Friday, 8 June 2012

8 things In His Bag လွှမ်းပိုင် သွားလေရာ အမြဲပါတဲ့ ပစ္စည်းရှစ်မျိုး


8 things In His Bag လွှမ်းပိုင် သွားလေရာ အမြဲပါတဲ့ ပစ္စည်းရှစ်မျိုး လူတိုင်း သွားလေရာမှာ ကိုယ်နဲ့မကွာ အမြတ်တနိုး ယူဆောင်သွားတဲ့ ပစ္စည်း လေးတွေ ရှိတတ်ပါတယ်။  ပြည်သူချစ် အနုပညာရှင် တွေရဲ့ အိတ်ထဲမှာရော သူတို့နဲ့ မခွဲတမ်း ယူဆောင် သွားလေ့ရှိရာ ဘယ်လို ပစ္စည်းလေးတွေ ဖြစ်မလဲဆိုတာ 8 Days ပရိသတ်ကြီးလည်း သိချင်မှာပဲလို့ ယူဆမိတာကြောင့် ဒီကဏ္ဍလေး ကို Celeberity တွေနဲ့အတူ 8 Days  က တင်ဆက်လိုက်ပါတယ်။

ဒီတစ်ပတ်မှာတော့ ကြော်ငြာရိုက်သွားတော့မယ့် လွှမ်းပိုင်ရဲ့ အိတ်ထဲမှာ ဘာတွေပါမလဲဆိုတာ ကြည့်လိုက်ကြရအောင် . . . .

ပိုက်ဆံအိတ်
ပိုက်ဆံအိတ်ကတော့ သွားလေရာမှာ အမြဲတမ်းပါတယ်
။ ပိုက်ဆံက အရေးကြီးတယ်လေ။ ဒီအိတ်က သူများဝယ်ပေးထားတာပါ။

ကားသော့
သူကလည်းသွားလေရာ ယူသွားရတယ်။ နို့မို့ဆိုရင် သွားရတာ လွယ်မှာမဟုတ်ဘူးလေ။ အခုက Honda Jeep စီးနေပါတယ်။

နာရီ
အရင်တုန်းကတော့ သိပ်ပြီး မဝတ်ဖြစ်ဘူး။ အခုနောက်ပိုင်းမှာ Accessories လို ပုံစံမျိုးအနေနဲ့ ဝတ်ဖြစ်နေတာ။

ဖုန်း
ဖုန်းကတော့ လိုင်းဆွဲအားကောင်းတာကို သုံးနေတာ။ အဓိကကတော့ အလုပ်ကိစ္စ ဆက်သွယ်တာတို့ သူငယ်ချင်းတွေနဲ့ ဖုန်းပြောတာတွေလောက်ပဲ လုပ်တတ်တယ်။
နားကြပ်
နားကြပ်ကတော့ သီချင်းနားထောင်တယ်တဲ့အခါမှာ သုံးတယ်။ သွားလာရင်းလည်း သီချင်းနားထောင်တတ်တော့ ဆောင်ထားရတယ်။

I-pod
သူနဲ့ တစ်ခါတလေကျရင် သီချင်းတီးတယ်။ တစ်ခါတလေမှာ ဂိမ်းဆော့တယ်။ နောက် အင်တာနက်သုံးတယ်။

ရေမွှေး
ကျွန်တော်က မိန်းကလေးသုံးတဲ့ ရေမွှေးနံ့ကို ပိုကြိုက်တယ်။ ဒီရေမွှေးကတော့ လက်ဆောင်ရထားတာ။


ကလောင် - ခင်ခင်ယွန်းစံ
8 Days

No comments:

Post a Comment