Monday, 28 May 2012

မင်္ဂလာဒုံမှာ ဇာတ်အဖွဲ့သား တွေနားခိုဖို့အတွက် သဘင်ခြံကြီးဆောက်လုပ်နေတဲ့ ဖိုးချစ်

ဖိုးချစ်က အခုလတ်တလောမှာ တော့ သူ့ရဲ့ဇာတ်အဖွဲ့သားတွေနားခိုဖို့နဲ့ နေထိုင်ဖို့အတွက် မင်္ဂလာဒုံဘက်မှာ သဘင်ခြံကြီး ဆောက်လုပ်နေပါတယ်။ ဒီသဘင်ခြံကြီးထဲမှာ အဖွဲ့သားတွေနေ ထိုင်ဖို့အတွက် ၂ထပ် အိမ်ဆောက်လုပ် နေပြီး အကအခန်းတွေနဲ့ ဇာတ်ခုံတစ်ခုပါ ဆောက်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။ ဒီလို သဘင်ခြံဆောက်လုပ် ရ ခြင်းနဲ့ပတ် သက်ပြီး ဖိုးချစ်က…  ”ခရီးတစ်ခုထွက်ပြီး သဘင်သမား တွေဇာတ်ကပြီဆိုရင် ဇာတ်အဖွဲ့သား တွေက နားစရာအခက်အခဲဖြစ်ရတယ်။ တချို့ကဓမ္မာ ရုံတွေ မှာ နား ၊ ဘုန်းကြီး ကျောင်းတွေမှာသွားနား၊ ခန်းမတွေမှာ သွားနားဆိုတော့ အဆင်မပြေ ကြဘူးလေ။ ဒါကြောင့် အဆင်ပြေပြေလေး နားနေကြရ အောင် ဒီလိုစီစဉ်ဖြစ် တာပါ။ မင်္ဂလာဒုံကခြံ မှာတော့ အခုလောလောဆယ်တော့ ကျွန် တော့်ဇာတ်အဖွဲ့သားတွေအတွက် ပေါ့။ နောက်ပိုင်းမှာတော့ တခြားဘယ်ဇာတ် အဖွဲ့သားမဆိုနားလို့ရ
မယ့်နေရာ ဆောက်ဖို့ ကတော့ ဒီခြံပြီးမှပဲ ထပ်ပြီးနေရာရှာဖို့ စီစဉ် ထားတယ်။ အဲဒီမှာတော့ ကျွန်တော့်ရဲ့ဇာတ် အဖွဲ့မနေတော့ဘူး။ ကျန်တဲ့ဇာတ်အဖွဲ့တွေ လာပြီးနားလို့ ရအောင်ပေါ့”လို့ပြောပြပါတယ်။ ဖိုးချစ်က အခုလက်ရှိမှာတော့ နယ်တွေမှာ ပွဲတွေဆက်တိုက်ကဖြစ်နေပြီး မိုးတွင်းကာလ မှာတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေရိုက်ဖို့ ရှိကြောင်း ပြောပါတယ်။ သူ့ရဲ့ရုပ်ရှင်ကားကြီး  ၂ ကားဖြစ်တဲ့ ‘သူရာဘီလူးနဲ့လော်မင်္ဂလာ’ ဇာတ်ကားကတော့ ၂ဝ၁၃ လောက်မှပဲ ရုံ တင်နိုင်တော့မှာဖြစ်ကြောင်း ဖိုးချစ် က ပြော ပါတယ်။

လင်းအက္ခရာ(popularmyanmar)

No comments:

Post a Comment