Monday, 7 May 2012

မလေးရှားမှပြန်သော မြန်မာနိုင်သားနျစ်ဦးနိုင်ငံကူးလက်မှတ်အတုများဖြင့်ဖမ်းမိ....


မလေးရှားနိုင်ငံမှ မြန်မာ နိုင်ငံသူနှစ်ဦး နိုင်ငံကူးလက်မှတ်အတုများ ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါလေဆိပ်မှ စုံ စမ်း သိရသည်။ ဧပြီ ၂၉ ရက် နံနက်၁၁နာရီက မလေး လေကြောင်းလိုင်းခရီးစဉ် အမှတ် MH-740  ဖြင့်လိုက်ပါလာသော မငြိမ်းငြိမ်း (၃၁)နှစ်နှင့် မသက်ထွေး(၁၉)နှစ်တို့နှစ်ဦး သည် အခြားသူများ၏ နိုင်ငံကူးလက်မှတ် များကို ပြုပြင်ကိုင် ဆောင်လာကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်တွင် စုံစမ်းတွေ့ ရှိရသဖြင့် ၎င်းတို့အား လေဆိပ်စစ် ဆင်ရေး အဖွဲ့ (၁)မှ မင်္ဂလာဒုံရဲစခန်းသို့  တရားလို ပြုလုပ်တိုင်တန်းခဲ့သည်။

''သူတို့နှစ်ဦးက ကရင်ပြည်နယ် ဘက်က၊ တစ်ဦးက မုဒုံ၊ တစ်ဦးက ဇင်း ကျိုက်မှာနေတာ။ မလေးနိုင်ငံကနေ အလုပ် လုပ်ပြီး ပြန်လာကြတာလို့တော့ လောလော ဆယ်သိထားရတယ်။ အသေးစိတ်တွေကို တော့ စုံစမ်း နေတုန်း ပဲ။ လိမ်လည်မှုအပြင် လဝကအက်ဥပဒေနဲ့ပါ အရေးယူမှာပါ'' ဟု ယင်းအမှုနှင့်ဆက်စပ်သည့် ရဲအရာရှိတစ်ဦး က ပြောသည်။ ယခုအခါ ပြည်ပနိုင်ငံများ မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံကူး လက်မှတ် မသမာ မှုပြုလုပ်၍ဝင်ရောက် လာသောဖြစ်စဉ်များ ယခင်ထက်ပို၍ များ လာကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်မှ သိရသည်။
''အခုတလော ဒီလိုနိုင်ငံကူးလက် မှတ်မသမာမှုတွေနဲ့ မြန်မာနိုင်ငံကိုလာကြ တဲ့သူတော်တော်များများ တွေ့နေရတယ်။ ကျွန်တော်တို့လေဆိပ်က တာဝန်ရှိသူတွေ အနေနဲ့လဲ ပြည်ပထွက်ခွာမယ့်သူတွေရော၊ ပြန်ရော က်လာ တဲ့သူတွေကို တစ်ဦးချင်း သေချာစစ် ဆေးတယ်။ အရင်ထက်ပိုပြီး စိစစ် နေပါတယ်''ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါအမှုကို မင်္ဂလာဒုံရဲစခန်းမှ (ပ)၂၅၉/ ၁၂၊ ပုဒ်မ ၄၂၀၊ ၄၆၈/၄၇၁  တို့ဖြင့်စစ်ဆေး နေကြောင်း သိရသည်။
by- မြန်မာတိုင်းမ်

No comments:

Post a Comment