Tuesday, 5 June 2012
ကမ္ဘောဒီးယီးယားအလုပ်သမားများရိုတ်သတ်သဖြင့် မြန်မာအလုပ်သမား တစ်ဦး သေဆုံး
သေဆုံးသွားသူ မြန်မာအလုပ်သမား ကိုမိုးမိုး
ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခါမြို့ တွင်ရှိသော SIAM INTERNATIONAL FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံတွင် ယမန်နေ့က နေ့လည်ပိုင်းက ကမ္ဘောဒီးယားအလုပ်သမားများ ၀ိုင်းရိုက်သတ် သဖြင့်
 မြန်မာအလုပ်သမား တစ်ဦးသေဆုံးသွားကြောင်း သိရှိရသည်။
မြန်မာအလုပ်သမား တစ်ထောင်ကျော် ခန့် ရှိသည့် အဆိုပါ အလုပ်ရုံတွင်ယမန်နေ့ ကကမ္ဘော
ဒီးယားအလုပ်သမားများနှင့်မြန်မာအလုပ်သမားများ ရိုက်ကြရာ မြန်မာအလုပ်သမား၁၀ဦးခန်
 သေဆုံးသွားကြောင်းအလုပ်သမား ကိုလွင်ကပြောသည်။ ၀ိုင်းရိုက်သည့် ကမ္ဘောဒီးယားလူမျိုးများမှာ
ထွက်ပြေးတိမ်းရှောင်နေကြောင်း အလုပ်သမားများကပြောသည်။
 “ အလုပ်သမား တွေက နေ့ဆိုင်းညဆိုင်းရှိပါတယ်။ ညဆိုင်းအလုပ်လုပ်တဲ့ အလုပ်သမားတစ်ယောက်က
ကမ္ဘောဒီယားတွေနေတဲ့အဆောင်နားက သစ်ပင်မှာ ပုခက် နဲ့ အိပ်နေတယ်။
 အဲဒါကို ကမ္ဘောဒီးယားတွေက ၀ိုင်းရိုက်ကြတယ်။ အဲဒါကို ကျနော်တို့ က
အလုပ်ရုံကိုဖြေရှင်းပေးဖို့ ပြောခဲ့ပေမယ့် မရှင်ခဲ့ပဲ အခု လိုဖြစ်သွားတယ်။ ကျနော့်မှာလည်း မဲစေ့မှာ ပေါက်ပြဲသွားတယ်”ဟု ကိုတင်ဝင်းကပြောသည်။
 ယမန်နေ့ နေ့လည် ၁နာရီခန့် က အလုပ်သမားများ အိပ်နေရာသို့ ဓါးဖြင့်ဝင်ခုတ်၊ဓါးဖြင့် ၀င်ထိုးသဖြင့် အလုပ်သမားကိုမိုးမှာ ၀မ်းဗိုက်ပေါက်ပြဲသွားပြီး သေဆုံးခဲ့သည်။
 အလုပ်ရုံတွင် MOU နားလည်မှုစာချွန်လွှာဖြင့် လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၅၀၀ ခန့် ရှိသည်။အဆိုပါ အလုပ်သမားများအနက် အမျိုးသား ၂၀၀ ခန့် နှင့် အမျိုးသမီး ၃၀၀ခန့် ရှိကြ
သဖြင့် ယခုကဲ့သို့ ရိုက်သတ်သေဆုံးမှုများရှိလာသဖြင့်မြန်မာအလုပ်သမားများမှာ အထူးစိုးရိမ်နေကြောင်းသိ
ရှိရသည်။
ယခုအလုပ်ရုံတွင် ယခင် ၂နှစ်ခန့် ကလည်း ကမ္ဘောဒီယား အလုပ်သမားနှင့်မြန်မာအလုပ်သမား
များပြဿနာဖြစ်ခဲ့ဖူးသည်။အလုပ်ရုံတွင်  MOU နှင့်လာသည့် မြန်မာအလုပ်သမားများအား ကမ္ဘောဒီယားအလုပ်သမားများနေထိုင်ရာဘက်တွင်ထားရှိသဖြင့်ယခုကဲ့သို့ပြဿနာဖြစ်ခြင်းဖြစ်ကြောင်း
 အလုပ် သမား များကပြောသည်။
(Myanmar News Now),(rangonnewsdaily.blogspot.com)
ဆုံခါမြိှုှု့ တွင်ရှိသော SIAM INTERNATIONAL
FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံမှ မြန်မာအလုပ်သမားများ
ဆုံခါမြိှုှု့ တွင်ရှိသော SIAM INTERNATIONAl
FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံ မြန်မာအလုပ်သမားများ
မြတ်ညို  (အလွတ်သတင်းထောက်)
No comments:
Post a Comment