Saturday, 28 July 2012

တရုတ်ရဲသားကြီး တံတားပေါ်မှ ခုန်ချသတ်သေရန် ကြိုးစားသူကို ကယ်တင်နိုင်ခဲ့

                                                  ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်



3005 cop saved jumper off verrazano bridge
ပြီးခဲ့တဲ့ တနင်္လာနေ့ (ဂျွန်လိုင် ၂၃) က Yi Huang အမည်ရှိ နူးယောက်ခ်ရဲသားကြီး တစ်ဦးသည် တံတားတစ်ခုပေါ်မှ ခုန်ချ၍ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားသူ တစ်ဦးကို သူ၏တိုင်းရင်းသား ဘာသာစကားဖြစ်သည့် တရုတ်စကားဖြင့် ပြောဆို၍ ကယ်တင်လိုက်နိုင်ကြောင်း သိရပါ တယ်။
စိတ်ဓာတ်ကျနေပြီး မျှော်လင့်ချက်ကုန်ခမ်းနေသည့် ထိုသူသည် တံတား၏ တံတားရက်မပေါ်တွင် ယိုင်တီးယိုင်တိုင် လမ်းလျှောက် ရင်း ခုန်ချရန် ကြိုပမ်းစဉ် ရဲသားကြီး Huang သည် ထိုသူအနီးသို့ ချဉ်းကပ်၍ ဖျောင်းဖျပြောဆိုရာ နာရီအနည်းငယ်ကြာပြီးတဲ့အခါ မှာတော့ ထိုသူနှင့် Huang တို့ဟာ တစ်နယ်သားတည်းဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Huang ဟာ တရုတ်လိုပြောရင်း တံတားပေါ်မှ ခုန်ချ၍ သတ်သေလိုရသည့် အကြောင်းကို မေးမြန်းရာ ထိုသူသည် သူ၏ ၁၈ နှစ်အရွယ် သမီး ဖြစ်သူနှင့် စကားများ ကတောက် ကဆဖြစ်မှုကြောင့်နှင့် စီးပွားရေး အခက်အခဲများကြောင့် ထိုသို့သတ်သေရန်ကြိုးစား ရခြင်း ဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။
ဒီအခါမှာတော့ ၄ နှစ်သားအရွယ် ငယ်စဉ်က အမေရိကားသို့ရောက်ရှိလာတဲ့ Huang ဟာ သူ့ရဲ့ ဘ၀ဖြတ်သန်းမှုအတွေ့အကြုံ နှင့် မိသားစု အကြောင်းကို ပြောပြရင်း သမီးရဲ့ ရှေ့ရေးကိုတွေး၍ ယခုကဲ့သို့ မလုပ်သင့်ကြောင်း၊ သမီး အိမ်ထောင်ပြုသည့် အချိန်နှင့် မြေးများနှင့်တွေ့ ဆုံရမည့် အချိန်ကို မျှော်တွေးစေချင်ကြောင်း... စသည်ဖြင့် ခုန်ချမည့်သူကို နှစ်သိမ့်ပါတော့တယ်။
နောက်ဆုံးမှာတော့ ထိုသူဟာ Huang ရဲ့ နားချဖျောင်းဖျမှုကို လက်ခံကာ တံတားပေါ်မှ ခုန်ချမယ့်အစီအစဉ်ကို ဖျက်သိမ်းပြီး ရဲများ၏ အကူအညီကြောင့် ထိ ခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဘေးမှ ကင်းလွတ်သွားပါတော့တယ်။
(မှတ်ချက်။ ။ Yi Huang ဟာ အသက် ၄ နှစ်သားအရွယ်က အမေရိကားသို့ ရောက်ရှိလာခဲ့ပေမယ့် တရုတ်စကားကို သင်ယူထားပုံ ရပါတယ်။ သူဟာ တရုတ် စကားကို ဘယ်လောက် ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ်ဆိုတာကို မသိရပေမယ့်၊ တရုတ်စကားကို အသုံးချ ပြီး အသက်တစ်ချောင်းကို ကယ်ဆယ်ခွင့် ရခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။
နိုင်ငံရပ်ခြား တိုင်းတပါးမှာ နေထိုင်နေကြတဲ့ ကျွန်ုပ်တို့ မြန်မာတိုင်းရင်းသားများအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်များကို ကိုယ်နဲ့သက် ဆိုင်ရာ ဘာသာစကားများကို သင်ကြားပေးဖို့ လိုပါတယ်။ အကြောင်းကတော့ နိုင်ငံရပ်ခြားကို ငယ်ငယ်ကရောက်လာတဲ့ မြန်မာ ကလေးများ နဲ့ နိုင်ငံရပ်ခြားမှာ မွေးတဲ့ မြန်မာကလေးငယ်များ မြန်မာစကားပြောရာမှာ အင်မတန်အားနည်းတာကို မဆိုနဲ့ဦး၊ အသက် ကြီးမှ ရောက်လာတဲ့ ကလေးအများစုဟာလည်း မြန်မာစကားကို ကောင်းမွန်စွာ မပြောတတ်တော့တာကို ၀မ်းနည်းဖွယ် တွေ့နေရလို့ပါပဲ။ ဒီ့ထက်ဆိုးတဲ့ အချက်က ကလေးတွေ မြန်မာလိုမပြောတတ်တာကို ဂုဏ်ယူနေတဲ့ မိဘများရှိနေ တာကို စာရေးသူနေထိုင်ရာ အမေရိ ကန်ပြည်ထောင်စုမှာ မြင်နေရလို့ပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရသလဲလို့ ဘယ်သူ၊ ဘယ်ဝါကိုမျှ အပြစ်မတင်လိုပါဘူး။ တစ်ခုပဲ တိုက်တွန်း လိုပါတယ်၊ "မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို လေးစားပါ၊ တို့ စကားကို မြတ်နိုးပါ" ဆိုတဲ့ တို့ဗမာ အစည်းအရုံးရဲ့ ကြွေးကြော်သံကို နှလုံးမူပြီး အနာဂတ်ရင်သွေးငယ် များ မြန်မာစာ နဲ့ မြန်မာစကား တတ်မြောက်ရေး အ တွက် မျိုးချစ်စိတ်ရှိသူများပီပီ တစ်ခန်းတစ်ကဏ္ဍက ပါဝင် ထမ်းဆောင်ကြပါဦး လို့...။)
---
Photo courtesy of NYScanner/lockerz.

No comments:

Post a Comment