Thursday, 3 May 2012

လူ ၇၇ ဦး သတ်ခဲ့သူကို ရုံးတင်စစ်ဆေး

နော်ဝေနိုင်ငံတွင် လူ ၇၇ ဦး သတ်ခဲ့သည့် လက်ယာဝါဒ အစွန်းရောက်လွန်းသူ အန်ဒါဘက်ရင်းဘရီဗစ်ကို ဧပြီလ ၁၆ရက်က ရုံတင်စစ်ဆေးခဲ့သည်။ နော်ဝေနိုင်ငံတွင် စစ်အေးခေတ်လွန်ကာလ နှောင်းပိုင်းမှာ ယင်းသို့လူများအစုလိုက် အပြုံလိုက်အသတ်ခံရမှုမှာ အဆိုးဝါးဆုံးအမှုဖြစ်သည်။ စိတ်ရောဂါဆိုင်ရာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကြည့်ရာတွင် အန်ဒါမှာ စိတ်ရောဂါခံစားနေရကြောင်း တရားရုံးကသိရှိခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၂ ရက်ကအန်ဒါမှာ လေဘာပါတီမှ ၀န်ကြီးချုပ်ရုံး အပြင်ဘက်တွင် ကားဗုံးခွဲခဲ့ရာ လူရှစ်ဦးသေဆုံးသွားသည်။ ယင်း အမှုကျူးလွန်ပြီးနောက် ရဲဝန်ထမ်းတစ်ဦးလို ၀တ်ဆင်ကာ Utoeyaကျွန်းသို့ ခရီးထွက်သွားသည်။ ယင်းနောက် လေဘာပါတီမှ လူငယ်စခန်းများသို့သွားပြီး၊ ဆယ်ကျော်သက်များအား ပစ်သတ်ခဲ့ရာ ၆၉ ဦးသေဆုံးသွားသည်။ ယင်းစိတ္တဇဝေဒနာရှင်မှာ ထောင်ဒဏ် ၂၈နှစ်အထိ ခံစားရနိုင်ဖွယ်ရှိပြီး၊ အန္တရာယ်ရှိနိုင်သေး သည်ဟုယူဆပါက စိတ္တဇဆေးရုံတွင် ဘ၀တစ်သက်တာ ချုပ်နှောင်ခံရမည်ဖြစ်သည်။ ယင်းအမှုမှာ သက်သေခံ၂၉ဦးက ၀ိုင်းဝန်းဖော်ထုတ်ပေးနေကြပြီး၊ ယင်းသတင်းကိုလည်း သတင်းစာဆရာ ၈၀၀ကျော်က လိုက်ခဲ့ကြသည်။

@PyiMyanmar

No comments:

Post a Comment