Sunday, 29 July 2012

လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင်တော့မယ်




Photo: လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင် တော့မယ်လို့ မျှော်လင့်ရကြောင်း အေပီ သတင်း ကဖေါ်ပြပါတယ်။

ဒီကိစ္စအတွက် Visa အကြွေးကဒ် ကုမ္ပဏီ နဲ့ ဆွေးနွေးညှိနှိုင်းနေပြီ 
ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင် က ပြောဆိုပါတယ်။

အမည်မဖေါ်လိုသူ ဘဏ်ဝန်ထမ်း နောက်တစ်ဦးကတော့ Visa ကုမ္ပဏီ နဲ့သာမက Master Card/ China Union Pay နဲ့ Japan Credit Bureau တို့ နဲ့လည်း ဆွေးနွေးနေကြောင်း ၊၂၀၁၃ ခုနှစ်မှာ အကြွေးကဒ်စနစ် စတင်သုံးစွဲနိုင်တော့မယ်လို့မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

 မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စု နဲ့ အီးယူ ဥရောပသမဂ္ဂတို့က ၂၀၀၃ ခုနှစ်ကစပြီး ငွေကြေးဆိုင်ရာ အလွှဲအပြောင်းတွေ ပိတ်ဆို့
တားဆီးထားခဲ့တာကြောင့်၊ မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ 
 နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ အကြွေးကဒ်တွေ မသုံးစွဲနိုင်ဘဲ
 ငွေစက္ကူတွေကိုသာ သယ်ဆောင် သုံးစွဲနေရပါတယ်။ 

မကြာခင်ကတော့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက် လာတဲ့ အတွက် ပိတ်ဆို့မှု အများစုကို ယာယီ လျှော့ပေါ့ပေးခဲ့ပါတယ်။

လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင်

No comments:

Post a Comment