Wednesday, 30 May 2012

ရှားပါး အက်စတွန်မာတင် ကားတစ်စီးကို စတာလင်ပေါင် ၁ ဒသမ ၂၃ သန်းဖြင့် ဗြိတိန်တွင် ရောင်းချ

ဗြိတိန်နိုင်ငံရှိ လေလံပွဲတစ်ခုတွင် အလွန်ရှားပါးသော DB4GT Zatato Santion II Coupe မော်ဒယ်လ်ပုံစံ အက်စတွန်မာတင် ကားတစ်စီးကို စတာလင်ပေါင် ၁ ဒသမ ၂၃ သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ အဆိုပါ လေလံပွဲကို အက်စတွန်မာတင် ကုမ္ပဏီပိုင် Newport Pagnell ကားဝပ်ရှော့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၄င်းကားသည် နာမည်ကြီး ရော့ခ်အဆိုတော် ဖီးလ်ကောလင်းက ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။ DB4GT Zatato Santion II Coupe မော်ဒယ်လ်ပုံစံ ကားမျိုးကို ၁၉၆၁ ခုနှစ် ၁၉၆၃ ခုနှစ်ကြားတွင် ၂၃ စီး ထုတ်လုပ်ရန် ရည်ရွယ်ခဲ့သော်လည်း ၁၉ စီးသာ ထုတ်လုပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ၄င်းကားသည် တစ်နာရီ ၁၅၃ မိုင် အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ကြောင်း သိရသည်။ 
by- .khitlunge.

No comments:

Post a Comment