Saturday, 21 July 2012

ဆံပင် အဆိပ်ထုတ် ပစ္စည်းများ ပြည်တွင်း၌ ၀ယ်ယူနိုင်ပြီ

တရုတ်နိုင်ငံမှ Yang Yang Cosmetic နဲ့ ရွှေဗမာ ကော်စမက်တစ် တို့မှ ပူးပေါင်းပြီး Asia Plasza Hotel မှာပြုလုပ်တဲ့ SUOR အမှတ်တံဆိပ် ဆံပင်
အဆိပ်ထုတ် ရှန်ပူ အပါအ၀င် ဆံသား ပြုပြင် ထိန်းသိမ်းရေး ပစ္စည်းသစ် ၇ မျိုးကို ဇူလိုင်လ ၁၉ ရက်နေ့က စတင် မိတ်ဆက် ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ SUOR ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ ဆံပင်ဆိုးခြင်းနဲ့ ကောက်ခြင်းတွေ ပြုလုပ်တဲ့ အခါမှာ ပြင်းထန်တဲ့ ဆေးဒဏ် များကြောင့် ပျက်စီးနေတဲ့ ဆံသားရဲ့ အလွှာကြားမှာ ကိန်းအောင်း နေတဲ့ အဆိပ်များကို ထုတ်ပေးနိုင်တဲ့ အဆိပ်ထုတ် ခေါင်းလျှော်ရည်များ၊ ဆံသားလိမ်း တုန်ဆီများ၊ ဆံသား ပုံသွင်း ဖယောင်းများ၊ ဆံပင် ပေါင်းဆေးများ၊ ဆံပင်ဖြောင့်ဆေးများ၊ ဆံပင် ကောက်ဆေးများ အစရှိတဲ့ ကုန်ပစ္စည်းသစ် ၇ မျိုးကို မိတ်ဆက် ပေးခဲ့ပါတယ်။ အဆိုပါ SUOR ကုန်ပစ္စည်းများကို တရုတ်နိုင်ငံမှ တင်သွင်းပြီး ဂျာမနီ နည်းပညာ များဖြင့်
ထုတ်လုပ် ထားတယ်လို့ သိရပါတယ်။ ရွှေဗမာ အလှကုန် ဖြန့်ချိရေးမှ အဲ့ဒီ SUOR ဆံသားပြုပြင် ထိန်းသိမ်းရေး ပစ္စည်းများကို မြန်မာနိုင်ငံ အနှံ့မှာ အရောင်း ကောင်တာများ ဖွင့်လှစ်ရောင်းချ သွားမယ်လို့ သိရပါတယ်။

1 comment:

  1. ဆံပင်အကြောင်းဆိုလို့ စိတ်ဝင်တစားလာဖတ်ခဲ့တယ် ဧဒင်ရေ..

    ReplyDelete