ဧဒင်အချစ်ပုံပြင်: February 2013

Thursday, 28 February 2013

“ကသာရဲစခန်းမှ ရဲအုပ်တစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ဓါးထိုးခံရ”


PhotoPhoto၂၈၊၂၊၂၀၁၃ရက်နေ့ နေ့လည် ၁၁နာရီ၃၀မိနစ်ခန့်က ကသာမြို့ရဲစခန်းတွင် တာဝန်မှူးတာဝန်ထမ်းဆောင်နေသော ရဲအုပ်မျိုးမြင့်သိန်းဆိုသည့် ရဲအရာရှိတစ်ဦး တာဝန်ထမ်းဆောင်နေစဉ်အတွင်း တရားခံမှ ဓါးဖြင့်ထိုးခဲ့သခြင့်
ယခုအချိန်တွင် ကသာခရိုင်ပြည်သူ့ဆေးရုံကြီးခွဲစိပ်ခန်းတွင် အရေးပေါ် ခွဲစိပ်ကုသမှုခံယူနေရကြောင်းသိရှိရပါသည်၊အသက်အန္တရာယ်ထိခိုက်နိုင်ရှိမရှိနှင့် ဒါဏ်ယာပြင်းထန်းမှုအခြေအနေကို မသိရသေးကြောင်းသတင်းရရှိပါသည်၊
ရဲအုပ်မျိုးမြင့်သိန်းကို ဒါးဖြင့်ထိုးခဲ့သူ အသက်(၁၉)နှစ်ရှိ တရားခံစိုးစိုး(ဘ)ဦးမှတ်အား အချိန်ပိုင်းအတွင်း ကသာခရိုင်ဒ/နအဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးခိုင်နှင့်တပ်ဖွဲ့ဝင်(၃)ဦးတို့က အခင်းဖြစ်ရာနေရာ၌ပင် သွားရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်း

(“မိုးညှင်းမြို့ပြည်သူ့ဆေးရုံ သူနာပြုအပျိုဆောင်သို့ ၀င်ရောက်ခဲ့သူအား တရားရုံးမှပြစ်ဒါဏ်စီရင်မှု နည်းပါးသည့်အပေါ် သူနာပြုဆရာမများမှ မကျေမနပ်ဖြစ်ကြရ”)


Photo: (“မိုးညှင်းမြို့ပြည်သူ့ဆေးရုံ သူနာပြုအပျိုဆောင်သို့ ၀င်ရောက်ခဲ့သူအား  တရားရုံးမှပြစ်ဒါဏ်စီရင်မှု နည်းပါးသည့်အပေါ် သူနာပြုဆရာမများမှ မကျေမနပ်ဖြစ်ကြရ”)(ဟာဂျူလီ-ကသာ)
၂၇.၂.၂၀၁၃ရက်နေ့က မိုးညှင်းမြို့နယ်တရားရုံးမှ ပုဒ်မ၄၅၆တရားခံ ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေး အောင်မျိုးသူအပေါ် ထောင်ဒါဏ်(၆)လ ချမှတ်ခဲ့ခြင်းအပေါ် မိုးညှင်းပြည်သူ့ဆေးရုံအပျိုဆောင်နေ 
သူနာပြုဆရာမများမှ ကျေနပ်မှုမရှိကြကြောင်းသတင်းရရှိခဲ့သည့်အတွက် ဆက်သွယ်မေးမြန်းခဲ့ရာ တရားလိုဖြစ်သူ သူနာပြုဆရာမဒေါ်ခင်လှဝေက ယခုလိုပြောကြားခဲ့ပါသည်၊
“ဟုတ်ကဲ့၊အမှုဖြစ်စဉ်ကိုစပြောရမယ်ဆိုရင် ၃၀၊၁၊၁၃ရက်နေ့ ညနေ၆နာရီ၃၀မိနစ်လောက်မှာ အင်္ကျီအဖြူဝတ်ထားတဲ့ ယောက်ျားတစ်ယောက်က ကျွန်မတို့ သူနာပြုအပျိုတွေရေချိုးခန်းကို ချောင်းကြည့်နေတာ သိလိုက်ရပါတယ်၊
ကျွန်မတို့က သူချောင်းကြည့်နေတာ မိသွားတဲ့အတွက် သူထွက်ပြေးသွားလိမ့်မယ်လို့ပဲ ထင်နေခဲ့ကြတာပါ၊အဲဒီလိုနဲ့ ည၈နာရီအချိန် ထမင်းစားနေတုန်း လူရိပ်တစ်ခုတွေ့လိုက်ရတယ်၊ည၈နာရီခွဲ ထမင်းစားသောက်ပြီးလို့ ပြတင်းပေါက်တွေ
လိုက်ပိတ်တဲ့အချိန်မှာ အဲဒီယောက်ျားဟာ အပျိုဆောင်အခန်းထဲက ကုတင်အောက်မှာ ပုန်းနေတာကိုတွေ့လိုက်ရပါတယ်၊ဒီတော့ ကျွန်မတို့ဝိုင်းအော်ကြတော့ ဆေးရုံက လူနာစောင့်တွေ ၀ိုင်းဖမ်းပေးပါတယ်၊ပြိးတော့ ရဲစခန်းကို အပ်လိုက်ကြပါတယ်၊
ရဲစခန်းမှာ အဲဒီလိုအပျိုဆောင်ထဲ အကြံအစီရှိရှိနဲ့ ပုန်းအောင်းနေသူကို စစ်လိုက်တော့ နမ္မား၊နမ့်စလော်ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေးအောင်မျိုးသူ(အသက်၂၆နှစ်)ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ မြေး မွေးနေ့ပွဲကို လာရင်း
 အခုလိုကြံစီတာဖြစ်တဲ့အကြောင်းဝန်ခံခဲ့ပါတယ်၊ရဲကလည်း ပုဒ်မ၄၅၆နဲ့ အမှုဖွင့်ပေးမယ်လို့ပြောပါတယ်၊
နောက်နေ့၃၁ရက်နေ့မှာတော့  မြို့နယ်ထွေ/အုပ်ရုံးက ဒုတိယဦးစီးမှူးက ကျွန်မတို့ အပျိုဆောင်မှာနေတဲ့ သူနာပြုဆရာမ(၇)ယောက်စလုံးကို ဆေးရုံအုပ်ကြီးအိမ်မှာခေါ်တွေ့ပြီး (“အမှုမဖွင့်ဖို့နဲ့ လိုချင်တာဖြစ်အောင်လုပ်ပေးပါမယ်ဆိုပြီး
ခေါ်ပြောပါတယ်၊ကျွန်မတို့ကလည်း ကျန်းမာရေးဝန်ထမ်းသူနာပြုတွေရဲ့ဂုဏ်သိက္ခာထိခိုက်တဲ့ အပြုအမူမျိုးဖြစ်လို့ အမှုဖွင့်ရမှာဖြစ်ကြောင်း) ပြန်ပြောလိုက်ကြပါတယ်၊အဲဒီနေ့မှာပဲရဲစခန်းမှာ ပုဒ်မ၄၅၆နဲ့ အမှုဖွင့်လိုက်ကြပါတယ်၊
၂၊၂။၁၃ရက်နေ့မှာတော့ (“မြိုနယ်အုပ်ချုပ်ရေးမှူးကတော်ရယ်၊အမျိုးသမီးရေးရာက တာဝန်ရှိသူတစ်ဦးရယ် )ကျွန်မတို့ သူနာပြုအဆောင်ကို ရောက်လာကြပါတယ်၊(အုပ်ချုပ်ရေးမှူးကတော်ပြောတာကတော့
အခုအမှုဖြစ်တဲ့ အောင်မျိုးသူဟာ သူ့မြေးရဲ့မွေးနေ့ကိုလာရင်းဖြစ်တာဖြစ်တဲ့အပြင်  အောင်မျိုးသူရဲ့ မိဘတွေနဲ့ သူမ(မြို့နယ်အုပ်ချုပ်ရေးမှူးကတော်)တို့နဲ့ဟာ အင်မတန်ရင်းနှီးကြပြီး အခင်အမင်မပျက်စေလိုကြောင်း၊ဆရာမတွေလည်း ဘာမှဖြစ်သွားတာ မဟုတ်လို့
အမှုမဖွင့်ကြဖို့ထပ်ပြောပါတယ်၊)၊ကျွန်မတို့အထဲက သူနာပြုဆရာမတစ်ယောက်က မြို့နယ်အုပ်ချုပ်ရေးမှူးကတော်ကို (“ဖြစ်ခဲ့ရင်ရော ဘယ်သူတာဝန်ယူမှာလဲ၊အမျိုးသမီးရေးရာအနေနဲ့ ကိုယ်ချင်းစာပြီးပြောပေးပါ ”)လို့ ထပြောပါတယ်၊
ထားပါတော့၊အဲဒီလိုနဲ့ တရားရုံးမှာ အမှုယှဉ်ဆိုင်ကြပြီး ၂၇ရက်နေ့မှာ မြို့နယ်တရားရုံးက( တရားခံ အောင်မျိုးသူဟာ ပြစ်မှုကျူးလွန်ခဲ့သော်လည်း ၀န်ထမ်းအချင်းချင်းဖြစ်လို့ ထောင်ဒါဏ်(၆)လ အပြစ်ပေးလိုက်တယ်လို့) ချမှတ်ပါတယ်၊
ဒါကို ကျွန်မတို့က မကျေနပ်ကြတာပါ၊ဒီပုဒ်မဟာ( ပြစ်ဒါဏ် (၃)နှစ်အထိ ချလို့ရတဲ့ ပုဒ်မ)ပါ၊”
အခြား အပျိုဆောင်နေသူနာပြုဆရာမတစ်ဦးမှလည်း “ဒီကိစ္စမှာ မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ တရားသူကြီး လျော့ပေါ့ပြစ်ဒါဏ်ချမှတ်ခဲ့တာလို့ သိရပါတယ်၊ပြောရရင် ကျွန်မတို့ သူနာပြုတွေဆိုတာ ဘွဲ့ရပညာတတ်တွေပါ၊ကျွန်မတို့အပေါ်မှာတောင်
ဒီလို မတရားလုပ်နေရင် အခြားတောသူတောင်သား ပညာမဲ့တွေအပေါ်မှာ ဘယ်လိုမျှတတဲ့ စီရင်ချက်မျိုးပေးနိုင်မှာတဲ့လဲ၊(ကျွန်မတို့ဟာ မိဘနဲ့ဝေးရာမှာ တာဝန်ကျနေရတဲ့ ပြည့်သူ့ဝန်ထမ်းတွေပါ၊ကျွန်မတို့ ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို ဥပဒေနဲ့
ကာကွယ်ပေးရမယ့်ကိစ္စမှာ အကာအကွယ်မပေးနိုင်သလို)ို မြင်မိပါတယ်”ဟုပြောပြခဲ့ပါသည်၊
ထိုနည်းတူစွာ သူနာပြုနောက်တစ်ဦးမှ“ကျွန်မတို့ကို မြို့နယ်တရားရုံးက သူတို့ မြို့နယ်တရားရုံးက စီရင်ချက်ကို မကျေနပ်ရင် ခရိုင်တရားရုံးကို အယူခံတက်နိုင်တယ်လို့တော့ ပြောတာပေါ့၊ခက်တာက ကျွန်မတို့မှာ အချိန်မပေးနိုင်ဘူး၊ကချင်ပြည်နယ်ထဲမှာ
တာဝန်ကျတဲ့ ဆရာမတစ်ယောက်အတွက် အချိန်ဟာ အလွန်ရှားပါးလှပါတယ်၊ဒါကြောင့် အယူခံမတက်တော့ပါဘူး၊မျှတမှု မရှိတဲ့အပေါ်တော့ လုံးဝမကျေနပ်ပါဘူး၊ကျွန်မတို့သက်သေတွေလည်း မစစ်ပါဘူး၊စစ်မရာမလိုဘဲ ပေါ်ပေါက်နေတဲ့အတွက် ပြစ်ဒါဏ်ချမှတ်တယ်လည်း
ပြောသေးတယ်၊ချမှတ်တဲ့ပြစ်ဒါဏ်က အနည်းဆုံးဖြစ်နေတယ်၊်(ဒါကြောင့် ဒီကိစ္စကို လူကြီးတွေသိပြီး ထိုက်သင့်တဲ့ပြစ်ဒါဏ်ကို ပေးစေချင်ပါတယ်၊တရားသူကြီးကိုရော ၀င်ရောက်စွက်ဖက်တဲ့ ဒေသအာဏာပိုင်တွေကိုရော အရေးယူပေးစေချင်ပါတယ်)”
ဟုပြောသွားခဲ့ပါသည်၊(ဟာဂျူလီ-ကသာ)၂၇.၂.၂၀၁၃ရက်နေ့က မိုးညှင်းမြို့နယ်တရားရုံးမှ ပုဒ်မ၄၅၆တရားခံ ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေး အောင်မျိုးသူအပေါ် ထောင်ဒါဏ်(၆)လ ချမှတ်ခဲ့ခြင်းအပေါ် မိုးညှင်းပြည်သူ့ဆေးရုံအပျိုဆောင်နေ
သူနာပြုဆရာမများမှ ကျေနပ်မှုမရှိကြကြောင်းသတင်းရရှိခဲ့သည့်အတွက် ဆက်သွယ်မေးမြန်းခဲ့ရာ တရားလိုဖြစ်သူ သူနာပြုဆရာမဒေါ်ခင်လှဝေက ယခုလိုပြောကြားခဲ့ပါသည်၊
“ဟုတ်ကဲ့၊အမှုဖြစ်စဉ်ကိုစပြောရမယ်ဆိုရင် ၃၀၊၁၊၁၃ရက်နေ့ ညနေ၆နာရီ၃၀မိနစ်လောက်မှာ အင်္ကျီအဖြူဝတ်ထားတဲ့ ယောက်ျားတစ်ယောက်က ကျွန်မတို့ သူနာပြုအပျိုတွေရေချိုးခန်းကို ချောင်းကြည့်နေတာ သိလိုက်ရပါတယ်၊

သေးလွန်းတဲ့ ပစ္စည်းကြောင့် ၉ နှစ်အရွယ်သားကို စေတနာဖြင့် သတ်သော အင်ဒို မိခင်


Photo: သေးလွန်းတဲ့ ပစ္စည်းကြောင့် ၉ နှစ်အရွယ်သားကို စေတနာဖြင့် သတ်သော အင်ဒို မိခင်
======================================

အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးဟာ သူမရဲ့ အသက် ၉ နှစ်အရွယ် သားငယ်ကို သေးငယ်လွန်းတဲ့ လိင်တံကြောင့် အနာဂတ်ရှေ့ရေး အဆင်မပြေမှာ စိုးသည့် အတွက် ရေချိုးခန်းထဲ ရေနှစ်သတ်ခဲ့တယ်လို့ ဂျာကာတာ ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ပြောခဲ့ကြောင်း Asiaone သတင်းတွင် ဖော်ပြထား ပါသည်။

ဂျာကာတာမြို့တော်တွင် နေထိုင်သည့် အဆိုပါ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးက သူမရဲ့ သားပစ္စည်းဟာ ကုလားရှင်ပြုခဲ့သော်လည်း နောက်ပိုင်း ပိုပိုငယ်လာကြောင်း၊ နောင်အနာဂတ်တွင် သူ၏ ထိုပိစိလေးဖြင့် စိတ်ဆင်းရဲစရာများ ကြုံတွေ့မည် စိုးသောကြောင့် သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များကို ပြောကြားခဲ့ပါသည်။

သူမဟာ သူမရဲ့သားကို ရေချိုးကန်ထဲ ရေနှစ်သတ်လိုက်တယ်။ ပြီးတော့ အ၀တ်ဝတ်ပေးပြီး အိပ်ရာပေါ်မှာ လဲလျောင်းစေခဲ့တယ်။ နောက်တော့ နီးရာ ရဲစခန်းကို ၀င်ပြီး သူမရဲ့ အပြစ်ကို ၀န်ခံခဲ့ပါတယ်လို့ ရဲပြောရေးဆိုခွင့် ရှိသူ Rikwanto က ပြောခဲ့ပါသည်။

၎င်းမှ သူမ အနေဖြင့် သူမ ဘာလုပ်ခဲ့သည်ကို ကောင်းစွာ မှတ်မိကြောင်း၊ သို့သော်လည်း ရဲတပ်ဖွဲ့မှ သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးရန် အတွက် အမိန့်ချထားကြောင်း ပြောခဲ့ပါသည်။
ထူးထွေသည် အံ့ရာသော်။

Indonesian mother kills son over 'small penis': Police
=================================
JAKARTA - An Indonesian woman drowned her nine-year-old son in the bath, claiming she was worried that his "small penis" would affect his prospects for the future, a police spokesman said Thursday.

The 38-year-old woman from the capital Jakarta told police her son had had a small penis prior to being circumcised, but that it appeared to shrink further after the operation, police spokesman Rikwanto, who goes by one name, told AFP.

"She told police investigators that she killed him as he would have a bleak future with his small penis," Rikwanto said.

"She drowned her son in a bathtub filled with water. She then dressed him and laid him on a bed. After that, she went to a nearby police office to report her crime."

Rikwanto said the woman was fully conscious of what she had done, but police ordered a psychological test to assess her mental condition.
- See more at: http://www.asiaone.com/News/AsiaOne%2BNews/Asia/Story/A1Story20130228-405289.html#sthash.xiWBCbdA.dpuf

Oppositeyesအင်ဒိုနီးရှားအမျိုးသမီးတစ်ဦးဟာ သူမရဲ့ အသက် ၉ နှစ်အရွယ် သားငယ်ကို သေးငယ်လွန်းတဲ့ လိင်တံကြောင့် အနာဂတ်ရှေ့ရေး အဆင်မပြေမှာ စိုးသည့် အတွက် ရေချိုးခန်းထဲ ရေနှစ်သတ်ခဲ့တယ်လို့ ဂျာကာတာ ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ပြောခဲ့ကြောင်း Asiaone သတင်းတွင် ဖော်ပြထား ပါသည်။

ဂျာကာတာမြို့တော်တွင် နေထိုင်သည့် အဆိုပါ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးက သူမရဲ့ သားပစ္စည်းဟာ ကုလားရှင်ပြုခဲ့သော်လည်း နောက်ပိုင်း ပိုပိုငယ်လာကြောင်း၊ နောင်အနာဂတ်တွင် သူ၏ ထိုပိစိလေးဖြင့် စိတ်ဆင်းရဲစရာများ ကြုံတွေ့မည် စိုးသောကြောင့် သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များကို ပြောကြားခဲ့ပါသည်။

လက်ရွေးစင် အသင်းမှ ပြဿနာအတွက် ကျော်ကိုကိုအား ရန်ကုန်အသင်း ဒဏ်ရိုက်~ဦးဇော်ဇော်နှင့် ပတ်ဆောင်ဟွာတို့ကို ကျော်ကိုကို သွားရောက် တောင်းပန်ခဲ့


Photo: လက်ရွေးစင် အသင်းမှ ပြဿနာအတွက် ကျော်ကိုကိုအား ရန်ကုန်အသင်း ဒဏ်ရိုက်~ဦးဇော်ဇော်နှင့် ပတ်ဆောင်ဟွာတို့ကို ကျော်ကိုကို သွားရောက် တောင်းပန်ခဲ့ 

Written by Admin Team 
Friday, 01 March 2013 00:58

လက်ရွေးစင် အသင်းမှ ပြန်ပို့ခြင်း ခံခဲ့ရသည့် ကျော်ကိုကို၏ လုပ်ရပ်များအပေါ် ရန်ကုန် ယူနိုက်တက် အသင်း၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ လစာငွေ (၁)လစာ ဖြတ်တောက်ခြင်းဖြင့် ဒဏ်ရိုက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဒဏ်ရိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန် အသင်းပိုင် ၀က်ဘ်ဆိုက်တွင် " မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် နှင့် အုပ်ချုပ်/ နည်းပြအဖွဲ့ ၀င်များကို လေးစား မှုအားနည်း
ခဲ့သည့် မြန်မာ့ လက်ရွေးစင် နှင့် ရန်ကုန် ယူ နိုက်တက် အသင်း တိုက်စစ်မှူး ကျော်ကိုကို အား ၁ လစာ ဒဏ်ငွေ ရိုက်ခဲ့ပြီး နောက်ဆုံး အကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက်
ပြီဖြစ်သည်"ဟု ဖော်ပြထားသည်။ ကျော်ကိုကို၏ ပြဿနာ ဟိုးလေးတကျော် ဖြစ်ခဲ့ပြီးနောက် ရန်ကုန် ယူနိုက်တက် အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက ကစားသမား၏ အသင်းပုံရိပ်ကို ထိခိုက်စေသည့် စည်းကမ်းပိုင်း အားနည်းမှုများအတွက် အရေးယူမှုပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ရာ ပြောခဲ့သည့် အတိုင်း တရားဝင် အရေးယူမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုအရေးယူမှုမှာ ရန်ကုန် ယူနိုက်တက်၏ သမိုင်းတစ်လျှောက် ပထမဆုံး အရေးယူမှုဖြစ်ခဲ့ရာ ထိုကဲ့သို့ အရေးယူရခြင်းနှင့် ပတ်သက်၍ ရန်ကုန် ယူနိုက်တက် အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက "ကစားသမား ကို နစ်နာစေလို တဲ့သဘော လုံးဝ မပါပါဘူး။ ဘောလုံး သမားတွေ အခုထက်ပိုပြီး နိုင်ငံ အတွက် ပေးဆပ်ချင် လာအောင်၊ အချိန် မရွေး၊ နေရာ မရွေး နိုင်ငံ့အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် အမြဲတမ်း သွန်သင်နေ ပါတယ်။ ဒီလို ဖြစ်သွားတဲ့ အတွက်လည်း စိတ် မကောင်းပါဘူး။ ကျော်ကိုကို အနေနဲ့လည်း အခုအချိန်မှာ သူ့အမှား ကိုသိပြီး တာဝန်ရှိသူ တွေကို တောင်းပန်ပြီးပါ ပြီ။ သူ့ကို စံပြအနေနဲ့ ပြစ်ဒဏ်ချ ခဲ့တာဖြစ်ပြီး နောင်တစ်ချိန်မှာ အလား တူဖြစ်ရပ်မျိုး ဖြစ်ရင် ဘယ်သူ့ကို မဆို အရေးယူ သွားမယ် ဆိုတဲ့ အကြောင်း ပြောချင် ပါတယ်"ဟု ပြောကြားခဲ့ကြောင်း ygnutd.com တွင် ဖော်ပြထားသည်။

ကလပ်အသင်း၏ ပြစ်ဒဏ်ချမှတ်မှုကို ကာယကံရှင် ကစားသမားကလည်း ကျေနပ်လက်ခံကြောင်း ပြောကြားခဲ့ပြီး၊ နောက်တစ်ကြိမ် ထပ်မဖြစ်ရန် သတိထားသွားမည်ဟု ကတိပြုခဲ့သည်။ ထို့အပြင် ကျော်ကိုကိုသည် ၎င်း၏ အပြုအမူများအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် လက်ရွေးစင် အသင်းနည်းပြချုပ် ပတ်ဆောင်ဟွာတို့အား ယမန်နေ့က လူကိုယ်တိုင် သွားရောက် တောင်းပန်ခဲ့ကြောင်း သိရသည်။လက်ရွေးစင် အသင်းမှ ပြန်ပို့ခြင်း ခံခဲ့ရသည့် ကျော်ကိုကို၏ လုပ်ရပ်များအပေါ် ရန်ကုန် ယူနိုက်တက် အသင်း၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ လစာငွေ (၁)လစာ ဖြတ်တောက်ခြင်းဖြင့် ဒဏ်ရိုက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဒဏ်ရိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန် အသင်းပိုင် ၀က်ဘ်ဆိုက်တွင် " မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် နှင့် အုပ်ချုပ်/ နည်းပြအဖွဲ့ ၀င်များကို လေးစား မှုအားနည်း
ခဲ့သည့် မြန်မာ့ လက်ရွေးစင် နှင့် ရန်ကုန် ယူ နိုက်တက် အသင်း တိုက်စစ်မှူး ကျော်ကိုကို အား ၁ လစာ ဒဏ်ငွေ ရိုက်ခဲ့ပြီး နောက်ဆုံး အကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက်

ဘယ်ဘက်က အဆုတ်က အလုပ်လုပ်ရင်း မတော်တဆ ထိခိုက်မိလို့ သေသွားတဲ့ ၄၉နှစ် အရွယ် အမျိုးသားတစ်ဦးရဲ့ အဆုတ်ပါ။


Photo: ဘယ်ဘက်က အဆုတ်က အလုပ်လုပ်ရင်း မတော်တဆ ထိခိုက်မိလို့ သေသွားတဲ့ ၄၉နှစ် အရွယ် အမျိုးသားတစ်ဦးရဲ့ အဆုတ်ပါ။

ညာဘက်က မဲနေတဲ့ အဆုတ်ကတော့ ၁၅နှစ်ကြာ ဆေးလိပ့်သောက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူဟာ အသက် ၃၈နှစ်မှာ သေဆုံးခဲ့ပြီး ၉နှစ်နဲ့ ၁၁နှစ်အရွယ် သမီးသယ်နှစ်ဦးနဲ့ သေဆုံးချိန်မှာ ၅လအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်တာ ရပ်ဖို့လိုပါပြီ။

ဆေးလိပ်ငွေ့ကြောင့် ကိုယ့်ဘေးနားက လူတွေ၊ ကလေးငယ်တွေ၊ တိရိစ္ဆန်တွေကိုလဲ ရောဂါပေးသလိုဖြစ်ပါတယ်၊

ဘယ်လိုအခြေအနေပဲဖြစ်နေဖြစ်နေ ဆေးလိပ်ကို ဘယ်တော့မှ မသောက်မိပါစေနဲ့။

အရင်ဆုံး ဒီနေ့ကစပြီး ဆေးလိပ်မ၀ယ်တော့ပါ နဲ့၊ ဆေးလိပ် အတွက် ငွေနဲ့ ရောဂါမ၀ယ်ပါနဲ့တော့။

မေလ (၃၁)နေ့ဟာ World No Tobacco Day (WNTD)
The International Day Of Fight Against Smoking နေ့ဖြစ်ပါတယ်။

အဲဒီနေ့မှ စဖြတ်မယ်ဆိုရင် အရမ်းဝေးနေပါမယ်။

ဒါကြောင့် ဆေးလိပ်ကြောင့် ကင်ဆာရောဂါရဲ့ ၀မ်းနည်းစရာတွေ ထပ်ထပ်မဖြစ်ကြရအောင် ဒီနေ့ပဲ ဆေးလိပ်သောက်တာ ရပ်လိုက်ကြရအောင်။

အမှန်ဆို မနေ့ကတည်းက ဆေးလိပ်ဖြတ်လိုက်ရမှာ။ ဘယ်တော့မှလည်း ထပ်မသောက်ပါနဲ့တော့။ညာဘက်က မဲနေတဲ့ အဆုတ်ကတော့ ၁၅နှစ်ကြာ ဆေးလိပ့်သောက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူဟာ အသက် ၃၈နှစ်မှာ သေဆုံးခဲ့ပြီး ၉နှစ်နဲ့ ၁၁နှစ်အရွယ် သမီးသယ်နှစ်ဦးနဲ့ သေဆုံးချိန်မှာ ၅လအရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်တာ ရပ်ဖို့လိုပါပြီ။

ဆေးလိပ်ငွေ့ကြောင့် ကိုယ့်ဘေးနားက လူတွေ၊ ကလေးငယ်တွေ၊ တိရိစ္ဆန်တွေကိုလဲ ရောဂါပေးသလိုဖြစ်ပါတယ်၊

ဖျာ့ဖျာ့........ what a small world? လို့  ပြော ရမလားပဲ။


Photo: ဖျာ့ဖျာ့........ what a small world? လို့  ပြော ရမလားပဲ။

လူတူမရှား နာမည်တူ မရှား ....အပြင်.. ကားနံပတ်တူ မရှား လဲ ရှိတာပဲ။

ခု လောလော ဒီနေ့ ၂၈။၂။၂၀၁၃ မှာ ကညန မှာ ဖြစ်နေတဲ့ ကား၂ စီး ပြသာနာလေးပါ။

သိရသလောက်ကတော့... ကားနံပတ်က တစ်စီးကို ၁စုံ ပဲ ထုတ်လေ့ ရှိပါတယ်။ ဘယ်လိုလုပ်ပြီးများ ၂စီးအတွက် ၂စုံ ကို နံပတ်တူ ထုတ်လိုက်လဲ မသိဘူး။

2စီးလုံး ကို စစ်ကြည့်တော့လည်း စာရွက် စာတမ်း အားလုံးစုံ ကြတယ်။ ၂စီးလုံး တရားဝင်ကြတယ်ဆိုတော့......

Management ပိုင်းပဲ လျော့နေတာလား။ production အပိုင်းပဲ လျော့နေတာလား။ department အချိတ်အဆက် လွဲ နေတာလား။

အော် ဒါမှမဟုတ်.......ခု ကြည့် နေတဲ့ Facebook က လူများပဲ လွဲ နေတာလား မသိတော့ပါဘူး။

ဒီတနေ့ရဲ့ ထူးဆန်းထွေလား ပြည် မြန်မာ တခွင် က ကညနမှာ တွေ့ ခဲ့ တဲ့ Identical twins ကားလေးပါ။

April Maung Maungလူတူမရှား နာမည်တူ မရှား ....အပြင်.. ကားနံပတ်တူ မရှား လဲ ရှိတာပဲ။

ခု လောလော ဒီနေ့ ၂၈။၂။၂၀၁၃ မှာ ကညန မှာ ဖြစ်နေတဲ့ ကား၂ စီး ပြသာနာလေးပါ။

သိရသလောက်ကတော့... ကားနံပတ်က တစ်စီးကို ၁စုံ ပဲ ထုတ်လေ့ ရှိပါတယ်။ ဘယ်လိုလုပ်ပြီးများ ၂စီးအတွက် ၂စုံ ကို နံပတ်တူ ထုတ်လိုက်လဲ မသိဘူး။

2စီးလုံး ကို စစ်ကြည့်တော့လည်း စာရွက် စာတမ်း အားလုံးစုံ ကြတယ်။ ၂စီးလုံး တရားဝင်ကြတယ်ဆိုတော့......

ထိုင်းအစိုးရ မူဆလင် သူပုန်နဲ့ ဆွေးနွေးမည်


Photo: ထိုင်းအစိုးရ မူဆလင် သူပုန်နဲ့ ဆွေးနွေးမည် 

Friday, March 1, 2013

ထိုင်နိုင်ငံ တောင်ပိုင်းဒေသမှာဆယ်နှစ်နီးပါး ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားအောင် ကြိုးစားတဲ့ အနေနဲ့ ထိုင်းအစိုးရက အဓိက မူဆလင်သူပုန်အဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်ဖို့ ပထမဆုံးအကြိမ်အဖြစ် သဘောတူညီချက်ကို ကြာသပတေးနေ့က ထိုင်းအကြီးတန်းအရာရှိတွေနဲ့ NRF တော်လှန်ရေး တပ်ဦးက ကိုယ်စာ လှယ်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ လက်မှတ်ရေးထိုးကြတာဖြစ်ပြီး အဲ့ဒီမှာ ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ကလည်း မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို ထိုင်းအစိုးရက လိုလားနေသလို အခုလိုဆွေးနွေးဖို့ သဘောတူညီ ချက်ရခဲ့တာအတွက် ထိုင်းဝန်ကြီးချုပ်က ကြိုဆိုပါတယ်။ မလေးရှားဝန်ကြီးချုပ်ကလည်း ဒီလိုဆွေးနွေးဖို့ သဘော တူညီမှု ရတာဟာငြိမ်းချမ်းရေးအတွက် အစလို့ဆိုပါတယ် မလေးရှာားအခြေစိုက် NRF အဖွဲ့ဟာ ထိုစ်နိုင်ငံတောင် ပိုင်းမူဆလင်အများစု နေထိုင်ရာဒေသကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့ တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲ ကတစ်ဖွဲ့ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွင်း တစ်ခြားလက်နက်ကိုင်အဖွဲ့တွေက သဘောတူညီမှု ရှိမရှီတော့ မသိရသေးပါဘူး။ ထိုင်းနိုင်ငံတောင်ပိုင်းဒေသမှာ ၂၀၀၄ ခုနှစ်ကစပြီးအကြမ်းဘက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားခဲ့ရာက လူပေါင်း ၅ ထောင်လောက်သေဆုံးခဲ့ရသည်ဟု သတင်းရရှိသည်။ထိုင်နိုင်ငံ တောင်ပိုင်းဒေသမှာဆယ်နှစ်နီးပါး ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားအောင် ကြိုးစားတဲ့ အနေနဲ့ ထိုင်းအစိုးရက အဓိက မူဆလင်သူပုန်အဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်ဖို့ ပထမဆုံးအကြိမ်အဖြစ် သဘောတူညီချက်ကို ကြာသပတေးနေ့က ထိုင်းအကြီးတန်းအရာရှိတွေနဲ့ NRF တော်လှန်ရေး တပ်ဦးက ကိုယ်စာ လှယ်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ လက်မှတ်ရေးထိုးကြတာဖြစ်ပြီး အဲ့ဒီမှာ ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ကလည်း မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို

ပုဏ္ဍားကျွန်းမြို့ နယ် ၊ သရက်ချိုင်မြစ်တွင် ၀င်းရွှေစင်ဇာတ်သဘင်မော်တော်ဘုတ် နစ်မြုပ်

မာရုသူရ (လေးမြို့ သတင်းမီဒီယာ) - ၂၈ - ၂-၂၀၁၃
(၂ရ၊၂၊၂၀၁၃)နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် ၊ ပုဏ္ဍားကျွန်းမြို့ နယ်အတွင်းရှိ သရက်ချိုင်မြစ်ငယ်တွင် ၀င်းရွှေစင်ဇာတ်သဘင်မော်တော်ဘုတ်သည် ကျောက်ဆောင်နှင့်ထိခိုက်ပြီး မော်တော်ဘုတ်နစ်မြုပ်ခဲ့ရာ
ဇာတ်အဖွဲ့ ဝင်(၂)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ထိုဇာတ်သဘင်မော်တော်ဘုတ်သည် ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့ နယ် ၊ တောင်ညိုကျေးရွာတွင် ကပြ

ဖုန်းတစ်လုံး ရေထဲ ကျသွားတဲ့အခါ သိထားသင့်တဲ့ အချက်များ


Photo: ဖုန်းတစ်လုံး ရေထဲ ကျသွားတဲ့အခါ သိထားသင့်တဲ့ အချက်များ


ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။

ပါဝါမဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲစိုစို ပါဝါလုံးဝမဖွင့်မိဖို့ အရေးကြီး
ပါတယ်။

ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့်
ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါတယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့
ဖြစ်တတ် လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစို
ဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင်အဆင်ပြေပါသေးတယ်။
---
TechSpace Journalဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။

ပါဝါမဖွင့်ရ

မဲခေါင်မြစ် လူသတ်မှုအတွက် နော်ခမ်းနှင့် အပေါင်းအပါသုံးဦးကို မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်မည်


Photo: မဲခေါင်မြစ် လူသတ်မှုအတွက် နော်ခမ်းနှင့် အပေါင်းအပါသုံးဦးကို 
မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်မည်
Thursday, February 28, 2013
  
မြန်မာနိုင်ငံသား မူးယစ်ဆေး မှောင်ခိုခေါင်းဆောင် နော်ခမ်းနှင့် အပေါင်းအပါ
သုံးဦးအား ၂၀၁၁ ခုနှစ်တွင် မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုဖြင့် မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊အနောက်တောင်ပိုင်းရှိ တရားရုံးတစ်ရုံးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့အား တရုတ်နိုင်ငံအနောက်ပိုင်း ယူနယ်ပြည်နယ်၊ကူမင်းမြို့၌
ဆေးထိုးကာ သေဒဏ်စီရင်မည်ဖြစ်ကြောင်း ကူမင်း Intermediate People တရားရုံးက ထုတ်ပြန်ခဲ့သည်။နော်ခမ်း၏ အပေါင်းအပါသုံးဦးမှာ ထိုင်းနိုင်ငံမှ ဆန်ခမ်း၊ လာအိုနိုင်ငံသား ကျာစီကာနှင့် မည်သည့် နိုင်ငံသားအဖြစ်မှ ခံယူထားခြင်းမရှိသူ ယိလိုင်တို့ ဖြစ်ကြသည်။

တရုတ်တရားရုံးသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ သက်ဆိုင်ရာ
ကောင်စစ်ဝန်များနှင့် တရားစွဲဆိုခံရသူများ၏ ဆွေမျိုးများကို ကူမင်းသို့ခေါ်ယူကာ တရားခံများနှင့် တွေ့ဆုံခွင့်ပြုခဲ့ပြီးဖြစ်သည်။ ၎င်းတို့လေးဦးအား သေဒဏ်စီရင်ပြီးပါက သူတို့၏အလောင်းများ၊
ဆန္ဒပြုမှုများနှင့် ၎င်းတို့နှင့် အတူပါလာသည့် ပိုင်ဆိုင်မှုများကို သူတို့၏ဆွေမျိုးများ(သို့မဟုတ်) သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံသို့ လွှဲပြောင်းပေးရမည်ဟုဆိုသည်။

တရားရုံးက သူတို့၏ အယူခံလွှာကို ပယ်ချခဲ့ပြီးနောက် သူတို့အပေါ် စီရင်ချက်များအား ပေကျင်းမြို့ရှိ အထက်ပြည်သူ့တရားရုံး (SPC )သို့
ပြန်လည်သုံးသပ်ရန် တင်သွင်းခဲ့သည်။အယူခံလွှာကို
ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ်များ ပြီးဆုံးခဲ့နောက် SPC ဥက္ကဋ္ဌက သေဒဏ်စီရင်ချက် အမိန့်ကို လက်မှတ်ရေးထိုးပေးခဲ့သည်။

ကူမင်း Intermediate People တရားရုံးသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တရားရေးဆိုင်ရာ သုံးသပ်ချက်နှင့် ပတ်သက်သော စီရင်ဆုံးဖြတ်ချက်နှင့်
သေဒဏ်စီရင်ရန် အမိန့်ကို လက်ခံရရှိခဲ့သည်။ ယင်းနောက် ပြစ်ဒဏ်စီရင်ခံ
ရသူများကို ဖေဖော်ဝါရီ ၂၄ ရက်နေ့၌ အသိပေး အကြောင်းကြားခဲ့သည်။

နော်ခမ်းနှင့် သူ၏ဂိုဏ်းဝင်များသည် တရုတ်ကုန်တင်သင်္ဘော
နှစ်စင်းဖြစ်သော ဟွာပင်းနှင့် ယူစင်း-၈ တို့အား တိုက်ခိုက်ခဲ့မှုတွင်
နောက်ကွယ်မှ ကြိုးကိုင်ခဲ့ပြီး ထိုင်းစစ်သားများနှင့် ပူးပေါင်းကြံစည်
ခဲ့ကြောင်းတွေ့ရှိခဲ့ရသည်။

နော်ခမ်း၏ ညွှန်ကြားမှုအောက်တွင် သူ၏လက်အောက်ခံများစွာတို့သည် ၂၀၁၁ ခုနှစ်၊ဧပြီလ အစောပိုင်းအတွင်း တရုတ်သင်္ဘောသားများနှင့် ကုန်တင်သင်္ဘောများကို ပြန်ပေးဆွဲကာ များစွာသော ငွေကြေးများတောင်းခံမှု
ပြုလုပ်ခဲ့ကြောင်းလည်း တွေ့ရှိခဲ့ရသည်။

တရုတ် သင်္ဘောသားများကို ရက်စက်စွာ သတ်ဖြတ်မှုက နယ်စပ်ဒေသများ၌ ဖြစ်ပေါ်သော ပြစ်မှုများကို နှိမ်နင်းရေးအတွက် လှုံ့ဆော်ချက်တစ်ရပ် ဖြစ်ခဲ့ပြီး တရုတ်၊လာအို၊မြန်မာနှင့် ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းစစ်ဆင်ရေးတစ်ရပ် စတင်ခဲ့ပြီးနောက် နော်ခမ်း၏ဂိုဏ်းသည် ၂၀၁၂ ခုနှစ် အစောပိုင်း၌ ပြိုကွဲသွားခဲ့ခြင်းဖြစ်သည်။

နော်ခမ်းနှင့် သူ၏အပေါင်းပါ သုံးဦးကို ၂၀၁၂ ခုနှစ်၊နိုဝင်ဘာလ ၆ ရက်နေ့၌ သေဒဏ်ပေးရန် အမိန့်ချမှတ်ခဲ့သည်။အခြားသူ၏ ဂိုဏ်းဝင်နှစ်ဦးဖြစ်သော ကျာပိုနှင့် ကျာတူပို တို့နှစ်ဦးသည်လည်း ဆိုင်းငံ့သေဒဏ်နှင့် ထောင်ဒဏ်ရှစ်နှစ် အသီးသီးချမှတ်ခံခဲ့ရသည်။

Godfather ဟု အမည်ပြောင်ဖြင့် ခေါ်ဝေါ်သော နော်ခမ်းသည် တရုတ်၊လာအို၊မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများကို
ဖြတ်သန်းစီးဆင်းသော မဲခေါင်မြစ်တစ်လျောက် ကျက်စားသည့် အကြီးဆုံး လက်နက်ကိုင် မူးယစ်ဆေးမှောင်ခိုဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။

Eleven Media Groupမြန်မာနိုင်ငံသား မူးယစ်ဆေး မှောင်ခိုခေါင်းဆောင် နော်ခမ်းနှင့် အပေါင်းအပါ
သုံးဦးအား ၂၀၁၁ ခုနှစ်တွင် မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုဖြင့် မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊အနောက်တောင်ပိုင်းရှိ တရားရုံးတစ်ရုံးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့အား တရုတ်နိုင်ငံအနောက်ပိုင်း ယူနယ်ပြည်နယ်၊ကူမင်းမြို့၌

ရဲမဖမ်းသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ နေရာပြောင်း


Photo: ရဲမဖမ်းသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ နေရာပြောင်း
Thursday, February 28, 2013

ကချင်ပြည်နယ် ဟိုပင်မြို့ သဲဖြူချောင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်
သုံးစွဲသူများသည် ရဲမဖမ်းသော်လည်း ယခုရက်ပိုင်းအတွင်း ဟိုပင်မြို့ တရုတ်သင်္ချိုင်းသို့ နေရာပြောင်းရွှေ့ ရောင်းဝယ်သုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးအဖွဲ့ကပြောသည်။

“ပြီးခဲ့တဲ့ အပတ်က အင်တာနက်သတင်းတွေနဲ့ ဂျာနယ်တွေမှာ ပါ လာလို့ နေရာပြောင်းသွားတာ။ ရဲ ကတော့ မဖမ်းဘူး””ဟု မိုးညှင်းမြို့ နယ် မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဟိုပင် တရုတ်သင်္ချိုင်းတွင် မူးယစ်ဆေးဝါးရောင်းချသော ဒိုင်သုံးဦးရှိပြီး မူးယစ်ဆေးဝါးရှူသည့် အခန်းသုံးခန်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ဘိန်းရှူရင်တော့ လုံတဲ့ ခန်းထဲမှာပဲ ရှူကြတယ်။ ဆေးထိုးတဲ့သူတွေကတော့ ဂူတွေကြားထဲမှာပဲ ထိုးကြတယ်” ဟု ဟိုပင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါ ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်များ ၈၀ ရာခိုင်နှုန်းအထိရှိနေကြောင်း အမှတ်(၁၂) မဲဆန္ဒနယ် အမျိုးသား
လွှတ်တော်ကိုယ်စားလှယ်ဦးဂျေယောဝူက ပြောသည်။

“တစ်ပြည်နယ်လုံး သုံးစွဲနေကြတာ၊ ဖမ်းတာကလည်း ရောင်းတဲ့
ဆိုင်ကြီးတွေကို မဖမ်းဘဲ အောက်က အသေးစားတွေကိုပဲ ဖမ်းနေတာ”ဟု ဦးဂျေယောဝူကပြောသည်။

အဆိုပါ တရုတ်သင်္ချိုင်းတွင် မူးယစ်ဆေးဝါးဆေးထိုးလျှင် ကျပ် ၁၀၀၀ ဖိုးမှ စတင်ထိုးနိုင်ပြီး ဘိန်းရှူလိုလျှင် ကျပ် ၅၀၀၀ ဖိုးမှ စတင်ဝယ်ယူရကာ
ရောင်းဝယ်သုံးစွဲနေကြသူများမှာ သဲဖြူချောင်းမှာကဲ့သို့ စည်ကားနေပြီး ကျောင်းသားများအပါအ၀င် နေ့စဉ်လူဦးရေ ရာနှင့်ချီရောင်းဝယ်သုံးစွဲနေကြောင်း ဒေသခံအချို့ကပြောသည်။

၂၀၁၂ ခုနှစ်တွင် ဟိုပင်မြို့၌ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၆၈ မှု ဖမ်းဆီးရရှိပြီး၊ ၂၀၁၃ ဇန်န၀ါရီလတွင် သုံးမှု၊ ဖေဖော်ဝါရီလတွင်တစ်မှု ဖမ်းဆီးရရှိထားကြောင်း ဟိုပင်မြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲစခန်းမှူး
ဦးမျိုးမြင့်ဦးက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသော တရုတ်သင်္ချိုင်းသို့ မူးယစ်
ဆေးဝါးကင်းစင်ပပျောက်ရေးအဖွဲ့မှ နေ့စဉ် ဆေးထိုးအပ် အချောင်း 
၁၅၀၀ ၀န်းကျင် သွားရောက်ပို့ဆောင်ပေးနေရကြောင်း သတင်းရရှိသည်။

အဆိုပါ တရုတ်သင်္ချိုင်းသည် ယခင်ရောင်းချသော သဲဖြူချောင်းနှင့် တစ်မိုင်ဝန်းကျင်သာ ကွာဝေးသည်။

7Day News Journalကချင်ပြည်နယ် ဟိုပင်မြို့ သဲဖြူချောင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်
သုံးစွဲသူများသည် ရဲမဖမ်းသော်လည်း ယခုရက်ပိုင်းအတွင်း ဟိုပင်မြို့ တရုတ်သင်္ချိုင်းသို့ နေရာပြောင်းရွှေ့ ရောင်းဝယ်သုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးအဖွဲ့ကပြောသည်။

“ပြီးခဲ့တဲ့ အပတ်က အင်တာနက်သတင်းတွေနဲ့ ဂျာနယ်တွေမှာ ပါ လာလို့ နေရာပြောင်းသွားတာ။ ရဲ ကတော့ မဖမ်းဘူး””ဟု မိုးညှင်းမြို့ နယ် မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဟိုပင် တရုတ်သင်္ချိုင်းတွင် မူးယစ်ဆေးဝါးရောင်းချသော ဒိုင်သုံးဦးရှိပြီး မူးယစ်ဆေးဝါးရှူသည့်

Spice Girls အဖွဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွင် ဗစ်တိုးရီးယား ပါဝင်တော့မည်မဟုတ်


Photo: Spice Girls အဖွဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွင် ဗစ်တိုးရီးယား ပါဝင်တော့မည်မဟုတ်
Thursday, February 28, 2013

လာမည့်နှစ်တွင် စီစဉ်ထားသည့် Spice Girlsအဖွဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်၌ ဗစ်တိုးရီးယား ဘက်ဟမ်း လိုက်ပါတော့မည် မဟုတ်ဟု သိရှိရသည်။ အစောပိုင်းက ယခင် Spice Girls အဖွဲ့ဝင် အမျိုးသမီး (၅)ဦးလုံး စုံစုံညီညီ စုစည်းကာ ကမ္ဘာလှည့် ဖျော်ဖြေပွဲ တစ်ခု ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။

သို့သော်လည်း ယခုအခါတွင်မူ ဗစ်တိုးရီးယားက Down Under ဖျော်ဖြေပွဲ အစီအစဉ်မှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ အဆိုတော် ဘဝမှ ဖက်ရှင် ဒီဇိုင်နာဘဝ ကူးပြောင်းပြီး အောင်မြင်နေသည့် ဗြိတိသျှ နာမည်ကျော် အနုပညာရှင်နှင့် ပတ်သက်ပြီး သူမ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က "(၂၀၁၄)မှာ Spice Girls အဖွဲ့နဲ့အတူ ကမ္ဘာလှည့် ဖျော်ဖြေပွဲအတွက် လိုက်ပါဖို့ စီစဉ်ထားတာ မရှိပါဘူး"ဟု ပြောကြားသွားသည်။

Planet Myanmar Networkလာမည့်နှစ်တွင် စီစဉ်ထားသည့် Spice Girlsအဖွဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်၌ ဗစ်တိုးရီးယား ဘက်ဟမ်း လိုက်ပါတော့မည် မဟုတ်ဟု သိရှိရသည်။ အစောပိုင်းက ယခင် Spice Girls အဖွဲ့ဝင် အမျိုးသမီး (၅)ဦးလုံး စုံစုံညီညီ စုစည်းကာ ကမ္ဘာလှည့် ဖျော်ဖြေပွဲ တစ်ခု ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။

သို့သော်လည်း ယခုအခါတွင်မူ ဗစ်တိုးရီးယားက Down Under ဖျော်ဖြေပွဲ အစီအစဉ်မှ နုတ်ထွက်ရန်

ရုရှားသမ္မတစီးသော ကား - Zil Presidential Limousine (4 photos)


ရုရှားသမ္မတစီးသော ကား - Zil Presidential Limousine အရင်က စီးတာပါ။ အခုနောက်တိုင်း သမ္မတပူ တင်တစ်ယောက် Mercedes Benz ကားတွေ ပဲ ပြန်စီးနေတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ယနေ့အချိန်ထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ Zil ဆိုတာ ၁၉၁၆ ခုနှစ်ကစလို့ ရုရှားနိုင်ငံက အစိုးရ အတွက် မော်တော်ယာဉ် သီးသန့်ထုတ်လုပ်ပေးနေတဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်အထိ သမ္မတစီးတဲ့ ဇိမ်ခံကားများ ထုတ်လုပ်ပေးပြီး နောက်ပိုင်းကျတော့ စစ်သုံး မော်တော်ယာဉ်တွေပဲ ထုတ်လုပ်ပါတော့တယ်။ ဘာကြောင့်လဲဆိုတာကိုတော့ မပြောပါဘူး။ သို့ပေမယ့် ရုရှား အစိုးရအဖွဲ့အနေနဲ့ ယနေ့အချိန်ထိ

သင်းခွေချပ်(Pangolin) ရဲ့ အစွမ်းသတ္တိ...


Photo: သင်းခွေချပ်



သင်းခွေချပ်(Pangolin)သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ခန္ဓာကိုယ်ကို မာကျောသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တခုနှင့်တခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပအန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာဝတ်စုံသဖွယ် ဖန်တီးပေးထားသည်။ အန္တရာယ်နှင့်ကြုံလာသောအခါ သင်းခွေချပ်များသည် ဘောလုံးသဖွယ် ကိုယ်ကိုလုံးလိုက်ခြင်းအားဖြင့်
မာကျောသော အလုံးကြီးဖြစ်သွားသည်။

သင်းခွေချပ်တို့သည် ဤနည်းအားဖြင့် အသက်ရှင်ရပ်တည်နေကြသည်။ အချို့သော သင်းခွေချပ်များသည် သစ်ပင်တက်တတ်သော်လည်း
အများစုမှာ မတက်တတ်ကြပေ။ သင်းခွေချပ်သည် နှုတ်သီးရှည်၍
ပုရွက်ဆိတ်စားကောင် (Anteater)နှင့် သဏ္ဍာန်တူသည်။ ပုရွက်ဆိတ်စားကောင် (Anteater)သည် အကြေးခွံမပါပဲ အမွှေးများသာပါရှိသည်။

သင်းခွေချပ်သည် အမေရိကတိုက်တွင်တွေ့ရသော မျောက်ပျင်း၊ ပုရွက်စားကောင်၊ အာမာဒီလိုကောင်တို့နှင့်အတူ ဖော်လီဒိုးတားမျိုးဝင် သွားမရှိသည့် နို့တိုက်သတ္တဝါချင်းတူသော်လည်းမျိုးရင်းကားမတူချေ။ သင်းခွေချပ်သည် မင်နီဒီးမျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒ အလိုအရ
မေနစ်ကရပ်စီကော်ဒေးတား ဟုခေါ်သည်။ သင်းခွေချပ်များကို
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၊ အရှေ့အိန္ဒိယကျွန်းစုနှင့် အာဖရိကတိုက်ရှိ ဆာဟာရသဲကန္တာရ တောင်ပိုင်းဒေသ များတွင်တွေ့ရသည်။ သင်းခွေချပ်သည် ဦးခေါင်းမှကိုယ်ထည်အထိအမြီးမပါဘဲ
နှစ်ပေမှနှစ်ပေခွဲအထိရှည်၍ အမြီးသပ်သပ်သည်တစ်ပေခွဲရှည်သည်။


သင်းခွေချပ်အမျိုးမျိုးရှိရာတွင် အချို့အမျိုးတွင်အမြီးသည် ကိုယ်ထည်တစ်ခုလုံးထက်တို၍ အချို့အမျိုးတွင်နှစ်ဆမျှ ရှည်သည်လည်းရှိတတ်သည်။ သင်းခွေချပ်၏ ဝမ်းပိုက်ပိုင်းမှတစ်ပါး အခြားကိုယ်ထည်တစ်ခုလုံးသည် အိမ်အမိုးတွင်အုတ်ကြွပ်ပြားများ မိုးထားဘိသကဲ့သို့မာကျောသောအကြေးခွံကြီးများဖြင့် တစ်ခုနှင့်တစ်ခု
အနားချင်းထပ်ကာ ဖုံးအုပ်လျက်ရှိနေလေသည်။ အရောင်မှာအညိုရင့်ရောင်ဖြစ်သည်။ နှာတံရှည်၍ချွန်သည်။
အပြင်သို့ထုတ်နိုင်သော ရှည်၍စေးကပ်သည့်လျှာလည်း ရှိသည်။
ခြေလက်တိုသည်။ သင်းခွေချပ်သည် မိမိကိုယ်ကိုယ်မိမိ
ခုခံကာကွယ်သည့်အခါ တစ်ကိုယ်လုံးကို ဘောလုံးကဲ့သို့ လုံးနေအောင်ကွေးလိုက်ရာ တော်ရုံအားဖြင့်ပြန်၍မဆန့်နိုင်ချေ။
အကြေးခွံများသည် အကာအကွယ်လက်နက်သဖွယ် ကြံ့ကြံ့ခံနိုင်လေသည်။
ဝမ်းဗိုက်ပိုင်းတွင်အမွေးကြမ်းများ ကျိုးတိုးကျဲတဲပေါက်၍ အကြေးခွံများကြားတွင်လည်း အနည်းငယ်စီရှိကြသည်။


သင်းခွေချပ်များသည်များသောအားဖြင့် မြေတွင်းအောင်း၍နေကြပြီးလျှင်
ခြနှင့်ပုရွက်ဆိတ် တောင်ပို့များကိုတူးကာ ခြ၊ ပုရွက်ဆိတ်နှင့် ယင်းတို့၏ဥများကိုသာ အဓိကထား၍ စားသောက်ကြသည်။ ဤသို့တောင်ပို့များကိုတူးနိုင်ရန် ရှည်၍အနည်းငယ်ကောက်နေသော လက်သည်းခြေသည်းများရှိသည်။ မြေတူးရာ၌ရှေ့လက်နှင့်တူးသောကြောင့်
ရှေ့လက်သည်းများသည် နောက်ခြေသည်းများထက်ရှည်သည်။

ခြတောင်ပို့တစ်ခုကိုတွေ့သည့်အခါ ရှေ့လက်ရှိ သန်မာသောလက်သည်းများနှင့် ပြိုအောင်ဖြိုပြီးလျှင် ခြအုံရှိရာတွင်းထဲသို့
၎င်း၏ ချွန်နေသောနှာတံကိုထိုးသွင်း၍ စေးကပ်လျက်ရှိသော လျှာရှည်ဖြင့်လျက်ကာလျက်ကာ ခြများကိုမျိုသွင်းလေသည်။
လမ်းလျှောက်သည့်အခါ သင်းခွေချပ်သည် ခါးကို အနည်းငယ်ကုန်းထားပြီးလျှင် အမြီးကိုထောင်ထားတတ်သည်။
နောက်ခြေများဖြင့်မတ်တပ်ရပ်၍ အဘက်ဘက်သို့ကြည့်နိုင်သည်။ သင်းခွေချပ်သည် မြေကြီးပေါ်၌ကျက်စားလေ့ရှိသော်လည်း
သစ်ပင်ပေါ်သို့လည်း အလွယ်တကူတက်နိုင်သည်။ သစ်ပင်ပေါ်၌လည်း ပုရွက်ဆိတ်များကိုလိုက်လံစားသည်။ သစ်ပင်တက်ရာ၌ ဝက်ဝံကဲ့သို့
ရှေ့လက်သည်းများနှင့်ကုပ်တွယ်၍ ဖက်တက်သည့်အပြင် အမြီးဖြင့်လည်း
သစ်ကိုင်းတွင်လိမ်ထားသေးသည်။ သင်းခွေချပ်၏မျက်စိများသည်ငယ်၍ နားရွက်မှာမရှိသလောက်ဖြစ်သဖြင့် မြင်မသန်သည့်အပြင်
ကောင်းကောင်းလည်း မကြားချေ။ အရှေ့တောင်အာရှတိုင်းပြည်များတွင်
တွေ့ရသော သင်းခွေချပ်များသည် ညဥ့်အခါမှသာတွင်းမှထွက်၍ သွားလာကျက်စားတတ်သောကြောင့်နေ့တွင်တွေ့ရခဲသည်။ နေ့အချိန်၌ကား
မြေတွင်းထဲ၌ဖြစ်စေ၊ ကျောက်တုံး ကျောက်ဆောင်များကြားတွင်ဖြစ်စေ
ကွေး၍နေတတ်ကြသည်။ အိပ်သည့်အခါ ခေါင်းကိုလုံးနေအောင်
ကွေးထားသည့် ရှေ့ခြေနှင့်အမြီးကြားတွင်ထား၍အိပ်သည်။
မွေးခါစသင်းခွေချပ်ကလေးများသည်အကြီးမြန်၍ အကြေးခွံကလေးများမှာ ပျော့နေသည်။
၁၈ လက်မခန့်ရှည်သောသင်းခွေချပ်သားငယ်ကလေးသည်
အမိနို့ရည်ကိုစို့ရင်း လေးလအတွင်း အလေးချိန်နှစ်ဆအထိ
တိုးလာလေသည်။ မိခင်သင်းခွေချပ်သည် သားကလေးအား
အမြီးပေါ်တင်၍ သွားရာသို့သယ်ဆောင်သွားလေ့ရှိသည်။
သားငယ်ကလည်း မိခင်၏အမြီးတွင် ကန့်လန့်ဖြတ်ထိုင်၍ လက်သည်းများဖြင့် ကုပ်တွယ်ထားသည်။ အကြောင်းတစ်ခုခုကြောင့် ထိတ်ထိတ်လန့်လန့်ဖြစ်ခဲ့သော် မိခင်သည်
လုံးနေအောင်ကွေးလိုက်ပြီးလျှင် သားငယ်ကိုရင်ခွင်တွင်ထား၍ ကာကွယ်စောင့်ရှောက်တတ်သည်။ သင်းခွေချပ်အသားသည်
အလွန်ကောင်းသည်ဆိုကာ အချို့လူများကြိုက်နှစ်သက်ကြသည်။


Ref > wikimyanmar
သင်းခွေချပ်(Pangolin)သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ခန္ဓာကိုယ်ကို မာကျောသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တခုနှင့်တခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပအန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာဝတ်စုံသဖွယ် ဖန်တီးပေးထားသည်။ အန္တရာယ်နှင့်ကြုံလာသောအခါ သင်းခွေချပ်များသည် ဘောလုံးသဖွယ် ကိုယ်ကိုလုံးလိုက်ခြင်းအားဖြင့်
မာကျောသော အလုံးကြီးဖြစ်သွားသည်။

သင်းခွေချပ်တို့သည် ဤနည်းအားဖြင့် အသက်ရှင်ရပ်တည်နေကြသည်။ အချို့သော သင်းခွေချပ်များသည် သစ်ပင်တက်တတ်သော်လည်း

မဲခေါင်မြစ်မှ ငါးလက်ထုံ


ကမ္ဘာ့ အကြီးဆုံး ရေချို ငါးလက်ထုံများက အဝေးကြီးမှာ မဟုတ်ပဲ မြန်မာပြည် နယ်စပ်က မဲခေါင်မြစ်မှာရှိနေပါတယ်။ ဧရာဝတီမြစ်မှာလည်း တွေ့ရတတ်တဲ့ ငါးများ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်အခြမ်မှ ဖမ်းဆီးရမိတဲ့ငါး ဖြစ်ပြီး အရှေ့ တောင်အာရှနိုင်ငံ က မြစ်များမှာလည်း နေထိုင်ကျက်စားတဲ့ငါးများလို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ ငါးလက်ထုံက ပေါင် ၁၀၀၀ အထက်လေးပြီး အရှည် ၁၆ ပေ၊ ဗျက်အကျယ် ၇ ပေ ရှိပြိး ဆူးထစ်က ၁၅ လက်မ ရှည်ပါတယ်။ ယင်း ဆူးထစ်ဟာ အင်မတန် အဆိပ်ပြင်းပြီး လူကိုသေစေနိုင်ပါတယ်။

“နယူးဇီလန်ကမ်းခြေတွင် ငါးမန်းဖြူကိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံး”


Photo: “နယူးဇီလန်ကမ်းခြေတွင် ငါးမန်းဖြူကိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံး”

နယူးဇီလန် ကမ်းခြေတစ်ခုတွင် ငါးမန်းကိုက်ခံရမှုကြောင့် လူတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ကမ်းခြေစောင့် ရဲတပ်ဖွဲ့သည် ရေပေါ် ပေါလောမျောနေသူထံ အမြန်ဆုံး သွားရောက်ခဲ့သော်လည်း အချိန်မမီခဲ့ချေ။ 

၎င်းတို့သည် ငါးမန်းကိုက်ရာများနှင့် သွေးအလူးလူး ဖြစ်နေသော အလောင်းကိုသာ ပြန်ရခဲ့သည်။ ဗုဒ္ဓဟူးနေ့က အောက္ကလန် အနောက်ဘက်ရှိ နာမည်ကျော် ကမ်းခြေ တစ်ခုတွင် အဆိုပါ ငါးမန်း တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ 

လူအများ နွေရာသီတွင် ကျရောက်သော နေရောင်ခြည်ကို ခံယူရန် စုရုံး ရောက်ရှိနေတတ်သည့် အချိန်မျိုးတွင် ယခုလို ထိတ်လန့်ဖွယ် ကိစ္စမျိုး ဖြစ်ပေါ်လာခြင်းဟုလည်း သတင်းများက ဆိုသည်။

ငါးမန်း ကိုက်ခံရသူသည် အသက်(၄၆)နှစ်ရှိ ရုပ်ရှင် ဒါရိုက်တာ အဒမ်စထရိန်းဂ်ျဆိုသူ ဖြစ်ပြီး ကမ်းခြေမှ မီတာ (၂၀၀)ကျော် အကွာတွင် ရေကူးနေစဉ် ငါးမန်းဆွဲသွားခြင်း ဖြစ်သည်။ မူရီဝေ ကမ်းခြေအနီးတွင် ဖြစ်ပွားခဲ့သော လူသေမှုအတွက် လက်သည်ငါးမန်းမှာ အရှည် (၁၂)ပေမှ (၁၄)ပေကြား ရှိနိုင်ကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ "သူက လူးလှိမ့်နေတယ်။ အနားမှာ သွေးတွေချည်းပဲ"ဟု ထိုနေရာ အနီးတွင် ငါးမျှားနေခဲ့သည့် ပီယိုမိုဆီက ပြောကြားခဲ့သည်။ မိုဆီက အလောင်းအနီးတွင် နောက်ထပ် အနည်းဆုံး ငါးမန်းနှစ်ကောင်မျှလည်း လာရောက်မြူးထူး ဆော့ကစားနေသည်ကို မြင်ခဲ့ရကြောင်း ရဲများထံ ထွက်ဆိုခဲ့သည်။ "သူရေကူးနေတာကို ကျွန်တော်တို့ သတိထားမိတယ်။ နောက်တော့ ငါးမန်းဆူးတောင်ကြီး သူ့နောက်မှာ ပေါ်လာတယ်။ နောက်ကျတော့ သွေးတွေ ပျံ့နှံ့သွားတော့တာပဲ"ဟုလည်း သူငယ်ချင်းများနှင့်အတူ ကျောက်ဆောင်ပေါ်မှ ငါးမျှားနေသည့် မိုဆီက ပြောကြားသွားသည်။



မိုဆီက ပထမငါးမန်း ကိုက်ခံရချိန်တွင် စထရိန်းဂ်ျသည် ရုန်းကန်ရင်း ခြောက်ထုတ်ခဲ့ပြီး ရေကူးရန် အားထုတ်နေသော်လည်း နောက်ထပ် ငါးမန်းများက တိုက်ခိုက်မှုအတွင်း ပါဝင်လာခဲ့ကြောင်း ဆက်လက် ပြောဆိုခဲ့သည်။ ၎င်းသည် ရဲတပ်ဖွဲ့ကို မိုဘိုင်းလ်ဖုန်းဖြင့် ဆက်သွယ်ကာ သတင်းပေးနေစဉ် အခြားငါးမျှားနေသူ တစ်ဦးက အကူအညီ ပေးနိုင်ရေးအတွက် ကမ်းခြေဘက် ပြေးသွားကြောင်း သိရသည်။ "အဲဒီအချိန်မှာ သူအသက်ရှိသေးတယ်။ ခေါင်းကို သူမော့ထားတယ်။ ကျွန်တော်တို့ ရှိနေတဲ့ ကျောက်ဆောင်ဘက် ရေကူးလာဖို့ သူ့ကို အော်ခေါ်ကြတယ်။ သူက လက်ကို မြှောက်ပြပါတယ်။ အဲဒီအချိန်မှာပဲ နောက်ငါးမန်း တစ်ကောင်က သူ့ကို ဆွဲသွားတော့တာပဲ"ဟု ခြောက်ခြားနေသည့် မိုဆီက ရှင်းပြခဲ့သည်။

 "အိပ်မက်ဆိုးကြီးပဲ။ ကြောက်ဖို့ အရမ်းကောင်းတယ်။ ကျွန်တော် အရမ်းတုန်လှုပ် သွားမိတယ်"ဟုလည်း ၎င်းက ဝန်ခံသည်။ မိုဆီက မိမိသည် အဆိုပါ ဧရိယာ တစ်ဝိုက်တွင် ငါးမျှားခဲ့သည်မှာ (၃)နှစ်မျှ ရှိနေပြီး ငါးမန်းရှိသည့် အရိပ်အယောင် တစ်ခါမျှ မတွေ့ခဲ့ဟု ဆိုသည်။ "ပထမတော့ ကျွန်တော် ရေထဲခုန်ချပြီး သွားကူညီလိုက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့်ကိုပါ ငါးမန်းတွေက ရန်ပြုလာတာမျိုး ဖြစ်မှာကို တွေးကြောက်ခဲ့မိတယ်"ဟုလည်း မိုဆီက ဖွင့်ဟသွားသည်။ 

Sestpac Rescue Helicopter Serviceမှ ရက်ဆဲလ်ကလာ့ခ်က သေဆုံးသူကို တိုက်ခိုက်ခဲ့သော ငါးမန်းမှာ ရက်စက်မှုတွင် နာမည်ကျော်သော ငါးမန်းဖြူ တစ်ကောင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ်းခြေစောင့် တပ်ဖွဲ့နှင့် ရဲများသည် အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိလာချိန်တွင် ငါးမန်းတစ်ကောင်မှာ အလောင်းအနီးတွင် ရှိနေဆဲဖြစ်ပြီး ယင်းကို သေနတ်နှင့် အချက်(၂၀)မျှ ပစ်ခတ်ခဲ့ရသည်။ ငါးမန်းသည် လူးလှိမ့်ပြီးနောက် ရေအောက်သို့ ငုပ်လျှိုး ပျောက်ကွယ်သွားကြောင်းလည်း ရဲများက ပြောကြားခဲ့သည်။ 

ငါးမန်းတိုက်ခိုက်မှုကြောင့် ကမ္ဘာပေါ်တွင် ပျမ်းမျှ လူ(၂၅)ဦးမျှ နှစ်စဉ် သေကြေလေ့ ရှိတတ်သည်။ နယူးဇီလန်သည် ကျွန်းနိုင်ငံဖြစ်ပြီး ကမ်းခြေ ပေါများသော်လည်း လူသေသည်အထိ ငါးမန်းတိုက်ခိုက်မှုမျိုး ကြုံရသည်မှာ ရှားပါးကြောင်း သိရသည်။ နယူးဇီလန်၏ နိုင်ငံသမိုင်း (၁၇၅)နှစ်အတွင်း ငါးမန်းကိုက်၍ လူသေကြောင်း မှတ်တမ်းတင်ခဲ့သည်မှာ အကြိမ်(၂၀)အောက်သာ ရှိကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။ 

Planet Myanmar Networkနယူးဇီလန် ကမ်းခြေတစ်ခုတွင် ငါးမန်းကိုက်ခံရမှုကြောင့် လူတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ကမ်းခြေစောင့် ရဲတပ်ဖွဲ့သည် ရေပေါ် ပေါလောမျောနေသူထံ အမြန်ဆုံး သွားရောက်ခဲ့သော်လည်း အချိန်မမီခဲ့ချေ။

၎င်းတို့သည် ငါးမန်းကိုက်ရာများနှင့် သွေးအလူးလူး ဖြစ်နေသော အလောင်းကိုသာ ပြန်ရခဲ့သည်။ ဗုဒ္ဓဟူးနေ့က အောက္ကလန် အနောက်ဘက်ရှိ နာမည်ကျော် ကမ်းခြေ တစ်ခုတွင် အဆိုပါ ငါးမန်း တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

လူအများ နွေရာသီတွင် ကျရောက်သော နေရောင်ခြည်ကို ခံယူရန် စုရုံး ရောက်ရှိနေတတ်သည့်

မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်နေထိုင်သော နိုင်ငံခြားသားငါးထောင်ကျော်ရှိ


Photo: မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်နေထိုင်သော
နိုင်ငံခြားသားငါးထောင်ကျော်ရှိ
Thursday, February 28, 2013

မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်နေထိုင်သော ပြည်တွင်းနေ
နိုင်ငံခြားသားဦးရေ ငါးထောင်ကျော်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးလွှတ်တော်ပထမအကြိမ် ပဉ္စမပုံမှန်
အစည်းအဝေးသို့ တင်သွင်း သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မန္တလေးတိုင်းအတွင်း ပြည်တွင်းနေ နိုင်ငံခြားသားများတွင် အိန္ဒိယနှင့် တရုတ်လူမျိုးများ အများဆုံးဖြစ်ပြီး အိနိယနိုင်ငံသား ၁၈၅၉ ဦး၊ တရုတ်နိုင်ငံသား ၁၃၂၅ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၈၉ ဦး၊ ပါကစ္စတန် နိုင်ငံသား ၁၀၃ ဦးနှင့် အခြားနိုင်ငံများ၂၄၇၂ ဦး၊ စုစုပေါင်း
၅၈၄၈ ဦးရှိကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းတို့ကို နှစ်စဉ်ဒီဇင်ဘာလတွင် အခွန်ဆောင်စေခြင်း၊ ခရီးသွားလာမှု
ကြီးကြပ်ခြင်း၊ မွေးဖွားမှု၊ သေဆုံးမှုတို့ကို အချိန်နှင့် တစ်ပြေးညီ
လျှောက်ထားစေခြင်း၊ အသက်(၁၂) နှစ်ပြည့် မှတ်ပုံတင် လက်မှတ်
ထုတ်ပေးခြင်း၊အသက်(၁၈) နှစ်ပြည့် နိုင်ငံခြားသားမှတ်ပုံတင်
ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။ 

မန္တလေးတိုင်းဒေသကြီးတွင် အစိုးရ သစ်လက်ထက်အတွင်း သတ်မှတ်
ဥပဒေနှင့်အညီ နေထိုင်သော နိုင်ငံခြားသားများအနက် နိုင်ငံသားပြုခွင့် လက်မှတ်ရရှိသူ ၁၄၁ ဦး၊ ဧည့်နိုင်ငံသားလက်မှတ်ရရှိသူ လေးဦး၊
နိုင်ငံသားလက်မှတ်ရရှိသူ ၁၅ ဦးရှိသည်။

ပြည်တွင်းနေ နိုင်ငံခြားသားများ၏ စည်းကမ်းဖောက်ဖျက်မှုများကို စိစစ်ဖော်ထုတ်၍ ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ နိုင်ငံခြားသား မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ -၅ (၁) အရ တရားစွဲဆိုမှုများရှိခဲ့ပြီး ကိုးဦးကို အရေးယူနိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား
သည်။

အလားတူပင် အစိုးရသစ်လက်ထက် မန္တလေးတိုင်းဒေသကြီးအတွင်း ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ လက်မှတ် ထုတ်ပေးမှုစာရင်းအရ ဧည့်နိုင်ငံသား ၁၆၆ ဦး၊ နိုင်ငံသားပြုခွင့် လက်မှတ် ၃၁၇ ဦးတို့ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journalမန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်နေထိုင်သော ပြည်တွင်းနေ
နိုင်ငံခြားသားဦးရေ ငါးထောင်ကျော်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးလွှတ်တော်ပထမအကြိမ် ပဉ္စမပုံမှန်
အစည်းအဝေးသို့ တင်သွင်း သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မန္တလေးတိုင်းအတွင်း ပြည်တွင်းနေ နိုင်ငံခြားသားများတွင် အိန္ဒိယနှင့် တရုတ်လူမျိုးများ အများဆုံးဖြစ်ပြီး အိနိယနိုင်ငံသား ၁၈၅၉ ဦး၊ တရုတ်နိုင်ငံသား ၁၃၂၅ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၈၉ ဦး၊ ပါကစ္စတန် နိုင်ငံသား ၁၀၃ ဦးနှင့် အခြားနိုင်ငံများ၂၄၇၂ ဦး၊ စုစုပေါင်း
၅၈၄၈ ဦးရှိကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

Wednesday, 27 February 2013

၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မတ်လ ၆ ရက်တွင် ရုံးချိန်းခေါ်ယူထား


၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့်
ဖြစ်စဉ်နှင့်ပတ်သက်၍ မတ်လ ၆ ရက်တွင် ရုံးချိန်းခေါ်ယူထား
Thursday, February 28, 2013 
    
မြောက်ဥက္ကလာပမြို့နယ်၊ ချယ်ရီစားသောက်ဆိုင်မှ ၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို ဆိုင်ရှင်မှ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လာမည့်မတ်လ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်းထပ်မံ ချိန်းဆိုထားကြောင်း မိန်းကလေး၏ မိသားစုဝင်များက
ပြောသည်။

ထိုနေ့တွင် အဓမ္မပြုကျင့်ခံရသည့်အပေါ် တရားလိုပြု တိုင်တန်းသူ ဦးတင်ဌေးကို စစ်ဆေးမည်ဖြစ်ပြီး ယခုရုံးချိန်းသည် တတိယမြောက်
ရုံးချိန်းဖြစ်ကြောင်း သိရသည်။

ပထမဆုံးရုံးချိန်းအဖြစ် ဖေဖော်ဝါရီ ၂၀ ရက်က ဆင့်ခေါ်စာဖြင့် တရားလိုဘက်ကို စတင်ခေါ်ယူခဲ့သော်လည်း မိန်းကလေး၏ မိခင်နှင့် တရားလိုပြု တိုင်ကြားသူ ဦးတင်ဌေးထံသို့ အဆိုပါ အကြောင်းကြားစာ
ရောက်ရှိလာခြင်းမရှိကြောင်း၊ ဒုတိယရုံးချိန်းတွင် တရားလိုဘက်မှ စစ်ဆေးမေးမြန်းခံရမည့် ဦးတင်ဌေးမှာ ကျန်းမာရေး အခြေအနေကြောင့် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း အဓမ္မပြုကျင့်ခံရသူ တရားလိုမိန်းကလေး၏ မိခင်ဒေါ်တင်ထွေးက ပြောသည်။

တရားလို မိန်းကလေး၏မိခင် ဒေါ်တင်ထွေးက "ကျွန်မသမီးလေးကို အဓမ္မပြုကျင့်တယ်။ ပြီးတော့ ခိုးမှုနဲ့ ပြန်ပြီးအမှုဖွင့် အရေးယူထားတယ်။ အခုလည်း ကျွန်မသမီးလေးနဲ့ တွေ့ခွင့်မရပါဘူး။ ကျွန်မတို့မိသားစု အနေနဲ့ အရှက်လည်းရတယ်။ သိက္ခာလည်း ကျပါတယ်။ အဲဒီကြားထဲက ခိုးတယ်
ဆိုပြီး ဆိုင်ရှင်ရဲ့ဇနီးက ပြန်တရားစွဲသေးတယ်" ဟု ၎င်းတို့မိသားစု၏ နစ်နာမှုများကို ရှင်းပြသည်။

ထိုသို့ အဓမ္မပြုကျင့်ခံရပြီး နောက်ပိုင်းတွင် ဆိုင်ပိုင်ရှင်၏ဇနီးမှ အဆိုပါမိန်းကလေးကို အခြားနေရာများသို့ ရွှေ့ပြောင်းစေခဲ့ကြောင်း၊ မိန်းကလေး၏ မိဘများကိုမူ ပျောက်ဆုံးနေသည်ဟု လိမ်လည်ပြောဆို
ခဲ့ခြင်းကြောင့် တရားလိုဘက်မှ အဓမ္မပြုကျင့်ခံရသည့် အမှုအပြင် လူကုန်ကူးမှုပုဒ်မဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်က မြောက်ဥက္ကလာပ မြို့နယ်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော် သက်ဆိုင်ရာ ရဲစခန်းအနေဖြင့် အဓမ္မပြုကျင့်ခံရသည့် ပုဒ်မ ၃၇၆ ဖြင့်သာ အမှုဖွင့်ပေးခဲ့ကြောင်း တရားလိုမိန်းကလေး၏ အမှုကို လိုက်လံကူညီ ဆောင်ရွက်ပေးနေသူ ဒေါ်လေးလေးက ပြောသည်။

ယင်းဖြစ်စဉ်အပေါ် ဒေါ်လေးလေးက "တရားလို ပြုလုပ်တိုင်တန်းတဲ့ဘက်က မိန်းကလေးရဲ့ အမေရော၊ ဦးလေးရောက ဆင်းရဲတဲ့ တောသူတောင်သား
တွေဖြစ်တဲ့အတွက် ဥပဒေကြောင်း အရဆိုတာတွေ၊ ဆင့်ခေါ်စာတွေကို နားမလည်ကြပါဘူး" ဟု ပြောကြားခဲ့သည်။

ထိုအမှုကို အရှေ့ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင် တရားသူကြီး (၁) ဦးလှသိန်းမှ လက်ခံစစ်ဆေးပြီး အဓမ္မပြုကျင့်ခံရသူ တရားလိုဘက်မှ ဥပဒေအရာရှိအဖြစ် ဦးတင်မောင်ထွေး၊ ရှေ့နေအဖြစ် ရှေ့နေများကွန်ရက်မှ ဦးအောင်သိန်းတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Groupမြောက်ဥက္ကလာပမြို့နယ်၊ ချယ်ရီစားသောက်ဆိုင်မှ ၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို ဆိုင်ရှင်မှ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လာမည့်မတ်လ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်းထပ်မံ ချိန်းဆိုထားကြောင်း မိန်းကလေး၏ မိသားစုဝင်များက
ပြောသည်။

ထိုနေ့တွင် အဓမ္မပြုကျင့်ခံရသည့်အပေါ် တရားလိုပြု တိုင်တန်းသူ ဦးတင်ဌေးကို စစ်ဆေးမည်ဖြစ်ပြီး ယခုရုံးချိန်းသည် တတိယမြောက်
ရုံးချိန်းဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရသည့်အလုပ်သမား ၂ဦး နစ်နာကြေး သုံးသိန်းကျော်ရရှိ”

၂၀၁၃ ဖေဖေါ်ဝါရီ ၂၇
ကိုတီး
လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိသဖြင့် ကိုယ်လက် အင်္ဂါ ပျက်စီးဆုံးရှုံးသွားသည့် အလုပ်သမား  ၂ဦး အတွက်ပူးပေါင်းကူညီသူများ ဆောင်ရွက်ပေး မှုကြောင့် ယမန်နေ့က ဘတ်ငွေ တစ်သိန်းကျော်စီ  ပထမအရစ်အဖြစ် ရရှိသွားကြကြောင်း ကူညီသူ များပြောပြချက်အရ သိရှိရသည်။
ယမန်နေ့က  ပအို့ဝ်အမျိုးသား ခွန်မောင်လုံး သည် ပကာစာခွန်း(အာမခံကြေး)ဘဏ်မှ ဘတ်ငွေ တစ်သိန်းရှစ်သောင်း ရရှိခဲ့သည်။ သူသည် ၂၀၁၂ ခုနှစ်ဒီဇင်ဘာလ တွင် ဘန်ကောက်မြို့အယ်ကချိုင် ၆၆

ဟံသာဝတီ ယာဉ်စခန်းကို ကားပလာဇာအဖြစ် တည်ဆောက်၍ စည်ပင်က ၅၅% အကျိုးခံစားမည်



ရန်ကုန် (မဇ္ဈိမ) . ၂၇ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃  —-   ရန်ကုန်တိုင်း၊ ကမာရွတ်မြို့ နယ်ရှိ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းအား ရန်ကုန် ကားပလာဇာ အဖြစ် တည်ဆောက်ကာ ရလာသည့် အကျိုးအမြတ်အား မြို့ တော် စည်ပင်သာယာရေး
ကော်မတီမှ ၅၅ ရာခိုင်နှုန်းခန့် ခံစားမည်ဟု စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ အကြီးအကဲတဦးက ဆိုသည်။
ရန်ကုန် ကားပလာဇာ ဆောက်လုပ်ရာတွင် Crown Advanced Engineering Co, Ltd မှ တာဝန်ယူ
ဆောက်လုပ်မည်ဟုလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
“စည်ပင်က ၅၅ ရာခိုင်နှုန်းနဲ့ ကုမ္ပဏီက ၄၅ ရာခိုင်နှုန်း အကျိုးခံစားခွင့် ရှိတယ်ဆိုတာ မှန်ပါတယ်။ ၃ နှစ် စီမံကိန်းနဲ့ လုပ်သွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

iPad သုံးပြီး ထိန်းချုပ် သွားနိုင်မည့် မောင်းသူမဲ့ကား

ယာဉ်မောင်းအကူ အညီမလိုဘဲ အလိုအလျောက် မောင်းနှင်နိုင်သည် စက်ရုပ် ကားကို iPad ဖြင့် ထိန်း ချုပ်နိုင်ရန်
အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသီများ က ထုတ်လုပ်နိုင် ခဲ့ပြီဖြစ်သည်။ အဆိုပါ ကားတွင် သုံးဖက်မြင် မြေပုံများနှင့် ကမ္ဘာ့တည်နေရာကို အလို အလျောက် ဖော်ပြနိုင်သော ဂျီပီအက်စ်စနစ်များကို အသုံးပြုထားပြီး အောက်စပို့မှ သုတေသီများက နစ်ဆန်း အီလက်ထရွန်းနစ် ကားနှင့် တူသော စက်ရုပ် ကားကို တီထွင်ထားပြီး ကားထဲတွင် အာရုံခံကိရိ ယာများ တပ်ဆင်ထားသည်။

မြန်မာဝတ်စုံမြတ်နိုးတဲ့ ကိုရီးယားမင်းသမီး ဂျောင်ဆိုယောင်း


Photo: မြန်မာဝတ်စုံမြတ်နိုးတဲ့ ကိုရီးယားမင်းသမီး ဂျောင်ဆိုယောင်း

February 28, 2013

နာမည်ကြီး ကိုရီးယားအမျိုးသမီးသရုပ်ဆောင် ဂျောင်ဆိုယောင်း ဟာ
မြန်မာပြည်ကို ခေတ္တ ရောက်နေ ပါတယ်။ အခုလို ရောက်ရှိခိုက်မှာ သူ့ကို မြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုး ၀တ်ဆင်ထားတဲ့ သတင်းနဲ့ ဓာတ်ပုံကို ယနေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြလာပါတယ်။ 

ဂျောင်ဆိုယောင်းဟာ ရသစုံလင် လောကတခွင်ဆိုတဲ့ အစီအစဉ်အတွက်
မြန်မာနိုင်ငံကို ရောက်နေတာ ဖြစ်ပြီး မြန်မာဝတ်စုံနဲ့ မြန်မာ့ရိုးရာ အစားအစာကို ခုံခုံမင်မင် မြတ်မြတ်နိုးနိုး ရှိတယ်လို့ ပြောပါတယ်တဲ့။နာမည်ကြီး ကိုရီးယားအမျိုးသမီးသရုပ်ဆောင် ဂျောင်ဆိုယောင်း ဟာ
မြန်မာပြည်ကို ခေတ္တ ရောက်နေ ပါတယ်။ အခုလို ရောက်ရှိခိုက်မှာ သူ့ကို မြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုး ၀တ်ဆင်ထားတဲ့ သတင်းနဲ့ ဓာတ်ပုံကို ယနေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြလာပါတယ်။

ဂျောင်ဆိုယောင်းဟာ ရသစုံလင် လောကတခွင်ဆိုတဲ့ အစီအစဉ်အတွက်

ရွာသားများ ဓားဖြင့်ဝိုင်းခုတ်သဖြင့် သေဆုံးသူ ရဲတစ်ဦး၏ မိသားစုအား ရွှေညဝါဆရာတော်၊ ဦးဝီရသူ နှင့် ပါမောက္ခ ဆရာတော် တို့မှ အလှူငွေ သိန်း (၂၀) လှူဒါန်း


Photo: ရွာသားများ ဓားဖြင့်ဝိုင်းခုတ်သဖြင့် သေဆုံးသူ ရဲတစ်ဦး၏ မိသားစုအား ရွှေညဝါဆရာတော်၊ ဦးဝီရသူ နှင့် ပါမောက္ခ ဆရာတော် တို့မှ အလှူငွေ သိန်း (၂၀) လှူဒါန်း
***********************************************

ဧရာဝတီ တိုင်းဒေ သကြီး၊ မအူပင် မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာ တွင်ဖေဖော် ၀ါရီလ( ၂၆ )ရက်နေ့က လယ်ယာမြေ ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံ များအကြား ဖြစ်ပွား ခဲ့သော ပဋိ ပက္ခ များကြောင့် ထိခိုက် ဒဏ်ရာ ရရှိ သူများနှင့်သေ ဆုံးသူ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ မိသား စုအားရွှေည၀ါ ဆရာတော်၊ ဆရာတော် ဦးဝီရသူနှင့် မကွေး ဆရာတော် ရှင်ပါမောက္ခ တို့က အလှူငွေ ကျပ်သိန်း (၂၀) ကို လှူဒါန်းထောက် ပံ့ခဲ့ကြောင်း အဆို ပါဒေသ သို့သွားရောက် သတင်း ရယူနေသော The Messenger သတင်းထောက်က သတင်းပေး ပို့သည်။


“နှစ်ဘက် လုံးက ဒဏ်ရာ ရတဲ့ လူတွေကို လှူတာပါ။ ရွှေည၀ါ ဆရာတော်က ကျပ်(၁၀)သိန်း၊ ဆရာတော် ဦးဝီရသူက ကျပ်(၁၀)သိန်း လှူတယ်။ ဒဏ်ရာ ရသူ တစ်ဦးစီ ကိုငွေကျပ် ငါးသောင်း စီလှူ တယ်။သေဆုံး သွားတဲ့ ရဲတပ်ဖွဲ့ဝင်ကို ရဲကျော် သူရဲ့ မိသားစု ကိုငွေကျပ်သုံး သိန်းထောက် ပံ့လှူဒါန်းတယ်” ဟု၎င်းက ဆက်ပြော သည်။

ရဲ တပ်ဖွဲ့ဝင် ကိုရဲကျော်သူ မှာဦးခေါင်းတွင် ဒဏ်ရာရ ရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာနသို့ ညတွင်းချင်း ပို့ဆောင်ပေး ခဲ့ရပြီး ဒဏ်ရာပြင်း ထန်သဖြင့်သေ ဆုံးသွားကြောင်း ကိုမအူပင် မြို့နယ် ရဲ တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ယနေ့ ညနေ ပိုင်းက အတည်ပြုပြောကြား ခဲ့သည်။
ဆရာတော်ကြီး များသည် ဒဏ်ရာ ရရှိသူများ ကိုအလှူငွေထောက် ပံ့ချီးမြင့်ရန်ဆေး ရုံသို့ကြွစဉ် မအူပင်မြို့၊
(၃) ရပ်ကွက်၊ မင်းလမ်းရှိ ကိုအောင်ကျော်မိုး၊ မလင်းလင်း တို့နေအိမ်တွင် ခေတ္တ သီတင်းသုံးကာ မလက်တို ကျေးရွာ အုပ်စုမှ လယ်သမား များနှင့်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။လယ်သမား များမှဖြစ် ပွားခဲ့သော အခြေ အနေ များကို ဆရာတော်ကြီး များလျောက် ထား ခဲ့ကြောင်း သတင်း ရရှိသည်။

The Messengerဧရာဝတီ တိုင်းဒေ သကြီး၊ မအူပင် မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာ တွင်ဖေဖော် ၀ါရီလ( ၂၆ )ရက်နေ့က လယ်ယာမြေ ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံ များအကြား ဖြစ်ပွား ခဲ့သော ပဋိ ပက္ခ များကြောင့် ထိခိုက် ဒဏ်ရာ ရရှိ သူများနှင့်သေ ဆုံးသူ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ မိသား စုအားရွှေည၀ါ ဆရာတော်၊ ဆရာတော် ဦးဝီရသူနှင့် မကွေး ဆရာတော် ရှင်ပါမောက္ခ တို့က အလှူငွေ ကျပ်သိန်း (၂၀) ကို လှူဒါန်းထောက် ပံ့ခဲ့ကြောင်း အဆို ပါဒေသ သို့သွားရောက် သတင်း ရယူနေသော The Messenger သတင်းထောက်က သတင်းပေး ပို့သည်။


“နှစ်ဘက် လုံးက ဒဏ်ရာ ရတဲ့ လူတွေကို လှူတာပါ။ ရွှေည၀ါ ဆရာတော်က ကျပ်(၁၀)သိန်း၊ ဆရာတော်

သင်္ကြန်မိုး အဖွဲ့သားများ တန်ခူးရင်ခွင်မှာ ပြန်ဆုံပြီ (4 photos)


သင်္ကြန် နားလည်း နီးလာပြီဖြစ်တာကြောင့် အနုပညာရှင်တွေက သင်္ကြန် မတိုင်ခင် သင်္ကြန် ဇာတ်ကားတွေကို ကြိုတင် ရိုက်ကူးကြရပါတယ်။ သင်္ကြန် ဆိုတာ နဲ့ ‘သင်္ကြန်မိုး’ဇာတ်ကားကို ပရိသတ်တွေမြင်ယောင်မိကြမှာပါ။

ဒီတစ်ပတ်မှာတော့ သင်္ကြန်ဇာတ်ကား ရိုက်ကွင်း တည်ရှိရာ သာကေတမြခွာညို အိမ်ရာ ကို ရောက်တယ် ဆိုရင်ပဲ ထူးထူးခြားခြား ‘သင်္ကြန်မိုး’ ဇာတ်ကားမှာ ပါဝင်ခဲ့ကြတဲ့ဇင်ဝိုင်း ၊မေရွက်ဝါ၊ မေသန်းနု တို့နဲ့ ဒါရိုက်တာ ဦးတင်ဦးက’တန်ခူးရင်ခွင်’ ဆိုတဲ့ သင်္ကြန် ဇာတ်ကား ရိုက်ကွင်းဖြစ်နေပါတယ်။ ဒီဇာတ်ကားမှာတော့ လူငယ် သရုပ်ဆောင်တွေ ဖြစ်တဲ့ ရဲတိုက်၊ ရွှေ သမီးတို့လည်း ပါဝင်ပါတယ်။ တွဲဖက် ဒါရိုက်တာကတော့ ဒါရိုက်တာရီဇော်ပဲဖြစ်ပါတယ်။

မုံးကိုးမြို့အဝင် တံတားအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား (14 photos)

Photo၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် မုံးကိုးမြို့ အနောက်ဘက် မြို့ဝင် တံတား အနီးရှိ အမှိုက်ပုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အမှိုက်ပုံအနီး ချောင်းအတွင်း ငါးဖမ်း ဆော့ကစား နေသော မုံးကိုးမြို့ အမှတ် ၂ ရပ်ကွက်နေ မောင်မာထက်ချို (၁၁)နှစ်၊ မောင်ဖာန်ကျုံး (၁၁)နှစ်၊ အမှတ် ၁ ရပ်ကွက်နေ မောင်ရန်ပိန်းကွတ် (၁၃) နှစ်၊ မောင်ရန်ပိန်းခမ်း (၁၁) နှစ် ၊ မောင်ယောက်ကျုံးချိန် (၁၃)နှစ် နှင့် မောင်ရှိကျားကျင် (၁၁) နှစ်တို့ ၆ ဦး ဒဏ်ရာ အသီးသီး ရရှိကြသည်။ အဆိုပါနေရာသို့ နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ သွားရောက်၍

"အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း "


Photo: "အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း "
=========================

ရှက်ဖို့ ကောင်းလှသည် . . . 

ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင် ကောင်းမှု များပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီး ဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုး ဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော် တို့နှင့် ယခုတိုင် အချို့သော သူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရ ဆဲပင် ဖြစ်သည်။

ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီး ဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။

လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြ သည်။

လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။

( လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။ ) ... suon won .. ကြိုက်တဲ့စာသားမို့ ....( - ) ...

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။

တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း။
တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့ သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . .။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ? 

သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ 
နောက် . .. နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကား မကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက် မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်း တင် လေယာဉ်ပျံများ ဖြတ်သန်းနေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ် ဝင်တာကို တော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ် များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား စဉ်းစားကြပါ . . . ။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင် စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့် စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။ မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။

ကျော်သူရှက်ဖို့ ကောင်းလှသည် . . .

ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင် ကောင်းမှု များပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီး ဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုး ဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော် တို့နှင့် ယခုတိုင် အချို့သော သူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရ ဆဲပင် ဖြစ်သည်။

တစ်ချိန်တုန်းက McDonald's


Richard McDonald နဲ့ Maurice McDonald ဆိုတာ အမေရိကန်နိုင်ငံ၊ New Hampshire ပြည်နယ်က ဆင်းရဲသား ညီအစ်ကို နှစ်ဦး ဖြစ်ပါတယ်။

ဘဝရပ်တည်ဖို့ အလုပ်တွေလုပ်ရင်းတော့ တစ်နေ့တော့ ဟမ်ဘာဂါဆိုင်လေး တစ်ခု ဖွင့်ဖို့ အကြံရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ San Bernardino မြို့  ငယ်လေးမှာ McDonald's အမည်နဲ့ ဟမ်ဘာဂါဆိုင်လေး စဖွင့်ပါတယ်။ အဲ့တုန်းက ၁၉၄၀ ခုနှစ်သာ ရှိသေးပြီး ဟမ်ဘာဂါ တစ်လုံးကို ၁၅ ဆံ့နဲ့ စရောင်းပါတယ်။

မိစု လို့ခေါ်မှ သဘောကျကြောင်း မွန်အမျိုးသားနေ့၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ဒေါ်အောင်ဆန်းစုကြည်၏အဘွားဖြစ်သူမှာ မွန်မျိုးဆက်မှ ဆင်းသက်လာသဖြင့် ၄င်းအနေဖြင့် မွန်သွေးပါသည်ဟု ယုံကြည်ကြောင်း၊ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်မှာ မိစုဟု မခေါ်ပါက ၄င်းအနေနှင့် သဘောမကျကြောင်း ရန်ကုန်မြို့ ပြည်သူ့ဥယာဉ်၌ ကျင်းပခဲ့သော (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ကျွန်မက မွန်တွေနဲ့တော့ နည်းနည်းအမျိုးဆက်လို့ ရတယ်လို့ ပြောပါရစေ။ ကျွန်မအမေဘက်က အဘွားက စနူသနော့ ဆိုတဲ့ရွာကလာတဲ့အတွက် မွန်မျိုးဆက်ကနေဆင်းသက်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ သမီး မိန်းကလေးတွေဆိုရင် မိ တပ်ပြီးတော့ ခေါ်ပါတယ်။ အိမ်မှာအမေက ကျွန်မကို မိစုလို့ ခေါ်ပါတယ်။ ဒီလို မခေါ်ရင် ကျွန်မစိတ်ဆိုးနေသလိုပဲဆိုတာ ကျွန်မသိတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

"၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

"၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း 
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု 
ဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင် 

တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။

‎မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာအလုပ်သမား ၁၆၇ ဦးကို ထိုင်းရဲက ဖမ်းဆီး


Photo: မြန်မာအလုပ်သမား ၁၆၇ ဦးကို ထိုင်းရဲက ဖမ်းဆီး
Wednesday, February 27, 2013

ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့နယ်ကနေ တခြား မြို့နယ်တွေမှာ အလုပ်သွားလုပ်ဖို့ ရောက်နေ တဲ့ မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ အမျိုးသား လူဦးရေ စုစုပေါင်း ၁၆၇ ယောက်ကို နယ်မြေခံ ထိုင်း အာဏာပိုင်တွေက မနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်း သတင်းအရ သိရှိရပါတယ်။ 

မြန်မာနိုင်ငံသားတွေဟာ ကရင်ပြည်နယ် မြ၀တီမြို့ နယ်စပ် ကနေ ထိုင်းနိုင်ငံ တောင်ပိုင်းကို ဒီလ ၂၄ ရက် နေ့က ရောက်ရှိ
နေတာပါ။ လူပွဲစားနဲ့ လာမလာကိုတော့ ထိုင်းသတင်းမှာ
ဖော်ပြထားတာ မရှိပါဘူး။ 

ဒါပေမယ့် မြန်မာနိုင်ငံသားတွေကို နေတဲ့ နေရာကို ထိုင်း ဒေသခံတွေက နယ်မြေခံ ရဲတွေဆီ တိုင်ကြားခဲ့လို့ အခုလို့ အဖမ်းခံရတာ ဖြစ်တယ်လို့ TNA သတင်း အင်တာနက် စာမျက်နှာမှာ မနေ့က ဖော်ပြထားပါတယ်။ 

ထိုင်းရဲက အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင် စာရွက်စာတမ်း ရှိမရှိ စစ်ဆေးပြီး တရားမ၀င် လာတဲ့ သူတွေ ရှိပါက ထိုင်း ဥပဒေအရ
ဆောင်ရွက်ပြီးတော့ မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ ထိုင်းသတင်းက ဆိုပါတယ်။ 

ဓာတ်ပုံ - ဓာတ်ပုံ- mcot.net 
သန်းထိုက်ဦး 
ဧရာဝတီ
ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့နယ်ကနေ တခြား မြို့နယ်တွေမှာ အလုပ်သွားလုပ်ဖို့ ရောက်နေ တဲ့ မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ အမျိုးသား လူဦးရေ စုစုပေါင်း ၁၆၇ ယောက်ကို နယ်မြေခံ ထိုင်း အာဏာပိုင်တွေက မနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်း သတင်းအရ သိရှိရပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ကရင်ပြည်နယ် မြ၀တီမြို့ နယ်စပ် ကနေ ထိုင်းနိုင်ငံ တောင်ပိုင်းကို ဒီလ ၂၄ ရက် နေ့က ရောက်ရှိ
နေတာပါ။ လူပွဲစားနဲ့ လာမလာကိုတော့ ထိုင်းသတင်းမှာ

မတ်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သိန်းတန် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ထပ်မံပြုလုပ်မည်


Photo: မတ်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သိန်းတန် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ထပ်မံပြုလုပ်မည်
Wednesday, February 27, 2013

မြန်မာပြည်သိန်းတန် က သူ၏ နောက်တစ်ကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို မတ်လ ၁၆ ရက်နေ့တွင် ထပ်မံ ပြုလုပ်ဦးမည် ဟုပြောသည်။ “MCC မှာ လုပ်မှာပါ။Outdoor ပေါ့။ ခေတ်အဆက်ဆက် ကျော်ကြားခဲ့တဲ့ ရွှေဂန္ထဝင်တေး များဆိုတဲ့ ခေါင်းစဉ် ပုံစံမျိုးလုပ် ဖြစ်မယ်။ ကျွန်တော့်မှာ သီချင်း ပုဒ်ရေ ထောင်ကျော်လောက် ရှိပြီး မဆိုရ သေးတဲ့ သီချင်းတွေလည်း ရှိတော့ သီချင်းအသစ်တွေ ဆိုမယ်။ ကျွန်တော် တစ်ယောက်တည်းပဲ ဆိုမှာ ပါ။ အရင် ပွဲတွေလို တခြား အဆိုရှင်တွေ မပါပါဘူး။ စုံတွဲ ဆို ဖို့ မိန်းကလေး ၃၊ ၄ လေးယောက်တော့ ပါမယ်။ အဓိက ကတော့ one man show ပေါ့။ ဂီတမှူး ဇော်မျိုးထွဋ် နဲ့ အတူ သီရိမောင်မောင် ဆိုင်းဝိုင်း အဖွဲ့ က ပူး ပေါင်း ဖျော်ဖြေမှာပါ” ဟု မြန်မာပြည်သိန်းတန် က ပြောသည်။

ယခုကဲ့သို့ ထပ်မံ ပြုလုပ်ဖြစ် ခြင်းမှာလည်း ပရိသတ်၏ တောင်းဆို မှု နှင့် အတူ သူ၏ များပြားလှသော သီချင်းများထဲမှ စင်ပေါ်တွင် မဆိုရသေးသော သီချင်းများကို လည်း ပရိသတ် များထံ ဖျော်ဖြေ တင်ဆက်လိုခြင်း ကြောင့်
ဟုလည်း သိရသည်။

မြန်မာပြည်သိန်းတန် အနေ ဖြင့် ယခု အချိန်တွင် အမေရိကားနှင့်
မြန်မာပြည်တွင် တစ်လှည့်စီ နေထိုင်လျက် ရှိပြီး နောက်ပိုင်း တွင်တော့
မြန်မာပြည် မှာပင်အခြေချ ရန် အစီအစဉ် ရှိကြောင်းသိရသည်။

ရဲရဲ
Popular Journal
မြန်မာပြည်သိန်းတန် က သူ၏ နောက်တစ်ကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို မတ်လ ၁၆ ရက်နေ့တွင် ထပ်မံ ပြုလုပ်ဦးမည် ဟုပြောသည်။ “MCC မှာ လုပ်မှာပါ။Outdoor ပေါ့။ ခေတ်အဆက်ဆက် ကျော်ကြားခဲ့တဲ့ ရွှေဂန္ထဝင်တေး များဆိုတဲ့ ခေါင်းစဉ် ပုံစံမျိုးလုပ် ဖြစ်မယ်။ ကျွန်တော့်မှာ သီချင်း ပုဒ်ရေ ထောင်ကျော်လောက် ရှိပြီး မဆိုရ သေးတဲ့ သီချင်းတွေလည်း ရှိတော့ သီချင်းအသစ်တွေ ဆိုမယ်။ ကျွန်တော် တစ်ယောက်တည်းပဲ ဆိုမှာ ပါ။ အရင် ပွဲတွေလို တခြား အဆိုရှင်တွေ မပါပါဘူး။ စုံတွဲ ဆို ဖို့ မိန်းကလေး ၃၊ ၄ လေးယောက်တော့ ပါမယ်။ အဓိက

အရွယ်မရောက်သူ မြန်မာကလေးငယ် ၇ ဦး အား ထိုင်းက ကယ်တင်


Photo: အရွယ်မရောက်သူ မြန်မာကလေးငယ် ၇ ဦး အား ထိုင်းက ကယ်တင်

WEDNESDAY, FEBRUARY 27, 2013

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အတင်း အဓမ္မ ခိုင်းစေခံရသည်ဟု ယူဆရသော အသက် ၁၅ နှစ်အောက် မြန်မာ ကလေးငယ် ၇ ဦး ကို ထိုင်း အာဏာပိုင်းများက ယခုလ ၂၅ ရက်နေ့ က နေအိမ်တခုတွင် သွား 
ရောက် ကယ်တင်ခဲ့သည်။

ထိုင်းအာဏာပိုင်များ သတင်းအရ ဘန်ကောက်မြို့ရှိ အေကမိုင် လမ်းဘေး တလျှောက် သကြားလုံး ရောင်းနေသည့် ကလေးငယ် များ၏ နောက်သို့ ခြေရာခံ၍ သွားရောက် ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ 

ကလေးငယ်များကို ခိုင်းစေသည်ဟု ယူဆရသော အသက် ၂၉ နှစ်အရွယ်ရှိ စိုးနောင်၊ ၃၄ နှစ်အရွယ် မစိုးဒါး၊ ၃၆ နှစ်အရွယ် မသီတာ တို့ကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီး ထားပြီး ဘန်ကောက်မြို့တွင်ရှိ ထောင်လော ရဲစခန်း တွင် ထိန်းသိမ်းထားကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။ 

ထိုင်း အာဏာပိုင်များက အဆိုပါ ၃ ဦးကို လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားပြီး သက်သေခံ ပစ္စည်းများဖြစ်သည့် ဆိုင်ကယ်တစ်စီး၊ ဘတ်ငွေ ၁၂၂၀ နှင့် သကြားလုံး အထုပ် ၁၇ ထုပ်တို့ကို သိမ်းဆည်းရမိ ထား ကြောင်း ဒေးလီးနယူး အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

“ကလေးတွေကို လမ်းဘေးမှာ သကြားလုံးရောင်းခိုင်းတာ ဟုတ်ပါတယ်၊ အချိန်ကျရင် သူတို့ကို အိမ် ပြန်ခေါ်သွားပါတယ်”ဟု အဖမ်းခံရသူများက ထွက်ဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်း အာဏာပိုင်များက ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး ဖမ်းဆီးခံထားရသူ ၃ ဦးအား ဆက်လက် စုံစမ်း စစ်ဆေး သွားမည်ဟု ဆိုသည်။ 
  

ပြီးခဲ့သည် ၂၀၁၁ ခုနှစ်ကလည်း ချင်းမိုင်မြို့တွင် လူကုန်ကူးခံရပြီး အတင်းအဓမ္မ တောင်းရမ်းခိုင်းသည်ဟု ယူဆရသော မြန်မာ ကလေး ၆ ဦးကို ထိုင်း အာဏာပိုင်များက နေအိမ်တခု၌ သွားရောက် ကယ်တင်ခဲ့ဖူးသည်။ 

ဝါရှင်တန် အခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့၏ အဆိုအရ မြန်မာ နိုင်ငံသားများ လူကုန်ကူး ခံရနေခြင်းသည် စီးပွားရေး ကျပ်တည်းပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် ဖြစ်သည်ဟု သိရသည်။ 

World Vision အဖွဲ့ကလည်း အာရှနိုင်ငံများတွင် လူကုန်ကူး မှုများရှိသော်လည်း ထိုင်းနိုင်ငံတွင် အများဆုံး 
ဖြစ်ကြောင်း ဆိုသည်။


သန်းထိုက်ဦး ~ 

Irrawaddyထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အတင်း အဓမ္မ ခိုင်းစေခံရသည်ဟု ယူဆရသော အသက် ၁၅ နှစ်အောက် မြန်မာ ကလေးငယ် ၇ ဦး ကို ထိုင်း အာဏာပိုင်းများက ယခုလ ၂၅ ရက်နေ့ က နေအိမ်တခုတွင် သွား
ရောက် ကယ်တင်ခဲ့သည်။

ထိုင်းအာဏာပိုင်များ သတင်းအရ ဘန်ကောက်မြို့ရှိ အေကမိုင် လမ်းဘေး တလျှောက် သကြားလုံး ရောင်းနေသည့် ကလေးငယ် များ၏ နောက်သို့ ခြေရာခံ၍ သွားရောက် ကယ်တင်ခဲ့ခြင်း ဖြစ်သည်။

Tuesday, 26 February 2013

ဖေဖော်ဝါရီလ (၁၀) ရက်နေ့က မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ "အိပ်မက်ဆုံရာ" Grand Final 4 ဗီဒီယို

by-.myanmarcelebrity.

အုပ်ချုပ်ရေးမှူးအခွင့်အာဏာဖြင့် ထိတ်ထုံးခတ်ခွင့်ရှိမရှိ


Photo: အုပ်ချုပ်ရေးမှူးအခွင့်အာဏာဖြင့် ထိတ်ထုံးခတ်ခွင့်ရှိမရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်  နတ်ကြီးချောင်ကျေးရွာသည် ရန်ကုန်  မော်လမြိုင် ကားလမ်းမကြီးဖြတ် သန်းသွားရာရွာကြီးတစ်ရွာဖြစ်ပါ သည်။ တောင်အရှေ့ကရင်တိုင်း ရင်းသားကျေးရွာများနင့် မွန်တို့ အများဆုံးနေထိုင်ရာကွင်းရွာတို့၏  လမ်းဆုံရွာကြီးတစ်ရွာဖြစ်ပါသည်။
တောရွာနေတိုင်းရင်းသားတို့ ၏ ဓလေ့စရိုက်များအတိုင်းရိုးရာ မပျက်နေထိုင်ကြပြီး ရိုးသားဖြောင့်  မတ်ကြသည်။ ရုံး၊ ရဲစခန်းများနင့် လုံးဝပတ်သက်လိုစိတ်မရှိကြချေ။ ကျိုးကြောင်းကြီးငယ်၊ ကိစ္စ  တစ်စုံတစ်ရာပေါ်လာပါက တိုးတိုး တိတ်တိတ်နှင့်သာပြီးသွားတတ်ကြ   သည်။ အကျယ်အကျယ်မငြင်းဖွယ်  မဖြစ်ကြချေ။
နတ်ကြီးချောင်ကျေးရွာနေ လုပ်သားပြည်သူများမှာ ကျေးရွာ  အုပ်ချုပ်ရေးမှူးရုံးသို့သွားလာရ သည့်အခါရုံးရှေ့အ၀င်ပေါက်တွင် ချထားသော ခြောက်ပေါက် (ခေါ်) ထိပ်တုံးကြောင့် မ၀ံ့မရဲ ဖြစ်ကြရသည်။
ရှေးခေတ်အဆက်ဆက်က ပွဲလမ်းသဘင်များတွင် ခြောက်လှန့် သည့်သဘောမျိုးဖြင့် တောရွာ အတော်များများတွင် ထားတတ် ကြသည်ယခုအခါနေရာအတော် များများ၌ မတွေ့ရတော့ချေ။
ဘုရားပွဲတော်နင့်သင်္ကြန်တို့ တွင် မူးယစ်ရမ်းကားပါကပွဲတော်  ပြီးသည့်အထိ ထိပ်တုံးခတ်ခံရ သည်။ ထိပ်တုံးခတ်ခံရဖူးသူ ကိုဇာနည်အားမေးမြန်းကြည့်ရာ   အမူးပြေသည့်အခါတွင် အလွန်  အရှက်တကွဲဖြစ်ရကြောင်းနှင့်ခြင်၊  ယင်၊ မှတ်တို့အပြင်ပုရွက်နီသေး သေးလေးတို့၏ဒဏ်ကိုတစ်ညလုံး  ခံစားရပါသည်ဟုဆိုသည်။မွန်ပြည်နယ်၊ ပေါင်မြို့နယ် နတ်ကြီးချောင်ကျေးရွာသည် ရန်ကုန် မော်လမြိုင် ကားလမ်းမကြီးဖြတ် သန်းသွားရာရွာကြီးတစ်ရွာဖြစ်ပါ သည်။ တောင်အရှေ့ကရင်တိုင်း ရင်းသားကျေးရွာများနင့် မွန်တို့ အများဆုံးနေထိုင်ရာကွင်းရွာတို့၏ လမ်းဆုံရွာကြီးတစ်ရွာဖြစ်ပါသည်။
တောရွာနေတိုင်းရင်းသားတို့ ၏ ဓလေ့စရိုက်များအတိုင်းရိုးရာ မပျက်နေထိုင်ကြပြီး ရိုးသားဖြောင့် မတ်ကြသည်။ ရုံး၊ ရဲစခန်းများနင့် လုံးဝပတ်သက်လိုစိတ်မရှိကြချေ။ ကျိုးကြောင်းကြီးငယ်၊ ကိစ္စ တစ်စုံတစ်ရာပေါ်လာပါက တိုးတိုး တိတ်တိတ်နှင့်သာပြီးသွားတတ်ကြ သည်။ အကျယ်အကျယ်မငြင်းဖွယ်

ရှန်ဟိုင်းတွင် ကျောင်းဝတ်စုံများချုပ်လုပ်ရာ၌ အဆိပ်သင့်ဆိုးဆေး အသုံးပြုမှု တွေ့ရှိ


Photo: ရှန်ဟိုင်းတွင် ကျောင်းဝတ်စုံများချုပ်လုပ်ရာ၌ အဆိပ်သင့်ဆိုးဆေး
အသုံးပြုမှု တွေ့ရှိ
Tuesday, 26 February 2013

ကျောင်းဝတ်စုံများတွင် အဆိပ်သင့်စေသည့် ဆိုးဆေးများ
တွေ့ရှိရသည့်နောက် ရှန်ဟိုင်း ရဲတပ်ဖွဲ့သည် ဒေသတွင်း အဝတ်အထည် ရောင်းချသည့် လုပ်ငန်းတစ်ခုကို စတင် စစ်ဆေးနေပြီ ဖြစ်သည်။

တနင်္လာနေ့က တရုတ်နိုင်ငံ၏ စီးပွားရေး အချက်အခြာ မြို့တော်မှ ရဲတပ်ဖွဲ့သည် ထုတ်ကုန် စည်းမျဉ်း သတ်မှတ်ချက်ဆိုင်ရာ 
ပညာရှင်များနှင့် ပူးပေါင်းပြီး အဆိုပါ အဝတ်အထည် လုပ်ငန်းကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြို့တော် အုပ်ချုပ်ရေး အဖွဲ့က Ouxia အမှတ်တံဆိပ် ကျောင်းဝတ်စုံများတွင် အဆိပ်အတောက် ဖြစ်စေသည့် ဆိုးဆေးများ တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

Planet Myanmar Networkကျောင်းဝတ်စုံများတွင် အဆိပ်သင့်စေသည့် ဆိုးဆေးများ
တွေ့ရှိရသည့်နောက် ရှန်ဟိုင်း ရဲတပ်ဖွဲ့သည် ဒေသတွင်း အဝတ်အထည် ရောင်းချသည့် လုပ်ငန်းတစ်ခုကို စတင် စစ်ဆေးနေပြီ ဖြစ်သည်။

တနင်္လာနေ့က တရုတ်နိုင်ငံ၏ စီးပွားရေး အချက်အခြာ မြို့တော်မှ ရဲတပ်ဖွဲ့သည် ထုတ်ကုန် စည်းမျဉ်း သတ်မှတ်ချက်ဆိုင်ရာ

ကျန်းမာရေးကောင်းမွန်စွာနဲ့ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာတဲ့ Rဇာနည်


"ကျန်းမာရေးကောင်းမွန်စွာနဲ့ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာတဲ့ Rဇာနည်"

ဖေဖော်ဝါရီလဆန်းပိုင်းက ကျန်းမာရေး အခြေအနေကြောင့် ဘန်ကောက် ကို သွားရောက် ဆေးကုသမှုခံခဲ့ရသူ တေးသံရှင် Rဇာနည်က အခုကျန်းမာရေး ပြန်လည်ကောင်းမွန် လာပြီး မြန်မာနိုင်ငံ ကို ပြန် လည် ရောက်ရှိလာပြီဖြစ်ပါ တယ်။ မြန်မာနိုင်ငံက သူ့ပရိသတ်ဆီက စိုးရိမ် ပူပန်မှုတွေနဲ့အတူ သို့လော သို့လော ကောလာဟလ အမျိုးမျိုး ထွက်ရှိ ခဲ့ပြီး အောက်ပိုင်းသေသွားပြီ၊ လေဖြတ်သွားပြီ၊ သီချင်းမဆိုနိုင်တော့ဘူး စသဖြင့် အမျိုးမျိုး ထင်မြင်ခဲ့ ကြရပါတယ်။

Rဇာနည်ရဲ့ သတင်းကိုကြားကြားချင်း ပေါ်ပြူလာ အဖွဲ့လည်း Rဇာနည်ရဲ့ မိသားစုကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းတွေမအားတာ၊ ဖုန်းတွေ မကိုင်နိုင် ကြတာကြောင့်စောလျင်စွာ သတင်းမထုတ်ပြန်ဖြစ်ခဲ့ပေမယ့် ဖေဖော် ဝါရီ ၂၁ရက်၊ နံနက်ပိုင်းမှာ ထပ်မံဆက်သွယ်ကြည့်တဲ့ အခါမှာတော့ Rဇာနည် ရဲ့ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာပြီး မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ခုလောလောဆယ်မှာတော့ အိမ်မှာ အနားယူနေပြီး မကြာမီမှာတော့ ရှိုးပွဲများလည်းပြန်လည် သီဆိုတော့မှာ ဖြစ်ကြောင်းနဲ့ အင်တာဗျူးများလည်း ပြန်လည်ဖြေဆို မှာဖြစ်ကြောင်းကို Rဇာနည်ရဲ့ ဇနီးသည် ဝမ်းထံမှ သိရတာကြောင့် Rဇာနည် ကို ချစ်တဲ့ ပရိသတ် များ စိုးရိမ်မှုပြေပျောက်စေရန် သတင်းပေး လိုက်ရပါတယ်။ 

ရဲရဲ

Popular Journalဖေဖော်ဝါရီလဆန်းပိုင်းက ကျန်းမာရေး အခြေအနေကြောင့် ဘန်ကောက် ကို သွားရောက် ဆေးကုသမှုခံခဲ့ရသူ တေးသံရှင် Rဇာနည်က အခုကျန်းမာရေး ပြန်လည်ကောင်းမွန် လာပြီး မြန်မာနိုင်ငံ ကို ပြန် လည် ရောက်ရှိလာပြီဖြစ်ပါ တယ်။ မြန်မာနိုင်ငံက သူ့ပရိသတ်ဆီက စိုးရိမ် ပူပန်မှုတွေနဲ့အတူ သို့လော သို့လော ကောလာဟလ အမျိုးမျိုး ထွက်ရှိ ခဲ့ပြီး အောက်ပိုင်းသေသွားပြီ၊ လေဖြတ်သွားပြီ၊ သီချင်းမဆိုနိုင်တော့ဘူး စသဖြင့် အမျိုးမျိုး ထင်မြင်ခဲ့ ကြရပါတယ်။

မင်းပြားမြို့ နယ် ၊ တရဂူ(ရွာဟောင်း)တွင် လူ(၆)ယောက် သေဆုံးဒဏ်ရာရစေသည့် လူသတ်မှုဖြစ်ပွား


Photo: မင်းပြားမြို့ နယ် ၊ တရဂူ(ရွာဟောင်း)တွင် လူ(၆)ယောက် သေဆုံးဒဏ်ရာရစေသည့် လူသတ်မှုဖြစ်ပွား

မာရုသူရ (လေးမြို့ သတင်းမီဒီယာ)Monday, February 25, 2013
ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ ကျွဲချိုအုပ်စု ၊ တရဂူ(ရွှာဟောင်း)တွင် ယနေ့ နံနက်(၇)နာရီခန့် က စိတ်မနှံသူတစ်ဦး၏သတ်ဖြတ်မှုကြောင့် သူ့ မိဘအပါင်အ၀င် လူ(၆)ယောက် သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားပုံမှာ တရဂူရွာဟောင်းတွင်ယနေ့ နံနက်(၇)နာရီခန့် က ချင်းတိုင်းရင်းသားတို့ ၏
ရိုးရာနတ်ကနားပွဲကျင်းပနေစဉ် စိတ်မနှံသူ မောင်မြထွန်း (တရားခံ)က စိတ်ဖေါက်ပြန်ကာ နတ်ကနားပွဲအတွင်းသို့  ၀င်ရောက်လာပြီး နတ်ကနားပွဲမှ နီးစပ်ရာလူများအား သူ့ နှင့်အတူ ပါလာသော
ဓါးရှည်ဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။ထိုခုတ်သတ်မှုကြောင့် သူ့ မိခင်(တရားခံမောင်မြထွန်း၏မိခင်)
အပါအ၀င် လူ(၅)ယောက်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။ထိုဒဏ်ရာသူများအား မင်းပြားမြို့ ၊ ပြည်သူ့ ဆေးရုံကြီးသို့ နံနက်(၁၀)နာရီခန့် လောက်တွင်
ရွာလူကြီးများနှင့်အတူ ရွာသားများက ဆေးရုံသို့ ယူဆောင်လာခဲ့ကြောင်း သိရသည်။သို့ သော်လည်း
ဒဏ်ရာအပြင်းထန်ရရှိသူ(၃)ဦးအားယခုအခါစစ်တွေဆေးရုံသို့ အချိန်မီပို့ ဆောင်နိုင်ရန် ပြင်ဆင်လျှက်
ရှိကြောင်း ဆေးရုံတာဝန်ရှိသူများ၏ပြောကြားချက်အရသိရပါသည်။
အခင်းဖြစ်ပွားမှုကြောင့် သေဆုံး၊ဒဏ်ရာရရှိစာရင်း
----------------------------------------------------
သေဆုံးသူ - ဦးဖိုးမြင့် (အသက်-၅၁)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)


ဒဏ်ရာရသူများ - (၁)ဦးကျော်သန်း(အသက်-၅၂)နှစ်-(ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၂)ဒေါ်မချော-တရားခံ၏မိခင်(အသက်-၆၀)နှစ်-( ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၃)ဒေါ်မသန်းမြ(အသက်-၅၂)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၄)ဒေါ်မကြာ(အသက်-၅၅)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၅)စောယဉ်စိန်-နတ်ကတော် ( အသက်-ရ၈)နှစ်-(ရခိုင်တိုင်းရင်းသား -မင်းပြား)
ယခုအခါ စိတ်မနှံသူတရားခံ မောင်မြထွန်းအား မင်းပြား ၊ပြည်သူ့ ရဲတပ်ဖွဲ့ မှ ဖမ်းဆီးထိန်းချုပ်ထားကြောင်း
သိရသည်။

http://maruthura.blogspot.com/2013/02/blog-post_1925.html

 Share Arakan Newsမာရုသူရ (လေးမြို့ သတင်းမီဒီယာ)Monday, February 25, 2013
ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ ကျွဲချိုအုပ်စု ၊ တရဂူ(ရွှာဟောင်း)တွင် ယနေ့ နံနက်(၇)နာရီခန့် က စိတ်မနှံသူတစ်ဦး၏သတ်ဖြတ်မှုကြောင့် သူ့ မိဘအပါင်အ၀င် လူ(၆)ယောက် သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားပုံမှာ တရဂူရွာဟောင်းတွင်ယနေ့ နံနက်(၇)နာရီခန့် က ချင်းတိုင်းရင်းသားတို့ ၏
ရိုးရာနတ်ကနားပွဲကျင်းပနေစဉ် စိတ်မနှံသူ မောင်မြထွန်း (တရားခံ)က စိတ်ဖေါက်ပြန်ကာ နတ်ကနားပွဲအတွင်းသို့  ၀င်ရောက်လာပြီး နတ်ကနားပွဲမှ နီးစပ်ရာလူများအား သူ့ နှင့်အတူ ပါလာသော
ဓါးရှည်ဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။ထိုခုတ်သတ်မှုကြောင့် သူ့ မိခင်(တရားခံမောင်မြထွန်း၏မိခင်)

အများပြည်သူပိုင်ပစ္စည်းများအား ဖျက်လိုဖျက်ဆီးပြုလုပ်ပါက စုံစမ်းကာ တရားဥပဒေအရ စစ် ဆေးအရေးယူသွားမည်ဖြစ်ကြောင်း


Photo: အများပြည်သူပိုင်ပစ္စည်းများအား ဖျက်လိုဖျက်ဆီးပြုလုပ်ပါက စုံစမ်းကာ တရားဥပဒေအရ စစ် ဆေးအရေးယူသွားမည်ဖြစ်ကြောင်း

ဖေဖော်ဝါရီလ ၂၅ရက်က ရန်ကုန် မြို့(၃၈)လမ်းရှိ ရန်ကုန်မြို့စည် ပင်သာယာရေးကော်မတီပတ်ဝန်း ကျင်သန့်ရှင်းရေးဌာနတွင် လက် ထောက်ဌာနမှူးဦးရဲကျော်မိုးက မီဒီယာများအားပြောကြားသည်။
““ပထမတစ်ခါက ဗိုလ်ချုပ် အောင်ဆန်းလမ်းနဲ့သိမ်ဖြူလမ်း ထောင့်မှာရှိတဲ့ အများပြည်သူသုံးသန့်စင်ခန်းတစ်ခုကိုစည်းကမ်းမဲ့ ဆေးတွေနဲ့စာတွေကိုရေးသွားပါ တယ်။ အခု ဒုတိယတစ်ခါ ဗိုလ်တစ်ထောင်မြို့နယ်၊ စိန်ပေါလ်မြေ ပေါ်သန့်စင်ခန်းတစ်ခုကိုထပ်လုပ် သွားပါတယ်။ဒါတွေကိုလည်း စုံ စမ်းစစ်ဆေးမှုတွေပြုလုပ်နေပါ တယ်။ ဒီလိုအများပြည်သူပိုင် ပစ္စည်း၊အများပြည်သူသုံးသန့်စင် ခန်းတွေကို စည်းကမ်းမဲ့ဆေးတွေ နဲ့စာတွေရေးထားတာတို့ဖျက်လို့ ဖျက်ဆီးလုပ်တာတွေဆိုရင် စည် ပင်သာယာဥပဒေအရအရေးယူမှာ ပါ””ဟုပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဆေးများဖြင့်စာ ရေးသားခြင်းများအား ရန်ကုန်မြို့ ရှိ သန့်စင်ခန်းများ၊ဘတ်စ်ကား မှတ်တိုင်များ၊လူသွားလူလာများသော အုတ်နံရံများတွင် ပြုလုပ် လေ့ရှိကြောင်းတွေ့ရှိရသည်။

ဖြိုးအောင်


 The Hot Newsဖေဖော်ဝါရီလ ၂၅ရက်က ရန်ကုန် မြို့(၃၈)လမ်းရှိ ရန်ကုန်မြို့စည် ပင်သာယာရေးကော်မတီပတ်ဝန်း ကျင်သန့်ရှင်းရေးဌာနတွင် လက် ထောက်ဌာနမှူးဦးရဲကျော်မိုးက မီဒီယာများအားပြောကြားသည်။
““ပထမတစ်ခါက ဗိုလ်ချုပ် အောင်ဆန်းလမ်းနဲ့သိမ်ဖြူလမ်း ထောင့်မှာရှိတဲ့ အများပြည်သူသုံးသန့်စင်ခန်းတစ်ခုကိုစည်းကမ်းမဲ့ ဆေးတွေနဲ့စာတွေကိုရေးသွားပါ တယ်။ အခု ဒုတိယတစ်ခါ ဗိုလ်တစ်ထောင်မြို့နယ်၊ စိန်ပေါလ်မြေ ပေါ်သန့်စင်ခန်းတစ်ခုကိုထပ်လုပ်

ကမ္ဘာပတ်နေတဲ့ ခရီးသွားကားတွေဘယ်လိုပြုလုပ်သလဲ...

ကားတွေကို လူနေအိမ်အဖြစ်ပြုလုပ်ပြီး ကမ္ဘာပတ်နေတဲ့ ခရီးသွားကားတွေ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေ လည်ပတ်နေကြပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ချက်မှာ ရှု့စားနိုင်ကြမှာပါ။ ရိုက်ကူး - အိမ်ခိုင်မြဲ(DVB)

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နှစ်ဦး...

မြန်မာနိုင်ငံကိုရာက်ရှိနေတဲ့ တောင်အာဖရိက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ၃ နာရီအချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိတဲ့ ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးဟာ တောင်အာဖရိက အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးကာလအတွင်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး အမှန်တရားနဲ့ပြန်လည်သွေးစည်းရေး ကော်မရှင်ကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

“ဆယ်တန်းစာမေးပွဲဖြေဖို့ ကားရိုက်တွေနားထားသူ စိုးပြည့်သဇင်”

စိုးပြည့်သဇင်က ဇာတ်ကားရိုက်ကူးမှုနဲ့ အနုပညာအလုပ်တွေကို ဖေဖော်ဝါရီလမှစပြီး ခဏနားထားတယ်လို့ သိရပါတယ်။ ဒါရိုက်တာ မျိုးထူး၊ကျော်ရဲအောင် တို့နဲ့ ဗီဒီယို ဇာတ်ကားရိုက်ကူးခဲ့ပြီးနောက် ၁ဝတန်း စာမေးပွဲဖြေဆိုဖို့အတွက် ခဏနားလိုက်တာဖြစ်တယ်လို့ ပြောပြလာတာကြောင့် ”စိုးပြည့်ဖော်ဝါရီလကစပြီး ကားရိုက်တွေခဏ နားထားပြီး စာမေးပွဲအတွက် ပြင်ဆင်နေတယ်။ စာမေးပွဲက ရန်ကုန်မှာပဲဖြေမှာပါ။ စိုးပြည့်ကလည်း အနုပညာအလုပ်တွေနဲ့ဆိုတော့ ပညာရေးဘက်ကို မလုပ်နိုင်ဘူး ဖြစ်နေတာ။ ၁ဝတန်းကလည်း စာကျက်ချိန်ပေးနိုင်မှ အခုတောင်မှ စာကျက်ချိန်က ဒီတစ်လပဲ သေသေချာချာရှိတာ။ စိုးပြည့်အတွက် အခက်အခဲတွေရှိပါတယ်။ ကိုယ်

Presea (C2) မီးလောင်ကျွမ်းမှုမှတ်တမ်းဓါတ်ပုံ (4 photos)


ဖေဖော်ဝါရီလ ၂၆ ရက်ညနေ ၃နာရီ ၅၀ မိနစ်ခန့်က ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမကြီး ချမ်းသာပလာဇာ ရှေ့တွင် Presea (C2) အမျိုးအစား ကားတစ်စီးမောင်းနှင်ရင်းမှ ရုတ်တရက် မီးလောင်ကျွမ်းမှုဖြစ်သွားခဲ့သည်။ Popular Myanmar News Journal

အဓမ္မ ပြုကျင့်ခံရသည့် ကလေးကို ခိုးမှုဖြင့် ပြန်ဖမ်းဆီး

တရုတ်သံရုံးရှေ့တွင် စောင့်နေသည့် ပြည်သူ့ရဲများ (ဓာတ်ပုံ – Reuters)

အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက် အဓမ္မ ကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသော စားသောက်ဆိုင်ပိုင်ရှင် အမျိုးသား၏ ဇနီးသည်က ၎င်း မိန်းကလေးကို ခိုးမှုဖြင့် ပြန်လည် အမှုဖွင့် ဖမ်းဆီးထားသည်ဟု သိရသည်။
အဆိုပါ မိန်းကလေးသည် အတန်းပညာကို မသင်ဘူးခဲ့ကြောင်း၊ ရန်ကုန် မြောက်ဥက္ကလာပရှိ ချယ်ရီ စားသောက်ဆိုင်တွင် ၂၀၁၀ ပြည့်နှစ်က လုပ်အားခ တလ ကျပ် ၁ သောင်းခွဲဖြင့် အလုပ်လုပ်ရန် မိဘများက အပ်နှံခဲ့ကြောင်း၊ ၎င်းကို ဆိုင်ရှင် အမျိုးသားက ၆ ကြိမ်တိုင်တိုင် အဓမ္မ ပြုကျင့်ခဲ့ပြီး ဆိုင်ရှင်၏ ဇနီး သိရှိသွားသည့် နောက်ပိုင်းတွင် ပြဿနာ တစုံတရာ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဆိုင်ရှင်အမျိုးသား၏ အစ်မအိမ်သို့ တလခန့် ပို့ထားခဲ့ကြောင်း၊ ၂၀၁၂

သမီးအရင်းဖြစ်သူကို ဖခင်ကအဓမ္မပြုကျင့်

ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင် မြို့နယ်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖခင်ဖြစ်သူက သမီးအ ရင်းအား အဓမ္မပြု ကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သောင်းကြီးရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက Venus News Weekly သို့ပြော သည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ လ ၇ ရက် ညနေ ၈ နာရီတွင် Global Hair ဆံပင်တု စက်ရုံ အလုပ်သမား အသက် ၁၈ နှစ် အရွယ် မ---- အား ဖခင်ဖြစ်သူက တွေ့ချင်သည်ဟုဆိုကာ အစ်ကို ဖြစ်သူက လာရောက် ခေါ်ယူခဲ့ကြောင်း၊ ထို့နောက် ဖခင်ဖြစ်သူနေထိုင်ရာ ထိန်ပင်သုသာန် အနောက်ဘက် လယ်ကွင်း အတွင်းသို့ သွားရောက်ခဲ့ပြီး.......

ဘန်ကောက်ဆေးရုံဆင်း ကိုရင်အရှင်သဇ္ဇန (ရုပ်သံ)

by-RFA

ခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီးကို ဖော်ထုတ် နိုင်သည် ဟု ဆိုသော သတင်း မှန်ကန်မှု မရှိ


Photo: ခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီးကို ဖော်ထုတ် နိုင်သည် ဟု ဆိုသော သတင်း မှန်ကန်မှု မရှိ
Tuesday, February 26, 2013

ဖြူးမြို့ အနီးတွင် ခေါင်းဖြတ်အသတ် ခံရသော အမျိုးသမီးကို မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိပဲ စုံစမ်းနေဆဲသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ၊မှူခင်းဌာနမှ ဒုတိယ ရဲမှူးကြီး တစ်ဦး က ပြောကြားသည်။

ချစ်သူများနေ့တွင် လည်လှီး အသတ်ခံရသော မိန်းကလေးမှာ မြိတ်မြို့မှ ဖြစ်ကြောင်း facebook လူမှု ကွန်ယက် စာမျက်နှာ တွင် ပျံ့ နှံနေခြင်း နှင့် ပတ်သက်၍ အတည်ပြု မေးမြန်းရာတွင် ဒုတိယ ရဲမှူးကြီး က အထက်ပါ အတိုင်းပြောကြားသည်။

“ခုထက်ထိ လူသတ် တရားခံကို မပြောနဲ့ သေသူရဲ့ အမည်ကို တောင် စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ သေချာတာ ကတော့ တရားခံကို မမိ သေးပါဘူး” ဟု ဖေဖော်ဝါရီလ ၂၅ ရက် နံနက်၁၁ နာရီတွင်The Voice Weekly သို့ရှင်းပြသည်။

အသက် ၂၈ နှစ် အရွယ် ရှိ အမျိုးသမီး ကို ဦးခေါင်းပြတ်နေသော ခန္ဓာကိုယ် နှင့် ဦးခေါင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့  နံနက်ပိုင်း တွင် ဖြူးမြို့ နယ် ၊ သပြေလှ ကျေးရွာ ၊ ရန်ကုန် - မန္တလေး လမ်းမပေါ် ရှိ ချောင်းကူး တံတားအောက် တွင် ပီနံအိတ် အဖြူရောင် တစ်လုံး နှင့် ထည့် ၍ စွန့်ပစ်ခဲ့ ခြင်း ဖြစ်သည်။

သေဆုံးသူ၏အနားတွင် ဆန်အရောင်းအဝယ် ငွေရပြေစာ တွေ့ရှိ
သောကြောင့် တောင်ငူမြို့ပေါ် ရှိ ဆန်ပွဲရုံ များကို တောင်ငူ ခရိုင် ရဲတပ်ဖွဲ့ က လာရောက် စုံစမ်းခဲ့ကြောင်း ဆန်ပွဲရုံပိုင်ရှင် တစ်ဦးဖြစ်သူ ဦးယဉ်ဌေး က ပြောကြားသည်။

The Voice Weeklyဖြူးမြို့ အနီးတွင် ခေါင်းဖြတ်အသတ် ခံရသော အမျိုးသမီးကို မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိပဲ စုံစမ်းနေဆဲသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ၊မှူခင်းဌာနမှ ဒုတိယ ရဲမှူးကြီး တစ်ဦး က ပြောကြားသည်။

ချစ်သူများနေ့တွင် လည်လှီး အသတ်ခံရသော မိန်းကလေးမှာ မြိတ်မြို့မှ ဖြစ်ကြောင်း facebook လူမှု ကွန်ယက် စာမျက်နှာ တွင် ပျံ့ နှံနေခြင်း နှင့် ပတ်သက်၍ အတည်ပြု မေးမြန်းရာတွင် ဒုတိယ ရဲမှူးကြီး က အထက်ပါ အတိုင်းပြောကြားသည်။

ပိုင်ရှင်အိပ်ပျော်နေတုန်း မုန်လုံကားတစ်စီး မီးလောင် (6 photos)


မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ၄၀×၄၁ကြား ၅၇×၅၈လမ်းကြား ပိုင်ရှင် ဒေါ်ကျန်းကျင်းစီ အိမ်မှာ ရပ်ထားတဲ့ မန္တလေး-လားရှိုး ပြေးဆွဲတဲ့ ရတနာစိုး မှန်လုံကားတစ်စီး မနက် ၅း၁၀မိနစ်မှာ စတင်လောင်ကျွမ်းခဲ့ပြီး နာရီဝက်အတွင်းငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ပိုင်ရှင်ဖြစ်သူမှာ အိပ်ပျော်နေသည့်အတွက် မသိကြောင်း၊ ဘေးပါတ်ဝန်းကျင်က အော်ပြောသောကြောင့် သိရှိရကြောင်း၊ မီးသတ်နဲ့ ရဲများ က သုံးသပ်ပြောဆိုရာမှာ ခြင်ဆေးခွေမီးဟုယူဆကြောင်း သတင်းရရှိ။

အရွယ်မရောက် ကလေးသူငယ်များကို ခိုင်းစေသည့် မြန်မာဂိုဏ်း ထိုင်းတွင်ဖမ်းမိ


Photo: အရွယ်မရောက် ကလေးသူငယ်များကို ခိုင်းစေသည့် မြန်မာဂိုဏ်း ထိုင်းတွင်ဖမ်းမိ

ဒီဗွီဘီ ၂၀၁၃ ဖေဖော်ဝါရီလ ၂၆ ရက် ( အင်္ဂါနေ့ )

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဓမ္မခိုင်းစေမှုနဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ခုမ်းချတ်လိုတ် ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဘန်ကောက်မြို့ ထောင်းလော်ရပ်ကွက် အေကမိုင်း လမ်းဘေးတလျှောက်မှာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေ ချိုချဉ်လိုက်ရောင်းနေတယ်လို့ သတင်းပေးချက်အရ ထောင်းလော်ရဲစခန်းက ခြေရာခံလိုက်ခဲ့ရာမှာ ကလေးတွေကို ခိုင်းစားနေတဲ့ ဆွန်လုန်ရပ်ကွက် ဖတ်ထနားကန် လမ်းသွယ် ၂၀ က မြန်မာ ၃ ဦးကို မနေ့ည ၆ နာရီက ဖမ်းမိခဲ့တာလို့ ထောင်းလော်ရဲစခန်း တာဝန်ကျရဲမှူးကြီး ဗိုလ်မှူး ကျတ်ကျွန်း ကရတ်က ပြောပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးဟာ ကိုစိုးနိုင် (အသက် ၂၉) နှစ်၊ မရှိုဒါး (အသက် ၃၄) နှစ် နဲ့ မဖှာ့သီတာ (အသက် ၃၆) နှစ်တို့ဖြစ်ပြီး ကလေးငယ်တွေကို လမ်းဘေးမှာ ဈေးရောင်းခိုင်းတာ ဟုတ်မှန်ကြောင်း၊ အေကမိုင်းလမ်းမှာ ကလေးတွေကို ချိုချဉ်ဘန်းတွေနဲ့ လွှတ်ထားပြီး အချိန်တန်ရင် တိုက်ခန်းကို ပြန်ကြိုခဲ့ကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအိမ်ထဲမှာ သူတို့ ခိုင်းစားနေတဲ့ အသက် ၁၅ နှစ်အောက် မြန်မာကလေးငယ် ၇ ဦးကို တွေ့ခဲ့ပြီး ဆိုင်ကယ် ၁ စီး၊ ငွေသား ထိုင်းဘတ် ၁၂၀ နဲ့ ချိုချဉ် ၁၇ ထုပ်ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့တယ်။

တရားခံ ၃ ဦးကို လူကုန်ကူးမှုနဲ့ လိုအပ်သလို ဆက်လက်အရေးယူဖို့ ရဲစုံစမ်းစစ်ဆေးရေးအဖွဲ့ လက်ထဲ အပ်ထားပြီး ကလေး ၇ ဦးကိုတော့ လူမှုဖွံ့ဖြိုးရေးနဲ့ မနုဿလုံခြုံရေးဝန်ကြီးဌာနကနေ ခေါ်ယူစောင့်ရှောက်ပေးဖို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

 DVB TV Newsဒီဗွီဘီ ၂၀၁၃ ဖေဖော်ဝါရီလ ၂၆ ရက် ( အင်္ဂါနေ့ )

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဓမ္မခိုင်းစေမှုနဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ခုမ်းချတ်လိုတ် ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဘန်ကောက်မြို့ ထောင်းလော်ရပ်ကွက် အေကမိုင်း လမ်းဘေးတလျှောက်မှာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေ ချိုချဉ်လိုက်ရောင်းနေတယ်လို့ သတင်းပေးချက်အရ ထောင်းလော်ရဲစခန်းက ခြေရာခံလိုက်ခဲ့ရာမှာ ကလေးတွေကို ခိုင်းစားနေတဲ့ ဆွန်လုန်ရပ်ကွက် ဖတ်ထနားကန် လမ်းသွယ် ၂၀ က မြန်မာ ၃ ဦးကို မနေ့ည ၆ နာရီက

Monday, 25 February 2013

ပိုးသတ်ဆေးနှင့် အားဆေးမှားသောက်မိသူ မိန်ကလေးတစ်ဦးသေဆုံးသွားခဲ့

ပိုးသတ်ဆေးကို အားဆေး ဖြင့် မှားယွင်းသောက်သုံးမိသော မိန်းကလေးတစ်ဦးသေဆုံးသွားခဲ့ ၍ သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းဖွင့်၍ စုံစမ်းစစ် ဆေးနေကြောင်းသတင်းရရှိပါသည်။
ဖြစ်စဉ်မှာ (၁၄-၂-၂၀၁၃) ရက် ညနေ(၆)နာရီကျော်ခန့် တွင် ပဲခူးတိုင်းဒေသကြီး သနပ် ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာ တွင် နေထိုင်သူ မသီတာ (၁၉) နှစ် (ဘ) ဦးတင်အုန်းဆိုသူသည် ပဲပင်များဖြန်းပက်သော ပိုးသတ် ဆေးရေကို ၎င်းသောက်နေကျ အားဆေးဖြင့် မှားယွင်းသောက် သုံးမိခဲ့၍

လမ်းပိတ်ဆို့မှုကြောင့် ပိုပေးလာရတဲ့ တက္ကစီခ


Photo: လမ်းပိတ်ဆို့မှုကြောင့် ပိုပေးလာရတဲ့ တက္ကစီခ

TUESDAY, FEBRUARY 26, 2013  

   ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်မှုကို အကြောင်းပြုပြီးတော့ အငှားယာဉ်ခတွေ သိသိသာသာ ဈေးမြင့်တက်နေပါတယ်။ 

တည်ဆောက်ဆဲ လှည်းတန်းလမ်းဆုံ ဂုံးကျော်တံတား နဲ့ တက္ကစီများ
ယာဉ်ကြောပိတ်တဲ့နေရာကို ဖြတ်ရမယ်၊ သွားရမယ် ဆိုရင် အငှားယာဉ်မောင်းတွေ ခေါင်းခါ လက်ခါပြကြပါတယ်။

တက္ကစီသမားတယောက်ရဲ့ အသံ
အငှားယာဉ်မောင်းတဦးက “ယာဉ်ကြောပိတ်ခကို ၅ဝဝ လောက် ပိုပြီးတောင်းရတယ်။ ယာဉ်ကြောပိတ်တဲ့အချိန်ကိုပါ 
ထည့်တွက်တောင်းကြတာပါ။ မလို အပ် ဘဲ အချိန်တွေ ဆီတွေ ကုန်မှာစိုးလို့ လိုက်ရမယ့် ယာဉ်ကြောကိုပဲ ကြည့်ပြီး လိုက် တော့တယ်” လို့ ပြောပါတယ်။ 

“ကျောင်းတက် ၊ ကျောင်းဆင်းချိန် တွေကို လည်း မှတ်ထား ရသေးတယ်။ လာငှားရင် အဲဒီဘက်မှာ ဆိုရင် ဘယ်ကျောင်းရှိလဲ၊ ကျောင်းဆင်းချိန်လား ဆိုတာကို ကြည့်ပြီးမှ လိုက်ပါတယ်။ ကျောင်းဆင်းချိန်ဆိုရင်တော့   မလိုက်တော့ဘူး” လို့ သူက ဆက်ပြောပါတယ်။ 

ဂုံးကျော် တံတားများ
ဂုံးကျော် တံတားတွေ တပြိုင်နက် တည်ဆောက်နေတဲ့ ရန်ကုန်မှာ ယာဉ်ကြောတွေက သိသိသာသာကို ကျပ်လာတာကို တွေ့ရပါတယ်။ 
လှည်းတန်းမီးပွိုင့်မှာဆိုရင် မီးစိမ်းဖို့ကို မိနစ်၂ဝ ကျော် လောက်အထိ စောင့်လာရသလို ရွှေဂုံတိုင် မီးပွိုင့်မှာ ပိတ်မိရင်လည်း အချိန်အတော်ကြာ စောင့်ကြရတာပါ။ 

တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်က ကားလမ်းမဧရိယာ အတော်များများကို သိမ်းထားတဲ့အတွက် တမေ့တမော စောင့်ကြရတာပါ။

ဘုရင့်နောင်လမ်းမကြီးမှာဆို ကားတွေက ကျပ်ပြီး ကားကြော မပြတ်တော့ လမ်းကူးဖို့ကိုတောင် အကြာကြီး စောင့်ရတယ်။ အန္တရာယ်လည်း အရမ်းများပါတယ်လို့ ကမာရွတ်မြို့နယ်က တက္ကစီ စီးသူတယောက်က ပြောပါတယ်။

“ရုံးချိန်အတွင်း တက္ကစီတွေက ငှားရ ခက်တယ်။ မလိုက်ကြတော့ဘူး။ ပုံမှန် ၂,၅ဝဝ ပေးနေရတဲ့ဈေးကို ကားကျပ်တယ်လို့ ပြောပြီး ၄,ဝဝဝ အထိတောင် တောင်းလာကြတယ်” လို့ သူက ပြောပါတယ်။ 

လမ်းဘေးဈေးသည်များ
ယာဉ်ကြောတွေ ပိတ်ဆို့ရခြင်းတွေရဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ဈေးသည်များလည်း ထိပ်တန်းက ပါနေပါတယ်။

ပလက်ဖောင်းပေါ်မှာ ဈေးသည်တွေ ဈေးတက်ရောင်းကြတဲ့အခါ လူတွေက ကား လမ်းမပေါ် တက်ပြီး လမ်းလျှောက်ကြရပါတယ်။ ဒါကြောင့် ကားတွေ သွားရ ပိုခက်ခဲလာတာပါ။
ကားတွေက လူတွေကိုရှောင်ပြီး မောင်းနေကြရပါတယ်။

လမ်းတ၀က်ကို သိမ်းပိုက်ထားတဲ့ လမ်းဘေးဈေးသည် နဲ့ လမ်းလျှောက်သူများ

ကားပေါလာတဲ့ ရန်ကုန်

 ကားတင်သွင်းခွင့် ပိုမို လွယ်ကူ၊ ကားဈေးတွေ ပြုတ်ကျလာပြီးနောက်ပိုင်း ရန်ကုန်မှာ  ကားတွေ ပိုများလာပါပြီ။

ဒီကားတွေအတွက် သင့်တော်တဲ့လမ်းအနေအထား ရန်ကုန်မှာ မရှိတာကြောင့် ယာဉ်ကြောပိတ်မှု ပိုပြီး ကြီးထွားလာတာပါ။

လမ်းမပေါ်မှာ ကားတွေ စည်းကမ်းမဲ့ ရပ်နားခြင်း၊ ယာဉ်မောင်းတွေ စည်းမဲ့ကမ်းမဲ့ မောင်းနှင်ခြင်း အစရှိတာတွေကြောင့်လည်း ယာဉ်ကြောပိတ်ပါတယ်။
ဘာကြောင့် ယာဉ်ကြောပိတ်တယ် ဆိုတာကို အာဏာပိုင်တို့လည်း သိမှာပါ။ ဖြေရှင်းနည်းကို မသိသေးလို့ သို့မဟုတ် မဖြေရှင်းရသေးလို့ ဒီပြဿနာ ဆက်လက် ကြီးထွားနေတယ်လို့ ဆိုရပါမယ်။

ရုံးဝန်ထမ်းများ အိမ်ကနေ စောထွက်လာကြ၊  ပြန်ရင်လည်း  နောက်ကျပြီးမှ အိမ်ပြန် ရောက်ပါတယ်။ ကားထဲ အချိန်ကုန်တတ်တာကြောင့် လူပင်ပမ်း၊ စိတ်ပင်ပမ်း ဖြစ်ကြရပါတယ်။

ပြဿနာ ဖြေရှင်းရေး
ဒီလို ကိစ္စရပ်တွေကို အဆင်ပြေစေဖို့အတွက် ယာဉ် ကြောရှင်းလင်းဖို့ ယာဉ်ထိန်းရဲများတိုးချဲ့ ချထားခြင်း၊ လမ်းများချဲ့ခြင်း ၊ ဈေးသည်တွေကို နေရာဖယ်ခိုင်းခြင်း၊ ယာဉ်ရပ်နားတဲ့နေရာ  တိုးချဲ့ခြင်း စတာတွေပြုလုပ် နေသော်လည်း ဘယ်အချိန်မှ ဒီအခက်အခဲတွေ ပြေလည်စေမယ်ဆိုတာ မသိရသေးပါ။  

ဂုံးကျော် တံတားတွေ ဆောက်နေတာ ပြီးစီးသွားရင်တော့ ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ် သက်သာ သွားမယ်လို့ မျှော်  လင့် နေကြသလို တချို့ကလည်း  ဂုံးကျော်တံတား ဆောက်လုပ်ရုံနဲ့ ရန်ကုန်ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြသာနာများ ပြေလည်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။ 

ရွက်စိမ်း ~

 Irrawaddyရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်မှုကို အကြောင်းပြုပြီးတော့ အငှားယာဉ်ခတွေ သိသိသာသာ ဈေးမြင့်တက်နေပါတယ်။

တည်ဆောက်ဆဲ လှည်းတန်းလမ်းဆုံ ဂုံးကျော်တံတား နဲ့ တက္ကစီများ
ယာဉ်ကြောပိတ်တဲ့နေရာကို ဖြတ်ရမယ်၊ သွားရမယ် ဆိုရင် အငှားယာဉ်မောင်းတွေ ခေါင်းခါ လက်ခါပြကြပါတယ်။

တက္ကစီသမားတယောက်ရဲ့ အသံ
Related Posts Plugin for WordPress, Blogger...