ဧဒင်အချစ်ပုံပြင်
မလေးရှားနိုင်ငံရှိ
Sunway University နှင့် ECM Libra Foundation တို့မှ ပေးအပ်သော ASEAN
Scholarship Award 2012 ပညာသင်ဆုကို မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ ၃
ဦး ဆွတ်ခူး ရရှိသွားခဲ့ကြောင်း သိရသည်။ အဆိုပါ Scholarship မှာ
မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော ထူးချွန်သည့်
လူငယ်များကို ၄ နှစ်စာ ပညာသင်စရိတ်၊ နေထိုင်စားသောက်စရိတ် အပြင်
လေယာဉ်စရိတ်များကို အပြီးပေးအပ် ချီးမြှင့်သည့် Full Scholarship
အမျိုးအစား ဖြစ်သည်။
ယင်း Scholarship နှင့် ကျောင်းဝင်ခွင့်များကို မြန်မာနိုင်ငံမှ Smart
Resources World Wide Education မှ လျှောက်ထားပေးခဲ့ရာတွင် ထူးချွန်
ကျောင်းသားကျောင်းသူများ ဖြစ်ကြသော မောင်ဇော်ဝေယံလွင်၊ မနှင်းဇော်သူနှင့်
မဇာခြည်နွေးတို့မှာ ပညာသင်ဆု ရွေးချယ်ချီးမြှင့်ခြင်း ခံရပြီး ယခုလ
ကျောင်းဖွင့်ချိန်တွင် Sunway University မှ Pre-University
Programme
ဖြစ်သော Foundation in Arts တွင် စတင် တက်ရောက်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။
ပညာသင်ဆု ရွေးချယ်ရာတွင် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်မှု၊
English ဘာသာစကား ကျွမ်းကျင်မှု၊ ပညာသင်ကြေး အမှန်တကယ် လိုအပ်မှု၊
နိုင်ငံရပ်ခြားတွင် ပညာသင်ကြားလိုစိတ် ရှိမှုတို့ကို အခြေခံ၍ ရွေးချယ်
ဆုံးဖြတ်သွားခြင်း ဖြစ်သည်။
သတင်းကောင်းလေးပါ အဲလိုရဖို့လုံးဝမလွယ်ဘူး
ReplyDeleteသူတို့ကံကောင်းတယ် တကယ်လဲတော်လို့ရတာပါ