Saturday, 26 May 2012

အမျိုးသားမှအမျိုးသမီးတစ်ဖြစ်လဲဂျန်နာMiss Universeပွဲရှုံးနိမ့်











အမျိုးသားအဖြစ်မှ အမျိုးသမီးဖြစ်အောင် ခွဲစိတ်ပြောင်းလဲထားသည့် အလှမယ် ဂျန်နာ တဲလ်လက်ခ်ကိုဗာသည် ကနေဒါနိုင်ငံတွင်
ပြုလုပ်သည့် Miss Universe ပြိုင်ပွဲတွင် ဆုဆွတ်ခူးခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့ကြောင်း သိရှိရသည်။ အသက် ၂၃ နှစ်အရွယ် ဂျန်နာသည်
စနေနေ့က ပြုလုပ်သည့် Miss Universe ပြိုင်ပွဲတွင် အလှမယ် ၆၁ ဦးနှင့်အတူ ယှဉ်ပြိုင်ခဲ့ရာ နောက်ဆုံးအဆင့် ၁၂ ဦးစာရင်း
တွင် ရွေးချယ်ခံခဲ့ရသည်။ ဂျန်နာသည် လွန်ခဲ့သည့် ၄ နှစ်က အမျိုးသားအဖြစ်မှ အမျိုးသမီးဖြစ်အောင် ခွဲစိတ်မှု ခံယူခဲ့ခြင်းဖြစ်သည်။


Planet Myanmar

No comments:

Post a Comment