Sunday, 27 May 2012

လှိုင်မြစ်ကမ်း ပြိုကျ၍ အဏ္ဏ၀ါလွမ်း အအေးခန်း အဆောက်အဦး အချို့ ပျက်စီး


လှိုင်မြစ်ကမ်း ပြိုကျ၍ အဏ္ဏ၀ါလွမ်း အအေးခန်း စက်၇ုံ အဆောက်အဦး အချို့ ပျက်စီးမေ ၂၆ ရက် ၃ နာရီ ကျော်ခန့်က လှိုင်မြစ်ကမ်း ပြိုကျမှုကြောင့် အဏ္ဏ၀ါလွှမ်း အအေးခန်း ကုမ္ပဏီ အဆောက်အဦး အချို့ မြစ်ထဲ ပါသွားကာ ကလေးငယ် တစ်ဦးပါ ပျောက်ဆုံးနေကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်လမ်း၊ အကွက် အမှတ်(၅၈၄)ရှိ အဏ္ဏ၀ါလွမ်း အအေးခန်း ကုမ္မဏီ အတွင်း ဖွင့်လှစ်ထားသော လက်ဖက်ရည် နှစ်ဆိုင်နှင့် ၀န်ထမ်း အဆောင်တို့ လှိုင်မြစ်ထဲ သို့ပြိုကျသွား ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီနှင့် ကပ်လျက်ရှိ ကုမ္ပဏီတစ်ခုမှ ဆိပ်ကမ်း(Jetty) ဆောက်လုပ်ရန် လွန်ခဲ့သည့် သုံးရက်ခန့် က ပိုင်ရိုက်သည့်အတွက် ကမ်းနားမြေများ အက်ကွဲကာ ယခုကဲ့သိုပြိုကျ ခဲ့ခြင်းဖြစ်ကြာင်း သိရသည်။ အဆိုပါနေရာမှာ ဆက်လက် ပြိုကျနိုင်သည့် အခြေအနေ ရှိနေကြောင်း လှိုင်သာယာ မီးသတ်ဦးစီးဌာနမှ သိရသည်။
စိုင်းနောင်
Popular News

No comments:

Post a Comment