Friday, 13 April 2012

ချောင်းသာသွား ခရီးသည်ယာဉ် လမ်းဘေး ချောက်ထဲထိုးကျ၍ ယာဉ်မောင်းသေဆုံး

ချောင်းသာသို့ ရန်ကုန်မှသင်္ကြန်ခရီး ထွက်ခွာလာသည့် ဖူဆိုခရီးသွား အဝေးပြေးကားတစ်စီးသည် ယနေ့ နံနက် ၄နာရီက ပုသိမ် လမ်းဘေးချောက်ထဲထိုးကျ၍ ယဉ်မောင်းမှာနေရာမှာပင် သေဆုံးခဲ့သည်။

ခရီးသွား ၃၂ ဦးလိုက်ပါလာသည့် စင်းလုံးဌား ဖူဆို ခရီးသည်တင်ယာဉ် (၆ခ/…) သည် ပုသိမ် လမ်းမကြီး မိုင်တိုင် အမှတ် ၁၇ /၇ ၊ ၁၇ / ၈ အကြား တွင် ကားဘီးပေါက်ကာလမ်းဘေးသို့ ထိုးကျ သွားခဲ့ခြင်း ဖြစ်သည်။

ကားတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည် ခရီးသည် ၁၈ ဦးဒဏ်ရာရရှိကာ ၎င်းတို့ကို ပုသိမ် ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

@Popular Myanmar News Journal

1 comment: