Thursday, 10 May 2012

တစ်ဒေါ်လာပျောက်လို့ သားကို မီးပူနဲ့ကပ်တဲ့ဖခင်

အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့ အနောက်တောင်ဘက် မိုင်(၄၀)အကွာရှိ Illinois က အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ တစ်ညလုံးအပြင်မှာ သောက်စားခဲ့ပြီး တနင်္ဂနွေနေ့နံနက်မှာ အိမ်သို့ပြန်ရောက်သောအခါ ၎င်း၏ မှန်တင်ခုံပေါ်က တစ်ဒေါ်လာ ပျောက်နေတဲ့အတွက် အိမ်မှာရှိသော (၁၁)နှစ်အရွယ်သားကို သားရေခါးပတ်နဲ့ ရိုက်နှက်နှိုးခဲ့ကာ ယင်းတစ်ဒေါ်လာခိုးတယ်လို့ ယိုးစွပ်ခဲ့ကြောင်း သိရသည်။

မခိုးဘူးငြင်းတဲ့သားရဲ့ လက်မောင်းနဲ့ လက်တွေကို မီးပူနဲ့ကပ်ပြီး အသားလောင်စေကာ ယင်းတစ်ဒေါ်လာအတွက် နှိပ်စက်ခဲ့ကြောင်းလည်း သိရသည်။
ထိုဖခင်အား ကလေးသူငယ် နှိပ်စက်မှုနဲ့ အမှုစွဲထားကာ ဒေါ်လာတစ်သိန်းဖြင့် အာမခံထားရန်လည်း သတ်မှတ်ခဲ့ကြောင်း သိရသည်။
Source : Fox News

No comments:

Post a Comment