Tuesday, 15 May 2012

မြန်မာအမျိုးသမီးများ ယဉ်ကျေးစွာ ဝတ်ဆင်ရန် လွှတ်တော်တွင် NDF တင်မည်

မြန်မာအမျိုးသမီးများ ယဉ်ကျေးစွာ ဝတ်ဆင်ရန် လာမည့်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက အဆိုတင်မည်ဖြစ်ကြောင်း သိရသည်။ ခေါင်းစဉ်မှာ “မြန်မာ့ယဉ်ကျေးမှု ဝတ်စားဆင်ယင်ခြင်းအား စောင့်ထိန်းခြင်း” အဆိုဖြစ်ပြီး ယင်းအဆိုကို NDF မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က တင်မည်ဖြစ်သည်။ ယခုခတ် မြန်မာအမျိုးသမီးများ ဝတ်စားဆင်ယင်မှု အလွန်ဆိုးရွားနေသည်ကို တွေ့ရမြင်ရသည်မှာ မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်လျော်ကြောင်း၊ ယင်းကြောင့် ယဉ်ကျေးမှုစောင့်ရှောက်ရန်အဆိုကို လွှတ်တော်တင်မည်ဖြစ်ကြောင်း ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။ “အဲဒီအဆို တင်သင့်ပါတယ်။ တချို့တွေ ဝတ်စားဆင်ယင်မှုကိစ္စမှာ မိဘတွေလည်းပါတယ်။ မိဘတွေကိုယ်တိုင်က ကိုယ့်သားသမီးပေါင်အဖွေးသားနဲ့ ဝတ်ထားတာ၊ ကျပ်ထုပ်နေအောင် ဝတ်ထားတာကို ကြည့်နေတယ်။ ဒီကိစ္စမှာ မိဘတွေလည်း ပါတယ်လို့ ကျွန်မမြင်တယ်” ဟု မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယဉ်ကျေးမှုနှင့် ပတ်သက်၍ မိမိ၏ နေအိမ်၊ မိမိအလုပ်ခွင်နှင့် ပတ်ဝန်းကျင်တို့တွင် သီးသန့်သတ်မှတ်ချက်တစ်ခု ရှိသင့်ကြောင်း၊ အချို့ ပုဂ္ဂလိကရုံးများတွင် ရုံးသူများအနေဖြင့် ပေါင်ပေါ်သည့် ဒူးအထက်စကတ်များကို ဝတ်ဆင်ကြကြောင်း၊ ယင်းမှာ အလုပ်ရှင်ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်းစေကြောင်း ယဉ်ကျေးမှုဦးစီးဌာန၏ အငြိမ်းစားအရာထမ်းတစ်ဦးက ဆိုသည်။ ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေးကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ရာ ယင်းအစည်းအဝေးတွင် ဒေါ်ခင်ဝိုင်းကြည်က ၄င်းအဆိုကို တင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

1 comment:

  1. မြန်မာအမျိုးသ္မီးများ ဝတ်စားဆင်ယင်မှု အဆိုကို တင်သွင်းသင့်ပါတယ်
    ဒီလို ဝတ်ဆင်မှုဟာ မြန်မာအမျိုးသ္မီးများ တရပ်လုံးကို စော်ကားနေတာပါ
    တားသင့်ပါတယ် အထူးသဖြင် ကိုရီးယား ဇာတ်ကားတွေကို အထူးတားသင့်ပါတယ် သူတို့ ယဉ်ကျေးမှုကို လိုက်ပြီး ဝတ်ဆင်တာ မဆန်းပါဘူး မြန်မာဟာ မြန်မာလိုပဲ ဝတ်ဆင်သင့်ပါတယ် ခေတ်တွေ ဘယ်လိုပဲ ပြောင်းလဲလာလာ မပြောင်းလဲသင့်တာ မြန်မာယဉ်ကျေးမှုပါ

    ReplyDelete