Friday, 15 June 2012

မျက်လုံးမပါဘဲမွေးသည့်ကလေး လက်နှိပ် ဓာတ်မီးနှင့် ဆော့ရသည်ကို သဘောကျ

မျက်လုံးများ မပါဘဲ မွေးဖွား လာသည့် ကလေးငယ် တစ်ဦးသည် သူ၏ မျက်နှာအား
လက်နှိပ်ဓာတ်မီးဖြင့် ထိုး ၍ ဆော့ကစား ရသည်ကို သဘောကျ ကြောင်း DM သတင်းဌာနက ဇွန်လ ၆ ရက်နေ့တွင် ဖော်ပြသည်။ သူသည် ရှစ်လသားအရွယ်ကတည်းက အလင်း ရောင်ကို ခံစားသိရှိနိုင်ပြီး မျက်နှာအား လက်နှိပ်ဓာတ်မီးဖြင့်ထိုးသည်ကို သဘော ကျသည်ဟုဆိုသည်။
မာဝမ်နီကျန် အမည်ရှိကလေးငယ်ကို အသက် ၂၆ နှစ် အရွယ်ကိုယ်စီရှိကြသော ဖခင်ဖြစ်သူ မာဒါမီဟန်နှင့် မိခင် ဆာလာမုတို့က မွေးဖွားခဲ့ကြပြီး သူတို့၏ ကလေးငယ်ကိုစင်ကျန်းပြည်နယ် မြို့တော် ဥရုံချီရှိ ဆေးရုံ သို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။ ဆေးရုံ၌ ဆရာဝန်များက စစ်ဆေးကြည့် သည့်အခါ ကလေးငယ်သည် အလင်း ရောင်ကို ခံစားနိုင်ခြင်းမှာ သူ့တွင် အထဲ ၌ မြုပ်နေသော ဝဲဘက်မျက်လုံး ပါဝင် သောကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့ကြ သည်။

ယင်းနောက် အမှတ် ၄၇၄ စစ် ဆေးရုံ၌ ပြသရာတွင် အထူးကုဆရာဝန် များက ကလေးငယ်အား ခွဲစိတ်ကုသလျှင်လည်း လည်း အကြောင်းထူးမည်မဟုတ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် သူ၏ မျက်လုံး၌ မှန်ဘီလူးမပါဝင်ကြောင်း ပြောကြားခဲ့ သည်။
(DM, 6.6.12) NYM
Good Health

No comments:

Post a Comment