Friday, 6 January 2012

ရေမချိုး တဲ့ ခင်ပွန်းနဲ့ ကွာရှင်း လိုက်တဲ့ ဇနီး

     

အီဂျစ် နိုင်ငံက အင်ဂျင်နီယာ အမျိုးသမီး တစ်ဦးဟာ တရားရုံးမှာ လင်မယား ကွာရှင်းဖို့ အတွက် ဦးတိုက် လျှောက်ထား လိုက်တယ်လို့ သိရပါတယ်။ အမည် မဖော်လိုတဲ့ အဲဒီ အမျိုးသမီးရဲ့ ကွာရှင်းလိုတဲ့ အကြောင်းက လက်ထပ်ပြီး တစ်လအတွင်း ရေတစ်ခါမှ မချိုးတဲ့ သူ့ခင်ပွန်းနဲ့ ဆက်လက် မပေါင်းသင်း လိုတဲ့အတွက် ကွာရှင်းခွင့် တောင်းခံ ထားတယ်လို့ သိရပါတယ်။ ခင်ပွန်း ဖြစ်သူရဲ့ အကြောင်း ပြချက်ကတော့ ရေနဲ့ဓာတ် မတည့်လို့ ရေမချိုးတာ ပါလို့ ဆိုပါတယ်။ ဇနီးက ဆရာဝန်ထံ ပြသအကြံဉာဏ် ယူပေမယ့် တစ်ကိုယ်ရေ မသန့်ရှင်းမှုနဲ့ လင်မယား အချေအတင် အငြင်းပွား ကြပါတယ်။ အကျင့်မဖျောက်နိုင် တဲ့ခင်ပွန်းက ကွာရှင်း မပေးနိုင် ဆိုတဲ့အတွက် တရားရုံးရဲ့ အမိန့်ချ မှတ်တာကို စောင့်စားနေရတယ်လို့ ဆိုပါတယ်။

အရှင်ဝိသုတ-ရေနီ

No comments:

Post a Comment