Thursday, 2 August 2012

တက်တူးတွေနဲ့ လူငယ်ရော့ခ်ကာ ရေမွန်

Idiot အဖွဲ့ဟာ ဆိုရင် ‘လူအဂီတ’ဆိုတဲ့ စီဒီ အခွေ ထွက်ရှိ ထားပြီး ရော့ခ် ပရိသတ် အများ အပြားရဲ့ အားပေးမှုကို လက်ခံ ရရှိတဲ့အဖွဲ့ပဲဖြစ်ပါတယ်။ Idiot အဖွဲ့ဟာ ရော့ခ် သက်သက်ကြီး မဟုတ်ဘဲ အလွမ်းအဆွေး သီချင်းတွေကို ရေးဖွဲ့သီဆိုရာမှာ လည်းအောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် Idiot အဖွဲ့ရဲ့အဆိုရှင်ရေမွန်ကို ဂီတသမား တွေ စိတ်ဝင်စားနေတဲ့ ဂီတအစည်းအရုံးနဲ့ ပတ်သက်ပြီး မေးဖြစ်တဲ့အခါ ”ကျားပေါက်နဲ့ တော့ပြောထားတာရှိတယ်။ အခုလူငယ်တွေ ခေတ်သစ် အလွှာတောင်းကြတယ်။
ဒါပေမဲ့ကျွန်တော်တို့ S.I.R အဖွဲ့သား များအားလုံးတိုင်ပင်ပြီးအမှုဆောင် ၆ယောက်
ထုတ်ထားတယ်”လို့ ပြောသွားပါတယ်။ ဂီတအစည်းအရုံးမှာ အမှုဆောင်အဖြစ် ဝင်ရောက် အရွေးခံမှာ ဖြစ်ပေမယ့်လည်း တကယ်လို့ အရွေးမခံရဘူးဆိုရင်လည်း ဂီတ လောကအတွက် တစ်ထောင့်တစ်နေရာ ကနေ ကောင်းကျိုးပြုနိုင် တာကိုပဲ ကျေနပ် မှာဖြစ် ကြောင်း ရေမွန် ကပြောပါတယ်။ အခုအချိန်ဟာ တက်တူးထိုးတာတွေ ခေတ်စားနေ တဲ့အချိန်ပဲဖြစ်ပါတယ်။ ယောက်ျားလေးရော၊ မိန်းကလေးရော၊ လူငယ်တွေပါမကျန် တက်တူးထိုးလာတာ တွေ့ရပါတယ်။
တက်တူး ထိုးထားတဲ့ရေမွန်ကိုတက်တူးထိုးတာနဲ့ပတ်သက်ပြီးမေးကြည့် တော့ "လက်ချောင်းမှာ ရော့ခ်ဆိုပြီး ၂ဝဝ၇က စထိုးခဲ့တယ်။ ကျွန်တော့် ခံယူချက်ကတော့ တက်တူး ထိုးတယ်ဆိုတာက ကိုယ့်ဘဝမှာ အရေးကြီးတဲ့သူဒါမှမဟုတ် ကိုယ်စိတ်နှစ်ထား တဲ့အရာတွေကို အသားပေါ်တင်တာလို့ပဲ ယူဆတယ်။ ကျွန်တော့်ကိုယ်ပေါ်မှာတော့ Idiot, S.I.R , ဂစ်တာပုံ၊ မိုက်ပုံနဲ့ ကျွန်တော်နဲ့ဆိုင်တဲ့ပုံတွေကို ထိုးထားတယ်။ ပုံအသစ်လေး တွေအိုင်ဒီယာ အသစ်အဆန်းလေး တွေတွေ့ ရင် တော့ကျန်တဲ့ နေရာတွေမှာ ထိုးဖို့စိတ်ကူးရှိပါတယ် ”လို့ ပြောသွားပါတယ်။ အခုလက်ရှိမှာ‘လူအဂီတ’ ဗီစီဒီကို ထူးထူးခြားခြားလေး လုပ်ထားပြီး နှစ်ကုန်ပိုင်းလောက်မှာ ထွက်ဖို့ မှန်းထားကြောင်း၊ ‘ခေတ်သစ်ကျောက်’ ဆိုတဲ့ ဒုတိယအခွေကိုလည်း စီစဉ်နေကြောင်း ရေမွန်က ပြောပါတယ်။
Popular News

No comments:

Post a Comment