Monday, 11 June 2012

ခြေချောင်း ၁၂ ချောင်း ပါဝင်သော ကလေးတစ်ဦး မွေးဖွား

ခြေချောင်း ၁၂ ချောင်း ပါဝင်သော ကလေးတစ်ဦး မွေးဖွား
ခြေဖဝါး နှစ်ဖက် စလုံး၌ ခြေ ချောင်း အပို တစ်ချောင်းစီ ပါဝင်ပြီး စုစုပေါင်း ခြေချောင်း ၁၂ ချောင်း ပါဝင် သော ကလေးငယ် တစ်ဦးကို တင်နက်ဆီ ပြည်နယ်၊ မန်ဖစ်မြို့၌ မွေးဖွား ခဲ့ကြောင်း DM သတင်းဌာနက မေလ ၃၁ ရက်နေ့ တွင် ဖော်ပြသည်။



ဒါရာမယ်လုန်း အမည်ရှိ အမျိုးသမီးသည် ဘော်ဘီဂျူနီယာအမည် ရှိ ကလေးငယ်ကို
လွန်ခဲ့သည့် နှစ်လက မွေးဖွားခဲ့ခြင်းဖြစ်သည်။ Polydictal ဟု ခေါ်သော မွေးရာပါ ဗီဇ ချို့ယွင်းမှုကြောင့် ယင်းကဲ့သို့ ခြေချောင်းအပိုများ ပါဝင်သော်လည်း ခြေချောင်းအပိုများမှာလည်း ကျန်းမာသန်စွမ်းကာ ပုံမှန်အတိုင်း ရှိသောကြောင့် ယင်းတို့ကို ဖယ်ရှားရန်မလိုအပ်ဟု ဆိုသည်။ ကလေးငယ်သည် မွေးဖွားလာစဉ် ကိုယ်အလေးချိန် ရှစ်ပေါင် နှစ်အောင်စရှိပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။
(DM, 31.5.12) NYM
Good Health

No comments:

Post a Comment