Sunday, 24 June 2012

ဂရိတ် ဦးဘိုးစိန်မျိးဆက်၊ ဇာတ်သဘင်လောကသားများ စုံလင်တဲ့ ဇာတ်ပွဲ

တချိန်က ဂရိတ် ဦးဘိုးစိန်ရဲ့ ဇာတ်သဘင် ကြော်ငြာ
တိန်မြုပ် ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ဇာတ်သဘင် အနုပညာနဲ့ပတ်သက်လို့ ဇွန်လ ၂၃ ရက်က စတင်ပြီး ရုပ်ရှင်၊ သဘင် အနုပညာ လောကသားများ အစုံအလင် ညီညီညွတ်ညွတ်နဲ့ ပြန်လည် ခမ်းနားစွာ ပြန်လည်ဖော် ထုတ်နေကြပါ တယ်။
သိဝိ မင်းဇာတ်ထုတ်ကပြဖျော်ဖြေနေပုံ ( မယ် ဥမ္မာ မင်းသမီး ခိုင်သင်းကြည်နှင့်မင်းသား ချမ်းသာ)

ဂရိတ် ဦးဘိုးစိန် ရဲ့ မျိုးဆက် စိန်မဟာ သဘင်က ဦးဆောင်ပြီး ဦးဘိုးစိန်ရဲ့ နှစ်ပေါင်း ၁၃၀ နှစ်မြောက် အထိမ်းအမှတ် အနေနဲ့ သဘင်လောက၊ ရုပ်ရှင်နဲ့ အနုပညာ စတဲ့ ကိုယ့်နယ်ပယ် အသီးသီးမှာ ထိပ် တန်းနေရာတွေ ကိုယ်စီနဲ့ ရွှေတံဆိပ် ဆုရှင်များစွာတို့ရဲ့ စုစည်းဖျော်ဖြေ တင်ဆက်ဖျော်ဖြေမှု စင်နေကြပါ တယ်။ ပွဲကြည့် ပရိတ်သတ်လည်း အလွန်များပြားကြပါတယ်။
ဂရိတ် ဦးဘိုးစိန်၏ မျိုးဆက် ပတ္တမြားကေခိုင်


အခုလို စိန်မဟာ သဘင်ရဲ့ ဦးဆောင်မှုနဲ့ သဘင်လောကသားတို့၏ စည်းလုံးညီညွတ်မှု သင်္ကေတ ဖျော်ဖြေမှုကို MRTV 4 ကလည်း တိုက်ရိုက် ထုတ်လွှင့်ပြသပေးလျှက် ရှိပါတယ်။

မြေ၀ိုင်းဇာတ်၊ စင်တင်ဇာတ်၊ ရုံသွင်း ဇာတ် စတဲ့ ဇာတ်သဘင် အဆင့်ဆင့် ဖြစ်ပေါ်လာပုံများကိုလည်း တင်ဆက်ကပြဖျော်ဖြေလျှာက်ရှိပါတယ်။

ရုပ်ရှင် မင်းသမီး အကယ်ဒမီ မို့မို့မြင့်အောင် အပါအ၀င် ထင်ရှားသူများရဲ့ ဖျော်ဖြေမှုကလည်း ပရိတ်သတ် အကြိုက်တွေ့စရာပါ။

ထူးခြားတာကတော့ မင်းသား စွမ်းဇာနည်က မင်းသမီးလို သရုပ်ဆောင် ကပြဖျော်ဖြေတာပါ။


No comments:

Post a Comment