Tuesday, 31 July 2012

2012 လယ်သမားတွေ ပြန်ဆပ်တဲ့ ဘဏ်ကချေးငွေတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးကကိုယ်ရေးကိုယ်တာအတွက် သုံးစွဲထား ရုပ်/သံ-သတင်း




ရန်ကုန်တိုင်း ဒလမြို့နယ် ရဲချောင်းဝကျေးရွာမှာရှိတဲ့ လယ်သမားတွေဟာ စိုက်ပျိုးချိန်အမှီ ဘဏ်က ချေးငွေထုတ်ပေးခြင်း မရှိတာကြောင့် စိုက်ပျိုးဖို့အတွက် အခက်တွေ့နေကြရပါတယ်။

အနီးနားကျေးရွာတွေက ချေးငွေရရှိပြီး မိမိတို့ကျေးရွာက ချေးငွေ မရရှိကြောင်း စိုက်ပျိုးရေးဘဏ်ကို အကြောင်းကြားတဲ့အခါ အဆိုပါဘဏ်က ရဲချောင်းဝကျေးရွာဟာ ယခင်နှစ်က ချေးငွေတွေကို
ပြန်မဆပ်သေးတာကြောင့် အခုလို ချေးငွေမထုတ်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။


ရဲချောင်းဝကျေးရွာက လယ်သမားတွေဟာ ဘဏ်ကချေးငွေတွေကို ရဲချောင်းဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်ဦးထံ အချိန်မှီ ပြန်ဆပ်ကြပေမယ့် ဦးသိန်းမြင့်ဦးက အဆိုပါချေးငွေတွေကို ဘဏ်ကို
ပေးသွင်းခြင်းမရှိဘဲ မိမိကိုယ်ရေးကိုယ်တာအတွက် သုံးစွဲထားကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၀ ခုနှစ်တုန်းကလဲ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းက ချပေးတဲ့ချေးငွေနဲ့ပတ်သတ်ပြီး အခုလိုပြဿနာနဲ့ ကြုံတွေ့ခဲ့ကြရတယ်လို့ ဒေသခံလယ်သမားတွေက ဆိုပါတယ်။၂၀၁၂ ခုနှစ် မိုးရာသီစပါးစိုက်ပျိုးရေးအတွက်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တစ်ဧကကို ကျပ်ငွေ ၅၀၀၀၀ ထိ ချပေးမယ်လို့ ကြေငြာထားပေမယ့် ရဲချောင်းဝကျေးရွာက လယ်သမားတွေဟာ အခုချိန်ထိ ချေးငွေမရရှိသေးဘူးလို့ သိရှိရပါတယ်ခင်ဗျာ။

No comments:

Post a Comment