Monday, 4 June 2012

နောက်ဆုံး ဖျော်ဖြေမှု ခရီးစဉ်နဲ့အတူ ကမ္ဘာကြီးကို နှုတ်ဆက်တော့မယ့် WESTLIFE

အောင်မြင် ကျော်ကြား ခဲ့တဲ့ အိုင်ယာလန် တေးဂီတ အဖွဲ့တစ်ဖွဲ့ရဲ့ လှပတဲ့ ဇာတ်သိမ်းခန်းကို ပရိသတ် တွေမကြာခင်မှာ တွေ့မြင် ရတော့မှာ ဖြစ်ပါတယ်။ ဟုတ်ပါ တယ်။ အခုချိန် ထိအောင် ပေါ့ပ်ချစ်သူတွေရဲ့ ပါးစပ်ဖျားမှ ရေပန်းစားနေဆဲ ဖြစ်တဲ့ အချစ်သီချင်း ချိုချိုလေးတွေဖန် တီးခဲ့တဲ့ Westlife အဖွဲ့ဟာ ဒီလအတွင်းမှာ သူတို့ရဲ့နောက်ဆုံး ဖျော်ဖြေပွဲတွေ ပြုလုပ်ပြီး ကမ္ဘာကြီးကို နှုတ်ဆက် တော့မယ်ဆိုပဲ။
UK၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနဲ့ နော်ဝေတို့ အပါအဝင် ဥရောပ နိုင်ငံ တွေမှာ ဖျော်ဖြေပွဲတွေ ကျင်းပ ပြီးနောက်မှာ Westlife အဖွဲ့ဆို တာကို ပရိသတ် တွေ ထပ်မံ မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း ကမ္ဘာ တစ်ဝှမ်းက Westlife ပရိသတ်တွေအတွက် နောက်ဆုံး အခွင့်အရေး ဖြစ်ခဲ့ပြီး
ပွဲကြည့်ခွင့် လက်မှတ်တွေ ရောင်းမ လောက်အောင်ကို ဖြစ်ခဲ့ရ ပါတယ်။
အခုလို နောက်ဆုံးအနေနဲ့ ဖျော်ဖြေပွဲကျင်းပဖို့ စီစဉ်ထားတာနဲ့ ပတ်သက်လို့ Westlife အဖွဲ့သားတွေကလည်း “သီချင်းတိုင်းကို မျက်ရည်တွေနဲ့ ဖြည့်စွက်ပြီး ကျွန်တော်တို့ သီဆိုသွားမှာပါ။ အဖွဲ့ကိုဖျက် သိမ်းလိုက်ပြီ ဖြစ်ပေမယ့် ဖျော်ဖြေပွဲ ညတွေဟာ ကျွန်တော်တို့ရဲ့ဘဝမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့် တွေ အဖြစ် ဆက်လက် ကျန်ရှိနေမှာပါ”ဆို ပြီး ပြောခဲ့ပါသေးတယ်။
ENVOY

1 comment:

  1. အယ်တော်..ကြိုက်ပါတယ်ဆို သူက ထွက်သွားတော့မယ်တဲ့။
    လာရောက်လည်ပတ်ခဲ့တယ် ဧဒင်လေးရေ



    ခင်တဲ့
    မကြီးလွမ်း

    ReplyDelete