Saturday, 23 June 2012

"တပ်မတော်သား ကိုယ်စားလှယ်အချို့ အစားထိုးပြောင်းလဲ "

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက် အမှတ် (၃၁/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ ပထမဝါဆိုလဆန်း ၄ ရက်
(၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်)
တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ်
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦး အစားထိုး ပြောင်းလဲခြင်း
၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်း ထားသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦးကို အမည်စာရင်း ပြောင်းလဲလိုကြောင်း တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက် အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ၂ဝ-၁-၂ဝ၁၁ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက် အမှတ်(၃/၂ဝ၁၁)တွင် ဖော်ပြထားသည့် အောက်ပါ
တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦးအား ယှဉ်တွဲ ဖော်ပြပါအတိုင်း အစားထိုး ပြောင်းလဲ လိုက်သည် -

ချင်းပြည်နယ်လွှတ်တော်
(၁)
ကြည်း ၂၈၂၆၇
(အစား)
ကြည်း ၃၄၇၂၄

ဗိုလ်မှူးသက်လွင်

ဗိုလ်မှူး/ဗိုလ်ကြီးတင်အောင်မိုး
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၂)
ကြည်း ၃၃၄၈၃
(အစား)
ကြည်း ၂၁ဝ၈၂

ဗိုလ်မှူးအောင်ဇေငြိမ်း

ဗိုလ်မှူးကျော်မင်းထွဋ်
မွန်ပြည်နယ်လွှတ်တော်
(၃)
ကြည်း ၂၉၄ဝ၈
(အစား)
ကြည်း ၂၈ဝ၃၄

ဗိုလ်မှူးဇော်ထက်

ဗိုလ်မှူးဇော်လင်းအောင်
ရခိုင်ပြည်နယ်လွှတ်တော်
(၄)
ကြည်း ၂၅၅၅ဝ
(အစား)
ကြည်း ၂၈၃၇၅

ဗိုလ်ကြီးသိန်းထွန်းဦး

ဗိုလ်မှူးအောင်ဇင်သန်း
အမိန့်အရ
(ဝင်းကို)
အတွင်းရေးမှူး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment