Thursday, 24 May 2012

ထိုင်းတယောက်ကို မြန်မာအစိုးရ လွှတ်ပေး


ပြန်လွတ်လာတဲ့ ထိုင်းနိုင်ငံသား (ဓာတ်ပုံ - www.manager.co.th)


မြန်မာနိုင်ငံမှာ တရားမ၀င် နေထိုင်မှုနဲ့ ထောင်ချခံထားရတဲ့ အသက် ၂၃ နှစ် အရွယ် ရနောင်းမြို့ ဒေသခံ ထိုင်းနိုင်ငံသား တယောက်ကို မြန်မာ အစိုးရက မနေ့က ပြန်လွတ် ပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံသားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အဖမ်းခံထားရတယ်၊ နှစ်နိုင်ငံ အာဏာပိုင်တွေက အဆက်အသွယ် လုပ်ပြီး ကော့သောင်းမြို့ကနေ ပြန်ခေါ်လာခဲ့တယ်လို့ သိရပါတယ်။



သူဟာ ကော့သောင်းမြို့ကို မြန်မာနိုင်ငံသား တယောက်နဲ့ အတူ အလုပ် သွားလုပ်တယ်၊ ရန်ကုန်အထိ ရောက်သွားတယ်၊ ကော့သောင်းကို ပြန်လာတဲ့ အချိန် စစ်ဆေးရေး ဂိတ်မှာ စာရွက်စာတမ်း မပြနိုင်လို့ အဖမ်းခံရတယ်လို့ ဆိုပါတယ်။
 သန်းထိုက်ဦး-irrawaddy

No comments:

Post a Comment