Friday, 17 February 2012

၁၀နှစ်ရွယ်ခလေးအားလိင်တူဆက်ဆံ၍ မိခင်ဖြစ်သူတိုင်ကြား


ရန်ကုန်တိုင်း ဒေသကြီး၊ ဆိပ်ကြီးခနောင်တို မြို့နယ်တွင် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး လိင်တူ ဆက်ဆံခြင်းခံခဲ့ရသဖြင့် ၎င်း ကလေးငယ်၏ မိခင် ဖြစ်သူက တရားလိုပြုလုပ်၍ ရဲတပ်ဖွဲ့သို့ တိုင်တန်းခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ၂၀၁၂ ခု၊ ဖေဖော်ဝါရီလ ၇ ရက်၊ ည ၉ နာရီခွဲ အချိန်က ဆိပ်ကြီးခနောင်တို မြို့နယ်နေသူ မမာမာဦးသည် နေအိမ်တွင်ရှိနေစဉ်
သားဖြစ်သူ မောင်............ (၁၀ နှစ်၊ ဒုတိယတန်း) သည် နေအိမ်သို့ ငိုယို၍ပြန်လာသဖြင့် မေးမြန်းရာ သားဖြစ်သူ၏ (နားနဲ့မနာ ဖ၀ါးနဲ့ နာပါ) စအိုအား တစ်ရပ်ကွက်တည်းနေ ဇော်လင်းဦး (၁၉ နှစ်) က ၄င်း၏တန်ဆာဖြင့် ထိုးသွင်းခဲ့ကြောင်းသိရ၍ သား ဖြစ်သူ၏ စအိုအား ကြည့်ရှုစစ်ဆေးရာ နီရဲနေသည်ကိုတွေ့ ရှိခဲ့ကြောင်းသိရသည်။
၁၀ နှစ်အရွယ် မောင်.......... မှာ တစ်ရပ်ကွက်တည်းနေ ဇော်လင်းဦး၏ အိမ်သို့ အလည်သွားရာမှ ထိုသို့ ပြုမူခံရခြင်းဖြစ်ပြီး၊ ယင်း ကိစ္စနှင့် ပတ်သက်၍ မိခင် မမာမာဦးက ရဲတပ်ဖွဲ့အား တိုင်ကြားရာ ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ကာ တရားခံ ဟုဆိုသူ ဇော်လင်းဦး အား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုရွှေလုံး မှတဆင့်ဖော်ပြသည်။

No comments:

Post a Comment