Wednesday, 6 June 2012

ရေနစ်သူတွေကို ထိထိရောက်ရောက် ကယ်ဆယ်နိုင်မယ့် စက်ရုပ် ရေကူးသမား

ဒီနေ့ခေတ်ဟာ နည်းပညာ ခေတ်ကြီး ဖြစ်တာကြောင့် တစ်ချိန်က လူသား တွေ လုပ်ခဲ့ ကိုင်ခဲ့ကြတဲ့ နေရာ ကဏ္ဍတွေမှာ ပိုမို အကျိုးရှိ ထိရောက် မှုရှိမယ့် စက်ရုပ် တွေကို အစားထိုး အသုံးပြုလာကြတာ တွေ့ရပါတယ်။
ရေနစ်သူတွေကို ကယ်ဆယ်ဖို့ နောက် ဆုံးပေး စက်ရုပ် ရေကူးသမား တစ်ရုပ် ကို မကြာခင်တွေ့မြင်ရပါတော့မယ်။ အမ်မီလီလို့ အမည် ပေးထားတဲ့ အဝေး ထိန်းချုပ်စနစ်သုံး ဒီစက်ရုပ်ကို လာ မယ့် နွေရာသီမှာ လော့စ်အိန်ဂျယ်လိစ် ကောင်တီ၊ ကယ်လီဖိုးနီးယား ရေကူး သမားတွေက စမ်းသပ်မှာဖြစ်ပြီး Emergency Integrated Lifesaving Lanyard (အရေးပေါ်စုပေါင်း အသက်ကယ်ဆယ်ရေး) အဖွဲ့အတွက် ထားရှိပေးသွားမှာဖြစ်ပါတယ်။

ဒီစက် ရုပ်ဟာ လှိုင်းတွေကြားမှာ တစ်နာရီ မိုင် (၄၀)အထိ သွားလာနိုင်ပြီး လူ (၆)ဦးအထိ ရေပေါ်ပေါ်နေအောင် စွမ်း ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ နောက် ပြီး တကယ့် အရေးအကြောင်းကြုံလာ ရင် လူသားရေကူးသမားတွေထက် (၁၂) ဆပိုမြန်စွာ သွားရောက်နိုင်တယ် လို့ သိရပါတယ်။ နောက်ထူးခြားချက် တစ်ခုက ရေနစ်နေသူတွေကို ကမ်းခြေ အထိ ပြန်လည်ခေါ်ဆောင်လာစွမ်း ရှိ တာပါပဲ။
First Music News

No comments:

Post a Comment