Sunday, 26 February 2012

မိုးမိုး အတ္တကြီးနေသည်


Photo
“တနင်္ဂနွေမိုးရေစက်များ” ထွက်ရှိပြီးနောက် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့သည့် မိုးမိုး၏ တတိယမြောက်တစ်ကိုယ်တော်စီးရီး“အတ္တကြီးနေသည်”ကို လာမည့် ဖေဖော်ဝါရီ၂၅ရက်တွင်စတင်ဖြန့်ချိတော့မည်ဖြစ်သည်။
သက်တမ်းအားဖြင့် ၄နှစ်မှ၉နှစ် အထိရှိသောတေးသီချင်းများပါဝင်ကာ အနုပညာလောကသို့မ၀င်ရောက်မီကတည်းကရေးဖွဲ့ထားခဲ့သော သီချင်းများလည်း
ပါဝင်မည်ဟု မိုးမိုးကပြော ကြားခဲ့သည်။ ပရိသတ်များနှင့်ရင်းနှီးပြီးသားဖြစ်သော သူ၏အသက်လေးဆယ်၊ ပြန်တွေးကြည့်၊ နောက်ကျရင်စသည့် သီချင်းပုံစံများ ပါဝင်မည်လား ဟု မေးမြန်းရာ“ပရိသတ်ကိုရော၊ ကိုယ့်ကိုယ်ကိုယ်ရောဖျော်ဖြေမှုပေးနိုင်မယ့်သီချင်းတွေပါမယ်။  ပရိသတ်တွေ ကြိုက်လိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့်ပါတယ်”ဟု မိုးမိုး ကပြောကြားခဲ့သည်။
“အတ္တကြီးနေသည်”စီးရီးတွင် မိုးမိုး ကိုယ်တိုင်ရေးစပ်ထား သော သီချင်း ၁၂ပုဒ်ပါဝင်မည်ဖြစ်ကာ ဖခင်တစ်ယောက်ဖြစ်ပြီး နောက်ပိုင်း  မိဘတစ်ဦးအနေနှင့်ခံစားရေး ဖွဲ့ထားသည့် သီချင်းတစ်ပုဒ်ပါဝင်မည်ဖြစ်ပြီး ထိုသီချင်း နာမည်မှာ“လိမ္မာတဲ့ကလေးငယ်”ဖြစ်သည်။ စီးရီးတွင် ဧည့်သည်အတီးသမားအဖြစ်   ဥက္ကာဦးသာက တစ်ပုဒ်၊ ဝေဖြိုးက နှစ်ပုဒ်ကူညီတီးခတ်ထားပြီး   ကျန်သီချင်းများအားလုံးကိုမိုးမိုးတစ်ဦးတည်းက တီးခတ်ထားခြင်းဖြစ်သည်။
မိုးမိုး၏အတ္တကြီးနေသည် စီဒီသီချင်းခွေကို မိုးမိုးကိုယ်တိုင် ပထမဆုံးအနေနှင့်  မူပိုင်ထုတ်လုပ်ဖြန့်ချိသွားမည်ဖြစ်ပြီး စီဒီကိုမူရင်းခွေသာ ၀ယ်ယူအားပေးပါရန်လည်း  သူ၏ကိုယ်ပိုင်  Facebook တွင်  ရေးသားထားကာ ထိုသို့မေတ္တာရပ်ခံရခြင်းမှာ“မောင်မိုးမိုးပိုက်ဆံလိုချင်လို့ပါ”ဟုရေးသားထားပြီး  ယခု  အတ္တကြီးနေသည်အခွေကို ငါးနှစ်တိုင်တိုင်ခြစ်ချုပ်စုထားသော ပိုက်ဆံဖြင့်ထုတ် လုပ်ခြင်းဖြစ်ပြီး နောက်တစ်ခွေထွက်ရှိနိုင်ရန်  ၀င်ငွေရရှိရန်လိုအပ်သောကြောင့်ဟုလည်း  ရေးသားထားသည်။    မိုးမိုးသည်သူ၏ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးကြယ်မှာအောင်မြင်မှုမရရှိခဲ့ဘဲ ဒုတိယတစ်ခွေဖြစ်သော တနင်္ဂနွေမိုးရေစက်များအခွေ ဖြင့်သာပရိသတ်အားပေးမှု
အပြည့်အ၀ရရှိခဲ့သည်။ မိုးမိုးသည်မတ်လဒုတိယပတ်တွင်ဒုတိယမြောက်သားကို ပိုင်ဆိုင်တော့မည်ဖြစ်ပြီးယခုအခါတွင်တော့အတ္တကြီးနေသည်တေးစီးရီးထွက်ရှိရန် နှင့်အနုပညာအလုပ်များဖြင့်အလုပ်များနေသည် ။  7Day News Journal

1 comment:

  1. မိုးမိုး အသံနဲ့သီချင်းတွေကြိုက်တယ်

    ReplyDelete