Wednesday, 2 May 2012

စင်ကာပူမှာ ဇာဂနာ၊ အရိုင်း၊ မေတ္တာတို့ရဲ့ အငြိမ့်ကပွဲ အတွက် စီစဉ်နေပြီဖြစ်ကြောင်း သိရ


   စင်ကာပူမှာ ဇာဂနာ၊ အရိုင်း၊ မေတ္တာတို့ရဲ့ အငြိမ့်ကပွဲ အတွက် စီစဉ်နေပြီဖြစ်ကြောင်း သိရဟာသ သရုပ်ဆောင်တွေ ထဲမှာ ပြည်သူ ချစ်သော အနုပညာရှင် စွယ်စုံရ ဟာသ ပညာရှင်များ ဖြစ်ကြတဲ့ ဇာဂနာ၊ အရိုင်း၊ မေတ္တာတို့ဟာ စင်ကာပူ မှာ ကပြဖျော်ဖြေမယ့် အငြိမ့် ပွဲနဲ့ပတ်သက်ပြီး ဧပြီလအတွင်းမှာ စီ စဉ်နေပြီ ဖြစ်ပါတယ်။

ဇာဂနာက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ပြောကြားထားတာက "စင်ကာပူမှာ အခုကမယ့် အငြိမ့်ပွဲမှာ ကျွန်တော့်အတွက် ပထမ ဆုံး နိုင်ငံခြားမှာ ကတဲ့အငြိမ့်ဖြစ်ပြီး ကျွန်တော်ရယ်၊အရိုင်းရယ်၊မေတ္တာရယ် ငယ်သူငယ်ချင်း(၃)ယောက် ပထမ ဆုံးပြန်ဆုံတဲ့ပွဲလည်းဖြစ်ပါတယ်။မှတ် မှတ်ရရပျက်လုံး အသစ်တွေပဲပျက်ဖို့စီစဉ် ထားပြီး အခွေထုတ်မှာမဟုတ်သလို အွန်လိုင်းလည်းမတင်ပါဘူး"လို့ ပြော ကြားထားကြောင်း သိရပါ တယ်။ စင်ကာပူအငြိမ့်ပွဲအတွက် လူစုံတက်စုံ အစွမ်းကုန်ဇာတ်တိုက်နေကြသလိုပြည်ပ ရောက် မြန်မာပရိသတ်အတွက် ထူး ထူးခြားခြား ဇာဂနာ၊ မေတ္တာ၊ အရိုင်း တို့ရဲ့အငြိမ့်ကို ကြည့်ရှုခံစားရတော့မှာ ဖြစ်ပါတယ်။
@ First Music News

No comments:

Post a Comment