Friday, 6 July 2012

အပူလွန်ကဲပြီးရှော့ခ်ဖြစ် (4 photos)

 ဇူလိုင်လ ၅ ရက် ည ၈ နာရီခန့်က သာကေတမြို့နယ် ၊ ၈ ဂိတ် ၃၅ ကားမှတ်တိုင်အနီး ကောင်းဘရားသား လက်ဖက်ရည်ဆိုင်ရှေ့ရှိ ဓာတ်တိုင်တွင်သွယ်တန်းထားသော ၀ါယာကြိုးများအပူလွန်ကဲ၍ ရှော့ခ် ဖြစ်ခဲ့ရာ ၁၀မိနစ်ခန့် အသံကျယ်လောင်စွာမြည်ဟီးခဲ့ပြီး ထွက်ပေါ်နေသော အလင်းရောင်ကြောင့် ရပ်ကွက်နေပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် ပေါက်ကွဲမှုနှင့်အတူ
ဓာတ်အားလွှတ်ကြိုးအရင်းရှိ ကြွေသီးများကြွေကျ ပျက်စီးခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။ ယင်းဖြစ်ပွားရာသို့ သာကေတမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် နှစ်စီး ရောက်ရှိလာခဲ့ကြောင်းသိရသည်။

No comments:

Post a Comment