Saturday, 15 June 2013

မလေးရှားနိုင်ငံပြန် မြန်မာပြည်သားများအား ကြိုဆိုခြင်း (5 photos)

Photo: မလေးရှားနိုင်ငံမှ အခက်အခဲများကြုံတွေ့ခဲ့ရပြီး မြန်မာနိုင်ငံသို့ ယနေ့ ၁၅.၆.၂၀၁၃၊ နေ့လည် ၂ နာရီခန့်တွင် ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို မိမိတို့ Air Bagan မှ တာဝန်ရှိသူများ၊ လေယာဉ်မှူးများ၊ လေယာဉ်မောင်မယ်များနှင့် ဝန်ထမ်းများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပါသည်။ ယနေ့ ပြန်လည်ရောက်ရှိလာသော မလေးရှားနိုင်ငံပြန် မြန်မာနိုင်ငံသားများအား လေဆိပ်မှ မထွက်ခွာမီ မိမိတို့နေရပ်ဒေသများသို့ ချောချောမွေ့မွေ့ ပြန်လည်ရောက်ရှိရန် Air Bagan မှ နေ၍ အခမဲ့ လေကြောင်းခရီးစဉ်များဖြင့် စီစဉ်ပေးနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံတစ်ခုတွင် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံနေရသောကြောင့် နိုင်ငံသားချင်း ကူညီရိုင်းပင်းလိုသည့် စိတ်ဓါတ်ဖြင့် အကူအညီပေးခဲ့ကြခြင်းဖြစ်ပါသည်။ နောက်လာမည့် နေ့ရက်များတွင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Information Counter ဆက်လက်ထားရှိပြီး ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်ထားရှိပါကြောင်း အသိပေးအပ်ပါသည်။
မလေးရှားနိုင်ငံမှ အခက်အခဲများကြုံတွေ့ခဲ့ရပြီး မြန်မာနိုင်ငံသို့ ယနေ့ ၁၅.၆.၂၀၁၃၊ နေ့လည် ၂ နာရီခန့်တွင် ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို မိမိတို့ Air Bagan မှ တာဝန်ရှိသူများ၊ လေယာဉ်မှူးများ၊ လေယာဉ်မောင်မယ်များနှင့် ဝန်ထမ်းများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပါသည်။ ယနေ့ ပြန်လည်ရောက်ရှိလာသော မလေးရှားနိုင်ငံပြန် မြန်မာနိုင်ငံသားများအား လေဆိပ်မှ မထွက်ခွာမီ မိမိတို့နေရပ်ဒေသများသို့ ချောချောမွေ့မွေ့ ပြန်လည်ရောက်ရှိရန် Air Bagan မှ နေ၍ အခမဲ့ လေကြောင်းခရီးစဉ်များဖြင့် စီစဉ်ပေးနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံတစ်ခုတွင် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံနေရသောကြောင့် နိုင်ငံသားချင်း ကူညီရိုင်းပင်းလိုသည့် စိတ်ဓါတ်ဖြင့် အကူအညီပေးခဲ့ကြခြင်းဖြစ်ပါသည်။ နောက်လာမည့် နေ့ရက်များတွင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Information Counter ဆက်လက်ထားရှိပြီး ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်ထားရှိပါကြောင်း အသိပေးအပ်ပါသည်။




2 comments:

  1. ဇေယျာ


    မျိုးချစ်စိတ်ဓာတ်ရှိတဲ့အတွက်ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. ကျေးဇူးပါ

    ReplyDelete