
နှိုင်းရင့်နွေ

“ဗြိတိန်မိန်းကလေးငယ်တစ်ဦး ခွေးများ ဝိုင်းဝန်းကိုက်ခဲမှုကြောင့် သေဆုံး”

ဂရိတ်တား မန်ချက်စတာ အရပ်တွင် နေထိုင်သည့် အသက်(၁၄)နှစ်အရွယ် ဂျိတ်အန်ဒါဆန်အား ရိုင်းစိုင်း ဒေါသထွက်နေသော အိမ်မွေးခွေးများက ဝိုင်းဝန်းတိုက်ခိုက်သဖြင့် မိန်းကလေး သေဆုံးသွားသည့် ကိစ္စသည် ဗြိတိန် တစ်နိုင်ငံလုံးကို ခြောက်ခြားသွားစေခဲ့သည်။

ဂရိတ်တား မန်ချက်စတာ အရပ်တွင် နေထိုင်သည့် အသက်(၁၄)နှစ်အရွယ် ဂျိတ်အန်ဒါဆန်အား ရိုင်းစိုင်း ဒေါသထွက်နေသော အိမ်မွေးခွေးများက ဝိုင်းဝန်းတိုက်ခိုက်သဖြင့် မိန်းကလေး သေဆုံးသွားသည့် ကိစ္စသည် ဗြိတိန် တစ်နိုင်ငံလုံးကို ခြောက်ခြားသွားစေခဲ့သည်။ ခွေးများကိုက်ခဲမှုကြောင့် သေဆုံးသွားရှာသည့်

သေနတ်ပစ်တတ်သော လင်းပိုင်များ

လင်းပိုင်တွေကို သေနတ်ပစ်တတ်အောင် သင်ပေးတာတွေ ကမ္ဘာမှာ တကယ် လုပ်ကြပါတယ်။ အထူးသဖြင့် ဆီုဗီယက်နဲ့ အမေရိကန်တို့မှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်မကက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ယခုတော့ အမေရိကန်မှာ မရှိတော့ပဲ ဆိုဗီယက်ပြိုကွဲနိုင်ငံအချို့ မှာသာ ကျန်ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် ယူကရိန်းနိုင်ငံမှာ ယနေ့တိုင် လင်းပိုင်များကို လက်နတ် တပ်ဆင်ပေးပြီး လေ့ကျင့် သင်ကြားလျက် ရှိတယ်လို့ သိရပါတယ်။ ခေါင်းနဲ့ တောင်ပံမှာ တပ်ဆင်ပြီး လင်းပိုင်တို့ ကလည်း တကယ်

Wednesday, 27 March 2013

ရွှေရောင်နေ့ရက်များ (2013) [Album] + [SongBook]

နားဆင်ရင်းဒေါင်းလို့ရပါတယ်နော်.......

မျောက်လေးများရဲ့ ဘဝ....

ရာသီဥတု အလွန်အေးလို့ ရေပူစမ်းနေမှာ ၀င်ပြီး နွေး အောင် စိမ်ရပါတယ်။ အပြည့် အစုံကြည့် ချင်ရင် ဒီမှာကိုသွားလိုက်ပါ..
Related Posts Plugin for WordPress, Blogger...