Wednesday, 8 August 2012

**လန်ဒန်အိုလံပစ်ပြိုင်ပွဲမီတာ ၁၀၀ ပြေးလမ်းပေါ်ပုလင်းဖြင့်ပေါက်သူ အဖမ်းခံရ**

ဗြိတိန်နိုင်ငံ လန်ဒန်မြို့အိုလံပစ် အားကစားပြိုင်ကွင်း အတွင်း၌ အမျိုးသား မီတာ ၁၀၀ နောက်ဆုံးအဆင့် မစတင်မီ စက္ကန့်ပိုင်းအလိုတွင် ပြေးလမ်းကြောင်းပေါ်သို့ ပုလင်းတစ်လုံး ပစ်ပေါက်ခဲ့သော အမျိုးသားတစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း သြဂုတ် ၆ ရက် ဘီဘီစီသတင်းတွင် ဖော်ပြသည်။လူတစ်ယောက်သည် မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာအော်ဟစ်ပြီး ပုလင်းတစ်လုံးဖြင့် ပေါက်ခဲ့ကြောင်း လန်ဒန် မြို့တော်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့် ရှိသူကပြောသည်။ အဆိုပါ ပုလင်းမှာ အပြေးသမားများ၏နောက်တွင်ကျရောက်ခဲ့သည်ဟု ဆိုသည်။အမေရိကန် အားကစားသမား ဂျပ်စ်တင်းဂတ်လင်းက ယင်းပုလင်းကြောင့် အနည်းငယ် အာရုံပျက်ခဲ့ရသည်ဟု ပြော သည်။ ရဲတပ်ဖွဲ့ တစ်စုံတစ်ဦးမျှ ထိခိုက် ဒဏ်ရာမရရှိကြောင်း၊ ပြိုင်ပွဲအစီအစဉ်လည်း မပျက်ခဲ့ကြောင်းပြောသည်။ ပြည်သူလူထုအား အနှောင့်အယှက်ဖြစ်စေသောကြောင့် ပုလင်းဖြင့်ပစ်သူဟု သံသယရှိရသူအား လန်ဒန်မြို့အရှေ့ပိုင်း ရဲစခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်သည် ပြိုင်ပွဲဝင် အားကစားသမားများကို လည်းကောင်း၊ ပြိုင်ပွဲကိုလည်း အဟန့်အတားအနှောင့်အယှက် မဖြစ်ခဲ့ကြောင်း အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (အင်တာနက်)

No comments:

Post a Comment