Wednesday, 5 September 2012

ငါးတစ်ကောင်ကို ယွမ် ၃သန်းနဲ့ ပွပေါက်တိုးသွားတဲ့ တံငါသည်





          ငါးတစ်ကောင်ကို ဘယ်လောက်ဈေးရမယ်ထင်ပါသလဲ?  တရုတ်နိုင်ငံက တံငါသည်တစ်ယောက်ကတော့ Chinese Bahaba လို့ခေါ်တဲ့ ဧရာမ အ၀ါရောင်း ငါးပုတ်သင်ကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။  ဒီ ငါးပုတ်သင်ကြီးကို လေလံတင်ပြီးရောင်းလိုက်တာ ယွမ် ၃ သန်းကျော်တောင် ရလိုက်ပါသတဲ့။  မြန်မာငွေနဲ့ တွက်လိုရင် သိန်း ၄ထောင်ကျော်လောက်ရှိမှာပါ။  ဒီတရုတ် ငါးပုတ်သင် ငါးကြီးတွေဟာ ၆ ပေ ၇ လက်မအထိ ကြီးနိုင်ပြီးတော့ ပေါင် ၂၂၀လောက်အထိ အလေးချိန်စီးပါတယ်။  ဈေးကြီးရတဲ့ အကြောင်းကတော့ ဒီငါးတွေရဲ့ swim bladder လို့ခေါ်တဲ့ ငါးဆီဖောင်းဟာ နှလုံးနဲ့ အဆုတ်ရောဂါတွေအတွက် ဆေးဖော်ရာမှာ အလွန့်ကို အစွမ်းထက်တယ်လို့

တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။  ဒါပေမယ့် ခုအချိန်မှာတော့ ဒီငါးတွေဟာ ယန်ဇီမြစ်ကနေပြီးတော့ ပုလဲမြစ်တစ်လျှောက် သဘာဝ ညစ်ညမ်းမှု့တွေကြောင့် မျိုးတုန်းလုဖြစ်နေပါပြီ။  ပြီးခဲ့တဲ့ ၂၀၁၀ မှာတုန်းကလည်း ဒီလိုငါးကြီးဖမ်းမိခဲ့ဖူးပြီးတော့ အဲ့ဒီတုန်းက ယွမ် ၃.၄၅ သန်းနဲ့ အရောင်းအ၀ယ်ဖြစ်ခဲ့ပါတယ်။  တရုတ်ပြည်ရောက်နေတုန်း သင်္ဘောမဆောက်ပဲနဲ့ ငါးလိုက်ဖမ်းရင်ကောင်းမလား စဉ်းစားရမလိုလိုတောင်ဖြစ်နေပြီ။

@AH

1 comment:

  1. တံငါသည်လုပ်တော့မလို့ လား ဘလော့ဂါတယောက်လျော့မှာတော့နှမျောတယ်

    ReplyDelete