ဇူလိုင် ၂ ကိုတီး(ထိုင်းဘာသာပြန်သတင်းထောက်)
ထိုင်းနိုင်ငံ အနောက်ပိုင်း
ဘန်ကောက်မြို့နှင့် ကီလိုမီတာ ၁၀၀ ကွာဝေးရှိ လရှ်ဘူလီမြို့နယ်
ခုပိုးဝါးရွာ နယ်မြေ အမှတ် ၁ ဘန့်စွယ် လွမ့်ကျိုင် လမ်းစွယ် တွင်
လူသတ်မှုကျူးလွန်ခဲ့သူဟု ယူဆရသူ
အသက်၂၃
နှစ်အရွယ် ကိုစောထွန်း အား ယမန်နေ့ က ဖမ်းဆီးရမိေ ကြာင်း
ထိုင်းဘာသာဖြင့်ထုတ်ဝေ သည့် ခေါင်စွတ်သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။
ပြီးခဲ့သည့် ၂လခန့်က
ဆိုင်ကယ်တက္ကဆီ ပြေးဆွဲနေသော ထိုင်းလူမျိုး နိုင် ဝိစစ် စုဖုန်း အသက် ၃၉
နှစ် အား အလည်ရန် ငှားရမ်းပြီး လူပြတ်သည့် နေရာအရောက်တွင် အပေါ့သွားရန်
ဆိုင်ကယ် ပေါ် မှ ဆင်း၍ ယူဆောင်လာသော ဓါးနှင့် ဝမ်းဗိုက်ကို ထိုးခဲ့
ကြောင်း ကိုစောထွန်း ကထွက်ဆိုကြောင်း သတင်းတွင်း ရေးသားထားသည်။
ဆိုင်ကယ်မောင်းသူမှာ
ဓါးဒဏ်ရာဖြင့် ထွက်ပြေးခဲ့သော်လည်း မလွတ်ဘဲ ဓါးဖြင့် လည်ပင်းကို လှီးပြီး
ဓါးကို နီးစပ်ရာတွင် လွှင့်ပစ် ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူတွင် ပါလာသော
ဘတ်ငွေ ၃၆၂၀ ယူ၍ လရှ်ဘူလီမြို့နယ်ရှိ ဖိုးထလန်း ရွာတွင်တိမ်းရှောင်ခဲ့စဉ်
ယ္ခု ကဲ့သို့ အဖမ်း ခံခဲ့ရသည်။
Ref: Golden Workers

အင်းလက်ရှိဘ၀မှာရာဇ၀တ်ဘေးဆိုတာပြေးမလွတ်ဆိုသလို
ReplyDeleteဥပဒေရဲ့အဆုံးအမကိုလည်းခံရအုန်းမယ်...
နောင်သံသရာမှာလည်းပြန်ခံရအုန်းမယ်...
အရာအားလုံးဆင်ခြင်အသိတရားရှိကြပါစေ..